ဖိုးမှန်
الذهاب إلى القناة على Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
إظهار المزيدلم يتم تحديد البلدالفئة غير محددة
4 406
المشتركون
-2024 ساعات
-2727 أيام
-52730 أيام
أرشيف المشاركات
4 380
+9
နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၄/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ခရီးလမ်း
❤️❤️❤️
https://t.me/phoehmann007
#ဖိုးမှန်
4 380
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။
At the invitation of His Excellency Mr. Vladimir Putin, President of the Russian Federation, His Excellency U Min Aung Hlaing, President of the Republic of the Union of Myanmar, will pay an Official Visit to the Russian Federation in the near future.
PPIB
4 380
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးခဲ့သည့် ရုပ်သံမှတ်တမ်း
4 380
+3
🙏 မော်စကို ရွှေစည်းခုံစေတီတော်မြတ်ကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် သီတဂူဆရာတော်ဘုရားကြီး ကွင်းဆင်းစစ်ဆေး🛕
▪️ ရုရှားနိုင်ငံ၊ ကာလူဂါပြည်နယ်၊ ဘိုရော့ဗ်စကီးခရိုင်ရှိ Ethno-World (Etnomir) ယဉ်ကျေးမှုဥယျာဉ်အတွင်း တည်ထားကိုးကွယ်ထားတဲ့ မော်စကို ပုဂံ ရွှေစည်းခုံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရန် သီတဂူဆရာတော်ဘုရားကြီး ကိုယ်တိုင် ဩဂုတ်လ ၁၅ ရက် ယနေ့မှာ စေတီတော်ပရိဝုဏ်အတွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်ပါတယ်။
ဗုဒ္ဓသာသနာ ရောင်ဝါနေသို့ လင်းစေသော်....🙏🙏🙏
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #Russia #Moscow #SitaguSayadaw #ShwezigonPagoda
4 380
+9
🌱 ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
▪️ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးခဲ့ကြောင်း သိရပါတယ်။
▪️ နိုင်ငံတော်အနေဖြင့် နှစ်စဉ် သစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် နိုင်ငံနှင့်အဝန်း နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၁ ဒသမ ၃၇ သန်းကို စိုက်ပျိုးတည်ထောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
▪️ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပိတောက်၊ ခရေ၊ စိန်ပန်း၊ ကံ့ကော်၊ ပျဉ်းမ၊ စွယ်တော်၊ ပန်းမဲဇလီ စသည့် အရိပ်ရပြီး ရာသီအလိုက် ရောင်စုံပန်းပွင့်သည့် သစ်မျိုး (၁၀) မျိုးနှင့် ခရာဝါ၊ စိန်ပန်းကလေး၊ စက္ကူပန်း စသည့် ပန်းအလှပင် (၃) မျိုး၊ စုစုပေါင်း ပျိုးပင် (၃,၀၀၀) ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါတယ်။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #Naypyidaw #TreePlanting #Monsoon2026
4 380
+1
🌍 အင်ဒိုနီးရှား အရှေ့ပိုင်းတွင် ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်
▪️ ယနေ့ စနေနေ့ (သြဂုတ်လ ၁၅ ရက်) နံနက်အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဖလောရက်စ် (Flores) ကျွန်းအနီးတွင် ပြင်းအား ၇.၇ မဂ္ဂနီကျုအဆင့်ရှိ အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) နှင့် အင်ဒိုနီးရှား အာဏာပိုင်များက သတင်းထုတ်ပြန်ထားပါတယ်။
▪️ အင်ဒီး (Ende) မြို့၏ အနောက်မြောက်ဘက် ၆၈ ကီလိုမီတာခန့်အကွာ ဖလောရက်စ်ကျွန်း မြောက်ဘက်ကမ်းလွန် မြေအောက်အနက်ပိုင်း သိပ်မနက်သောနေရာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
▪️ ငလျင်ပြင်းအား ကြီးမားသည့်အတွက် ဆူနာမီ (Tsunami) အန္တရာယ် သတိပေးချက် ထုတ်ပြန်ထားပြီး၊ လက်ရှိအချိန်တွင် ဒေသခံ ရာနှင့်ချီ၍ ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း သိရပါတယ်။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #Indonesia #Flores #Earthquake #TsunamiWarning
4 380
🦠 ဝမ်းပျက်ဝမ်းလျှောရောဂါ သတိပေးနှိုးဆော်ချက်
ကာကွယ်နည်းများ
🔸ရေကို ကျိုချက်သောက်ပါ။
🔸အစားအစာများကို ကျက်အောင်စနစ်တကျချက်ပြီး ပူပူနွေးနွေးစားသုံးပါ။ ယင်မနားအောင် သေချာ ဖုံးအုပ်ထားသုံးပါ၊ ယင်မနားအောင် သေချာဖုံးအုပ်ပါ။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #HealthWarning #Cholera #Prevention
4 380
+9
🎖 ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်
▪️ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ကြမည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅) သင်တန်းဆင်းပွဲအခမ်းအနားများကို ဩဂုတ်လ ၁၄ ရက်နေ့တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
▪️ အဆိုပါ သင်တန်းဆင်းပွဲများတွင် သင်တန်းသားများက နိုင်ငံတော်အလံကို အလေးပြုကာ ကတိသစ္စာခံယူခဲ့ကြပြီး တာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားပြောကြားခြင်းနှင့် ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။
▪️ ဆက်လက်၍ သင်တန်းကျောင်းများအလိုက် ဂုဏ်ပြုညစာစားပွဲများလည်း ပြုလုပ်ပေးခဲ့ကြကြောင်း သိရပါတယ်။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #PublicServants #MilitaryTraining #Batch25
4 380
+9
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲအခမ်းအနား - အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
https://t.me/phoehmann007
#ဖိုးမှန်
4 380
+9
အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) ရဲ့ သင်တန်းဆင်းပွဲ အခမ်းအနား ပုံရိပ်များ
https://t.me/phoehmann007
#ဖိုးမှန်
4 380
+5
ဩဂုတ်လ ၁၄ ရက် ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ PDF ကျား ၁၈ ဦး၊ မ ၂ ဦး တို့ လက်နက်/ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာကြောင်းသိရ...
https://t.me/phoehmann007
#ဖိုးမှန်
4 380
+5
မိုးလေဝသ သတင်းအကျဉ်းချုပ် (ဩဂုတ် ၁၃ ရက်၊ မွန်းလွဲ ၂:၀၀ နာရီ)
⛈ မိုးကြီးနိုင်သော ဒေသများ: ရန်ကုန်၊ ဧရာဝတီ၊ ကရင်၊ မွန်နှင့် ရခိုင်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (နောက် ၂ ရက်တွင် စစ်ကိုင်း(အထက်ပိုင်း)၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်နှင့် ရခိုင်တို့တွင် နေရာကွက်၍ မိုးကြီးမည်)
🌧 သတိပြုရန် (မိုးတိမ်တောင်): ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်နှင့် ရှမ်း(အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
🌊 မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုတ်သုံလေ အားကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ် ဖြစ်ပေါ်နေမှုကြောင့် ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျကာ လှိုင်းကြီးမည်။ (လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်အထိ၊ လှိုင်းအမြင့် ၉ ပေ မှ ၁၁ ပေခန့် ရှိနိုင်ပါသည်)
🏙 မြို့ကြီးများ: နေပြည်တော်နှင့် ရန်ကုန်တွင် မိုး တစ်ကြိမ်၊ နှစ်ကြိမ်၊ မန္တလေးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ (ရာနှုန်းပြည့်)
#ဖိုးမှန်
Ref: မိုး/ဇလ
