ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဖိုးမှန်

ဖိုးမှန်

الذهاب إلى القناة على Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
4 703
المشتركون
-1124 ساعات
-507 أيام
-30630 أيام
أرشيف المشاركات
Pigeon တံဆိပ် ကလေးနိုဘူးနှင့် နိုသီးခေါင်းအတုများ ဘန်ကောက်မြိုတွင် ဖမ်းဆီးရမိ မြန်မာနိုင်ငံတွင်အသုံးများသည့် ပစ္စည်းတစ်ခုဖြစ်
Pigeon တံဆိပ် ကလေးနိုဘူးနှင့် နိုသီးခေါင်းအတုများ ဘန်ကောက်မြိုတွင် ဖမ်းဆီးရမိ မြန်မာနိုင်ငံတွင်အသုံးများသည့် ပစ္စည်းတစ်ခုဖြစ်သော Pigeon တံဆိပ် ကလေးနိုဘူးနှင့် နိုသီးခေါင်းအတုများ ဘန်ကောက်မြိုတွင် ဖမ်းဆီးရမိခဲ့သည်ဟု Thai Enquirer က သတင်းဖော်ပြသည်။ ထိုင်းရဲတပ်ဖွဲမှာ အောက်တိုဘာ ၆ ရက်က ဘန်ကောက်မြို၊ Khlong Sam Wa ခရိုင်ရှိ ပိုဆောင်ရေးကုမ္ပဏီတစ်ခုကို ဝင်ရောက်စီးနင်းရှာဖွေစဉ် အတုအပပြုလုပ်ထားသော Pigeon ကုန်အမှတ်တံဆိပ်ပါ ကလေးနိုဘူး ၄၀၀ နှင့် နိုဘူးခေါင်း (nipples) ၇၅၀ တိုကို သိမ်းဆည်းရမိခဲ့သည်။

မြန်မာ (ယူ-၁၇) အိန္ဒိယကို ရှုးနိမ့်
မြန်မာ (ယူ-၁၇) အိန္ဒိယကို ရှုးနိမ့်

တောင်သာမြိုနယ် သာပေါင်းလေးကျေးရွာရှိ မူလတန်းကျောင်း ခြံစည်းရိုးအနီး မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦး ဒဏ်ရ
တောင်သာမြိုနယ် သာပေါင်းလေးကျေးရွာရှိ မူလတန်းကျောင်း ခြံစည်းရိုးအနီး မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦး ဒဏ်ရာရရှိ မန္တလေးတိုင်း တောင်သာမြိုနယ်ရှိ တောင်သာမြိုနယ် သာပေါင်းလေးကျေးရွာရှိ မူလတန်းကျောင်း ခြံစည်းရိုးအနီး မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါမိုင်းပေါက်ကွဲမှုမှာ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဒဏ်ရာရရှိသည့် ကျောင်းသား ကျောင်းသူများကို မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီး၌ ကုသပေးလျက်ရှိကြောင်း သိရသည်။ Noted: ဘယ်လိုကြောင့် သူဟာသူ ကျောင်းတက်နေတဲ့ကလေးတွေကို ပြဿနာရှာနေတာလဲ။ တိုက်ချင်ရင် တည့်တိုက်လေ သက်ဆိုင်တဲ့သူတွေနဲ့ ဒီလိုကျတော့လဲ ကြောက်ချီးကပါသေးတာ။ မဖြစ်နိုင်တော့လဲ အခြေအနေမှန်းသိရက်နဲ့ ဆက်မိုက်ချင်ပြီး ဘဝဆုံးချင်တော့လဲ တားမရတော့ဘူး။

အမေရိကန် Fort Hood စစ်စခန်း ပစ်ခတ်မှု ကျူးလွန်သူကို သေဒဏ်ပေးမည် အမေရိကန်စစ်တပ်မှ ဗိုလ်မှူးဟောင်းတစ်ဦးကို ပစ်သတ်သည့်နည်းဖြင့်
အမေရိကန် Fort Hood စစ်စခန်း ပစ်ခတ်မှု ကျူးလွန်သူကို သေဒဏ်ပေးမည် အမေရိကန်စစ်တပ်မှ ဗိုလ်မှူးဟောင်းတစ်ဦးကို ပစ်သတ်သည့်နည်းဖြင့် သေဒဏ်ပေးမည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ကြေညာထားသည်။ ယင်းသည် ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်စစ်တပ်တွင် ပစ်သတ်သည့်နည်းဖြင့် ပထမဆုံးအကြိမ် သေဒဏ်ပေးမှု ဖြစ်လာမည်။ အမေရိကန်စစ်တပ်၏ စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦးဖြစ်ခဲ့သည့် နီဒယ်ဟာဆန်သည် ၂၀၀၉ ခုနှစ်က တက္ကဆက်ပြည်နယ်ရှိ Fort Hood စစ်စခန်းတွင် အမေရိကန်စစ်သား ၁၃ ဦးကို ပစ်သတ်ခဲ့သည်။ ၎င်းကို ပစ်သတ်ကွပ်မျက်ရန် ကာကွယ်ရေးဝန်ကြီး ပီဟက်ဂ်ဆက်က အကြံပြုခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့်က သဘောတူခဲ့သည်။

ချင်းပြည်နယ် ဖလမ်းမြိုပြည်သူ့ဆေးရုံကြီး အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးနှင့် သူနာပြုသိပ္ပံကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နို
ချင်းပြည်နယ် ဖလမ်းမြိုပြည်သူ့ဆေးရုံကြီး အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးနှင့် သူနာပြုသိပ္ပံကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးဌာနပိုင် အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်မှ ကြီးမှူးကျင်းပသည့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အုတ်မြစ်ချအခမ်းအနားသို ကနေဒါနိ
ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်မှ ကြီးမှူးကျင်းပသည့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အုတ်မြစ်ချအခမ်းအနားသို ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက် အော်တာဝါ၊ အောက်တိုဘာ ၇ ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်ဥက္ကဋ္ဌနှင့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၏ ဦးစီးပဓာနဆရာတော် Venerable Nugegalayaye Jinānanda Thero ၏ ဖိတ်ကြားချက်အရ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ ၁၄၀၀ နာရီတွင် အော်တာဝါမြို၌ ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်မှ ကြီးမှူးကျင်းပသည့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းအုတ်မြစ်ချအခမ်းအနားသို တက်ရောက်ခဲ့သည်။

ကျိုက်ထီးရိုးစေတီ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲအား ပြန်လည်ရွေးချယ်သွားနိုင်ရန် ကြီးကြပ်ရေးအဖွဲ ဖွဲစည်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတ
ကျိုက်ထီးရိုးစေတီ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲအား ပြန်လည်ရွေးချယ်သွားနိုင်ရန် ကြီးကြပ်ရေးအဖွဲ ဖွဲစည်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲအား လာမည့် (သီတင်းကျွတ်လပြည့်နေ့) ဗုဒ္ဓပူဇနိယပွဲတော်မတိုင်မီ ပြန်လည်ရွေးချယ်သွားနိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲအား ဖွဲစည်းထားကြောင်း သိရသည်။

လယ်ဝေးမြိုပေါ်၌ သီတင်းကျွတ်လပြည်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့တိုတွင် နိုင်ငံကျော်အဆိုတော်များပါဝင်သည့် စတိတ်ရှိးကားဖြင့် မိုး
လယ်ဝေးမြိုပေါ်၌ သီတင်းကျွတ်လပြည်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့တိုတွင် နိုင်ငံကျော်အဆိုတော်များပါဝင်သည့် စတိတ်ရှိးကားဖြင့် မိုးအလင်း လှည့်လည်ဖျော်ဖြေမည် 𝙊𝘾𝙏~𝟕 နေပြည်တော်၊ လယ်ဝေးမြိုပေါ်မှာ သီတင်းကျွတ်ကာလအတွင်း ဘာသာရေး အလှူပွဲများနဲ့အတူ နိုင်ငံကျော်အဆိုတော်များက စတိတ်ရှိးကားတွေနဲ့ မြိုတွင်းလှည့်လည် ဖျော်ဖြေတင်ဆက်သွားမယ်လို သိရပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာ လယ်ဝေးမြို အမှတ် (၂) ရပ်ကွက် မြိုဦးမ္မာရုံ ဝတ်ပြုတော်အသင်းရဲ့ ဘုရား (၅) ဆူ ဒေသစာရီကြွချီပူဇော်ခံပွဲအဖြစ် New Paper Music Band နဲ့အတူ အဆိုတော် ၂၄ ဦး ပါဝင်တဲ့ စတိတ်ရှိးကားက မြိုတွင်း မိုးလင်းပေါက် လှည့်လည်ဖျော်ဖြေတင်ဆက်သွားမှာလို ဆိုပါတယ်။

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများအန္တရာယ်ကို ပိုမိုထိရောက်စွာ တားဆီးကာကွယ်နှိမ်နင်းနိုင်ရေးအတွက် အထူးစီမံချက်များ၊ ပိုမိုတိ
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများအန္တရာယ်ကို ပိုမိုထိရောက်စွာ တားဆီးကာကွယ်နှိမ်နင်းနိုင်ရေးအတွက် အထူးစီမံချက်များ၊ ပိုမိုတိကျခိုင်မာသော နည်းလမ်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ပြည်နယ်အစိုးရသို တိုက်တွန်းကြောင်းအဆို ရှမ်းပြည်နယ်လွှတ်တော် အတည်ပြု ရှမ်းပြည်နယ်အတွင်း နည်းမျိုးစုံ၊ ပုံစံစုံ၊ ဒီဇိုင်းစုံဖြင့် ပေါများလာနေသော မူးယစ်ဆေးဝါးများအန္တရာယ်ကို ပိုမိုထိရောက်စွာ တားဆီးကာကွယ်နှိမ်နင်းနိုင်ရေးအတွက် အထူးစီမံချက်များ၊ ပိုမိုတိကျခိုင်မာသော နည်းလမ်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ရှမ်းပြည်နယ်အစိုးရသို တိုက်တွန်းကြောင်းအဆို အတည်ပြုကြောင်း ယနေ့ (အောက်တိုဘာ ၇ ရက်) ပြုလုပ်သည့် ရှမ်းပြည်နယ်လွှတ်တော်က ကြေညာသည်။

ငွေဆောင်အပါအဝင် ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေဒေသများနှင့်မြိုနယ်များရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ခြံခတ်ရေ
ငွေဆောင်အပါအဝင် ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေဒေသများနှင့်မြိုနယ်များရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ခြံခတ်ရောင်းချခြင်းပြုပါကဥပဒေအရ အရေးယူခြင်းခံရမည် ============================================= 07 October 2026 ■ ရောဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေဒေသများဖြစ်သည့် ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီ၊ ဟိုင်းကြီး အပါအဝင် ရောဝတီတိုင်းဒေသကြီးအတွင်းရှိ မြိုနယ်အသီးသီးတွင် တည်ရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုဥပဒေနှင့်အညီ လျှောက်ထားရယူခြင်းမရှိဘဲ မိမိတို၏သဘောဖြင့် နယ်နိမိတ်သတ်မှတ်၍ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်းတိုကို ဆောင်ရွက်ပါကဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ လာရောက်လေ့လာ နေပြည်တော်၊ အောက်တိုဘာ ၇ မြန
တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ လာရောက်လေ့လာ နေပြည်တော်၊ အောက်တိုဘာ ၇ မြန်မာ့သမိုင်းစဉ်ကာလတစ်လျှောက်တွင် အစဉ်အလာကြီးမားခဲ့သည့် ရှေးခေတ်မြန်မာ့တပ်မတော်၏ဆောင်ရွက်ချက်နှင့် အထွေထွေဗဟုသုတများကို လေ့လာနိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင်လက်တွေ့ယှဉ်တွဲလေ့လာနိုင်စေရန်၊ ကျောင်းပြင်ပဗဟုသုတများရရှိစေရန်နှင့် ကျောင်းသား ကျောင်းသူလူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော် စတင်ကျင်းပ ရန်ကုန်၊ အောက်တိုဘာ ၇ ရန်ကုန်မြို၏ အထင်ကရ သမိုင်းဝင်အမွေအနှစ်နေရာ
သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော် စတင်ကျင်းပ ရန်ကုန်၊ အောက်တိုဘာ ၇ ရန်ကုန်မြို၏ အထင်ကရ သမိုင်းဝင်အမွေအနှစ်နေရာတစ်ခုဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေး၏ ရာပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက အဆိုပါဈေး၌ ကျင်းပခဲ့ပြီး ရာပြည့်ပွဲတော်ကို အောက်တိုဘာ ၁၁ ရက်အထိ ငါးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားသို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အိုကီနာဝါရှိ အမေရိကန်တပ်ဖွဲဝင်များ တစ်လကြာ ညမထွက်ရ၊ အရက်သောက်ခွင့်ပိတ် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် တပ်စွဲထားသည့် အမေရိကန
အိုကီနာဝါရှိ အမေရိကန်တပ်ဖွဲဝင်များ တစ်လကြာ ညမထွက်ရ၊ အရက်သောက်ခွင့်ပိတ် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲဝင်များကို စည်းကမ်းထိန်းသိမ်းရေး အစီအမံအဖြစ် တစ်လကြာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး အရက်သောက်သုံးခွင့်ကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရသည်။ အမေရိကန် မရိန်းတပ်ဖွဲဝင်တစ်ဦးက ဒေသခံအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး ပစ္စည်းများလုယူခဲ့သည်ဟု စွပ်စွဲခံရသည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပြီးနောက် ယခုကဲ့သို စည်းကမ်းတင်းကျပ်သည့် အစီအမံများ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဘယ်စခန်း ဘယ်လမ်းကို ဘယ်လိုသွားဖို့ စိတ်ကူးနေကြလဲ အခုလပိုင်းမှ ကုန်ဈေးနှုန်းသိသိသာသာ တက်လာတာ ကြောက်စရာကောင်းလှပါတယ်။ အခုတွက်ပြ
ဘယ်စခန်း ဘယ်လမ်းကို ဘယ်လိုသွားဖို့ စိတ်ကူးနေကြလဲ အခုလပိုင်းမှ ကုန်ဈေးနှုန်းသိသိသာသာ တက်လာတာ ကြောက်စရာကောင်းလှပါတယ်။ အခုတွက်ပြထားတာဟာ ပုံမှန်ဝင်ငွေရရှိနေတဲ့ ဝန်ထမ်းတစ်ဦးအတွက်ပါ။ ပညာရေးက မူပြ ဆရာ ၊ ဆရာမတွေများ ဘယ်လိုနေကြမလဲ စဉ်းစားကြစေချင်ပါတယ်။ System တစ်ခုကို အတင်းသွတ်သွင်းနေရင်တော့ အကျိုးဆက်တွေကို လက်ခံကြရပါလိမ့်မယ်။ လစာမတိုးပေးနိုင်ဘူးဆိုရင်လည်း အခြားဖြစ်နိုင်ဖွယ်ရာ နည်းလမ်းကို စဉ်းစားပေးသင့်ပါတယ်။ တစ်ခါတစ်လေကြ ရှေ့မဲနေရင်းနဲ့ အလှမ်းကျယ်ပြီး အလယ်လပ်သွားတက်လို့ ပညာရှိသတိဖြစ်ခဲ မဖြစ်ရလေအောင် သတိပေးလိုက်ရပါတယ်။ သိင်္ခ

ယူကရိန်းကို နေတိုးအဖွဲထဲထည့်ဖို မစဉ်းစားသေးဘူးလို အမေရိကန်ဆို အောက်တိုဘာ - ၇ ( ဗုဒ္ဓဟူးနေ့ ) ယူကရိန်းကို နေတိုးအဖွဲဝင်အဖြစ် သ
ယူကရိန်းကို နေတိုးအဖွဲထဲထည့်ဖို မစဉ်းစားသေးဘူးလို အမေရိကန်ဆို အောက်တိုဘာ - ၇ ( ဗုဒ္ဓဟူးနေ့ ) ယူကရိန်းကို နေတိုးအဖွဲဝင်အဖြစ် သွင်းဖိုဆိုတာ လောလောဆယ် စဉ်းစားနေတဲ့အထဲမှာ မပါသေးပါဘူး။ ဝါရှင်တန်အနေနဲ့ ကီယက်ဗ်(ယူကရိန်း) နဲ့ မော်စကို (ရုရှား) ကြား ဖြစ်နေတဲ့ ပဋိပက္ခကို အဆုံးသတ်ဖိုပဲ အဓိက အာရုံစိုက်ထားပါတယ်" လို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မားကို ရူဘီယို က ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့က ရိက်ဂျာဗစ် မြိုမှာ အိုက်စလန် နိုင်ငံခြားရေးဝန်ကြီး သောဂျာဒါ ကက်ထရင် ဂန်နာ ဆဒေါတီးယား နဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ဦးဆောင်တဲ့ ဒီစစ်ရေးမဟာမိတ်အဖွဲထဲ ယူကရိန်း ဝင်ရောက်ဖို ကြိုးပမ်းနေမှုအပေါ် ဝါရှင်တန်ရဲ့ ရပ်တည်ချက်ကို မေးမြန်းခဲ့ရာမှာ ရူဘီယိုက "ဒါနဲ့ ပတ်သက်လို 'ဟုတ်တယ်၊ မဟုတ်ဘူး' လို တိတိကျကျ ပြောဖို မလွယ်ပါဘူး" လို တုံပြန်ခဲ့ပါတယ်။

စစ်ပွဲကို အဆုံးသတ်ချင်ရင် ယူရေနီယမ် သန့်စင်မှုကို အီရန်လျှော့ချရန်လိုဟုဆို အမေရိကန်နဲ့ ဖြစ်နေတဲ့ စစ်ပွဲကို အဆုံးသတ်ချင်ရင် အီ
စစ်ပွဲကို အဆုံးသတ်ချင်ရင် ယူရေနီယမ် သန့်စင်မှုကို အီရန်လျှော့ချရန်လိုဟုဆို အမေရိကန်နဲ့ ဖြစ်နေတဲ့ စစ်ပွဲကို အဆုံးသတ်ချင်ရင် အီရန်ဘက်က ယူရေနီယမ် သန့်စင်မြှင့်တင်နိုင်စွမ်းကို သိသိသာသာ လျှော့ချရမယ်လို အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ "နျူကလီးယားလက်နက် မလုပ်ချင်ဘူးဆိုရင် ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားတဲ့ ယူရေနီယမ်ကို ဘာလို လိုအပ်မှာလဲ။ နျူကလီးယားလက်နက် မလုပ်ပါဘူးဆိုတဲ့ ကတိကဝတ်ကို ပြချင်ရင် အဆင့်မြင့် သန့်စင်ထားတဲ့ ယူရေနီယမ်တွေကို မထုတ်လုပ်ပါနဲ့။ ဒါဟာ စစ်ပွဲကို အဆုံးသတ်ဖိုအတွက် အခြေခံကျလှတဲ့ အစပျိုး သတ်မှတ်ချက်တစ်ခုပါပဲ" လို ဗန့်စ်က ပြောပါတယ်။ "သူတိုဘက်က နျူကလီးယားလက်နက် မထုတ်လုပ်ဘူးဆိုတဲ့ ကတိကဝတ်ကို တကယ်ပြချင်ရင်တော့ ယူရေနီယမ် သန့်စင်တဲ့အပိုင်းမှာ ထိထိရောက်ရောက် တစ်ခုခု လုပ်ပြလိမ့်မယ်လို ထင်ပါတယ်"လိုလဲ သူကပြောပါသေးတယ်။

ရွှေချောင်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် CIA အရာရှိဟောင်းတစ်ဦးက လိမ်လည်မှုစွဲချက်ဖြင့် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆို ရွှေချော
ရွှေချောင်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် CIA အရာရှိဟောင်းတစ်ဦးက လိမ်လည်မှုစွဲချက်ဖြင့် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆို ရွှေချောင်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် CIA အရာရှိဟောင်းတစ်ဦးက လိမ်လည်မှုစွဲချက်ဖြင့် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ဒေးဗစ် ရပ်ရှ်အမည်ရှိ အဆိုပါ CIA အရာရှိဟောင်းသည် မေလအတွင်းက ၎င်း၏နေအိမ်တွင် အမေရိကန်ဒေါ်လာ ၄၅ သန်းကျော် တန်ဖိုးရှိ ရွှေချောင်းများစွာဖြင့် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။ အမေရိကန် တရားရေးဌာန၏ ထုတ်ပြန်ချက်အရ အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး CIA ထိပ်သီးအရာရှိဟောင်း ဒေးဗစ် ရပ်ရှ်အား ဇန်နဝါရီ ၂၈ ရက်တွင် ပြစ်ဒဏ်ချမှတ်မည်ဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် နှစ်ပေါင်း ၂၀ အထိ ကျခံရဖွယ်ရှိကြောင်း သိရသည်။

❝ကျောင်းသားများထံမှ ဘတ်သန်း ၂၀၀ ကျော် လိမ်လည်ခဲ့သည့် Call Center ကွန်ရက်ကို ဘန်ကောက်တွင် ဖြိုခွင်း၊ မြန်မာအမျိုးသမီး ၂ ဦးအပါ
❝ကျောင်းသားများထံမှ ဘတ်သန်း ၂၀၀ ကျော် လိမ်လည်ခဲ့သည့် Call Center ကွန်ရက်ကို ဘန်ကောက်တွင် ဖြိုခွင်း၊ မြန်မာအမျိုးသမီး ၂ ဦးအပါ ၃ ဦး ဖမ်းဆီးခံရ❞ 𝙊𝘾𝙏~𝟕 ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို ဆာဖန်ဆန်ဒေသရှိ ဇိမ်ခံအိမ်တစ်လုံးကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ထိုင်းဆိုင်ဘာရဲတပ်ဖွဲက ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ကျောင်းသားများကို ပစ်မှတ်ထားသည့် Call Center ငွေလိမ်ကွန်ရက်နှင့် ဆက်နွှယ်သည်ဟု သံသယရှိသူ တရုတ်အမျိုးသားတစ်ဦးနှင့် မြန်မာအမျိုးသမီး ၂ ဦး စုစုပေါင်း ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံသို့ ရောက်ရှိ ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆို(ရုပ်သံမှတ်တမ်း)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit)အဖြစ်  ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား လေဆိပ်၌ မလေးရှားနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများနှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာ ကြိုဆို။