ဖိုးမှန်
الذهاب إلى القناة على Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
إظهار المزيدلم يتم تحديد البلدالفئة غير محددة
4 357
المشتركون
-4824 ساعات
-2827 أيام
-56930 أيام
أرشيف المشاركات
4 353
+4
မိုးလေဝသ သတင်းအကျဉ်းချုပ် (ဩဂုတ် ၁ ရက်၊ မွန်းလွဲ ၂:၀၀ နာရီ)
⛈ မိုးကြီးနိုင်သော ဒေသများ: နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်နှင့် မွန်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (နောက် ၂ ရက်တွင် စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်နှင့် ရှမ်း(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးမည်)
🌧 သတိပြုရန် (မိုးတိမ်တောင်): နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊ ကယား၊ ချင်း၊ ရခိုင်နှင့် ရှမ်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
🌊 မြန်မာ့ပင်လယ်ပြင်အခြေအနေ: ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းကျကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ (လေတိုက်နှုန်း တစ်နာရီ ၂၅ မိုင်မှ မိုင် ၃၀ အထိ၊ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်)
🏙 မြို့ကြီးများ: နေပြည်တော်တွင် မိုး တစ်ကြိမ်၊ နှစ်ကြိမ်၊ ရန်ကုန်တွင် မိုးအသင့်အတင့်၊ မန္တလေးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ (ရာနှုန်းပြည့်)
#ဖိုးမှန်
Ref: မိုး/ဇလ
4 353
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင်
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားချက်မှ ကောက်နုတ်ချက်
4 353
ရက် (၁၀၀) ခရီးမှသည် ဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီ
နိုင်ငံတော်အစိုးရ၏ ပထမဆုံး ရက် (၁၀၀) အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၊ ရရှိခဲ့သော တိုးတက်မှုများနှင့် ရှေ့ဆက်အကောင်အထည်ဖော်မည့် မူဝါဒများကို ဖော်ပြထားသည်။
PPIB
https://t.me/phoehmann007
#ဖိုးမှန်
4 353
+8
📌 PDF ၃၀၀ ကျော် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်
▪️ ၁-၈-၂၀၂၆ ရက်နေ့ ယနေ့မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ကျား (၂၈၀) ဦး၊ မ (၂၃) ဦး စုစုပေါင်း (၃၀၃) ဦးတို့ဟာ မောင်းပြန်သေနတ် ၁၀ လက်၊ ခဲယမ်းအများအပြားနဲ့အတူ တပ်မတော်ထံ လက်နက်ချ အလင်းဝင်ရောက်လာခဲ့ကြပါတယ်၊၊
▪️ နိုင်ငံတော်အစိုးရရဲ့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်ချက်တွေကို ယုံကြည်လက်ခံလာကြပြီး ငရဲခန်းကနေ အခုလို မှန်ကန်တဲ့လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာတာဟာ အင်မတန်မှ ဝမ်းမြောက်စရာကောင်းပြီး ကြိုဆိုရမယ့် လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်၊၊
▪️ ဒါ့ကြောင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိနေသေးတဲ့ PDF အဖွဲ့ဝင်တွေအနေနဲ့လည်း နီးစပ်ရာ တပ်စခန်းတွေနဲ့ ရဲစခန်းတွေကို အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့ပြီး ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာကြဖို့ ဖိတ်ခေါ်အပ်ပါတယ်၊၊
🕊🕊🕊
https://t.me/phoehmann007
#ဖိုးမှန်
4 353
+9
တပ်မတော်စစ်ကြောင်းများက အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသည့်လမ်းကြောင်းမှ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းနှင့် ကလေးဝ-ယာကြီး-မုံရွာ ဆက်သွယ်ရေးလမ်းကြောင်းများအား နိုင်ငံတော်အစိုးရ၏ တာဝန်ထမ်းဆောင်မှု ရက်(၁၀၀) ပြည့် မြောက်သည့် ယနေ့တွင် အောင်မြင်စွာပြန်လည် ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့၊
ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်
🇲🇲🕊❤️
#ဖိုးမှန်
4 353
+9
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ဖလမ်းမြို အခြေခံပညာအထက်တန်းကျောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးနေမှုများ ကြည့်ရှုစစ်ဆး
ဖလမ်းမြို့လေး ပြန်လည် သက်ဝင်လှုပ်ရှား စည်ကားလာတော့မည်...
❤️🇲🇲🕊
#ဖိုးမှန်
4 353
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ အစိုးရရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့သည့် "ပညာရေးကဏ္ဍဆိုင်ရာ ပြောကြားချက်များ"
4 353
+4
မိုးလေဝသ သတင်းအကျဉ်းချုပ် (ဇူလိုင် ၃၁ ရက်၊ မွန်းလွဲ ၂:၀၀ နာရီ)
⛈ မိုးကြီးနိုင်သော ဒေသများ: ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း(အထက်ပိုင်း)၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်း(တောင်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (နောက် ၂ ရက်တွင် စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်နှင့် ရှမ်း(အရှေ့ပိုင်း)တို့တွင် မိုးကြီးမည်)
🌧 သတိပြုရန် (မိုးတိမ်တောင်): တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
🌊 မြန်မာ့ပင်လယ်ပြင်အခြေအနေ: ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ (လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ အထိ၊ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်)
🏙 မြို့ကြီးများ: နေပြည်တော်နှင့် မန္တလေးတွင် နေရာကွက်ကျား၊ ရန်ကုန်တွင် မိုး တစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ (ရာနှုန်းပြည့်)
#ဖိုးမှန်
4 353
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသ အကျဉ်းချုပ် (ဇူလိုင် ၃၁ ရက်၊ နံနက် ၁၀:၃၀ နာရီ)
🌀 မုတ်သုံလေအခြေအနေ: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။
⚓️ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်:
မိုးလေဝသ: နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
ရေပြင်လေနှင့် လှိုင်း: အနောက် (သို့) အနောက်တောင်လေ တစ်နာရီ ၁၅-၂၀ မိုင် (တစ်ခါတစ်ရံ မိုင် ၃၀ မှ ၃၅ မိုင်) တိုက်ခတ်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေခန့်ဖြင့် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
အမြင်တာ: ၃ မိုင် (မိုးရွာစဉ် မိုင်ဝက်ခန့်)။
⚓️ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်:
မိုးလေဝသ: နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
ရေပြင်လေနှင့် လှိုင်း: တောင် (သို့) အနောက်တောင်လေ တစ်နာရီ ၁၅-၂၀ မိုင် (တစ်ခါတစ်ရံ မိုင် ၃၀ မှ ၃၅ မိုင်) တိုက်ခတ်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေခန့်ဖြင့် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
အမြင်တာ: ၃ မိုင် (မိုးရွာစဉ် မိုင်ဝက်ခန့်)။
#ဖိုးမှန်
4 353
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ အစိုးရရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့သည့် "ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ ပြောကြားချက်များ"
4 353
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ အစိုးရရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့သည့် "ငြိမ်းချမ်းရေးကဏ္ဍဆိုင်ရာ ပြောကြားချက်များ"
4 353
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်း (အပိုင်း-၂)
