ဖိုးမှန်
الذهاب إلى القناة على Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
إظهار المزيدلم يتم تحديد البلدالفئة غير محددة
4 473
المشتركون
-6424 ساعات
-1837 أيام
-44030 أيام
أرشيف المشاركات
4 469
⛽️ ယနေ့စက်သုံးဆီဈေးနှုန်း ⛽️
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 469
+9
🌊 လေးမျက်နှာမြို့နယ် ငဝန်တာ တာတမံနိမ့်ကျမှုနေရာ၌ မီးသတ်တပ်ဖွဲ့ဝင်များ ကူညီကယ်ဆယ်ရေးလုပ်ဆောင်
▪️ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ တာတမံနိမ့်ကျသည့်နေရာတွင် မီးသတ်တပ်ဖွဲ့ဝင်များက သဲအိတ်များဖြည့်ခြင်းနှင့် ဖို့ခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
▪️ ဒါ့အပြင် ရေဘေးရှောင်စခန်းများနှင့် ကျေးရွာများသို့ စားရေရိက္ခာနှင့် သောက်သုံးရေများ ပို့ဆောင်ပေးခြင်း၊ ကူညီရေးအဖွဲ့များနှင့် ဒေသခံများ၏ ကျန်းမာရေး၊ လူမှုရေးကိစ္စများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။
#Myanmar #Ayeyarwady #LayMyaHnar #FireServicesDepartment #FloodRelief #News
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 469
+9
🏦 ဖလမ်းမြို့တွင် ဘဏ်လုပ်ငန်း B2B Satellite Terminal တပ်ဆင်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေး
▪️ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖလမ်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ B2B Satellite Terminal တပ်ဆင်ထားရှိမှုနှင့် ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့် ဆေးရုံးများ ပြုပြင်ပြီးစီးမှုကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
▪️ မြို့တော်ခန်းမ၌ ဒေသခံကုမ္ပဏီများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူ PDFများကြောင့် ပျက်စီးသွားသည့် ဖလမ်းခရိုင်အတွင်းရှိ ဌာနဆိုင်ရာအဆောက်အအုံ ၂၀၈ လုံးကို ဒေသခံကုမ္ပဏီ ၁၂၁ ခုက တာဝန်ယူ ပြုပြင်တည်ဆောက်လျက်ရှိကြောင်း သိရှိရပါတယ်။
#Myanmar #ChinState #Falam #ReliefAndResettlement #News
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 469
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်သည့် စက်တင်ဘာလ၏ အမြင့်ဆုံးအပူချိန် စံချိန်သစ်
Ref: မိုး/ဇလ
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 469
16.9.2026 ရက်နေ့ သတင်းစာများ
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 469
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြိုနယ်များတွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ တရားခံ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦးတိုအား သက်သေခံပစ္စည်းနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ် (မြောက်ပိုင်း) မြိုနယ်၊ အမှတ် (၃၁) ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိ အိမ်အမှတ် (၁၈၃)၌ Online လောင်းကစားပြုလုပ်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပိုချက်အရ လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် အဆိုပါနေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ One 5 one ၊ buffalo 169 ၊ fujiu နှင့် Sport 169 Game Website များတွင် Agent အကောင့် ၇ ခုဖွင့်လှစ်၍ Online Game လောင်းကစားလုပ်ငန်းအား ဦးဆောင်လုပ်ကိုင်သူ အေးဉာဏ်ပိုင်နှင့် တရားခံအမျိုးသား ၅ ဦး၊ အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၂၅ ဦးတိုအား Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော All In One Computer (၃) လုံး၊ System Box နှင့်တွဲလျက် Computer Desktop (၈) လုံး၊ Computer Desktop (၂)လုံး၊ Laptop (၁၂) လုံး၊ ပရင်တာ (၁) လုံး၊ လက်ကိုင်ဖုန်း (၃၆) လုံး၊ Tablet ဖုန်း (၃) လုံး၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် အေးဉာဏ်ပိုင်နှင့် ပူးတွဲလုပ်ကိုင်သူ စိုင်းအောင်သူ (ခ) ဖိုးရှမ်းအား တာချီလိတ်မြို၌ လက်ကိုင်ဖုန်း (၂) လုံး၊ Tablet (၁) လုံးဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
4 469
နီပေါ ရေဘေးက သေဆုံးမှုဦးရေ မြင့်တက်ဆဲ ဖြစ်နေ
စက်တင်ဘာ - ၁၅ ( အင်္ဂါနေ့ )
နီပေါနဲ့ တရုတ်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ မြေပြိုမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူဦးရေဟာ ၁,၃၉၆ ယောက်အထိ မြင့်တက်လာခဲ့ပြီလို နီပေါအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်ဗဟိုရုပ်မြင်သံကြား (CCTV) က သတင်းဖော်ပြထားပါတယ်။အရင်ထုတ်ပြန်ချက်တွေမှာတော့ သေဆုံးသူ ၁,၃၈၆ ယောက်ရှိခဲ့ပြီး အခုချိန်ထိ လူပေါင်း ၅,၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
4 469
အားလုံးကအတူတကွ စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြမည်ဆိုပါက မိမိတိုနိုင်ငံတော်ကြီး မလွဲမသွေဖွံဖြိုးတိုးတက်လာမည်
နေပြည်တော်၊ စက်တင်ဘာ ၁၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တက်ရောက်အမှာစကားပြောကြားသည်။
4 469
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတိုအား ပူးပေါင်းဆောင်ရွက်မည်
4 469
သီပေါမြိုနယ်၌ Online လိမ်လည်လောင်းကစားသူ ၁၃ ဦး ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြိုနယ်၊ နမ့်ခမ်းကျေးရွာအနီး၌ Online လိမ်လည်လောင်းကစားမှု လုပ်ကိုင်သူများ ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပိုချက်အရ လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲက စုံစမ်းရှာဖွေခဲ့ရာ ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။
၎င်းတိုထံမှ Type-81 သေနတ် ၁ လက်၊ ကျည် ၆၀ တောင့်၊ ကျည်အိမ် ၄ ခု၊ ဖုန်း ၂၂ လုံး၊ Laptop ၁ လုံး၊ Starlink ၄ စုံ၊ 12V Battery ၁ လုံး၊ Solar Battery ၂ လုံး၊ Solar Panel (620W) ၆ ချပ်၊ (420W) ၁ ချပ်နှင့် Online လိမ်လည်လောင်းကစားလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံ ၃ လုံးတိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
4 469
မလေးရှားမှ ပြန်လည် ခေါ်ယူမည့် မြန်မာနိုင်ငံသား၆၂ ဦးစာရင်း သံရုံးအသိပေး
မြန်မာသံရုံး၊ ကွာလာလမ်ပူမြိုမှ တာဝန်ယူ၍ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Kemenyan Camp နှင့် Beranang Camp တိုမှ မြန်မာနိုင်ငံသား(၆၂) ဦးကို စက်တင်ဘာ ၁၇ ရက်(ကြာသပတေးနေ့) တွင် မြန်မာ့လေကြောင်းအမှတ်စဉ်၊ 8M-502 ဖြင့် ပြန်လည်ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို ပြန်လည်ပိုဆောင်မည့်စာရင်းအား သက်ဆိုင်သူ မိသားစုဝင်များ သိရှိနိုင်ရန် မြန်မာသံရုံး၊ ကွာလာလမ်ပူမြိုက ယနေ့တွင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးထုတ်ပြန်ထားသည်။
4 469
သတ်မှတ်ချက်များပြည့်စုံမှသာ Telematics စက်တပ်ဆင်/သက်တမ်းတိုးခွင့်ပြုမည်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအားအသုံးပြုသွားလာလျက်ရှိသော ကုန်တင်ယာဥ်များနှင့် အဝေးပြေးခရီးသည်တင်(Express)ယာဥ်များအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲက Telematics စနစ်တပ်ဆင်ပြီးမှသာဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။
ထိုကြောင့် Telematics စက်တပ်ဆင်/သက်တမ်းတိုးလိုသူများအနေဖြင့် ယာဉ်၏ တာယာပန်း၊ ဘရိတ်၊ ဆိုင်းထိန်းစနစ်(Suspension System)၊ ဟွန်း၊ ရှေ့မီး၊ နောက်မီး၊ ဘေးမီးနှင့် အချက်ပြမီးစနစ်များကောင်းမွန်ရန်လိုပြီး ယာဉ်၏ ကိုယ်ထည်နှင့် ဖရိန်များကြံ့ခိုင်၍ ကိုယ် ထည်ဆေးရောင်တောက်ပသစ်လွင်မှုရှိမှသာ စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
4 469
AI ကို ထိန်းချုပ်နိုင်မှု လျော့နည်းလာမည်ကို စိုးရိမ်လာချိန် EU က ကမ္ဘာလုံးဆိုင်ရာ AI စည်းမျဉ်း သတ်မှတ်ရေး ဆွေးနွေးမည်
အဆင့်မြင့် ဉာဏ်ရည်တု (AI) နည်းပညာများ လျင်မြန်စွာတိုးတက်လာမှုနှင့်အတူ AI စနစ်များကို လူသားများအနေဖြင့် ထိန်းချုပ်နိုင်မှု လျော့နည်းလာနိုင်သည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာချိန်တွင် ဥရောပသမဂ္ဂ (EU) တာဝန်ရှိသူများက ကမ္ဘာလုံးဆိုင်ရာ AI လုံခြုံရေးစည်းမျဉ်းများ သတ်မှတ်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း Politico သတင်းဌာနက ဖော်ပြထားသည်။
4 469
ဖလမ်းမြိုတွင် ဘဏ်လုပ်ငန်းများလျင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်ရေး မြန်မာ့ဆက်သွယ်ရေး B2B Satellite Terminal တပ်ဆင်ထားရှိမှုကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
4 469
ရန်ကုန်တိုင်းအတွင်းရှိ မြိုနယ်များတွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦးကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီး
ရန်ကုန်တိုင်းအတွင်းရှိ မြိုနယ်များတွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦးကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
4 469
ဥရောပကမ္ဘာမြေစောင့်ကြည့်ရေး ဂြိုဟ်တုနှစ်စင်းကို ကမ္ဘာပတ်လမ်းထဲသို လွှတ်တင်
ဥရောပအာကာသအေဂျင်စီက ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်လျက်ရှိသော ပြင်းထန်မိုးလေဝသအဖြစ် အပျက်များကို ကောင်းကောင်းသတိပြုမိစေရန် ပုံစံထုတ်ထားသော ဂြိုဟ်တုနှစ်စင်းကို ကမ္ဘာပတ်လမ်းကြောင်းထဲသို အောင်မြင်စွာလွှတ်တင်လိုက်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီ ၂၀ မိနစ်တွင် ဖရန့်ဂီယာနာရှိ Kourou အာကာသစင်တာမှ ပျံတက်သွားပြီးနောက် European Vega-C ဒုံးပျံက Sentinel-3C ဂြိုဟ်တုနှင့် Flex ဂြိုဟ်တုတိုကို အောင်မြင်စွာလွှတ်တင်လိုက်သည်ဟု ဂြိုဟ်တုလွှတ်တင်ရာနေရာကို ရောက်နေသည့် AFP သတင်းထောက်များ၏ ပြောကြားချက်အရ သိရသည်။
ဂြိုဟ်တုနှစ်စင်းသည် ပျံတက်သွားပြီး နှစ်နာရီနီးပါးအကြာတွင် နေနှင့်အချိန် ကိုက်ဖြစ်နေသောပတ်လမ်းထဲရောက်သွားသည်။
4 469
ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ပြီး တိုက်ရိုက်ပိုကုန်တင်ပိုနိုင်ရေး ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
ပြည်တွင်းထုတ်လုပ်မှုနှင့် ပိုကုန်ကဏ္ဍ တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုမြှင့်တင်ရေးအပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးရေးနှင့် ဘတ်ဂျက်ငွေများ ထိရောက်စွာသုံးစွဲရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ယနေ့ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ အစည်းအဝေး (၈/၂၀၂၆) တွင် အလေးထားမှာကြားခဲ့ကြောင်း သိရသည်။
အလားတူ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို၏ ဖွံဖြိုးတိုးတက်မှုကို လေ့လာပါက နိုင်ငံရေးတည်ငြိမ်မှုနှင့် လုံခြုံရေးကောင်းမွန်ခြင်းတိုကြောင့် စီးပွားရေးတိုးတက်လာခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် စက်မှုနိုင်ငံဖြစ်ရန်နှင့် ၂၀၅၀ ပြည့်နှစ်တွင် ဖွံဖြိုးပြီးနိုင်ငံဖြစ်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
4 469
အင်းစိန် မီးရထားလမ်း ခုံးကျော်တံတား စီမံကိန်းကြောင့် ယာဉ်ကြောပိတ်ဆိုမှု သက်သာစေမည်
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြိုနယ်ရှိ ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ခရေပင်လမ်းဆုံတွင် လေးလမ်းသွား ခုံးကျော်တံတားတစ်စင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ခုံးကျော်တံတားကို PC Girder နှင့် Steel Box Girder အမျိုးအစား လေးလမ်းသွားအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး ပြီးစီးပါက အဆိုပါဧရိယာအတွင်း ယာဉ်ကြောပိတ်ဆိုမှုများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။
ယင်းလမ်းဆုံတွင် AADT စာရင်းစစ်ဆေးချက်များအရ ၆ ဘီးအထက် ယာဉ်ကြီးများနှင့် အိမ်စီးကား ပေါင်း ၃,၀၀၀ ကျော် နေ့စဉ်ဖြတ်သန်းနေပြီး ရန်ကုန်-ပြည် မီးရထားလမ်းပေါ်တွင်လည်း မြိုပတ်ရထား အပါအဝင် အစုံ/အဆန် ရထား ၂၃ စင်းအထိ ပြေးဆွဲနေသောကြောင့် ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချရန် ယခုစီမံကိန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။
4 469
ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၈/၂၀၂၆) တွင် နိုင်ငံတော် သမ္မတကြီးမှ အောက်ဖော်ပြပါ အချက်များကို အလေးထားမှာကြားခဲ့ပါသည်-
• ဗီယက်နမ်နှင့် ကမ္ဘောဒီးယား လေ့လာကြည့်မည်ဆိုပါက နိုင်ငံရေး တည်ငြိမ်မှုနှင့် လုံခြုံရေး ကောင်းမွန်ခြင်းကြောင့် စီးပွားရေး တိုးတက်လာခြင်းဖြစ်ပြီး ဗီယက်နမ်သည် ၂၀၃၀ တွင် စက်မှုနိုင်ငံ၊ ၂၀၅၀ တွင် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ရန် ရည်မှန်းထားကြောင်း၊
• ဒေသတွင်း ပို့ကုန်နှင့်ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် မြန်မာနိုင်ငံမှ ထုတ်ကုန် အချို့မှာလည်း အခြားနိုင်ငံများမှတစ်ဆင့် ပြန်လည်တင်ပို့ ရောင်းချသဖြင့် ထိုသို့အဖြစ်မျိုး ရှောင်ရှားနိုင်ဖို့အတွက် တိုက်ရိုက်တင်ပို့နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
• မွေးမြူရေးနှင့်ပတ်သက်၍ ပြည်တွင်း၌ စားသုံးမှုများပြားပြီး မွေးမြူသူနည်းပါတာကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် ဒေသတွင်းစာရေရိက္ခာ ဖူလုံရေးအတွက် အသား၊ ဥ၊ ဟင်းသီးဟင်းရွက်များကို လိုအပ်ချက်ပြည့်မီအောင် တွက်ချက်၍စိုက်ပျိုးမွေးမြူထုတ်လုပ်ကြရန် လိုပါကြောင်း
• ကုန်ထုတ်လုပ်မှု (Production) ရှိမှသာ ဝင်ငွေရှိလာမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို စာရင်းပေါ်၌သာ မဟုတ်ဘဲ မြေပြင်တွင် ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ကြောင်း
• ကျေးလက်ဝင်ငွေရ လုပ်ငန်းများအနေဖြင့် ဒေသအပေါ်မူတည်ပြီး ငရုတ်ကောင်း၊ ကော်ဖီ၊ ဝဥနှင့် ပျားမွေးမြူရေးကဲ့သို့ အသေးစားလုပ်ငန်းများကို အားပေးရန် လိုအပ်ပါကြောင်း
• ဝန်ထမ်း ခန့်ထားရေးတွင် ရာထူးနှင့် လိုက်ဖက်သော ပညာအရည်အချင်း သတ်မှတ်ရန် လိုအပ်ကြောင်း
• ကျွမ်းကျင်မှုဆိုင်ရာအတွက် လုပ်ငန်းခွင် သင်တန်းများ (Job Training) ပေး၍ လူမှန်နေရာမှန် ခန့်ထားရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေးကို မြှင့်တင်ရန် ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း
• ဘဏ္ဍာငွေ သုံးစွဲရေးအပိုင်းမှာလည်း ဝန်ကြီးဌာနများအနေဖြင့် တောင်းခံထားသော ဘတ်ဂျက်များကို ထိရောက်စွာ သုံးစွဲရန်နှင့် မသုံးနိုင်ပါက အချိန်မီပြန်အပ်ရန် လိုမည်ဖြစ်ပါကြောင်း၊ သို့မှသာ လိုအပ်သော ကဏ္ဍများတွင် ပြန်လည်သုံးစွဲနိုင်မှာဖြစ်ကြောင်း၊
• ကျောင်းပညာရေးမှာလည်း အတန်းအောင်ရုံမျှ မဟုတ်ဘဲ တကယ် စာတတ်မြောက်ရန်နှင့် အထွေထွေဗဟုသုတ ကြွယ်ဝရန် သင်ကြားရေးကို ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊
• ကျန်းမာရေးကဏ္ဍတွင်လည်း ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ မွေးထုတ်နိုင်ရေးအတွက် စီမံချက် ရေးဆွဲရန်နှင့် ပြည်ပသို့ ဆေးကုသစရိတ် စီးထွက်မှု လျှော့ချနိုင်ရန် အထူးကုဆေးရုံကြီးများ တည်ထောင်ကြရန် တိုက်တွန်းပြီး အစိုးရအနေဖြင့် အားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း
• ရေအရင်းအမြစ်ထိန်းသိမ်းရေးကိစ္စများတွင်လည်း အယ်နီညိုကြောင့် ရေရှားပါးနိုင်သဖြင့် ရေချွေတာရန်၊ မိုးရေစုဆောင်းရန်နှင့် မြေအောက်ရေလှောင်တမံများ ပြုလုပ်ကြရန် လိုအပ်ပြီး ဝီရိယထားဆောင်ရွက်ရန် လိုကြောင်း
• စွမ်းအင်ကဏ္ဍနှင့် ပတ်သက်၍ လျှပ်စစ်လိုအပ်ချက်အတွက် ၃၀ မီဂါဝပ်အောက် ဆိုလာစီမံကိန်းများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း
• လျှပ်စစ်မီးခိုးယူသုံးစွဲခြင်းနှင့် ပတ်သက်၍လည်း ဒဏ်ငွေပြန်လည်ပေးဆောင် စေခြင်းဖြင့်သာမက ဥပဒေအရ ထိရောက်စွာ အရေးယူဆောင် ရွက်သွားရမှာဖြစ်ကြောင်း
• ဝန်ထမ်းများဖွဲ့စည်းရာတွင်လည်း ဝန်ကြီးဌာန ဖွဲ့စည်းပုံများကို ကျစ်ကျစ်လစ်လစ် ဖြစ်အောင် စိစစ်ဆောင်ရွက်သွားကြရန် လိုအပ်မှာဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။
