ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

သိင်္ခ

သိင်္ခ

الذهاب إلى القناة على Telegram

အသိတိုး

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
1 060
المشتركون
-224 ساعات
-87 أيام
-7230 أيام
أرشيف المشاركات
ကလေးမြို့၌ မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ကျေးရွာအချို့ ရေဘေးသင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ မိုးသ
ကလေးမြို့၌ မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ကျေးရွာအချို့ ရေဘေးသင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် စက်တင်ဘာလ ၃ ရက်နေ့ တိုင်းထွာချက်အရ မြစ်သာမြစ်ရေသည် စိုးရိမ်ရေမှတ် ၁၁၀၀ စင်တီမီတာအထက် ၁၁၆၈ စင်တီမီတာ (၂ ပေကျော်) သို့ ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ၁ ပေကျော် ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးဇ/လက ထုတ်ပြန်ထားသည်။ မြစ်ရေမြင့်တက်မှုနှင့် နေရဉ္ဇရာမြစ် ရေလျှံမှုတို့ကြောင့် ကျီကုန်းကျေးရွာအုပ်စု၊ ဖောင်ကူးကျေးရွာအတွင်းသို့ ရေဝင်ရောက်လျက်ရှိသဖြင့် ဒေသခံများ ရေလွတ်ရာသို့ ပြောင်းရွှေ့နေကြရပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက အသက်ကယ်လှေများဖြင့် ကူညီရွှေ့ပြောင်းပေးလျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတိုတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့်
+5
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတိုတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်များ

တောင်ငူ၌ ကျပ် ၁ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ တောင်ငူ၊ စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို၌
တောင်ငူ၌ ကျပ် ၁ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ တောင်ငူ၊ စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို၌ ကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မော်တော်ယာဉ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၃၀ ရက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ ပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ တောင်ငူမြို၊ အမှတ် (၂၂) ရပ်ကွက်အနီးတွင် သွားရောက်စစ်ဆေးရာ ပန်းအောင် (ခ) အောင်ပေ (၃၉ နှစ်) နှင့် မနော်ဌေးဌေးစိုး (၂၀ နှစ်) တိုအား မော်တော်ယာဉ် နှစ်စီးနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတိုထံမှ ဒေသတန်ဖိုး ကျပ် ၂၂၁၉ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၃၄ ကီလိုနှင့် ဒေသတန်ဖိုး ကျပ် ၁ ဒသမ ၂၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၈၁၀,၀၀၀ စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံကျော်ကို Toyota Alphard နှင့် Ipsum မော်တော်ယာဉ်များအတွင်းမှ သိမ်းဆည်းရမိခဲ့သည်။

ပဲခူးတွင် ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ပဲခူးတိုင်းဒေသကြီးတွင် ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြ
ပဲခူးတွင် ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ပဲခူးတိုင်းဒေသကြီးတွင် ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တုံပြန်ကူညီနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပဲခူးတိုင်းဒေသကြီးကြက်ခြေနီက ယနေ့ စက်တင်ဘာ ၃ ရက်တွင် အသိပေးထားသိရသည်။ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် စက်တင် ဘာ ၂ ရက်မှစတင်ကာ ပဲခူးမြိုနယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက စက်လှေများ၊ အသက်ကယ်ပစ္စည်းများ၊ သောက်ရေသန့်များနှင့် ကြက်ခြေနီလူနာတင်ယာဉ်များကို ကြိုတင်ပြင်ဆင်ထားကြောင်း အသိပေးချက်အရ သိရသည်။

သက်တမ်း ၁၃ နှစ်ကျော်ရှိပြီး စက်ရုံလုပ်သား ၃၀၀၀ ကျော်ရှိသည့် ထန်းတပင်မြိုနယ်ရှိ သိုးမွေးစက်ရုံ Teng Hui Myanmar စက်တင်ဘာလကုန်ပ
သက်တမ်း ၁၃ နှစ်ကျော်ရှိပြီး စက်ရုံလုပ်သား ၃၀၀၀ ကျော်ရှိသည့် ထန်းတပင်မြိုနယ်ရှိ သိုးမွေးစက်ရုံ Teng Hui Myanmar စက်တင်ဘာလကုန်ပိုင်းတွင် ပိတ်သိမ်းတော့မည် အော်ဒါမရသဖြင့် စက်ရုံလုပ်သား ၃၀၀၀ ကျော်ရှိသည့် ထန်းတပင်မြိုနယ်ရှိ သိုးေမွးစက်ရုံ Teng Hui Myanmar စက်တင်ဘာလကုန်ပိုင်းတွင် ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။ " စက်ရုံဘက်က အလုပ်သမားတွေကို ဒီလကုန်ပိတ်မယ်လို ပြောထားတယ်။ အလုပ်ကြိုတင်ရှာထားဖိုလည်း ပြောထားတယ်" ဟု အလုပ်သမားတစ်ဦးက ပြောကြားသည်။

သမ္မတဒေါ်နယ်ထရန့်၏ခြိမ်းခြောက်မှုများရှိနေသည့်တိုင် အီရန်က ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်ရေးပစ်မှတ်များကို ပြန်လည်တိုက်
သမ္မတဒေါ်နယ်ထရန့်၏ခြိမ်းခြောက်မှုများရှိနေသည့်တိုင် အီရန်က ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်ရေးပစ်မှတ်များကို ပြန်လည်တိုက်ခိုက် ခြောက်လကြာစစ်ပွဲတွင် လောလောလတ်လတ် ပြန်လည်ဖြစ်ပွားသောတိုက်ခိုက်မှုများတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နောက်ထပ်တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ထားသည့်တိုင် စက်တင်ဘာ ၃ ရက်တွင် အီရန်က ကူဝိတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့သည်။ ထရန့်က ၎င်း၏စစ်တပ်သည်အီရန်ကို မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ရန် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။ အီရန်နိုင်ငံတစ်ဝန်းရှိ နေရာများကို အမေရိကန်၏ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အနည်းဆုံး အီရန်နိုင်ငံသား ၁၉ ဦးသေဆုံးခဲ့သည်။ အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြင့် လက်တုံပြန်ခဲ့သည်။ အီရန်က ကူဝိတ်၊ ဂျော်ဒန်၊ ယူအေအီး၊ ဘာရိန်း၊ အီရတ်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ်စတန်ဒေသတိုရှိ အမေရိကန်စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နီပေါက မြေအောက် ဥမင်တွေမှာ ပိတ်မိနေတဲ့ လူတွေ က ရာပေါင်းများစွာရှိနေသေး စက်တင်ဘာ - ၃ ( ကြာသပတေးနေ့ ) နီပေါနိုင်ငံမြောက်ပိုင်း
နီပေါက မြေအောက် ဥမင်တွေမှာ ပိတ်မိနေတဲ့ လူတွေ က ရာပေါင်းများစွာရှိနေသေး စက်တင်ဘာ - ၃ ( ကြာသပတေးနေ့ ) နီပေါနိုင်ငံမြောက်ပိုင်း ရေဘေးသင့်ဒေသတွေမှာရှိတဲ့ ရေအားလျှပ်စစ်ဥမင်လိုဏ်ခေါင်းတွေအတွင်း ရွှနဲ့ ရေတွေ ပိတ်ဆိုနေတာကြောင့် မြေအောက်မှာ ပိတ်မိနေတယ်လို ယူဆရတဲ့ အလုပ်သမား ၆၀၀ ကျော်ကို ကယ်ဆယ်ဖို ကြိုးပမ်းမှုမှာ အခက်အခဲကြုံနေကြောင်း ဝန်ကြီးချုပ် ဘာလန်ဒရာရှား က လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့အပတ်က ဘိုတီကိုရှီထရီရှုလီ စင်္ကြံလမ်းကြောင်းပေါ်ရှိ ဥမင်တွေထဲကို ရေကြီးရေလျှံမှုနဲ့အတူ ရွှနဲ့ မြေဆီလွှာ အမြောက်အမြား စီးဝင်သွားခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ပုံမှန်မဟုတ်တဲ့ ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်နေတာလို ရှားက ပြောပါတယ်။ ရေကြီးပြီး ၈ ရက်အကြာအချိန်အထိ အာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သလို လက်ရှိအချိန်အထိ လူပေါင်း ၄,၀၀၀ နီးပါး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ကန်ချနဘူရီတွင် တရားမဝင် မြန်မာ ၁၅ ဦးနှင့် ပိုဆောင်သူ ၂ ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း စက်တင်ဘာ ၂ ရက် တစ်
ကန်ချနဘူရီတွင် တရားမဝင် မြန်မာ ၁၅ ဦးနှင့် ပိုဆောင်သူ ၂ ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း စက်တင်ဘာ ၂ ရက် တစ်ရက်တည်းတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးနှင့် ၎င်းတိုကို ပိုဆောင်ပေးသူ ယာဉ်မောင်း ၂ ဦးကို ထိုင်းရဲတပ်ဖွဲက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မြန်မာသင်္ဘောသား ၃ ဦး ပါဝင်သည့် ကုန်တင်သင်္ဘော နစ်မြုပ် အိန္ဒိယနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ်လ ၂၂ ရက်နေ့က နစ်မြုပ်ခဲ့သ
မြန်မာသင်္ဘောသား ၃ ဦး ပါဝင်သည့် ကုန်တင်သင်္ဘော နစ်မြုပ် အိန္ဒိယနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ်လ ၂၂ ရက်နေ့က နစ်မြုပ်ခဲ့သည့် "MV Ocean Winner" အမည်ရှိ ပနားမားအလံတင် ကုန်တင်သင်္ဘောပေါ်မှ ပျောက်ဆုံးနေသူ ၂၂ ဦးမှာ သေဆုံးသွားပြီဟု ယူဆရကြောင်း marinersupdate.com သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ သင်္ဘောသည် မြန်မာသင်္ဘောသား ၃ ဦး အပါအဝင် အဖွဲ့ဝင်များနှင့်အတူ အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ် ပါရာဒစ် ရေနက်ဆိပ်ကမ်းမှ သံရိုင်းများကို တင်ဆောင်ကာ ထွက်ခွာလာပြီးနောက် လမ်းခရီးတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

နီပေါနိုင်ငံ၏ ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ်များ ခံစားခဲ့ရခြင်းအတွက် မြန်မာနိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ ၅
နီပေါနိုင်ငံ၏ ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ်များ ခံစားခဲ့ရခြင်းအတွက် မြန်မာနိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲမျိုးစုံ ၈ တန် လှူဒါန်း ကတ္တမန္ဒူး၊ စက်တင်ဘာ ၃ နီပေါနိုင်ငံမြောက်ပိုင်း၊ Rasuwa ခရိုင်နှင့် အနီးတဝိုက်၌ ၂၆-၈-၂၀၂၆ ရက်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ်များ ခံစားခဲ့ရသည့်အတွက် မြန်မာအစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲမျိုးစုံ ၈ တန် လှူဒါန်းရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲသည် ၂-၉-၂၀၂၆ ရက်နေ့တွင် တပ်မတော်လေယာဉ် (Y-8) ဖြင့် ကတ္တမန္ဒူးမြိုရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်သို လာရောက်ခဲ့ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။

အုတ်တွင်းမြိုနယ်အတွင်း အလှူခံလုပ်စားသူ ၈ ဦးကို ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေ ၅ သောင်းစီ အမိန့်ချ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်
အုတ်တွင်းမြိုနယ်အတွင်း အလှူခံလုပ်စားသူ ၈ ဦးကို ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေ ၅ သောင်းစီ အမိန့်ချ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြိုနယ်အတွင်း အိမ်ငှားနေထိုင်ကာ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အလှူခံလုပ်ကိုင်နေသည့် အဖွဲမှ လူ ၈ ဦးကို အုတ်တွင်းမြိုနယ်တရားရုံးက ယနေ့ စက်တင်ဘာ ၃ ရက်တွင် ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေ ကျပ် ၅၀၀၀၀ စီ ချမှတ်လိုက်ကြောင်း အုတ်တွင်းမြိုနယ် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ တာဝန်ရှိသူ ဆရာတော် ဦးတေဇသီရိထံမှ သိရသည်။

ကလေးမြိုနယ်၊ တီးတိန်မြိုနယ်နှင့် ခိုင်ကမ်းမြိုတိုတွင် ရေကြီးမှုများဖြစ်ပေါ်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ကလေး
ကလေးမြိုနယ်၊ တီးတိန်မြိုနယ်နှင့် ခိုင်ကမ်းမြိုတိုတွင် ရေကြီးမှုများဖြစ်ပေါ်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ကလေး၊ စက်တင်ဘာ ၃ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြိုနည်နှင့် ချင်းပြည်နယ် တီးတိန်မြိုနယ်တိုတွင် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ချောင်းရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

ကမ္ဘာကြီးဟာ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး အကူးအပြောင်းကာလကို ဖြတ်သန်းနေတယ်လို ရူဘီယို ပြောကြား ကမ္ဘာတဝန်းမှာ ပထဝီနိုင်ငံရေး အပ
ကမ္ဘာကြီးဟာ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး အကူးအပြောင်းကာလကို ဖြတ်သန်းနေတယ်လို ရူဘီယို ပြောကြား ကမ္ဘာတဝန်းမှာ ပထဝီနိုင်ငံရေး အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်နေချိန်မှာ၊ ရှုပ်ထွေးလှတဲ့ နိုင်ငံတကာ ပြဿနာတွေအတွက် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ မရှိဘူးဆိုတာကို သတိပြုမိဖို အရေးကြီးပါတယ်လို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက Fox Radio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ "ကမ္ဘာကြီးဟာ စီးပွားရေးအရရော၊ ပထဝီနိုင်ငံရေးအရပါ အကူးအပြောင်းကာလ တစ်ခုကို ဖြတ်သန်းနေရတယ်လို ကျွန်‌တော်မြင်ပါတယ်။ အခု ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာ အများစုအတွက် ရိုးရှင်းတဲ့ အဖြေတွေ မရှိသလို၊ တချိုအချိန်တွေမှာဆို ပြီးပြည့်စုံတဲ့ အဖြေမျိုးတွေလည်း မရှိပါဘူး" လို ရူဘီယိုက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို၏ နိုင်ငံရေးလှုဆော်မှုအရ ကြေညာချက်နှင့် ထုတ်ပြန်ပြောကြားချက်များအပေါ် မြန်မာနိုင်ငံက ပယ်ချ ■ မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးအမည်ဖြင့် လွဲမှားစွာသုံးစွဲဖော်ပြလျက်ရှိသည့် အခြေအနေကိုလည်း ပြတ်သားစွာကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို၏ နိုင်ငံရေးလှုဆော်မှုအရ ကြေညာချက်နှင့် ထုတ်ပြန်ပြောကြားချက်များအပေါ် မြန်မာနိုင်ငံက ပယ်ချကြောင်း စက်တင်ဘာလ ၃ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်သည်။ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချိုက ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက်မီဒီယာများ အပါအဝင် သတင်းဖော်ပြချက်များ ပြုလုပ်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲဖြစ်စဉ်များသည် အာဆာအကြမ်းဖက်အဖွဲ၏ တစ်ပြိုင်နက်တည်း အကွက်ချကြိုတင်စီစဉ် စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဆိုသည့်အချက်ကို အဆိုပါကြေညာချက်များနှင့် ထုတ်ပြန်ပြောကြားချက်များတွင် အသိအမှတ်ပြုရန် ပျက်ကွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

photo content

မြန်မာ-ရုရှား စွမ်းအင်နှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး ဗလာဒီဗော့စတော့၊ စက်တင်ဘာ ၃ ရုရှားဖက်ဒရေးရ
မြန်မာ-ရုရှား စွမ်းအင်နှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး ဗလာဒီဗော့စတော့၊ စက်တင်ဘာ ၃ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို တက်ရောက်နေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီ အမှုဆောင်အတွင်းရေးမှူးချုပ် မစ္စတာ ဆာမတ် ဆတ်ဗော်လ်ဒီနော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲနှင့် စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ ကျင်းပသည့် ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲသို
ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ ကျင်းပသည့် ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲသို တက်ရောက်ဆွေးနွေး ဗလာဒီဗော့စတော၊ စက်တင်ဘာ ၃ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ကျင်းပမည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်သိုတက်ရောက်ရန် ဗလာဒီဗော့စတော့မြို၌ ရောက်ရှိနေသည့် မြန်မာကိုယ်စားလှယ်အဖွဲတွင် အဖွဲဝင်အဖြစ်လိုက်ပါလာသည့် ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိင်သည် စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို ရုရှားအရှေ့ဖျားဖက်ဒရယ် တက္ကသိုလ်နယ်မြေရှိ အဆောက်အအုံ D ၌ ကျင်းပသည့် ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲသို တက်ရောက်ဆွေးနွေးသည်။

ထိုင်းနိုင်ငံတွင် အမှိက်သိမ်းကားပေါ်မှပြုတ်ကျသေဆုံးခဲ့သော မြန်မာနိုင်ငံသားအတွက် နစ်နာကြေးရရှိနိုင်ရန် မြန်မာအလုပ်သမားသံအရာရှိ
ထိုင်းနိုင်ငံတွင် အမှိက်သိမ်းကားပေါ်မှပြုတ်ကျသေဆုံးခဲ့သော မြန်မာနိုင်ငံသားအတွက် နစ်နာကြေးရရှိနိုင်ရန် မြန်မာအလုပ်သမားသံအရာရှိရုံးကူညီ ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်၊ ဟွာအင်းမြိုနယ်ရှိ အမှိက်သိမ်းဝန်ဆောင်မှုလုပ်ငန်းတစ်ခု၌ အမှိက်သိမ်းအလုပ်သမားအဖြစ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးသန်းမင်းထွန်း(ခ)သဲမင်းထွန်းသည် သြဂုတ် ၂၉  ရက်က အမှိက်သိမ်းယာဥ်အမိုးပေါ်မှ ကွန်ကရစ်လမ်းပေါ်သိုအရှိန်ဖြင့်ပြုတ်ကျခဲ့ကြောင်း သိရသည်။

အစ္စရေးလူမျိုးဖြစ်၍ ခရိုအေးရှားတွင် ရေခဲမုန့်ဝယ်ခွင့် ငြင်းပယ်ခံခဲ့ရဟု ဝန်ကြီးချုပ်ဟောင်း ပြောကြား ▪️▪️အစ္စရေး ဝန်ကြီးချုပ်ဟောင်း နာဖ်တာလီ ဘင်နက် (Naftali Bennett) က ခရိုအေးရှားနိုင်ငံသို့ မိသားစုနှင့်အတူ ခရီးသွားရောက်စဉ်အတွင်း အစ္စရေးလူမျိုးဖြစ်သည့်အတွက် ရေခဲမုန့်ဝယ်ယူခွင့် ငြင်းပယ်ခံခဲ့ရသည့် ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ▪️▪️ဘင်နက်၏ ပြောကြားချက်အရ ၎င်းသည် သမီးဖြစ်သူနှင့်အတူ ရေခဲမုန့်ဆိုင်သို့ သွားရောက်ဝယ်ယူစဉ် ဆိုင်ဝန်ထမ်းက ရေခဲမုန့်ကို ပြင်ဆင်ပြီးမှ "မင်းက အစ္စရေးလူမျိုးလား" ဟု မေးမြန်းခဲ့သည်ဟု ဆိုသည်။ သမီးဖြစ်သူက "ဟုတ်ပါတယ်" ဟု အမှန်အတိုင်း ပြန်လည်ဖြေကြားခဲ့ရာတွင် အဆိုပါ ဆိုင်ဝန်ထမ်းက ရေခဲမုန့်ကို လက်ထဲမှ ပြန်လည်ဆွဲယူ၍ ဆိုင်အတွင်းမှ နှင်ထုတ်ခဲ့ကြောင်း သိရသည်။ ▪️▪️ထို့အပြင် ဆိုင်ဝန်ထမ်းက "အစ္စရေးလူမျိုးတွေအတွက် ရေခဲမုန့် မရှိဘူး" ဟု ပြောဆိုကာ ပြင်ဆင်ထားသည့် ရေခဲမုန့်ကို ဖျက်ဆီး၍ အမှိုက်ပုံးထဲသို့ ပစ်ထည့်ခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ်ဟောင်းက ပြောကြားခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် နိုင်ငံတကာတွင် အစ္စရေးလူမျိုးများအပေါ် လူမျိုးရေး ခွဲခြားဆက်ဆံမှုနှင့် ပဋိပက္ခ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများ မည်မျှအထိ ရောက်ရှိနေသည်ကို မီးမောင်းထိုးပြနေသည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါသည်။
သိင်္ခ
https://t.me/theinkha007/3130

photo content