ဖိုးမှန်
الذهاب إلى القناة على Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
إظهار المزيدلم يتم تحديد البلدالفئة غير محددة
4 707
المشتركون
-324 ساعات
-587 أيام
-29630 أيام
أرشيف المشاركات
4 707
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်၊ ဒီဇယ်တစ်လီတာ ကျပ် ၅,၀၀၀ အထိ ရှိလာ
ရန်ကုန်၊ အောက်တိုဘာ ၉
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ယခုတစ်ပတ်တွင်လည်း ဆက်လက်မြင့်တက်ခဲ့ပြီး ရန်ကုန်မြို၌ 92 Ron ဓာတ်ဆီတစ်လီတာ ကျပ် ၄,၅၉၅ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၅,၀၀၀ အထိ ရှိလာကြောင်း စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအရ သိရသည်။
ယခင်တစ်ပတ်နှင့် နှိင်းယှဉ်ပါက 92 Ron ဓာတ်ဆီတစ်လီတာ ကျပ် ၅၅၊ 95 Ron ဓာတ်ဆီတစ်လီတာ ကျပ် ၄၀ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၁၈၅ မြင့်တက်ခဲ့သော်လည်း ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၂၀ ကျဆင်းခဲ့သည်။
အဆိုပါရည်ညွှန်းဈေးနှုန်းများသည် အောက်တိုဘာ ၁၆ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
4 707
ပေါင်မြိုနယ်ရှိ ရထားလမ်းကူးများအားလုံးတွင် လုံခြုံ ရေးစနစ်များရာနှုန်းပြည့်ထားရှိ
မွန်ပြည်နယ်၊ ပေါင်မြိုနယ်၌ ဆက်လက်ထားရှိမည့် ရ ထားလမ်းကူးများအားလုံးတွင် ယာဥ်အန္တရာယ်ကင်းရှင်းရေးအတွက် လုံခြုံရေးစနစ်များကို ရာနှုန်းပြည့်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
မော်တော်ယာဥ်နှင့် ရထား၊ ဆိုင်ကယ်နှင့် ရထား၊ ဖြတ် သန်းသွားလာသူများနှင့် ရထားတို မတော်တဆမှုဖြစ် ပွားခြင်းမရှိစေရေးအတွက် "ရပ်/ကြည့်/သွား"ဆိုင်း ဘုတ်များ၊ မောင်းတံဂိတ်များနှင့် ဂိတ်စောင့်များကို ရာ နှုန်းပြည့်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
4 707
နိုင်ငံတော်သမ္မတကြီးက မလေးရှားဝန်ကြီးချုပ် မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ဖို ဖိတ်ခေါ်
နေပြည်တော်၊ အောက်တိုဘာ ၉
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိင် ၏ မလေးရှားခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
4 707
ဒုဋ္ဌဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ထိခိုက်ခဲ့သည့် အိမ်ထောင်စု ၂၁ စုအား စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့
ဒုဋ္ဌဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြိုကျခဲ့သည့် အိမ်ထောင်စု ၆ စုနှင့် ဘေးလွတ်ရာသို အရေးပေါ်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု ၁၅ စု၊ စုစုပေါင်း အိမ်ထောင်စု ၂၁ စုအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲက အောက်တိုဘာ ၈ ရက်တွင် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
4 707
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး
နေပြည်တော်၊ အောက်တိုဘာလ ၈
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကာ ဒုတိယပိုင်းအနေဖြင့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျထပ်မံဖြိုချဖျက်ဆီးခြင်းများကို အောက်တိုဘာ ၆ ရက်နေ့ မှစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
4 707
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၀ ခုတွင် ခွင့်ပြုချက်မဲ့အဆောက်အအုံ ၂၇၈၂ ခုကို အရေးယူထား
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၀ ခုတွင် ခွင့်ပြုချက်မဲ့အဆောက်အအုံ ၂၇၈၂ ခုကို အရေးယူဆောင်ရွက်ထားရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။
4 707
မြန်မာအစိုးရအပေါ် အမေရိကန်မူဝါဒ ပြောင်းလဲလာပြီလား
အမေရိကန်အစိုးရရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗင့်စ် ဦးဆောင်တဲ့အဖွဲဟာ စက်တင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့က နေပြည်တော်ကိုလာရောက်တဲ့ခရီးစဉ်မှာ သမ္မတ ဦးမင်းအောင်လှိင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို အောက်တိုဘာ ၈ ရက်နေ့မှာ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ရိုက်တာသတင်းအရ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အဒမ်ကတ်စတီလို လွတ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ဒီခရီးစဉ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးကို အဓိကထား ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုကနေ မြေရှားသတ္တုရရှိရေးအပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေ၊ နောင်ထိတွေ့ဆက်ဆံမှု အလားအလာကောင်းတွေအတွက် လမ်းပွင့်လာနိုင်တယ်လိုလည်း ရိုက်တာက ဆိုပါတယ်။
4 707
ဒုတိယသမ္မတ ဦးညိုစော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘောဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးညှိနှိင်းအစည်းအဝေးသို တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ အောက်တိုဘာ ၈
အစည်းအဝေးတွင် ဒုတိယသမ္မတက အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဆိုးရွားမှုများအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့သည့်အခြေအနေများ၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်ပြင်းထန်မြင့်တက်လာမှုများ၊ မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်လာနိုင်သကဲ့သို ရုတ်တရက်မုန်တိုင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်သည့်အခြေအနေ၊ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားကြရန် မှာကြား။
4 707
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်၏ မလေးရှားနိုင်ငံ တရားဝင်ခရီးစဉ်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားချက်မှ အဓိကအချက်များ
၁။ ခရီးစဉ်နှင့် နှစ်နိုင်ငံဆက်ဆံရေး
🔳
မလေးရှားဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ အီဘရာဟင်၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ခြင်းဖြစ်။
🔳
နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ပြီးနောက် ပထမဆုံး မလေးရှားခရီးစဉ်ဖြစ်ပြီး အာဆီယံနိုင်ငံများသို သွားရောက်သည့် ပဉ္စမမြောက်နိုင်ငံခရီးစဉ်ဖြစ်။
🔳
မလေးရှားနိုင်ငံသို ယခင်က သုံးကြိမ်ရောက်ရှိခဲ့ဖူးပြီး ယခုခရီးစဉ်တွင် မလေးရှားနိုင်ငံ၏ ဖွံဖြိုးတိုးတက်မှုများကို အသိအမှတ်ပြုချီးကျူး။
🔳
မြန်မာ–မလေးရှား သံတမန်ဆက်ဆံရေး ၂၀၂၈ ခုနှစ်တွင် နှစ် ၇၀ ပြည့်မြောက်မည်ဖြစ်၍ အထိမ်းအမှတ်အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေး။
🔳
၁၉၉၇ ခုနှစ် မြန်မာနိုင်ငံ အာဆီယံအဖွဲဝင်ဖြစ်ရေးအတွက် မလေးရှားနိုင်ငံက ထောက်ခံစည်းရုံးဆောင်ရွက်ပေးခဲ့မှုကို ပြန်လည်ဖော်ပြ။
🔳
နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် သဘောထားဖော်ပြ။
4 707
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား ဆက်လက်ဖြိုချကြောင်း သိရ
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းများလုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံများအား အပိုင်း ၃ ပိုင်းခွဲ၍ ဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီ ၉ ရက်တွင် ရာနှုန်းပြည့် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
4 707
စားသောက်ဆိုင်လုပ်ငန်းရှင်များ စားသုံးသူများထံ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာထုတ်ပေးရန်နှင့် ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန်များကို သက်ဆိုင်ရာအခွန်ရုံးများသို လစဉ်ပေးသွင်းရန် ပြည်တွင်းအခွန်များဦးစီးဌာန ထုတ်ပြန်
4 707
ရန်ကုန်မြိုကို ရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ကုက္ကိုလ်ဝနှင့် တိုးမြင့် ရေပေးဝေရေးစီမံကိန်းများ အကောင်အထည်ဖော်နေပြီး တရားမဝင် အဝီစိတွင်း တူးဖော်မှုများအား အရေးယူနေဟု စည်ပင်သာယာရေးဝန်ကြီး ပြောကြား
4 707
၂၀၂၆ ခုနှစ် စာပေနိုဘယ်ဆုကို ကနေဒါကဗျာဆရာမ Anne Carson ရရှိ
𝙊𝘾𝙏~𝟖
ကနေဒါနိုင်ငံသား ကဗျာဆရာမနှင့် စာရေးဆရာ Anne Carson သည် ၂၀၂၆ ခုနှစ်အတွက် စာပေနိုဘယ်ဆုကို ရရှိခဲ့ကြောင်း ဆွီဒင်အကယ်ဒမီက အောက်တိုဘာ ၈ ရက်တွင် ကြေညာခဲ့သည်။
4 707
ဖားကန့်မြိုနယ် စုပေါင်းရုံးဝင်းအတွင်း Suicide Drone ကျရောက်ပေါက်ကွဲ၍ လူ ၁ ဦးသေဆုံးပြီး ညောင်ဦးတွင် နင်းမိုင်းပေါက်ကွဲ၍ အမျိုးသမီး ၂ ဦး ဒဏ်ရာရ
𝙊𝘾𝙏~𝟖
ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ မော်ဝမ်းရပ်ကွက်ရှိ မြိုနယ်စုပေါင်းရုံးဝင်းအတွင်းသို KIA သောင်းကျန်းသူအဖွဲနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲများ ပူးပေါင်းအဖွဲက ပစ်ခတ်လိုက်သည့် Suicide Drone တစ်စင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အသက် ၇၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
4 707
သထုံမြိုတွင် အမျိုးသမီးတစ်ဦး နေပူသည့်အချိန် ဆိုင်ကယ်ဖြင့် သွားနေစဉ် သတိမေ့လဲကျရာမှ သေဆုံးမှုဖြစ်ပွား
သထုံမြိုတွင် အမျိုးသမီးတစ်ဦး နေပူထဲ ဆိုင်ကယ်ဖြင့် သွားနေစဉ် သတိမေ့လဲကျရာမှ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြိုခံများ၏ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ အောက်တိုဘာလ (၇) ရက်နေ့ နံနက် (၁၁) နာရီဝန်းကျင်အချိန်ခန့်က သထုံမြို လေယာဉ်ကွင်းလမ်းရှိ စားသောက်ဆိုင်အနီးတွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်စီးနင်းလာရာမှ ဆိုင်ကယ်ရပ်လိုက်ရာ မထိန်းနိုင်ဘဲပြုတ်ကျပြီး သတိလစ်သွားခဲ့ခြင်းဖြစ်ကြောင်း မြိုခံတစ်ဦးကပြောကြားသည်။
Noted: မနက်ကတောင် သတိပေးနေပါသေးတယ်။ ဒီကာလအပူချိန်မြင့်တက်နေပါတယ် အထူးသတိထားကြပါ။ အပူချိန်မြင့်တဲ့ ၁၁ နာရီကနေ ၃ နာရီဝန်းကျင်ကို တက်နိုင်သမျှ ရှောင်စေချင်ပါတယ်။ ဓာတ်ဆားဆောင်ပြီး မကြာခဏသောက်ပေးကြပါ။
4 707
ငမိုးရိပ်တမံ ရေပေးဝေရေးရာသီအတွက် ရေစုဆောင်းထားပြီး ရေကျော်မှုမရှိစေရန် Shutter များတပ်ဆင်ပြီးစီး
ငမိုးရိပ်တမံတွင် ရေပေးဝေရေးရာသီအတွက် လိုအပ်သည့်ရေကို စုဆောင်းထားရှိပြီးဖြစ်သဖြင့် လက်ရှိတွင် သောက်သုံးရေအတွက်သာ ရေဖြန့်ဝေပေးနေကြောင်း သိရသည်။
4 707
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ၊ အမျိုးသားသံလုံးပစ် 14.54 မီတာဖြင့် မြန်မာပြည်စံချိန်သစ်တင်
================
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲ ကို ယနေ့ အောက်တိုဘာလ ၈ ရက်နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေး ကွင်းအမှတ် (၁)တိုတွင် ကျင်းပခဲ့ပါတယ်...
Noted: ဒီမြင်ကွင်းတွေ စည်စည်ကားကား ပြန်မြင်ရတာ ဝမ်းသာပါတယ်။ ဟိုတုန်းကလို ကျောင်းသားအားကစားပွဲတော်တွေ၊ ကျောင်းပေါင်းစုံ ၊ မြို့နယ်အဆင့်၊ ခရိုင်၊ တိုင်းအဆင့် အားကစားပြိုင်ပွဲတွေ ပြန်လုပ်သင့်ပါတယ်။ ကောင်းတဲ့အစဉ်အလာတွေပါ။ လူငယ်၊ လူရွယ်တွေ အားကစားကို ပြန်လည်စိတ်ဝင်စားလာအောင် အားပေးမြှောက်စားသင့်ပါတယ်။
4 707
ရွှေ၊ ရွှေကြမ်းနှင့် ရွှေထည်ပစ္စည်းများကို Online Sales မှတ်ပုံတင်ဖြင့် ရောင်းချခွင့်မပြုဟု စီးပွားကူးသန်း အသိပေး
ရွှေ၊ ရွှေကြမ်း၊ ရွှေလက်ဝတ်ရတနာများနှင့် ရွှေ၊ ရွှေကြမ်းဖြင့် ပြုလုပ်ထားသည့် အနုပညာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို အွန်လိုင်းမှ ရောင်းချရန် Online Sales မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းမရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် အသိပေးထားသည်။
4 707
မီးပုံးပျံအဖွဲများအတွက် ထောက်ပံ့ယမ်းများထုတ်ပေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်
တောင်ကြီးမြိုတော် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ညမီးကြီး မီးပုံးပျံအဖွဲများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲမှ ထောက်ပံ့သည့် ယမ်းပစ္စည်းများကို စတင် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့် ညမီးကြီး မီးပုံးပျံ ၆၈ လုံးအတွက် လိုအပ်သည့် ယမ်းပစ္စည်းများကို ယနေ့ အောက်တိုဘာလ ၈ ရက်မှစတင်၍ ၉ ရက်အထိ အဝေရာ မီးပုံးပျံကွင်းအတွင်း ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
