ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဖိုးမှန်

ဖိုးမှန်

الذهاب إلى القناة على Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
4 694
المشتركون
-424 ساعات
-307 أيام
-30930 أيام
أرشيف المشاركات
မလေးရှားက မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ရေကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို စတင်ပြန်လည်ပိုဆောင် 𝙎𝙀𝙋~𝟐𝟗 မလေးရှားနိုင်ငံမှာ
မလေးရှားက မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ရေကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို စတင်ပြန်လည်ပိုဆောင် 𝙎𝙀𝙋~𝟐𝟗 မလေးရှားနိုင်ငံမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မြန်မာနိုင်ငံသို ပြန်လည်ပိုဆောင်တဲ့ ပထမအဆင့်အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှာ စတင်ခဲ့ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးဌာနနဲ့ သတင်းဌာနတွေက ဖော်ပြပါတယ်။ အဆိုပါအစီအစဉ်ဟာ မလေးရှားနိုင်ငံက ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ အထိကို အဆင့်လိုက် ပြန်လည်ပိုဆောင်ဖို မြန်မာနိုင်ငံအစိုးရနဲ့ မလေးရှားအစိုးရတိုအကြား ညှိနှိင်းထားတဲ့ အစီအစဉ်ရဲ့ ပထမအဆင့်ဖြစ်တယ်လို ဆိုပါတယ်။ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက ပထမအုပ်စုမှာ ပါဝင်တဲ့ ၁,၄၇၆ ဦးဟာ မြန်မာအစိုးရက သံတမန်ရေးစာနဲ့ တင်ပြထားတဲ့ စာရင်းအရ သတ်မှတ်ထားသူတွေဖြစ်ပြီး မိမိဆန္ဒအလျောက် ပြန်လည်သွားရောက်ဖို သဘောတူထားသူတွေဖြစ်ကြောင်း ပြောထားပါတယ်။

နောက်နှစ်ရက် သုံးရက်အတွင်း ရေပြန်ကျဖွယ်ရှိ နောက်ထပ် မိုးမရွာသွန်းတော့ပါက ဘန်ကောက်မြိုတွင်း ဝပ်နေ သော ရေများသည် နှစ်ရက်မှ သုံး
နောက်နှစ်ရက် သုံးရက်အတွင်း ရေပြန်ကျဖွယ်ရှိ နောက်ထပ် မိုးမရွာသွန်းတော့ပါက ဘန်ကောက်မြိုတွင်း ဝပ်နေ သော ရေများသည် နှစ်ရက်မှ သုံးရက်အတွင်း ကျဆင်းသွားမည်ဟု ခန့်မှန်းထားကြောင်း ထိုင်းအစိုးရက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ရေကြီးရေလျှံမှု ကို ဖြေရှင်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ရေရှည်အစီအမံများအတွက် အစိုးရအဖွဲက အင်္ဂါနေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ အက်ကာပေါ့ဘ် ပီယန်ပီဆက်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားကူးတိုသင်္ဘောမှောက်မှုမှ ‌ေ-သဆုံးသူ ၇၁ ဦးအထိမြင့်တက်လာ လွန်ခဲ့သည့် နှစ်ပတ်ကျော်က အင်ဒိုနီးရှားသင်္ဘောတစ်စင်း တိမ
အင်ဒိုနီးရှားကူးတိုသင်္ဘောမှောက်မှုမှ ‌ေ-သဆုံးသူ ၇၁ ဦးအထိမြင့်တက်လာ လွန်ခဲ့သည့် နှစ်ပတ်ကျော်က အင်ဒိုနီးရှားသင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့သည့်ဖြစ်စဉ်တွင် စက်တင်ဘာလ ၂၈ ရက်အထိ ‌ေ-သဆုံးသူ ၇၁ ဦးအထိ များလာခဲ့ကြောင်း သိရသည်။ ရေငုပ်သမားများသည် လောင်စာဆီ ယိုဖိတ်နေပြီး ပျေ-ာက်ဆုံးလျက်ရှိသူများကိုသင်္ဘောအပျ-က်များကြား၌ ရဲရင့်စွာ ဝင်ရောက်ရှာဖွေနေကြသည်။ လူပေါင်း ၂၄၃ ဦးလိုက်ပါလာသော Virgo Transport သင်္ဘောသည် စက်တင်ဘာလ ၁၃ ရက်နေ့က အရှေ့ဂျာဗားရှိ ဆူရာဘာယာမြိုမှ တောင်ကာလီမန်တန်ရှိ ဘန်ဂျာမာဆင်မြိုသို ခုတ်မောင်းနေစဉ် ရာသီဥတုဆိုးရွားမှုကြောင့် ဂျာဗားပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်တွင် လူ ၁၀၈ ဦး အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

▪️တပ်မတော်၏ စစ်ဆင်ရေးများကြောင့် ထိခိုက်အကျအဆုံး များပြားလာသော အကြမ်းဖက် မူးယစ်ဂိုဏ်း AA အဖွဲ့သည် အသက်မပြည့်သေးသည့် မိန်းကလေး
▪️တပ်မတော်၏ စစ်ဆင်ရေးများကြောင့် ထိခိုက်အကျအဆုံး များပြားလာသော အကြမ်းဖက် မူးယစ်ဂိုဏ်း AA အဖွဲ့သည် အသက်မပြည့်သေးသည့် မိန်းကလေးငယ်များအပါအဝင် ဒေသခံလူငယ်များကို အတင်းအဓမ္မ လူသစ်စုဆောင်းလျက်ရှိ။ ▪️ထွက်ပြေးတိမ်းရှောင်သူများ၏ မိဘများကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးနေသဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မိသားစုများ လုံခြုံရေးနှင့် စိတ်ဒုက္ခ ကြီးမားစွာ ရင်ဆိုင်နေကြရ။ ▪️ ငြိမ်ခံနေရင်တော့ ပိုဆိုးလာလိမ့် ကိုရခိုင်တို့ရေ...ကိုယ်လူမျိုးအချင်းချင်းတောင် အနိုင်ကျင့်နေတဲ့ အကြမ်းဖက် AA အဖွဲ့တွေကို လက်တုံ့ပြန်ဖို့ သင့်ပြီလို့ ပြောချင်ပါတယ်။ https://t.me/phoehmann007 #ဖိုးမှန် #Myanmar #Rakhine #AA #Security #News

🌊 မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ နတ်ကျွန်းချောင်းအတွင်း အမှိုက်နှင့် နုံးများ စုပေါင်းဆယ်ယူရှင်းလင်း ▪️ ယနေ့ (စက်တင်ဘာလ
+9
🌊 မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ နတ်ကျွန်းချောင်းအတွင်း အမှိုက်နှင့် နုံးများ စုပေါင်းဆယ်ယူရှင်းလင်း ▪️ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ နတ်ကျွန်းချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရန်နှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရန်အတွက် ချောင်းအတွင်းရှိ အမှိုက်များနှင့် နုံးများကို စုပေါင်းဆယ်ယူရှင်းလင်းခဲ့ကြောင်း သိရပါတယ်။ ▪️ အဆိုပါ ရှင်းလင်းရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ အင်တိုက်အားတိုက် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါတယ်။ https://t.me/phoehmann007 #ဖိုးမှန် #Myanmar #Mawlamyine #Community #News

ပိုလိုမုန်တိုင်း မက္ကဆီကိုသို ဝင်ရောက်သဖြင့် ဓာတ်အားပြတ်ကာ ရေကြီးနေ ပိုလိုဟာရီကိန်းမုန်တိုင်းက ပစိဖိတ်ကမ်းရိုးတန်းပေါ်၌ ကုန်း
ပိုလိုမုန်တိုင်း မက္ကဆီကိုသို ဝင်ရောက်သဖြင့် ဓာတ်အားပြတ်ကာ ရေကြီးနေ ပိုလိုဟာရီကိန်းမုန်တိုင်းက ပစိဖိတ်ကမ်းရိုးတန်းပေါ်၌ ကုန်းတွင်းကို ဝင်ရောက်တော့မည်ဖြစ်၍ စက်တင်ဘာ ၂၈ ရက်တွင် မက္ကဆီကို၏ ဘာဟာကယ်လိုဖိုးနီးယားကျွန်းဆွယ် ၏ဒေသများကို လျှပ်စစ်ဓာတ်အားဖြတ် တောက်ခဲ့သည်။ ပင်လယ်ရေသည် ကမ်းရိုးတန်း အကာအရံများကို ချိုးဖျက်ကျော်လွန်ကာဝင်ရောက်နေသောကြောင့်ရေကြီးမှုများကို ဖြစ်ပေါ်စေသည်။ ယခုနှစ် ဟာရီကိန်းရာသီ၏ပထမဆုံးဟာရီကိန်းသည် မုန်တိုင်းပြင်းအားအဆင့်သုံးရှိသော ဟာရီကိန်းဖြစ် သည်။

ရန်ကုန်-မန္တလေးအမြန်လမ်း TollPass RFID စနစ် ယာဉ် ၅၆၇ စီး တပ်ဆင်ထား၊ Zero Mile မှ ၃၅၂ မိုင်အထိ အသုံးပြုနိုင် ကနဦးတပ်ဆင်ခ ကျပ်
ရန်ကုန်-မန္တလေးအမြန်လမ်း TollPass RFID စနစ် ယာဉ် ၅၆၇ စီး တပ်ဆင်ထား၊ Zero Mile မှ ၃၅၂ မိုင်အထိ အသုံးပြုနိုင် ကနဦးတပ်ဆင်ခ ကျပ် ၂၀,၀၀၀ ကျသင့်ပြီး TPU ကျပ် ၅၀,၀၀၀ ဖိုး ဝယ်ယူရမည်၊ လက်ကျန် TPU များကို ကာလအကန့်အသတ်မရှိ အသုံးပြုနိုင် ရန်ကုန်၊ စက်တင်ဘာ ၂၉ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကြိုတင်ငွေဖြည့်သွင်းအသုံးပြုနိုင်သည့် အလိုအလျောက်လမ်းအသုံးပြုခကောက်ခံသည့် TollPass RFID စနစ်ကို စက်တင်ဘာ ၁၇ ရက်မှ စတင်ရောင်းချတပ်ဆင်ပေးခဲ့ရာ စက်တင်ဘာ ၂၅ ရက်အထိ ယာဉ် ၅၆၇ စီး တပ်ဆင်ထားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲမှ ဒုတိယညွှန်ကြားရေးမှူး (မြိုပြ) ဦးအောင်ဇော်မြင့်က ပြောကြားသည်။

သီလဝါ SEZ ရှိ နိုင်ငံ ၂၂ နိုင်ငံမှ ကုမ္ပဏီ ၅၇ ခုက လေးမျက်နှာရေဘေးသင့်ပြည်သူများအတွက် ကျပ် ၄၃၁ သန်းကျော် လှူဒါန်း လေးမျက်နှာ၊
သီလဝါ SEZ ရှိ နိုင်ငံ ၂၂ နိုင်ငံမှ ကုမ္ပဏီ ၅၇ ခုက လေးမျက်နှာရေဘေးသင့်ပြည်သူများအတွက် ကျပ် ၄၃၁ သန်းကျော် လှူဒါန်း လေးမျက်နှာ၊ စက်တင်ဘာ ၂၉ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြိုနယ်တွင် ငဝန်တာကျိုးပေါက်မှုကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ ၂၂ နိုင်ငံမှ ကုမ္ပဏီ ၅၇ ခုက အလှူငွေ ကျပ် ၄၃၁ ဒသမ ၅၁ သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေပေးအပ်ပွဲကို စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့သည်။

မြစ်ကြီးနားကုန်စစ်ဆေးရေးစခန်းမှ တစ်လနီးပါးအတွင်း ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၆၆၇ သန်းကျော် ရရှိ 𝙎𝙀𝙋~𝟐𝟗 ကချင်ပြည်နယ်
မြစ်ကြီးနားကုန်စစ်ဆေးရေးစခန်းမှ တစ်လနီးပါးအတွင်း ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၆၆၇ သန်းကျော် ရရှိ 𝙎𝙀𝙋~𝟐𝟗 ကချင်ပြည်နယ် မြစ်ကြီးနားမြိုအဝင်ရှိ ကုန်စစ်ဆေးရေးစခန်းမှတစ်ဆင့် စက်တင်ဘာ ၁ ရက်မှ ၂၅ ရက်အထိ သွင်းကုန်၊ ပိုကုန်ယာဉ် ၆၁ စီး ကုန်သွယ်ခဲ့ပြီး ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၆၇ သန်း ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်စစ်ဆေးရေးစခန်းကို နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများကို တရားဝင်လမ်းကြောင်းပေါ်သို ရောက်ရှိစေရေးနှင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ရရှိစေရေးအတွက် ဩဂုတ် ၂၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထားဝယ်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွား၊ သရက်ချောင်းမြိုနယ်၌ ရေဘေးသင့်ပြည်သူ ၅,၅၈၇ ဦး ယာယီရေဘေးရှောင
ထားဝယ်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွား၊ သရက်ချောင်းမြိုနယ်၌ ရေဘေးသင့်ပြည်သူ ၅,၅၈၇ ဦး ယာယီရေဘေးရှောင်နေရာ ၅ ခုတွင် ပြောင်းရွှေ့နေထိုင် ထားဝယ်၊ စက်တင်ဘာ ၂၉ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း စက်တင်ဘာ ၂၆ ရက် ညနေ ၆ နာရီမှစတင်၍ မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျရေများ စီးဆင်းလာမှုကြောင့် လောင်းလုံး၊ သရက်ချောင်းနှင့် ထားဝယ်မြိုနယ်တိုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လောင်းလုံးမြိုနယ်တွင် လူ ၁ ဦး ‌ေ-သဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဖြေကြားချက်အရ သိရသည်

တရုတ်ရေတပ် 48th Escort Task Group မှ စစ်ရေယာဉ် ၃ စင်း ရန်ကုန်မှ ပြန်လည်ထွက်ခွာ 𝙎𝙀𝙋~𝟐𝟗 မြန်မာနိုင်ငံသို ချစ်ကြည်ရေးခရီး ရ
တရုတ်ရေတပ် 48th Escort Task Group မှ စစ်ရေယာဉ် ၃ စင်း ရန်ကုန်မှ ပြန်လည်ထွက်ခွာ 𝙎𝙀𝙋~𝟐𝟗 မြန်မာနိုင်ငံသို ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ) 48th PLA Navy Escort Task Group မှ စစ်ရေယာဉ် ၃ စင်းသည် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ငလျင်ပြန်လည်ထူထောင်ရေးအတွက် အိမ်မိုးသွပ်ပြား ၁၀,၀၀၀ ကျော် လှူဒါန်း ရန်ကုန်၊ စက်တင်ဘာ ၂၉ ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရ
ငလျင်ပြန်လည်ထူထောင်ရေးအတွက် အိမ်မိုးသွပ်ပြား ၁၀,၀၀၀ ကျော် လှူဒါန်း ရန်ကုန်၊ စက်တင်ဘာ ၂၉ ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရပ်ရွာလူထု၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Shwe Project က 4 Angle PPGL အိမ်မိုးသွပ်ပြား ၁၀,၇၇၂ ချပ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းသို လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အိမ်မိုးသွပ်ပြားများ လှူဒါန်းပေးအပ်ပွဲကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြိုရှိ Myanmar POSCO C&C စက်ရုံ၌ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာတင်မောင်လှိင်က လက်ခံခဲ့သည်။

❝မြန်မာ-အိန္ဒိယ ငွေကြေးလဲလှယ်ရေးမူကြမ်း ဆက်လက်ဆွေးနွေး ၊ ရူပီး-ကျပ် အသုံးပြုနိုင်ရေး ဘဏ်စာရင်းများ အပြန်အလှန်ဖွင့်လှစ်ရန် ဆော
❝မြန်မာ-အိန္ဒိယ ငွေကြေးလဲလှယ်ရေးမူကြမ်း ဆက်လက်ဆွေးနွေး ၊ ရူပီး-ကျပ် အသုံးပြုနိုင်ရေး ဘဏ်စာရင်းများ အပြန်အလှန်ဖွင့်လှစ်ရန် ဆောင်ရွက်နေ 𝙎𝙀𝙋~𝟐𝟗 မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အိန္ဒိယဗဟိုဘဏ်တိုအကြား နှစ်နိုင်ငံငွေကြေးလဲလှယ်ရေး သဘောတူညီချက် (Currency Swap Arrangement) ရေးဆွဲနေမှုနှင့်စပ်လျဉ်း၍ မြန်မာကျပ်နှင့် အိန္ဒိယရူပီးတိုကို အသုံးပြုကာ နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုလွယ်ကူစေရေးအတွက် ဘဏ်စာရင်းများ အပြန်အလှန်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်အဖွဲအား စက်တင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

သောင်ရင်းမြစ်ရေ မြဝတီမြို၏ စိုးရိမ်ရေမှတ်အထက် (၁)လက်မခန့်ကျော်လွန်ရောက်ရှိနေ လာမည့် ၂၄ နာရီအတွင်း ထပ်မံမြင့်တက်လာနိုင် ကရင်ပြ
သောင်ရင်းမြစ်ရေ မြဝတီမြို၏ စိုးရိမ်ရေမှတ်အထက် (၁)လက်မခန့်ကျော်လွန်ရောက်ရှိနေ လာမည့် ၂၄ နာရီအတွင်း ထပ်မံမြင့်တက်လာနိုင် ကရင်ပြည်နယ်ရှိ သောင်ရင်းမြစ်ရေသည် ယနေ့ စက်တင်ဘာ ၂၉ ရက်နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ မြဝတီမြို၏ စိုးရိမ်ရေမှတ်အထက် (၁)လက်မခန့်ကျော်လွန်ရောက်ရှိနေကြောင်း မိုးဇလထံမှ သိရသည်။ အဆိုပါ သောင်ရင်းမြစ်ရေသည် လာမည့် ၂၄ နာရီအ တွင်း၌ (၁ ပေ ၆ လက်မ)ခန့် ထပ်မံမြင့်တက်လာနိုင်ပြီး မြဝတီမြို၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ ထိုကြောင့် မြဝတီမြိုနယ်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသိုရှောင်ရှားနိုင်ကြရန် မိုးဇလက သတိပေးနှိး ဆော်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ဆန္ဒနှင့် လိုလားချက်များ ဖြည့်ဆည်းပေးနိုင်ရေး လွှတ်တော်က ကြိုးပမ်းနေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား 𝙎𝙀𝙋~𝟐
ပြည်သူ့ဆန္ဒနှင့် လိုလားချက်များ ဖြည့်ဆည်းပေးနိုင်ရေး လွှတ်တော်က ကြိုးပမ်းနေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား 𝙎𝙀𝙋~𝟐𝟗 ပြည်သူ့လွှတ်တော်အနေဖြင့် ပြည်သူများ၏ ဆန္ဒနှင့် လိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းနေပြီး ဒေသလိုအပ်ချက်များကို သက်ဆိုင်ရာကော်မတီများနှင့် မဲဆန္ဒနယ်မြေရှိ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် တင်ပြဆောင်ရွက်နိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။

ပြတ်တောက်သွားသော ဘယ်ဘက်လက်ညှိးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာ ပြန်ဆက်နိုင်ခဲ့ 𝙎𝙀𝙋~𝟐𝟗 ရန်ကုန်တိုင်းဒေသကြီး ဒဂု
ပြတ်တောက်သွားသော ဘယ်ဘက်လက်ညှိးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာ ပြန်ဆက်နိုင်ခဲ့ 𝙎𝙀𝙋~𝟐𝟗 ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြိုနယ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အထည်ဖြတ်စက်ဖြင့် ထိခိုက်ပြတ်တောက်သွားသော ဘယ်ဘက်လက်ညှိးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ Replantation Surgery ဖြင့် အောင်မြင်စွာ ပြန်လည်ဆက်သွယ်ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၂ ဘီလျံခန့်ရှိ ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအသစ်များကို လက်ခံရရှိမည့်နိုင်ငံမျ
အမေရိကန်ဒေါ်လာ ၂ ဘီလျံခန့်ရှိ ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအသစ်များကို လက်ခံရရှိမည့်နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း ရန်ကုန်မြိုရှိ အမေရိကန်သံရုံး ထုတ်ပြန် အမေရိကန်ဒေါ်လာ ၂ ဘီလျံခန့်ရှိ ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအသစ်များကို လက်ခံရရှိမည့်နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း ရန်ကုန်မြိုရှိ အမေရိကန်သံရုံးက ထုတ်ပြန်သည်။ ယုံကြည်စိတ်ချရသော ဘာသာရေးအခြေပြုနှင့် လူမှုအဖွဲအစည်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၂ ဘီလျံနီးပါးရှိသော ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအသစ်များကို လက်ခံရရှိမည့်နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Noted: UN, အမေရိကန်-မြန်မာဆက်ဆံရေးတိုးတက်လာမှုတစ်ရပ်လို့ မြင်ပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။ အစိုးရကို အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံလာပြီဆိုတော့ UN သံအမတ်နေရာကနေ ကျော်မိုးထွန်းဖယ်ခံရဖို့က ရာခိုင်နှုန်းပိုများသွားပြီလို့ ပြောလို့ရသွားပြီ။ ဝမ်းသာစရာသတင်းကောင်းပါပဲ။ သိင်္ခ

ရေဘေး အသိပညာပေး “ရေကြီးခြင်းဖြစ်ပေါ်ချိန်တွင် လိုက်နာရန်အချက်များ”

US နိုင်ငံသား နာမည်ကြီး Food Vlogger ဖြစ်တဲ့ Sonny Side က မြန်မာနိုင်ငံမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက်ပြီး ဆရာတော်၊ သံဃာတော်တွေရဲ့ အကြောင်းတွေကို ရိုက်ကူးတင်ဆက်ထားတာ တော်တော်လေးကို စိတ်ဝင်စားနှစ်သက်ဖွယ်ကောင်းလှပါတယ်... ဒါနဲ့ပတ်သက်ပြီး အတွေးလေးတွေဝင်လာတာက တိုင်းတစ်ပါးသားတွေကတောင် ကိုယ့်နိုင်ငံရဲ့ အကြောင်းနဲ့ ကိုယ့်လူမျိုးတွေရဲ့ ကိုးကွယ်ရာ ယုံကြည်ရာကို တကူးတက ရိုက်ကူးဖော်ပြပြီး ကမ္ဘာကိုဖော်ပြနေတဲ့အချိန်မှာ ကိုယ့်လူမျိုးတွေကတော့ အတွေးမှား အမြင်မှားတွေဝင်ပြီး နိုင်ငံရေးမှိုင်းမိနေကြတာကြောင့် ကိုးကွယ်ရာကိုဖျက်ဆီးနေပြီး ဆရာတော်၊ သံဃာတော်တွေကို သတ်ဖြတ်နေတာ တကယ်စိတ်မကောင်း ဝမ်းနည်းစရာပါပဲလားလို့.... 🇲🇲 Welcome! Golden Land Myanmar 🇲🇲 Crd.

အားကောင်းသောမုန်တိုင်းငယ် ကျိုက်ထိုမြိုအနီးမှ ဖြတ်ကျော်နေသဖြင့် အညိုရောင်အဆင့် သတ်မှတ်ထား၊ ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ နေပြ
အားကောင်းသောမုန်တိုင်းငယ် ကျိုက်ထိုမြိုအနီးမှ ဖြတ်ကျော်နေသဖြင့် အညိုရောင်အဆင့် သတ်မှတ်ထား၊ ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ နေပြည်တော်၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတိုကို ဆက်လက်ဖြတ်ကျော်နိုင်   𝙎𝙀𝙋~𝟐𝟗 စက်တင်ဘာ ၂၈ ရက်၊ ည ၁၀ နာရီခွဲ တိုင်းထွာချက်များအရ စစ်တောင်းမြစ်ဝအနီး မွန်ပြည်နယ်ကျိုက်ထိုမြို၏ တောင်ဘက်မှ ဖြတ်ကျော်ခဲ့သော အားကောင်းသော မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို ရွေ့လျားခဲ့ပြီး ကျိုက်ထိုမြိုအနီးမှ ဆက်လက်ဖြတ်ကျော်လျက်ရှိသသဖြင့် အညိုရောင်အဆင့် သတ်မှတ်ထားကြောင်း မိုး/ဇလမှ အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ အားကောင်း သောမုန်တိုင်းငယ်သည် သုံးခွမြို၏ အရှေ့မြောက်ဘက် မိုင် ၅၀ ခန့်၊ ပဲခူးမြို၏ အရှေ့ဘက် ၃၅ မိုင်ခန့်နှင့် ဖြူးမြို၏ တောင်-အရှေ့တောင်ဘက် ၈၅ မိုင်ခန့်အကွာကို ဗဟိုပြုနေပြီး မြောက်-အနောက်မြောက်ဘက်သို ရွေ့လျားနိုင်ကာ ၄၈ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတိုကို ဆက်လက် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။