သိင်္ခ
الذهاب إلى القناة على Telegram
အသိတိုး
إظهار المزيدلم يتم تحديد البلدالفئة غير محددة
1 085
المشتركون
-124 ساعات
-227 أيام
-5530 أيام
أرشيف المشاركات
1 085
Flydubai လေယာဥ် တိုက်ခိုက်မှုဖြစ်စဥ်တွင် ခရီးသည်တစ်ဦးက Mayday အမည်ရှိ လေယာဥ်ပျက်ကျသည့် ရုပ်သံဇာတ်လမ်းတွဲကို ကြည့်ရှုခဲ့ချိန်က ရရှိခဲ့သည့် အခြေခံဗဟုသုတများဖြင့် လေယာဥ်လက်ကိုင်ကို ထိန်းချုပ်နိုင်ခဲ့
စက်တင်ဘာ ၃၀ ရက်က ဒူဘိုင်းမှ အစ္စရေးသို ပျံသန်းလာသည့် Flydubai လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဥ်ပေါ်တွင် တွဲဖက်လေယာဥ်မှူးတစ်ဦးက အဓိကလေယာဥ်မှူးကို ဓားဖြင့်တိုက်ခိုက်ခဲ့ပြီး အရေးပေါ်အခြေအနေ ဖြစ်ပွားချိန်တွင် ခရီးသည်တစ်ဦး ဖြစ်သည့် ရာနစ် ဟာယန်က လေယာဥ်လက်ကိုင်ကို အရင်ဆုံးထိန်းချုပ်နိုင်ခဲ့ကြောင်း Firstpost သတင်းတွင် ဖော်ပြထားသည်။
Noted: ချီးကျူးစရာပါ။ ရုပ်သံကြည့်ပြီး လေယာဉ်ကိုထိန်းနိုင်ခဲ့တာဆိုတော့ ။ လေ့လာလိုစိတ်နဲ့ မှတ်သားတက်တဲ့ ဉာဏ်ရည်ကို လေးစားပါတယ်။
1 085
ပခုက္ကူကြက်သွန်ဈေးကွက်အတွင်း ကြက်သွန်ဝင်ရောက်မှု အနည်းငယ်သာ ရှိပြီး တစ်ပိဿာ ကျပ် ၈၀၀၀ ကျော်ထိ ရောက်ရှိလာ
ပခုက္ကူကြက်သွန်ဈေးကွက်အတွင်း ယခု အောက်တိုဘာလဆန်းပိုင်းတွင် ကုန်ဝင်ရောက်မှု ပိဿချိန် အနည်းငယ်သာ ရှိတော့ပြီး တစ်ပိဿာ ကျပ် ၈၀၀၀ ကျော်ထိ ရောက်ရှိကြောင်း သိရသည်။
ကုန်ဝင်ရောက်မှုနည်းပါးသည့်အတွက် လှောင်ကုန်အချိုရောင်းချကြပြီး လက်လီဈေးကွက် အတွင်း ကြက်သွန်နီထိပ်စ တစ်ပိဿာ ကျပ် ၁၀၀၀၀ ဝန်းကျင်ထိ ရောက်ရှိလာကြောင်း သိရသည်။
1 085
တောင်သူများထံ မြေဩဇာ သတ်မှတ်ဈေးဖြင့် အချိန်မီရောက်ရှိရေး Consortium ပုံစံဖြင့် ဖြန့်ဖြူး၊ စက်တင်ဘာလကုန်အထိ ယူရီးယား တန်ချိန် ၁၄၂,၀၀၀ နှင့် အခြားမြေဩဇာ တန်ချိန် ၅၇၀,၅၈၄ တင်သွင်းရန် ထောက်ခံပေးထား
နေပြည်တော်၊ အောက်တိုဘာ ၁
တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် မြေဩဇာများကို သတ်မှတ်ရောင်းဈေးဖြင့် အချိန်မီ တိုက်ရိုက်ရရှိနိုင်ရေးအတွက် Consortium ပုံစံဖြင့် အမြတ်မယူဘဲ စုပေါင်းဝယ်ယူဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည့် ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ ယူရီးယားမြေဩဇာ တန်ချိန် ၁၄၂,၀၀၀ နှင့် ကွန်ပေါင်းအပါအဝင် အခြားမြေဩဇာ တန်ချိန် ၅၇၀,၅၈၄ တိုကို တင်သွင်းဖြန့်ဖြူးနိုင်ရန် ထောက်ခံပေးထားပြီးဖြစ်ကြောင်း သိရသည်။
1 085
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား တက်ရောက်
မော်လမြိုင်၊ အောက်တိုဘာ ၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို၊ ပရိယတ္တိဓမ္မဗိမာန်တော်၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ယနေ့ အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
1 085
အကြမ်းဖက်အဖွဲများအား ထောက်ပံ့နိုင်ရန်ရည်ရွယ်၍ တရားခံပြေး သင်းသင်းနွယ်နှင့်အတူ တရားမဝင်အလှကုန် ပစ္စည်းများနှင့် ကျောက်မျက်ရတနာပစ္စည်းများရောင်းချရာတွင် ကူညီဆောင်ရွက်ပေးသူများအား ဖမ်းဆီးရမိ
ထောက်ပို့တွေ၊ NUG, PDF တွေနဲ့ ထိတွေ့ဆက်ဆံနေတဲ့သူတွေ၊ မသိမသာ သိသိသာသာ online pay တွေနဲ့ ထောက်ပံ့နေသူတွေ ဖမ်းဆီးနေတယ်ဆိုတာ ဟန်ပြထင်နေရင်တော့ မော်စကို ထမင်းဟင်းစားရအောင်သာ ပြင်ထားကြပေတော့။
1 085
တရုတ် (တိုင်ပေ) နှင့် ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် တရုတ်သမ္မတရှီ ပြောကြား
တရုတ် (တိုင်ပေ) နှင့် ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် တရုတ်သမ္မတရှီကျင်းပင်က တရုတ်အမျိုးသားနေ့ အကြိုနေ့ဖြစ်သည့် စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သော မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့် ၇၇ နှစ်မြောက် အထိမ်းအမှတ်နေ့ အကြို မိန့်ခွန်းတွင် သမ္မတ ရှီက တရုတ် (တိုင်ပေ) အရေးကိစ္စတွင် ပြင်ပ စွက်ဖက်မှုများကို ပယ်ချခဲ့ပြီး အမေရိကန်အနေဖြင့် တရုတ် (တိုင်ပေ) ၏ လွတ်လပ်ရေးကို ဆန့်ကျင်သင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ပြောကြားခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
1 085
ပါကစ္စတန်စစ်တပ်က အာဖဂန်နစ္စတန်နိုင်ငံကို လေကြောင်းတိုက်ခိုက်
ပါကစ္စတန်စစ်တပ်သည် အောက်တိုဘာ ၁ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အရပ်သားအများအပြား သေဆုံးခဲ့ကြောင်း တာလီဘန် အစိုးရက ပြောကြားခဲ့သည်။
ပါကစ္စတန်အစိုးရကမူ လေကြောင်း တိုက်ခိုက်ခဲ့သည့် တည်နေရာများကို အသေးစိတ် ဖော်ပြခြင်း မရှိဘဲ အာဖဂန်နစ္စတန်အတွင်းရှိ စစ်သွေးကြွများကို ပစ်မှတ်ထားပြီး ကြိုတင်အစီအစဉ်ဆွဲကာ ချိန်ဆလုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုများ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
1 085
အမေရိကန်စစ်တပ်အတွင်းရှိ ဗိုလ်ချုပ်ကြီးများနှင့် ရေတပ်ဗိုလ်ချုပ်ကြီးများ၏ အရေအတွက်ကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား
အမေရိကန်စစ်တပ်အတွင်းရှိ ဗိုလ်ချုပ်ကြီးများနှင့် ရေတပ်ဗိုလ်ချုပ်ကြီးများ၏ အရေအတွက်ကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှုကို ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
1 085
ပုဂ္ဂလိက မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုပေးနေ
ကလေး၊ အောက်တိုဘာ ၁
ကလေးသူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးခြင်းအပြင် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုပေးလျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောသည်။
1 085
AI Model Version 1 ကို အသုံးပြု၍ ဥပဒေမေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်းများကို စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး ပြောကြား
နေပြည်တော်၊ အောက်တိုဘာ ၁
AI Model Version 1 ကို အသုံးပြု၍ ဥပဒေမေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်းများကို စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောကြားသည်။
1 085
ဒေသစားရေရိက္ခာဖူလုံရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာများကို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူလေ့ကျင့်ကြရန် ပညာရေးဒုဝန်ကြီး ပြောကြား
ဒေသစားရေရိက္ခာဖူလုံရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာများကို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူလေ့ကျင့်ကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။
စက်တင်ဘာ ၃၀ ရက်က ပူတာအိုမြို ဒုတ္ထန်ရပ်ကွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် ၎င်းက ထိုသိုပြောကြားခဲ့ခြင်းဖြစ်သည်။
1 085
(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၈ ရက်မှ ၁၇ ရက်အထိ နေပြည်တော်၌ ကျင်းပမည်
(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၈ ရက်မှ ၁၇ ရက်အထိ ၁၀ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်က နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ (ဒုတိယအကြိမ်) အစည်းအဝေးမှ သိရသည်။
1 085
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ဆက်လက်စစ်ဆေး၊ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်း
နေပြည်တော်၊ အောက်တိုဘာ ၁
နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ကာ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည့် ပြည်ပနိုင်ငံသားများကို ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိရာ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
1 085
တွဲဖက်လေယာဉ်မှူးက လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ် ပျ-က်ကျအောင် ကြံစည်မှုကို ခရီးသည်တွေက တားဆီးနိုင်ခဲ့
ဗုဒ္ဓဟူးနေ့က Flydubai လေကြောင်းက လေယာဉ်ကို ပျ-က်ကျအောင်လုပ်ဖို တွဲဖက်လေယာဉ်မှူးရဲ့ ကြိုးပမ်းမှုကို ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေက ဟန့်တားနိုင်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံကို ဘေးကင်းလုံခြုံစွာ ရောက်ရှိလာခဲ့တယ်လို အစ္စရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ တွဲဖက်လေယာဉ်မှူးက လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး စက္ကန့် ၃၀ မကြာခင်အတွင်းမှာပဲ လေယာဉ်ကို ပေ ၁၄,၀၀၀ နီးပါး ရုတ်တရက် ထိုးဆင်းသွားစေခဲ့ရာကနေ လုံးထွေးသ-တ်ပုတ်မှု စတင်ခဲ့တာဖြစ်ပါတယ်။
1 085
NSPNC နှင့် NCA-S EAOs နှစ်ရက်တာဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်အကောင်အထည်ဖော်ရေး သဘောထားစုစည်းချက်များ မှတ်တမ်းတင်
𝙊𝘾𝙏~𝟏
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိင်းရေးအဖွဲတို၏ နှစ်ရက်တာတွေ့ဆုံဆွေးနွေးပွဲတွင် NCA အနှစ်သာရကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်အကောင်အထည်ဖော်ရေးအပါအဝင် သဘောထားစုစည်းချက်များကို မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
1 085
ရန်ကုန်မြိုတွင် နံနက်ပိုင်း မြူများဆိုင်း၊ မိုးနှောင်းကာလမှ ဆောင်းရာသီသို ကူးပြောင်းချိန် နီးကပ်လာ
ရန်ကုန်၊ အောက်တိုဘာ ၁
ရန်ကုန်မြိုနှင့် မြိုနယ်အချိုတွင် ယနေ့ အောက်တိုဘာ ၁ ရက် နံနက်ပိုင်း၌ မြူများဆိုင်းနေပြီး မိုးနှောင်းကာလမှ ဆောင်းရာသီဘက်သို ကူးပြောင်းမည့် ရာသီအကူးအပြောင်းကာလ နီးကပ်လာပြီဖြစ်သည်။
1 085
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
1 085
အကြမ်းဖက် NUG အဖွဲရဲ့ PRF website အတွင်းထဲက Data တစ်ချိုကို ထပ်မံဖွင့်ချပြလိုက်ပါတယ်..
ပေါက်ကြားနေတဲ့ data တွေက အတုတွေလိုထင်နေတုန်းလား ပါဝင်သူတချိုကို သက်သေတွေနဲ့တကွ ချပြပေးမယ်
ဘယ်နေ့ ဘယ်အချိန်က ဘယ်သူကတော့ဖြင့် ဘယ်လောက်လှုထားခဲ့ပါတယ်ဆိုတဲ့ အချက်အလက်တွေကို ငွေလွဲပြေစာတွေနဲ့တကွ NUG ကစနစ်တကျ ရည်ရွယ်ချက်ရှိရှိသိမ်းထားပြီးတော့ data တွေပေါက်တော့မှ သူတိုရဲ့ အမှားမဟုတ်ပါဘူးဆိုပြီး ခွက်ခေါက်လိုမရမှာစိုးလို အတင်းဖင်ပိတ်ငြင်းနေတာတော့ မြင်မကောင်းပါဘူး။ ပြည်သူတွေကို ဂျင်းထည့်ရာရောက်ပါတယ်။
၂၀၂၂ Kaung for you ကိစ္စ ပေါက်ကြားမှု ကတည်း က ဒီ အဖွဲစည်း မယုံ ရဘူး ဆို တာ သဘောမပေါက်ကြသေးဘူးလား???
NUG ဘယ်လိုတာဝန်ယူမလဲ နဂိုကတည်းက ပြည်သူကို ခွက်ခေါက်လိမ်စားနေတာဆိုတော့ ပြည်သူတွေကို ထပ်ဂျင်းထည့်နေဦးမှာပဲ။
ဒါအကင်းပဲရှိသေးတယ် ဒီ့ထက်ကြမ်းတာတွေ ထပ်လာဦးမယ် ...
crd မှိုင်းဝေ
1 085
BAIC Group က ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်အတွက် EV နှင့် စမတ်နည်းပညာများကို အာရုံစိုက်ပြီး နိုင်ငံတကာတိုးချဲ့ရေး ဆက်လက်အရှိန်မြှင့်
တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် BAIC Group သည် လျှပ်စစ်မော်တော်ယာဉ် (EV) နှင့် intelligent connected vehicle နည်းပညာများ ဖွံဖြိုးတိုးတက်ရေးကို အာရုံစိုက်ကာ နိုင်ငံတကာဈေးကွက်တိုးချဲ့ရေးကို ဆက်လက်အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
1 085
ရေပြန်ကျသွားသည့် ရေးမြို မြသီတာစျေးအနီးသန့်ရှင်းရေးပြုလုပ်
မွန်ပြည်နယ်၊ ရေးမြိုတွင် စက်တင်ဘာ ၂၈ ရက်က မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ရေးမြစ်ရေမြင့်တက်ကာ မြသီတာစျေးအနီးရှိ လမ်းများပေါ်သိုရေကျော်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို ရေကျော်ခဲ့ရာမှ လက်ရှိအချိန်၌ရေပြန်လည်ကျဆင်းသွားသဖြင့် ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော အမှိက်သရိုက်များ၊ နုံးများ၊ ရွံနွံများကို လမ်းသွားလမ်းလာများသွားလာမှုအဆင်ပြေစေရေးအတွက် ယနေ့ စက်တင်ဘာ ၃၀ ရက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။
