ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك 👈

သိင်္ခ

သိင်္ခ

الذهاب إلى القناة على Telegram

အသိတိုး

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
1 068
المشتركون
لا توجد بيانات24 ساعات
-197 أيام
-5630 أيام
أرشيف المشاركات
မြန်မာနိုင်ငံမှ မူးယစ်တရားခံပြေးကို ဗီယက်နမ်နိုင်ငံကဖမ်းဆီးပြီး ပြန်လည်လွှပြောင်းပေးအပ် မူးယစ်မှုဖြင့် ဗီယက်နမ်နိုင်ငံသိုထွက်
မြန်မာနိုင်ငံမှ မူးယစ်တရားခံပြေးကို ဗီယက်နမ်နိုင်ငံကဖမ်းဆီးပြီး ပြန်လည်လွှပြောင်းပေးအပ် မူးယစ်မှုဖြင့် ဗီယက်နမ်နိုင်ငံသိုထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာနိုင်ငံမှမူးယစ်တရားခံပြေး "ဝီလျံထွန်း" ကုမ္ပဏီပိုင်ရှင် ဝေထွန်း(၄၈)နှစ်အား စက်တင်ဘာ ၁ ရက်ကဖမ်းဆီးရမိခဲ့သဖြင့် ဗီယက်နမ်နိုင်ငံတာဝန်ရှိသူ များက မြန်မာနိုင်ငံမှတာဝန်ရှိသူများထံ ပြန်လည်လွှပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၂၄ ရက်ည ၁၀ နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိင်းမြို Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲတပ်ဖွဲ၊ ဒုတိယအတွင်းရေးမှူးချုပ် Pol. Sr. Col. Hoang Tam Hieu က ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ ဒုတိယတပ်ဖွဲမှူး ရဲမှူးကြီးဇော်လင်း တိုထံလွှပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ယဥ်ကျေးမှုနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီကို ရအောင်လုပ်မယ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၆ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် T
မြန်မာ့ယဥ်ကျေးမှုနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီကို ရအောင်လုပ်မယ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၆ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် TIME မဂ္ဂဇင်းမှ သတင်းထောက် Charlie Campbell တို့ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၈ ရက်က နေပြည်တော်ရှိ သမ္မတရုံးမှာ တွေ့ဆုံ၍ အင်တာဗျူး အစီအစဉ်ကို ရိုက်ကူးခဲ့ကြသည်။ ထို့နောက် TIME မဂ္ဂဇင်းက သမ္မတ ဦးမင်းအောင်လှိုင် ဖြေကြားခဲ့သော အကြောင်းအရာများထဲက တချို့ကိုသာ ကောက်နုတ်၍ တခြားသော သတင်းရင်းမြစ်များ၏ ပြောစကားများဖြင့် နှိုင်းယှဉ်ကာ ဆောင်းပါးတစ်ပုဒ် ရေးသား ထုတ်လွှင့်ခဲ့သည်။ အဆိုပါ ဆောင်းပါးသည် အင်တာဗျူး အမေး-အဖြေ ပုံစံမဟုတ်ဘဲ လိုရာဆွဲရေးသည်ဟုဆိုကာ သမ္မတရုံးက ကန့်ကွက် ရှုတ်ချကြောင်းနှင့် Charlie Campbell ကို အမည်ပျက်စာရင်းသွင်းကြောင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။

G20 အစည်းအဝေးတက်ရန် ထရမ့်က ပူတင်ကို ဖိတ်ကြား ၀ါရှင်တန်၊ စက်တင်ဘာ ၂၅ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မိုင်ယာမီ (Miami) မြို့တ
G20 အစည်းအဝေးတက်ရန် ထရမ့်က ပူတင်ကို ဖိတ်ကြား ၀ါရှင်တန်၊ စက်တင်ဘာ ၂၅ အမေရိကန်နိုင်ငံ  ဖလော်ရီဒါပြည်နယ် မိုင်ယာမီ (Miami) မြို့တွင် ကျင်းပမည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G20)၏ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ရုရှားသမ္မတ ပူတင် (Vladimir Putin) အား ဖိတ်ကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။ ရုရှားနှင့် ယူကရိန်းကြား တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေချိန်တွင် အမေရိကန်နှင့် ရုရှားကြား ဆက်ဆံရေး တည်ဆောက်ရန် ရည်ရွယ်သည့် နောက်ဆုံး လုပ်ဆောင်ချက်အဖြစ် ထိုကဲ့သို့ ဖိတ်ကြားခဲ့ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ကိုရီးယားအပါအဝင် ဒေသတွင်းနိုင်ငံများ၏ ငွေကြေးများနှင့်တိုက်ရိုက်ပေးချေနိုင်ရေးဆွေးနွေးသွားမည် ကိုရီးယားသမ္မတနိုင်ငံအပါအဝင် ဒေ
ကိုရီးယားအပါအဝင် ဒေသတွင်းနိုင်ငံများ၏ ငွေကြေးများနှင့်တိုက်ရိုက်ပေးချေနိုင်ရေးဆွေးနွေးသွားမည် ကိုရီးယားသမ္မတနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများရဲ့ ငွေကြေးတွေနဲ့ တိုက်ရိုက်ပေးချေနိုင်ရေးဆွေးနွေးဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးကပြောပါတယ်။

စက်တင်ဘာ(၂၉)ရက်အထိ ဒေသအချို့၌ မိုးကြီးလေထန်၍ သဘာဝဘေးဖြစ်ပေါ်နိုင် ဒီကနေ့ကနေလာမယ့် စက်တင်ဘာ(၂၉)ရက်အထိ ဒေသအချို့၌ မိုးကြီး‌ လေထ
စက်တင်ဘာ(၂၉)ရက်အထိ ဒေသအချို့၌ မိုးကြီးလေထန်၍ သဘာဝဘေးဖြစ်ပေါ်နိုင် ဒီကနေ့ကနေလာမယ့် စက်တင်ဘာ(၂၉)ရက်အထိ ဒေသအချို့၌ မိုးကြီး‌ လေထန်ပြီး သဘာဝဘေးအချို့ဖြစ်ပေါ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်တဲ့မိုးကြီးမယ့်သတိပေးချက် အမှတ်စဉ် (၈၂/၂၀၂၆) ထုတ်ပြန်ပြီး အသိပေးထားပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ပစ္စည်းများ ပ
+9
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း ​မွန်တို့ဌာနေ ၊ စက်တင်ဘာ ၂၅ ​မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉:၀၀ နာရီက မော်လမြိုင်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။  ​ရှေးဦးစွာ အခမ်းအနားအား အစီအစဉ်အတိုင်း စတင်ဖွင့်လှစ်ခဲ့ပြီးနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနား ပထမပိုင်း ပြီးမြောက်ကြောင်း ကြေညာခဲ့သည်။  ​ဆက်လက်၍ အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း နှင့် အစိုးရအဖွဲ့ဝင်များက တက်ရောက်လာကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့နှင့် ကူမင်းလူငယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းတို့အကြား “မြန်မာနိုင်ငံ၏ စီးပွားရေးပတ
+3
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့နှင့် ကူမင်းလူငယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းတို့အကြား “မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပခဲ့ခြင်း ကူမင်း၊ စက်တင်ဘာ ၂၅ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြိုနှင့် ကူမင်းလူငယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းတို့အကြား “မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို၂၄-၉-၂၀၂၆ ရက်က ကူမင်းမြို့ရှိ ယူနန်လင်းယွင် ဥပဒေအကြံပေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အလင်းဝင်လိုတဲ့ ညီငယ်/ညီမငယ်များ အောက်ပါ Telegram Link နှင့် ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်..... 👇👇 Tele Link >> @hminewai
အလင်းဝင်လိုတဲ့ ညီငယ်/ညီမငယ်များ အောက်ပါ Telegram Link နှင့် ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်..... 👇👇 Tele Link >> @hminewai1980 Phone no >> 09682071179

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေ) မှ စစ်ရေယာဉ်များသို့ သွားရောက်လေ့လာ
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေ) မှ စစ်ရေယာဉ်များသို့ သွားရောက်လေ့လာ

နျူကလီးယားစမ်းသပ်မှုများ ရပ်တန့်ရန် တောင်းဆိုချက်ကို မြောက်ကိုရီးယား ပယ်ချ ၂၅.၉.၂၀၂၆ နျူကလီးယားစမ်းသပ်မှုများ ရပ်တန့်ရန် တောင
နျူကလီးယားစမ်းသပ်မှုများ ရပ်တန့်ရန် တောင်းဆိုချက်ကို မြောက်ကိုရီးယား ပယ်ချ ၂၅.၉.၂၀၂၆ နျူကလီးယားစမ်းသပ်မှုများ ရပ်တန့်ရန် တောင်းဆိုချက်များပါဝင်သည့် နိုင်ငံတကာ ကြေညာချက်တစ်ရပ်ကို မြောက်ကိုရီးယားက ပယ်ချလိုက်ပြီး ထိုနိုင်ငံတကာ ကြေညာချက်ကို ကြီးမားသော နိုင်ငံရေးအရ စိန်ခေါ်လှုံ့ဆော်မှု တစ်ခုအဖြစ် သတ်မှတ်ကြောင်း စက်တင်ဘာ ၂၄ ရက်က ပြောကြားခဲ့သည်။ နျူကလီးယားစမ်းသပ်မှုများ ရပ်တန့်ရန် တိုက်တွန်းထားသည့် အဆိုပါ နိုင်ငံတကာကြေညာချက်ကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်တွင် ပယ်ချလိုက်ပြီး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယင်းကို ရန်လိုသော အင်အားစုများက မိမိတို့နိုင်ငံအပေါ် ပြုလုပ်သည့် ကြီးမားသော နိုင်ငံရေးအရ စိန်ခေါ်လှုံ့ဆော်မှုတစ်ခုအဖြစ် ပြောကြားခဲ့။

ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ၊ ပြည်ထောင်စုလမ်းမကြီးများနှင့် ဆက်သွယ်သည့် Class A, Class B နှင့် Class C အဆင့် လမ်
ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ၊ ပြည်ထောင်စုလမ်းမကြီးများနှင့် ဆက်သွယ်သည့် Class A, Class B နှင့် Class C အဆင့် လမ်းများတိုးချဲ့ဆောင်ရွက်ရေးနှင့် လုပ်ငန်းများမထပ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဖနွမ်းပင်၊ စက်တင်ဘာ ၂၅ မြန်မာပြည်ထဲရေးဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနတို့အကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် နားလည်မှုစာချွန်လွှာ (MoU) ရေးဆွဲရန် သဘောတူခဲ့ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ စက်တင်ဘာ ၂၄ ရက်တွင် ဖနွမ်းပင်မြို့ရှိ ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာန၌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အဘိဆန်တီဘင်ဒစ် ဆာ ဆော့ခါတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံမှုတွင် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေး၊ စုံစမ်းစစ်ဆေးရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံမှ ကျွမ်းကျင်သူအဖွဲ့များ ဖွဲ့စည်း၍ MoU ရေးဆွဲသွားရန် သဘောတူခဲ့ကြပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးအား ဗိုလ်ချုပ်ကြီး ကိုကိုဦးက ဖိတ်ကြားခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်ကြီး ကိုကိုဦးသည် စက်တင်ဘာ ၂၂ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ICCOS-2026 အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး နိုင်ငံတကာညီလာခံသို့ တက်ရောက်ခဲ့ကာ စက်တင်ဘာ ၂၅ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုဦး ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံ
+4
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုဦး ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံ

မြစ်ကြီးနားမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်
+2
မြစ်ကြီးနားမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပသည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာညီလာခံသို့ ပြည်ထောင်စုဝန်ကြီး
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပသည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် ကမ
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးဖိုရမ်တက်ရောက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမမြောက်နေ့သို့ လာရောက်လေ့လာသည့် နေပြည်တေ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမမြောက်နေ့သို့ လာရောက်လေ့လာသည့် နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းအား တွေ့ဆုံ

မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်ဖြင့် ဖြေရှင်းနေမှုအပေါ် ထောက်ခံကြောင်း (၈၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ(General Debate)တွင် ထိုင်းဝန်ကြီးချုပ် ပြောကြား ဝါရှင်တန်၊ စက်တင်ဘာ ၂၄ စက်တင်ဘာလ ၂၂ ရက်မှစပြီး နိုင်ငံ့ခေါင်းဆောင်တွေ၊ အစိုးရအကြီးအကဲတွေနဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေက ကမ္ဘာ့ရေးရာနှင့် မိမိနိုင်ငံရဲ့ မူဝါဒရပ်တည်ချက်တွေကို မိန့်ခွန်းပြောကြားတဲ့အစီအစဉ် (General Debate)ကို ကျင်းပလျက်ရှိရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် မိန့်ခွန်းတွင် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်ဖြင့် ဖြေရှင်းနေမှုအပေါ် ထောက်ခံပါကြောင်း ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် အနုတင်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး “ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေ တည်တံ့မှုနှင့် နိုင်ငံ့အရေးကိစ္စတို့ကို မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်ဖြင့် ဖြေရှင်းနေမှုအပေါ် ထောက်ခံပါကြောင်း၊ ထို့အပြင် အာဆီယံ (ASEAN)အဖွဲ့မှတစ်ဆင့် အပြုသဘောဆောင် ချိန်ညှိ၍ ပြန်လည်ထိတွေ့ ဆက်ဆံမှုများ (constructive and calibrated re-engagement) နှင့် နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထိုင်းဝန်ကြီးချုပ် အနုတင် ၏ ပြောကြားချက်နှင့် ပတ်သက်၍ Think Tank Myanmar က မြန်မာ့အရေးအား ကုလစင်မြင့်မှာ အိမ်နီးချင်းကောင်း ပီသစွာ အပြုသဘောဆောင် ပြောကြားပေးခဲ့လို့ ကျေးဇူးတင်အသိအမှတ်ပြုရပါတယ် ဟု မှတ်ချက်ပြုထားသည်။

မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်ဖြင့် ဖြေရှင်းနေမှုအပေါ် ထောက်ခံကြောင်း (၈၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ
+1
မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်ဖြင့် ဖြေရှင်းနေမှုအပေါ် ထောက်ခံကြောင်း (၈၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ(General Debate)တွင် ထိုင်းဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ထိုင်းနိုင်ငံနှင့် ICRC တို့ နယူးယောက်မြို့၌ ဆွေးနွေး ၂၅. ၉.
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ထိုင်းနိုင်ငံနှင့် ICRC တို့ နယူးယောက်မြို့၌ ဆွေးနွေး ၂၅. ၉. ၂၀၂၆ ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအာကတ်ကောင်း (Sihasak Phuangketkeow) သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ မာဂျာနာ စပေါလ်ဂျာရစ် အဂ္ဂါ (Mirjana Spoljaric Egger) နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ၊ ထိုင်းနိုင်ငံ၏ ကူညီကယ်ဆယ်ရေး ကြိုးပမ်းမှုများနှင့် ICRC နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲကို ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး ကာလအတွင်း ကုလသမဂ္ဂဌာနချုပ်၌ စက်တင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံပွဲတွင် ဆီဟာဆက်က မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။