Falcon Esports MM
الذهاب إلى القناة على Telegram
Official Falcon Esports Channel; Esports Team Based on Myanmar
إظهار المزيدلم يتم تحديد البلدالفئة غير محددة
661
المشتركون
لا توجد بيانات24 ساعات
-37 أيام
-2230 أيام
أرشيف المشاركات
Creative team က ပွဲမပြီးခင် တော့ အတွေးလေး တွေ နဲ့ပျော်ခဲ့တာပေါ့
@falconesportsmyanmar
𝗚𝗚𝗪𝗣, 𝗧𝗲𝗮𝗺 𝟳! 𝗪𝗲 𝗪𝗶𝗹𝗹 𝗕𝗲 𝗕𝗮𝗰𝗸 𝗦𝘁𝗿𝗼𝗻𝗴𝗲𝗿! 👊
အကြိတ်အနယ် ရှိလှတဲ့ Full Series (၅) ပွဲအထိ အပြန်အလှန် ဖိအားပေး ဆော့ကစားခဲ့ရတဲ့ ပွဲစဉ်မှာ Falcon Esports က 3-2 ရလဒ်နဲ့ နှမြောစရာကောင်းလောက်အောင် ရှုံးနိမ့်ခဲ့ရပါတယ်။
တကယ်ကိုအကြိတ်အနယ် ပွဲစဉ်တွေကို ကြည့်ခဲ့ရတဲ့အတွက် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ဆော့ကစားသွားကြတဲ့ ကစားသမားတွေကိုလဲ ကျေးဇူးတင်ပါတယ် ။ဒါဟာ ခရီးအဆုံးသတ်မဟုတ်သေးပဲ Playoffsရဲ့lower bracket ပွဲစဥ်တွေ မှာပြန်တွေ့ကြပါမယ်ခင်ဗျာ။
@falconesportsmyanmar
Falcon Esports အနေနဲ့ ဒီနေ့ နေ့လယ် ၁ နာရီမှာတော့ Team 7 နဲ့ ယှဉ်ပြိုင်ဆော့ ကစားသွား ရမှာ ဖြစ်ပါတယ်ခင်ဗျာ။ Playoffs Upper brackets နေရာအတွက် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ဆော့ကစားကြမဲ့ သိန်းငှက်တို့ကို တူတူအားပေးကြမယ်နော် ။
@falconesportsmyanmar
Check out the match highlights as our Falcon Daisies faced off against Team Secret in an action-packed BO2 series
@falconesportsmyanmar
𝗧𝗜𝗠𝗘 𝗧𝗢 𝗙𝗟𝗬 𝗛𝗜𝗚𝗛🦅🌟
Play-Ins stage ရဲ့ အကြိတ်အနယ်ရှိမယ့် ပွဲစဉ်ကြီး ရောက်ရှိလို့ လာခဲ့ပါပြီ! ဒီနေ့မှာတော့ ကျွန်တော်တို့ Falcon Esports ဟာ Wyverns အသင်းနဲ့ Playoff stage ကို တက်လှမ်းနိုင်ဖို့အတွက် အမှားခံလို့မရတဲ့ BO3 ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်ဗျာ။
ကစားသမားတွေအကုန်လုံး အကောင်းဆုံး Performance တွေနဲ့ အနိုင်ရလဒ်ကို ဆုပ်ကိုင်နိုင်ဖို့ အပြည့်အဝ ကြိုးစားပြီး ကစားသွားကြမှာမို့လာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါတယ်။
Falcon Esports 🆚 Wyverns
• ပြိုင်ပွဲ: MSL Season 3 // play-Ins satge
• အဆင့်: Play-Ins Semifinal
• ရက်စွဲ: May 16, 2026
• အချိန်: 01:00 PM (နေ့လည်)
@falconesportsmyanmar
𝗧𝗵𝗲 𝗠𝗩𝗣 𝗖𝗿𝗼𝘄𝗻 𝗴𝗼𝗲𝘀 𝘁𝗼... 𝗔𝗽𝗵𝗼𝗼 & 𝗝𝗮𝘆! 👑🔥
ဒီနေ့ပွဲမှာ တစ်ဦးချင်းလက်စွမ်းပြမှုတွေတင်မကဘဲ အံ့မခန်း Combo တွေ၊ တွဲဖက်ညီညီ ဦးဆောင်မှုတွေနဲ့အတူ နှစ်ပွဲလုံးမှာ အကောင်းမွန်ဆုံး performance တွေကိုပြသခဲ့တဲ့ကျွန်တော်တို့ရဲ့ APHOO နဲ့ Jayတို့ကို MVP OF THE MATCHES အဖြစ်သတ်မှတ်ပေးချင်ပါတယ်ခင်ဗျာ ။
@falconesportsmyanmar
🤝 𝗗𝗥𝗔𝗪 𝗥𝗘𝗦𝗨𝗟𝗧𝗦: 𝗙𝗮𝗹𝗰𝗼𝗻 𝗗𝗮𝗶𝘀𝗶𝗲𝘀 𝟭-𝟭 𝗧𝗲𝗮𝗺 𝗦𝗲𝗰𝗿𝗲𝘁
ဒီကနေ့ ယှဉ်ပြိုင်ခဲ့တဲ့ MWI - 2026 Myanmar Qualifier (Group Stage) ပွဲစဉ်မှာတော့ ကျွန်တော်တို့ Falcon Daisies ဟာ Team Secret နဲ့ တစ်ဖက်ရမှတ်၁မှတ်စီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ⚔️🔥
BO2 series ဖြစ်တဲ့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး နှစ်သင်းလုံးက အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသခဲ့ကြတာပါ။ ပထမဂိမ်းမှာ အမှားအယွင်းတချို့ရှိခဲ့ပေမဲ့ ဒုတိယဂိမ်းမှာတော့ ကျွန်တော်တို့ ဒေစီလေးတွေက အကောင်းဆုံး ပုံစံနဲ့ ပြန်လည် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။
အဆုံးထိ အားပေးခဲ့ကြတဲ့ ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။ 💪🌸
@falconesportsmyanmar
𝗛𝗲𝘆 𝗙𝗮𝗹𝗰𝗼𝗼𝗻𝘀 , 𝗷𝘂𝘀𝘁 𝗮 𝗾𝘂𝗶𝗰𝗸 𝗿𝗲𝗺𝗶𝗻𝗱𝗲𝗿
မနက်ဖြန်မှာဆိုရင်တော့ MWI - 2026 Myanmar Qualifier Group Stage ပွဲစဉ်တွေပြန်လည်စတင်ပါပြီခင်ဗျာ။
မနက်ဖန် ၁၂နာရီမှာ ကျွန်တော်တို့ Falcon Daisies ရဲ့ MWI - 2026 Myanmar Qualifier Group Stage မှာ အရေးကြီးဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ Team Secret နဲ့ BO2 ပွဲစဉ်တစ်ခု ကိုယှဥ်ပြိုင် ဆော့ကစားသွားမဲ့ နေ့ ဖြစ်ပါတယ်။
Falcon Daisies 🆚 Team Secret
• ပြိုင်ပွဲ: MWI - 2026 // Myanmar Qualifier
• အဆင့်: Group Stage
• ရက်စွဲ: May 15, 2026
• အချိန်: 12:00 PM (နေ့လည်ခင်း)
ပရိသတ်အားလုံးရဲ့ အားပေးမှုက ကျွန်တော်တို့အသင်းရဲ့ အင်အားပါခင်ဗျာ ။ မနက်ဖြန် နေ့လည် 12:00 နာရီမှာ အားလုံးအတူတကွ အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ဗျာ့။
မင်္ဂလာပါ Falcon Esports ပရိသတ်ကြီးရေ။
Falcon Esports MM ရဲ့Official Telegram Channel ကနေ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။
ဒီchannelလေးကတော့Facebookကနေလို vpn မချိတ်မိလို့ သတင်းတွေ လွတ်သွားမှာ စိတ်ပူရတာ မျိုး မရှိ စေဖို့ နဲ့ ကျွန်တော်တို့ရဲ့နောက်ဆုံးရသတင်းတွေ၊ အမြန်ဆုံးသိရမဲ့ ပွဲစဉ်ဇယားနဲ့ရလဒ် တွေ၊ တခြား platforms တွေ မှာမရှိတဲ့ Exclusive Content တွေ နဲ့ အသင်းသားတွေရဲ့ အမှတ်တရပုံရိပ်တွေ အချိန်နဲ့တပြေးညီ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
