သိင်္ခ
الذهاب إلى القناة على Telegram
အသိတိုး
إظهار المزيدلم يتم تحديد البلدالفئة غير محددة
1 061
المشتركون
+124 ساعات
-77 أيام
-5230 أيام
أرشيف المشاركات
1 061
အိုင်သပြုတိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်၌ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် ရေနစ်မြုပ်ခဲ့သော အိုင်သ ပြုတိုက်နယ်ဆေးရုံအား ရေများကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို ဆောင်ရွက်နေမှုကို ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က စက်တင်ဘာ ၁ ရက်တွင်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွင်း/အပြင် သန့်ရှင်းရေး၊ ခြုံနွယ်မြက်များရှင်းလင်းရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်မှာကြားကာ ကျန်းမာရေးဝန်ထမ်းများကိုထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
1 061
စဉ့်ကိုင်မြို၏ အနောက်ဘက် (၄) မိုင်ခန့်အကွာ ပမာဏ ၃.၇(M) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၂၁) မိနစ်၊ (၅၅) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် မိုင် (၂၀) ခန့်ကွာ ဝေးသော မြန်မာနိုင်ငံပြည်တွင်း (စဉ့်ကိုင်မြို၏ အနောက်ဘက် (၄) မိုင်ခန့်အကွာ) မြောက်လတ္တီ တွဒ် (၂၁.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၄) ဒီဂရီ၊ အနက် (၈) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၇(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
#News
1 061
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြိုတွင် ကျင်းပပြုလုပ်သည့် (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲနှင့် ဆက်စပ်အစီအစဉ်များသို ပါဝင်တက်ရောက်
1 061
ဒုတိယသမ္မတ ဦးညိုစော ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ် ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူးနှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ ညွှန်ကြားရေးမှူးတိုအား သီးခြားစီလက်ခံတွေ့ဆုံ
1 061
ဘားအံမြိုတွင် သံလွင်မြစ်ရေမြင့်တက်ကာ ရပ်ကွက် (၃)ခုအတွင်းရေဝင်၍ ရေဘေးသင့်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေး
ကရင်ပြည်နယ်၊ ဘားအံမြိုတွင် ယနေ့ စင်တင်ဘာ ၁ ရက်မွန်းတည့် ၁၂ နာရီခန့်က သံလွင်မြစ်ရေမြင့်တက်ကာ မြို၏စိုးရိမ်ရေမှတ်သိုကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်တိုရှိနေအိမ်များအတွင်းသိုရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
1 061
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ဇနီး ဒေါ်နီလာတို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး အကောင်းဆုံးတံခွန်စိုက်ဒိုင်းဆုရရှိသည့် အမှတ်(၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲအား တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ပါတယ်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်ရင်း/တပ်ဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အကဲဖြတ်အနုပညာရှင်ကြီးများနှင့် စစ်သည်၊ စစ်သမီးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
1 061
+3
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တံခွန်စိုက်ဒိုင်းဆုပေးအပ်ချီးမြှင့်
1 061
အရေးပေါ်ကယ်ဆယ်ရေးအဖွဲကို ဆိုးလ်က နီပေါသို စေလွှတ်
နီပေါနိုင်ငံ ရာဆူဝါဒေသတွင် ရေကြီးရေလျှံခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် တောင်ကိုရီးယားနိုင်ငံက အဖွဲဝင် ၄၄ ဦးပါ သော အရေးပေါ်ကယ်ဆယ်ရေးအဖွဲတစ်ဖွဲကို နီပေါနိုင်ငံသို စေလွှတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားသည်။
ရေဘေးသင့်ဒေသတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌ အကူအညီပေးရန် နီပေါနိုင်ငံက တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို စေလွှတ်ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
1 061
ချပ်သင်းဘေးမဲ့တောရှိ မြန်မာ့ရွှေသမင် အပါအဝင် အခြားတိရစ္ဆာန်များကို PDF အဖွဲက သတ်ဖြတ်ရောင်းချနေ
၁။ ဘေးမဲ့နယ်မြေ၏ ရည်ရွယ်ချက်ကို ဆန့်ကျင်ခြင်း - ချပ်သင်းသည် တောရိုင်းတိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ရန် သတ်မှတ်ထားသော "ဘေးမဲ့တော" ဖြစ်သော်လည်း ထိုနယ်မြေအတွင်း တိရစ္ဆာန်များကို သတ်ဖြတ်ရောင်းချခြင်းသည် ဘေးမဲ့နယ်မြေ တည်ထောင်ထားရခြင်း၏ အနှစ်သာရကို တိုက်ရိုက်ထိခိုက်စေပါသည်။
၂။ ရှားပါးမျိုးစိတ်များကို မျိုးသုဉ်းစေနိုင်ခြင်း - အထူးထိန်းသိမ်းရမည့် မြန်မာ့ရွှေသမင်ကဲ့သို့သော တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းသည် ဇီဝမျိုးစုံမျိုးကွဲများနှင့် မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော သတ္တဝါများ ကွယ်ပျောက်ရခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။
သိင်္ခ
1 061
ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောကြီးနှစ်စီး တိုက်ခိုက်ခံရ
ဆော်ဒီအာရေးဗီးယားနဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေပိုင်တဲ့ ရေနံတင်သင်္ဘောကြီး နှစ်စီးဟာ ဟော်မုဇ်ရေလက်ကြားမှာ ပစ်ခတ်ခံခဲ့ရတယ်လို ရေကြောင်းလုံခြုံရေး အတိုင်ပင်ခံကုမ္ပဏီ Marisks ကို ကိုးကားပြီး Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။
ဆော်ဒီ Bahri ကုမ္ပဏီရဲ့ Sidr လိုခေါ်တဲ့ ရေနံစိမ်းတင်သင်္ဘောကြီးက အိုမန်နိုင်ငံ၊ Khasab မြိုရဲ့ အရှေ့မြောက်ဘက်ကို သွားနေချိန်မှာ အပစ်ခံရတာပါ။ တောင်ကိုရီးယား Sinokor Group ရဲ့ Senegal Prosperity သင်္ဘောကတော့ အရှေ့ဘက်ကို သွားနေချိန်မှာ ၃ ချက်တိတိ ပစ်ခတ်ခံခဲ့ရတယ်လို ဆိုပါတယ်။ သင်္ဘောနှစ်စီးလုံး ပါရှန်းပင်လယ်ကွေ့ကနေ ထွက်လာကြတာလို Marisks က ပြောပါတယ်။
1 061
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်လေးမျက်နှာမြို၊ အိုင်သပြုကျေးရွာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
ပုသိမ်၊ စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို၊ အိုင်သပြုကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို သွားရောက်ကာ ရေကျဆင်းလာသဖြင့် ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲဝင်များနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး စာသင်ကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ရေကျော်စီးဝင်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် ကျောင်းခြံစည်းရိုး ပြန်လည်ပြုပြင်ဆောင်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
1 061
တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်အထက်ရှိနေပြီး စာသင်ကျောင်း ၁၇ ကျောင်း ပိတ်ထားရ
တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေအမှတ်ထက်ရောက်ရှိနေပြီး မြိုပေါ်နှင့်ကျေးရွာများတွင် စာသင်ကျောင်း ၁၇ ကျောင်းအထိပိတ်ထားရကြောင်း သိရသည်။
စက်တင်ဘာလ ၁ ရက် တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေအမှတ် ၂၄ ပေ အထက် ၁ ပေ ၁၀ လက်မကျော်ကာ ၂၅ ပေ ၁၀ လက်မတွင်ရှိနေကြောင်း သိရသည်။
မြစ်ရေကြီးမှုကြောင့် မြိုပေါ်နှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ စာသင်ကျောင်း ၁၇ ကျောင်းအထိ ပိတ်ထားရပြီး ကယ်ဆယ်ရေးစခန်း ၁ဝခု ဖွင့်လှစ်ကာ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
1 061
Repost from U Kan Myint Than
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၁)နှင့်(၂)သို့ သွားရောက်ပြီး ပြင်ပဧည့်သည် မသန်စွမ်းများ လာရောက်တည်းခိုသည့် အခါ အဆင်ပြေစေရေးအတွက် ပြင်ဆင်ဆောက်လုပ်မည့် လျာထားအဆောင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ အိပ်ဆောင်များ ပြင်ဆင်ထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မြို့တော်ဝန်က မသန်စွမ်း ဧည့်သည်များအတွက် အဆောက်အဦများ ပြင်ဆင်ဆောက်လုပ်ရာတွင် တစ်ဦးချင်းသွားလာနိုင်မည့် အနေအထား၊ လက်ကိုင်တန်း၊ Wheel Chair များပြင်ဆင်ထားရှိရန်၊ လမ်းမီးများနှင့် အခန်းအတွင်းရှိ လျှပ်စစ်မီးများ ကောင်းမွန်စေရေး ဂရုပြုဆောင်ရွက်ပေးရန်၊ ထိုင်ခုံနှင့် စားပွဲများ သီးခြားပြုလုပ်ဆောင်ရွက်ပေးရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များအတွက် စားရိပ်သာပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
1 061
အင်းလေးဖောင်တော်ဦးဘုရားပွဲ အောက်တိုဘာ ၁၂ ရက်မှ စတင်၍ ၁၈ ရက်ကြာ ကျင်းပမည်
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ ၂၉ ရက်အထိ ၁၈ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ပွဲတော်ကာလအတွင်း ဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားများ ဒေသစာရီကြွချီ၍ အပူဇော်ခံမည် ဖြစ်ပြီး အင်းတိန်၊ ကျေးပေါခုံကျောင်း၊ အင်းတိန်စံကျောင်း၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစား၊ ပွဲစားကုန်း၊ လင်းကင်း၊ ညောင်ရွှေ၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်ကျောင်း၊ မန်ကျည်းဆိပ်၊ ကျိုင်းခမ်း၊ မိုင်းပျိုး၊ နောင်တော၊ အင်းပေါခုံနှင့် ရေသာ စသည့် နေရာ ၂၁ ခုသို့ ကြွချီအပူဇော်ခံမည်ဖြစ်သည်။
အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်သည် ဒေသ၏ အထင်ကရ ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ် ဘုရားဖူး ပြည်သူများစွာဖြင့် စည်ကားလေ့ရှိသည်။
1 061
+8
တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်အထက်ရှိနေပြီး စာသင်ကျောင်း ၁၇ ကျောင်း ပိတ်ထားရ
တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေအမှတ်ထက်ရောက်ရှိနေပြီး မြိုပေါ်နှင့်ကျေးရွာများတွင် စာသင်ကျောင်း ၁၇ ကျောင်းအထိပိတ်ထားရကြောင်း သိရသည်။ စက်တင်ဘာလ ၁ ရက် တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေအမှတ် ၂၄ ပေ အထက် ၁ ပေ ၁၀ လက်မကျော်ကာ ၂၅ ပေ ၁၀ လက်မတွင်ရှိနေကြောင်း သိရသည်။
မြစ်ရေကြီးမှုကြောင့် မြိုပေါ်နှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ စာသင်ကျောင်း ၁၇ ကျောင်းအထိ ပိတ်ထားရပြီး ကယ်ဆယ်ရေးစခန်း ၁ဝခု ဖွင့်လှစ်ကာ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေကြောင်းသိရပြီး လူဦးရေ ၂ ထောင်ခန့်အား ကူညီဆောင်ရွက်မှုပေးထားကြောင်း သိရသည်။
တနင်္သာရီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေဖြစ်ပြီး၊ အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ ဖြစ်ကြောင်း သိရသည်။
1 061
မန္တလေးတိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအား ချီးမြှင့်ငွေများပေးအပ်
မိတ္ထီလာ၊ စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီးအဆင့် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် မိတ္ထီလာခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင်များထံသို့ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက မန္တလေးတိုင်းဒေသကြီးအဆင့် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲတွင် ဆုရရှိရန်အတွက် ရိုးရိုးသားသား ကြိုးကြိုးစားစားဖြင့်ဝင်ရောက်ယှဉ်ပြိုင်ကြရန် ပြောကြားသည်။ ထို့နောက် မိတ္ထီလာခရိုင်ကိုယ်စား ပြုသွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ပေးအပ်ခဲ့ကြောင်းသိရသည်။
1 061
+2
တွံတေးခရိုင်အတွင်းရှိ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၌ လတ်တလောတွင် လုံခြုံရေးအရ ဆိုင်ကယ်စီးနင်းခွင့်ပြုမည်မဟုတ်
ရန်ကုန်တိုင်းဒေသကြီး တွံ့တေးခရိုင်အတွင်းရှိ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၌ လတ်တလောတွင် လုံခြုံရေးအရ ဆိုင်ကယ်စီးနင်းခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။
သြဂုတ် ၃၁ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ကွမ်းခြံကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဒေါ်စန္ဒာဝင်းက ကွမ်းခြံကုန်းမြို့နယ်တွင် တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ပြုရေးနှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းခဲ့ပြီး အဆိုပါ မေးခွန်းအား ဖြေကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
1 061
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ဆိုးလ်က နီပေါသို့ စေလွှတ်
နီပေါနိုင်ငံ ရာဆူဝါဒေသတွင် ရေကြီးရေလျှံခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် တောင်ကိုရီးယားနိုင်ငံက အဖွဲ့ဝင် ၄၄ ဦးပါ သော အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို နီပေါနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားသည်။
ရေဘေးသင့်ဒေသတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌ အကူအညီပေးရန် နီပေါနိုင်ငံက တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ စေလွှတ်ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဝန်ကြီးဌာနနှင့် မီးသတ်ဌာနမှ အရာရှိများအပါအဝင် ကယ်ဆယ်ရေးအဖွဲ့သည် အင်္ဂါနေ့တွင် စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် နီပေါနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ၁၀ ရက်ခန့် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
1 061
တောင်ငူမြိုနယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တို-က်မှုဖြစ်ပြီး ဆီဘောက်ဆာယာဉ် မီးလေ-ာင်ကျွမ်း
တောင်ငူ၊ စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြိုနယ်၊ အမှတ် (၉) ရပ်ကွက်ရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက်ပိုင်းက ဆီဘောက်ဆာယာဉ်နှင့် ကွန်တိန်နာယာဉ်တို မျက်နှာချင်းဆိုင် တို-က်မိရာမှ မီးလေ-ာင်မှုဖြစ်ပွားခဲ့သည်။
ရန်ကုန်မှ မန္တလေးသို မောင်းနှင်လာသည့် ဆီဘောက်ဆာယာဉ်နှင့် မန္တလေးမှ ရန်ကုန်သို မောင်းနှင်လာသည့် ကွန်တိန်နာယာဉ်တို တို-က်မိခဲ့ခြင်းဖြစ်သည်။
