ar
Feedback
Avatar, The Last Airbender 2

Avatar, The Last Airbender 2

الذهاب إلى القناة على Telegram

إظهار المزيد
لم يتم تحديد البلدالفئة غير محددة

📈 نظرة تحليلية على قناة تيليجرام Avatar, The Last Airbender 2

تُعد قناة Avatar, The Last Airbender 2 (@chnel242) لاعباً نشطاً. يضم المجتمع حالياً 24 905 مشتركاً، محتلاً المرتبة في فئة اخرى.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 24 905 مشتركاً.

بحسب آخر البيانات بتاريخ 22 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 19 461، وفي آخر 24 ساعة بمقدار -32، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 5.94‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.58‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 479 مشاهدة. وخلال اليوم الأول يجمع عادةً 1 391 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 1.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 23 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة اخرى.

24 905
المشتركون
-3224 ساعات
-1837 أيام
+19 46130 أيام
أرشيف المشاركات
Repost from N/a
M-i-l-e E-n-d K-i-c-k-s (2026)

Repost from N/a
Mile End Kicks (2026) IMDb Rating (6.3) / Rotten Tomatoes (88%) ဂီတလောကရဲ့ နောက်ကွယ်က ဖန်တီးမှုတွေ၊ ဆယ်ကျော်သက်ဘဝကနေ လူငယ်ဘဝဆ
Mile End Kicks (2026) IMDb Rating (6.3) / Rotten Tomatoes (88%) ဂီတလောကရဲ့ နောက်ကွယ်က ဖန်တီးမှုတွေ၊ ဆယ်ကျော်သက်ဘဝကနေ လူငယ်ဘဝဆီ ကူးပြောင်းစအချိန် ၂၀ ကျော်အရွယ်မှာ ရှုပ်ထွေးလှတဲ့ လူမှုဆက်ဆံရေးတွေနဲ့ အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးနဲ့ အနုပညာဆန်ဆန် ရိုက်ပြထားတဲ့ Romantic Comedy / Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ မွန်ထရီအောမြို့က နာမည်ကြီး အနုပညာရပ်ကွက်ဖြစ်တဲ့ "Mile End" ရဲ့ ဂီတအငွေ့အသက်တွေကို အခြေခံထားတာပါ။ ဇာတ်လမ်းကတော့ အသက် ၂၄ နှစ်အရွယ်၊ ထက်မြက်ပြီး ကိုယ်ပိုင်အရည်အချင်းရှိတဲ့ အမျိုးသမီး ဂီတဝေဖန်ရေးပညာရှင်လေးတစ်ဦးအကြောင်းပါ။ သူမဟာ မြေအောက်ဂီတလောကက တက်သစ်စ အင်ဒီတီးဝိုင်း (Indie Band) တစ်ခုကို သဘောကျသွားပြီး၊ သူတို့ကို လူသိများလာအောင် မီဒီယာတွေပေါ်မှာ ကူညီမြှင့်တင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ပြဿနာက အလုပ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေ ရောမိသွားတဲ့အခါမှာ စတင်ပါတော့တယ်။ သူမဟာ အဲဒီအင်ဒီတီးဝိုင်းကို ကူညီရင်းနဲ့ တီးဝိုင်းအဖွဲ့ဝင်တွေနဲ့ပါ မထင်မှတ်ဘဲ အချစ်ဇာတ်လမ်းတွေ ရှုပ်ထွေးပွေလီစွာ ပတ်သက်မိသွားပါတော့တယ်။ အလုပ်အကိုင် အောင်မြင်မှု၊ ဂီတအပေါ် ထားတဲ့ ရူးသွပ်မှုနဲ့ စိတ်ကူးယဉ် အချစ်ကမ္ဘာကြားမှာ သူမ ဘယ်လိုမျိုး ဟန်ချက်ညီအောင် ထိန်းညှိမလဲ၊ ဘယ်လို ရယ်စရာ၊ စိတ်နာစရာ အလွဲအချော်တွေ ကြုံရမလဲဆိုတာကို လူငယ်ဆန်ဆန် ရိုက်ပြထားပြီး Euphoria နဲ့ လူသိများခဲ့တဲ့  Barbie Ferreira ရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

Repost from N/a
S-i-c-k P-u-p-p-y (2025)

Repost from N/a
Sick Puppy (2025) Dark Sky Films ကနေ ဖြန့်ချိလိုက်တဲ့ Dark Comedy Horror-Thriller (ဟာသနှောထားတဲ့ သည်းထိတ်ရင်ဖို) ဇာတ်ကားသစ်လေ
Sick Puppy (2025) Dark Sky Films ကနေ ဖြန့်ချိလိုက်တဲ့ Dark Comedy Horror-Thriller (ဟာသနှောထားတဲ့ သည်းထိတ်ရင်ဖို) ဇာတ်ကားသစ်လေးဖြစ်တဲ့ "Sick Puppy" ကို ဒါရိုက်တာ Jay Reid က ရေးသားရိုက်ကူးထားပြီး၊ အိမ်ထောင်ရေးတစ်ခုရဲ့ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် Charlie (Natasha Calis) ဟာ သူ့ခင်ပွန်း John (Brett Geddes) ကို အရမ်းချစ်တဲ့ ဇနီးသည်တစ်ယောက်ပါ။ ဒါပေမဲ့ သူတို့အိမ်ထောင်ရေးမှာ အကြီးမားဆုံး ပြဿနာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ သူ့ခင်ပွန်းဟာ ကွင်းဆက်လူသတ်သမား (Serial Killer) တစ်ယောက် ဖြစ်နေတာပါပဲ။ နှစ်ပေါင်းများစွာ ကြမ်းကြမ်းတမ်းတမ်း လူတွေသတ်လာခဲ့တဲ့ John ကို လူမသတ်တော့ဖို့နဲ့၊ အဲဒီအစား စိတ်ငြိမ်သွားအောင် မြေအိုးလုပ်တဲ့ အနုပညာဘက်မှာပဲ အာရုံစိုက်ဖို့ Charlie က နောက်ဆုံးမှာ အောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့ပါတယ်။ အရာအားလုံး အဆင်ပြေသွားပြီလို့ ထင်ရပေမယ့် သူတို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်ထဲက အေးချမ်းတဲ့ဘဝလေးဆီကို ရဲတွေက သံသယဝင်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်လာတဲ့အခါမှာတော့ ဇာတ်လမ်းက အလှည့်အပြောင်း ဖြစ်သွားပါတယ်။ Charlie တစ်ယောက် သူ့ခင်ပွန်းကို ကာကွယ်ဖို့နဲ့၊ ခင်ပွန်းဖြစ်သူ လမ်းမှားကို ပြန်မရောက်သွားအောင် ထိန်းသိမ်းဖို့အတွက် သူကိုယ်တိုင် ကြမ်းတမ်းတဲ့ လုပ်ရပ်တွေနဲ့ လူသတ်မှုတွေကို မလွှဲမရှောင်သာ ကျူးလွန်ရပါတော့တယ်။ ခင်ပွန်းဖြစ်သူကို အရမ်းချစ်လွန်းလို့ ကိုယ်တိုင် လူသတ်သမားအဖြစ် ပြောင်းလဲသွားတဲ့ ဇနီးသည်တစ်ယောက်ရဲ့ အိမ်ထောင်ရေးကို Dark Comedy (ရယ်ရမလို ငိုရမလို) နဲ့ သည်းထိတ်ရင်ဖိုပုံစံမျိုး ရောစပ်ပြီး ရိုက်ကူးထားတာမို့လို့ ပုံမှန်နဲ့မတူတဲ့ ဇာတ်လမ်းအဆန်းလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်နော်။

Blades of the Guardians: Wind Rises in the Desert (2026) ++++++++++++++++++++++ IMDb Rating (7.3) / Rotten Tomatoes (97%) တရု
Blades of the Guardians: Wind Rises in the Desert (2026) ++++++++++++++++++++++ IMDb Rating (7.3) / Rotten Tomatoes (97%) တရုတ်သိုင်းကား ပရိသတ်တွေအတွက်ရော၊ နာမည်ကြီး Biao Ren (镖人) ကော်မစ်ဖတ်ဖူးတဲ့သူတွေအတွက်ပါ လုံးဝလက်လွတ်မခံသင့်တဲ့ ၂၀၂၆ ထွက် ဇာတ်ကားကြီး တင်ပေးထားပါပြီ။ ဒီကားက ကာတွန်းကို Live-action အနေနဲ့ ပြန်ရိုက်ထားတာဖြစ်ပြီး၊ ဒါရိုက်တာကတော့ The Matrix, Kill Bill နဲ့ Crouching Tiger, Hidden Dragon တို့မှာ Action Choreographer လုပ်ခဲ့သလို၊ Drunken Master လို ကားမျိုးတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာကြီး ယွမ်ဝူးပင်း (Yuen Woo-ping) ပါ။ သရုပ်ဆောင်တွေကလည်း မိုက်မှမိုက်ပဲ။ အဓိကဇာတ်ကောင် ဆုကြေးစားမုဆိုးကြီး တောက်မာ နေရာမှာ ဝူးကျင်း (Wu Jing) က သရုပ်ဆောင်ထားပြီး၊ နီကိုးလပ်စ်ဆဲ (Nicholas Tse)၊ ဂျက်လီ (Jet Li)၊ တိုနီလန် (Tony Leung Ka-fai) နဲ့ ကာရာဟွေ (Kara Hui) တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေပါ ပါဝင်အားဖြည့်ထားပါတယ်။ တကားထဲအပြီး အသစ်စက်စက် ရုပ်ရှင်ကားကြီး🔥🔥🔽🔽🔽 ချန်နယ်အရင်ဝင်ပါ⬇️⬇️⬇️ https://t.me/movieshellN2 ကြည့်ရန်⬇️⬇️⬇️⬇️ https://t.me/movieshellN2/134

Repost from N/a
ရာဇ၀တ်သားများ၏လားရာ (插翅难飞) T*h*e C*o*n*v*i*c*t K*i*l*l*e*r 20*26

Repost from N/a
ရာဇ၀တ်သားများ၏လားရာ (插翅难飞) T*h*e C*o*n*v*i*c*t K*i*l*l*e*r 20*26 ဇာတ်လမ်းအကျဉ်း 📝 ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ ကျန်းပေမြို့လေးမှ
ရာဇ၀တ်သားများ၏လားရာ (插翅难飞) T*h*e C*o*n*v*i*c*t K*i*l*l*e*r 20*26 ဇာတ်လမ်းအကျဉ်း 📝 ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ ကျန်းပေမြို့လေးမှာ ထက်မြက်တဲ့ ရာဇဝတ်မှုနှိမ်နင်းရေး ရဲအရာရှိ Lei Ming နဲ့ အဖွဲ့ထဲကို အသစ်ဝင်ရောက်လာတဲ့ ရဲမေလေး Fang Qing တို့ဟာ မြို့ပြတစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ သွေးအေးရက်စက်ပြီး ဉာဏ်များလှတဲ့ ဓားပြခေါင်းဆောင် Jiang Hu  ကို ဖမ်းဆီးဖို့အတွက် အသက်နဲ့ရင်းရမယ့် သေမင်းတမန် ကစားပွဲကြီး ထဲကို ခြေစုံပစ် ဝင်ရောက်ခဲ့ကြပါတယ် ဒီဖမ်းဆီးရေး ခရီးစဉ်အတွင်းမှာ ရိုးရိုးရှင်းရှင်း ဖမ်းရတာမျိုး မဟုတ်ဘဲ ရက်စက်လှတဲ့ ရန်သူတွေရဲ့ ပြန်ပေးဆွဲမှုတွေ မြို့ပြကို ဓားစာခံလုပ်ထားတဲ့ ဗုံးထောင်မှုတွေ ရဲတပ်ဖွဲ့နောက်ကွယ်က လျှို့ဝှက်အေးဂျင့်တွေရဲ့ သစ္စာတရားနဲ့ သစ္စာဖောက်မှု အားပြိုင်မှုတွေအပြင် ဓားစာခံချင်း အပြန်အလှန် ဟန်ဆောင်လဲလှယ်တဲ့ ထိပ်တန်းအကွက်ချလှည့်စားမှုတွေက တောက်လျှောက် ရိုက်ခတ်လာခဲ့ပါတယ် နောက်ဆုံး ဒီပိတ်ဆို့ဖမ်းဆီးပွဲကြီးမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ မိမိတို့ရဲ့ အသွေးအသား ခန္ဓာကိုယ်တွေကို အသုံးချပြီး ရန်သူတွေ လုံးဝထွက်ပြေးလို့မရအောင် သံမဏိခံတပ်ကြီးအဖြစ် တည်ဆောက်ကာ ပြင်းထန်လှတဲ့ သွေးထွက်သံယို တိုက်ပွဲကြီးကြားထဲကနေ ကြီးမားလှတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့အတူ တရားမျှတမှုကို ဘယ်လိုမျိုး အရယူသွားမလဲဆိုတာ... ဒီရုပ်ရှင်လေးက ၉၀ ပြည့်လွန်နှစ်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ခေတ်နောက်ခံ Crime စတိုင်နဲ့ ရိုက်ကူးထားပြီး မိနစ် ၇၀ ဆိုတဲ့ အချိန်အတွင်းမှ ဓားစာခံလဲလှယ်ပွဲ ဗုံးခွဲမှုတွေနဲ့ အက်ရှင်ကွက်တွေကို တရစပ် တင်ဆက်ထားတာမို့ မင်းသား Qu Gaoweiရဲ့ ပြတ်သားတဲ့ သရုပ်ဆောင်ချက်နဲ့ ဗီလိန် Huang Mengတို့ရဲ့ သွေးအေးအေးအမဲလိုက်ပွဲက ရဲကားအက်ရှင် ကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့စေမှာနော် ကဲ သွေးစွန်းခဲ့တဲ့ မြို့ပြရဲ့ သံမဏိခံတပ် တိုက်ပွဲကြီးကို SoulKingdom မှာ အခုပဲ ရှုစားလိုက်ရအောင်

Repost from N/a
သားကိုကာကွယ်ဖို့အမှောင်ဘက်ခြမ်းကို ခြေစုံပစ်ဝင်ခဲ့တယ်ဖခင် အင်ဒိုသရဲကားအသစ်ဆက်ဆက်လေး Q*o*r*i*n 2 (2026)

Repost from N/a
သားကိုကာကွယ်ဖို့အမှောင်ဘက်ခြမ်းကို ခြေစုံပစ်ဝင်ခဲ့တယ်ဖခင် အင်ဒိုသရဲကားအသစ်ဆက်ဆက်လေး Q*o*r*i*n 2 (2026) "ကိုယ့်သွေးသားကို ထိလာ
သားကိုကာကွယ်ဖို့အမှောင်ဘက်ခြမ်းကို ခြေစုံပစ်ဝင်ခဲ့တယ်ဖခင် အင်ဒိုသရဲကားအသစ်ဆက်ဆက်လေး Q*o*r*i*n 2 (2026) "ကိုယ့်သွေးသားကို ထိလာတဲ့အခါ ဖခင်တစ်ယောက်ရဲ့ ဒေါသက မကောင်းဆိုးဝါးထက်တောင် ကြောက်စရာကောင်းသွားနိုင်တယ်..." အင်ဒိုဟော်ရာပရိသတ်တွေအတွက် တော်တော်လေး နာမည်ကြီးခဲ့တဲ့ အင်ဒိုသရဲကားကောင်း Qorin ရဲ့ ဒုတိယပိုင်း ထွက်ရှိလိုလာပါပြီ။ ပထမကားတုန်းက ဘာသာရေးကျောင်းမှာ ကျောင်းအုပ်ကြီးရဲ့ အောက်လမ်းပညာကြောင့် ကိုယ့်ကိုယ်ပွားဂျင်နတ်ဆိုး (Qorin) တွေကို ခေါ်မိရာကနေ ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေ ကြုံတွေ့ခဲ့ရတာကို မှတ်မိကြဦးမှာပါ။ ကိုယ့်ရဲ့ အမှောင်မိုက်ဆုံး စိတ်ဆန္ဒတွေကို ကိုယ်စားပြုတဲ့ Qorin တွေရဲ့ ခြောက်လှန့်မှုက တော်တော်လေး ကျောချမ်းစရာကောင်းခဲ့တာပေါ့။ ဒီတစ်ခါ ၁ နာရီနဲ့ ၅၀ မိနစ်စာ ကြာမြင့်မယ့် Qorin 2 မှာတော့ ဇာတ်လမ်းက ပိုပြီး ရင်နင့်စရာကောင်းသလို ပိုလည်း ကြောက်စရာကောင်းလာပါတယ်။ ဇာတ်လမ်းကတော့ ဖခင်ဖြစ်သူ မက်ခ်မူရ်နဲ့ သူ့ရဲ့သားလေး ဂျာယာ တိုကို အဓိကထား ရိုက်ကူးထားတာပါ။ သားဖြစ်သူ ဂျာယာလေး ကျောင်းမှာ အနိုင်ကျင့်ခံရ၊ ဒုက္ခပေးခံရတဲ့အခါမှာတော့ ဖခင်ဖြစ်သူ မက်ခ်မူရ်တစ်ယောက် ဒေါသတကြီးနဲ့ ကျောင်းကို သွားရောက်တိုင်ကြားပါတော့တယ်။ ဒါပေမဲ့ သူမျှော်လင့်ထားသလို တရားမျှတမှု မရတဲ့အခါ... ဖခင်တစ်ယောက်ရဲ့ နာကျင်မှုနဲ့ ဒေါသတွေက မဖြစ်သင့်တာတွေကို ဖန်တီးဖို တွန်းအားပေးလိုက်တဲ့အခါမှာတော့... သားကိုကာကွယ်ချင်တဲ့ ဖခင်တစ်ယောက် ဘယ်လို အမှောင်ထုထဲကို ခြေစုံပစ်ဝင်သွားမလဲ။ မကောင်းဆိုးဝါး Qorin တွေကရော ဒီဇာတ်လမ်းမှာ ဘယ်လိုပုံစံမျိုးနဲ့ ပြန်လည် ခြောက်လှန့်ဦးမလဲဆိုတာကို ရင်တမမနဲ့ ရှုစားရမှာပါ။

Repost from N/a
သစ္စာဖွဲ့ပျိုးသော သမိုင်း၀င်တေးသွား T*h*e G*u*q*i*n S*p*e*c*t*r*u*m 20*26

Repost from N/a
သစ္စာဖွဲ့ပျိုးသော သမိုင်း၀င်တေးသွား (琴谱)The Guqin Spectrum 2026 ဒါကတော့ တရုတ်ရိုးရာ ဗျပ်စောင်းတီးခတ်မှု အနုပညာနောက်ခံနဲ့ လူငယ
သစ္စာဖွဲ့ပျိုးသော သမိုင်း၀င်တေးသွား (琴谱)The Guqin Spectrum 2026 ဒါကတော့ တရုတ်ရိုးရာ ဗျပ်စောင်းတီးခတ်မှု အနုပညာနောက်ခံနဲ့ လူငယ်နှစ်ဦးရဲ့ ဘဝသက်တမ်းတစ်လျှောက်ခံယူခဲ့တဲ့ သစ္စာတရားအကြောင်း ဖြစ်လို့ တကယ့်ကို ရင်ထဲထိစေမယ့် လက်ရာမွန်တစ်ခုလို့ပဲပြောရပါမယ် ဇာတ်လမ်းအကျဉ်း 📝 အရာရှိတစ်ဦးဖြစ်တဲ့ Cui Yingjie ဟာ ဖန်ကျိုးဒေသဆီကို ရောက်ရှိလာခဲ့ပြီး ဒုတိယမြောက်နှစ်မှာတော့ တေးသံစဥ်လောကတစ်ခုလုံးရဲ့ လေးစားကြည်ညိုခြင်းခံရတဲ့ စောင်းဆရာကြီးကျောက်ဟာ အသက်အရွယ်ကြောင့် ရာထူးကနေ အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ် ဆရာကြီးဟာ သူတစ်သက်လုံး ထိန်းသိမ်းလာခဲ့တဲ့ လျှို့ဝှက်ဆန်းပြားလှတဲ့ စောင်းသံစဥ်ကျမ်းကြီးကို ဆက်ခံမယ့် မျိုးဆက်သစ် အရည်အချင်းရှိသူကို လိုက်လံရှာဖွေနေခဲ့တာပါ တစ်ဖက်မှာလည်း ဧကရီမင်းမြတ် ရဲ့ အထူးအလေးပေး ချီးမြှောက်မှုကြောင့် Cui Yingjie ဟာ ဒီစောင်းသံစဥ်ကျမ်းကြီးကို ပြီးဆုံးအောင် ပြုစုဖို့အတွက် တာဝန်ကြီးကို အရေးပေါ် လွှဲပြောင်းရယူခဲ့ရပါတယ် ဒါပေမဲ့ သူ့ဘေးနားမှာ ကူညီမယ့်သူ လုံးဝမရှိဘဲ အဖက်ဖက်က ပိတ်ဆို့နေတဲ့ အခက်အခဲကြီးနဲ့ ရင်ဆိုင်လိုက်ရပါတယ် အဲဒီလို လမ်းပျောက်နေတဲ့အချိန်မှာပဲ သူဟာ လူမှုပတ်ဝန်းကျင်ရဲ့ ဖိနှိပ်မှုတွေကြောင့် ဘဝပျက်လုနီးပါး ဆင်းရဲဒုက္ခရောက်နေတဲ့ အရပ်သား စောင်းဆရာလေး Wang Shoubai နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပါတော့တယ် အထက်တန်းစား အရာရှိကြီးနဲ့ အခြေခံလူတန်းစား စောင်းသမားလေးဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ တေးသံစဉ်ကို အခြေခံပြီး တစ်ယောက်ကိုတစ်ယောက် နားလည်အဖော်ပြုပေးခဲ့ကြပါတယ် နှစ်ပေါင်း (၃၀) ဆိုတဲ့ ရှည်လျားလှတဲ့ ကာလပတ်လုံး လောကဓံရဲ့ မုန်တိုင်းတွေ အပြောင်းအလဲတွေနဲ့ အခက်အခဲတွေကို အတူတူ ကြံ့ကြံ့ခံရင်ဆိုင်ရင်း နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ လောကမှာ ရှာမှရှားတဲ့ မိတ်ဆွေရင်းတွေ ဖြစ်သွားခဲ့ကြပြီး တရုတ်တေးသံစဉ်သမိုင်းမှာ အထွတ်အထိပ် ရောက်စေမယ့် ခမ်းနားလှတဲ့ စောင်းသံစဥ်ကျမ်းကြီး ကို အောင်အောင်မြင်မြင် ရေးသားပြီးမြောက်ခဲ့ပါတော့တယ်..... ကဲ နှစ်ပေါင်း ၃၀ ကြာ သစ္စာတရားတွေနဲ့ ရေးစပ်ခဲ့တဲ့ သူတို့ရဲ့ ဘ၀တေးသွားကို SoulKingdom မှာ အခုပဲ ကြည့်ရှုခံစားလိုက်ရအောင်

Repost from N/a
I-r-o-n L-u-n-g (2026)

Repost from N/a
Iron Lung (2026) IMDb Rating (6.5) / Rotten Tomatoes (60%) နာမည်ကြီး YouTuber တစ်ယောက်ဖြစ်တဲ့ Markiplier (Mark Fischbach) ကို
Iron Lung (2026) IMDb Rating (6.5) / Rotten Tomatoes (60%) နာမည်ကြီး YouTuber တစ်ယောက်ဖြစ်တဲ့ Markiplier (Mark Fischbach) ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်ထားတဲ့ Sci-Fi Horror ဇာတ်ကားသစ်လေး "Iron Lung" အကြောင်း ပြောပြပေးမယ်နော်။ ဒီကားက ၂၀၂၂ ခုနှစ်က ထွက်ခဲ့တဲ့ နာမည်ကြီး အင်ဒီဂိမ်း (Indie Game) "Iron Lung" ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အာကာသထဲက သွေးပင်လယ်ကြီးထဲမှာ ရေငုပ်သင်္ဘောလေးနဲ့ သွားရတဲ့ ဇာတ်လမ်းဆိုတော့ အသက်ရှူကျပ်စရာ ကောင်းလောက်အောင် သည်းထိတ်ရင်ဖို ကြည့်ရမယ့် ကားမျိုးပါ။ ဒီကားကို ဒါရိုက်တာ Mark "Markiplier" Fischbach က ရိုက်ကူးထားပြီး Markiplier ကိုယ်တိုင်အပြင် Caroline Kaplan, Troy Baker နဲ့ Seán McLoughlin (Jacksepticeye) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Sci-Fi နဲ့ Horror အမျိုးအစား ဇာတ်ကားဖြစ်ပြီး ကြာချိန်အနေနဲ့ ၂ နာရီ ၇ မိနစ် ရှိပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့က ထွက်ရှိထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း "The Quiet Rapture" လို့ခေါ်တဲ့ အဖြစ်အပျက်ကြီးတစ်ခုကြောင့် စကြာဝဠာထဲက ကြယ်တွေ၊ ဂြိုဟ်တွေ အကုန်လုံး ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ အာကာသစခန်းတွေပေါ်မှာ ကျန်ခဲ့တဲ့ လူနည်းစုလေးပဲ အသက်ရှင်ကျန်ရစ်ခဲ့တာပေါ့။ ဆယ်စုနှစ်တွေ ကြာလာတဲ့အခါမှာတော့ လိုအပ်နေတဲ့ သယံဇာတတွေ ရှာဖို့အတွက် "AT-5" လို့ခေါ်တဲ့ လဂြိုဟ်တစ်ခုကို သူတို့ တွေ့သွားခဲ့တယ်။ အဲဒီဂြိုဟ်ပေါ်မှာက ရေတွေအစား သွေးတွေနဲ့ ပြည့်နေတဲ့ သွေးပင်လယ်ကြီး ရှိနေတာပါ။ အဲဒီ သွေးပင်လယ်ကြီးထဲကို စူးစမ်းလေ့လာဖို့ ဆိုက်မွန် (Simon) လို့ခေါ်တဲ့ အကျဉ်းသားတစ်ယောက်ကို စေလွှတ်လိုက်ပါတယ်။ သူ့ကို "Iron Lung" လို့ နာမည်ပေးထားတဲ့ သေးငယ်ကျဉ်းမြောင်းတဲ့ ရေငုပ်သင်္ဘောလေးထဲ ထည့်ပြီး အပြင်ကနေ ဂဟေဆော်ပိတ်လိုက်တယ်။ ရေအောက်ဖိအားကို ခံနိုင်အောင် ပြတင်းပေါက်တွေကိုပါ သံပြားတွေနဲ့ ပိတ်ထားတော့ အပြင်ကို ဘာမှ မမြင်ရဘူး။ အပြင်ကိုမြင်ရဖို့ တစ်ခုတည်းသောနည်းလမ်းက ရေငုပ်သင်္ဘောအပြင်ဘက်မှာ တပ်ထားတဲ့ ကင်မရာအစုတ်လေးနဲ့ ဓာတ်ပုံရိုက်ပြီး ကြည့်ဖို့ပဲ ရှိတော့တယ်။ ဆိုက်မွန်တစ်ယောက် ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်နိုင်ရင် လွတ်ငြိမ်းချမ်းသာခွင့် ရမယ်ဆိုတဲ့ ကတိနဲ့ သွေးပင်လယ်ကြီးရဲ့ အောက်ခြေကို ဆင်းသွားခဲ့ရတယ်။ အပြင်ကိုမမြင်ရ၊ အသက်ရှူကျပ်လောက်အောင် ကျဉ်းကျပ်နေတဲ့ သင်္ဘောလေးထဲမှာ သူဘာတွေ ဆက်ကြုံတွေ့ရမလဲ၊ သွေးပင်လယ်အောက်မှာ ဘာတွေရှိနေလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။ ပြတင်းပေါက်မရှိတဲ့ ရေငုပ်သင်္ဘောလေးထဲမှာ အပြင်မှာ ဘာရှိနေမှန်းမသိရဘဲ သွားနေရတဲ့ ခံစားချက်ကို သေချာလေး ပုံဖော်ထားနိုင်တယ်။ ဓာတ်ပုံတစ်ချက် ရိုက်လိုက်တိုင်း အပြင်မှာ ဘာများပေါ်လာမလဲဆိုပြီး ကြည့်နေရတဲ့သူပါ ရင်တမမ ဖြစ်နေစေတယ်။ ဂိမ်းထဲက အငွေ့အသက်တွေကို ရုပ်ရှင်ထဲမှာပါ အပြည့်အဝရအောင် Markiplier က သေချာလေး ဖန်တီးထားတယ်။ ဂိမ်းကို ဆော့ဖူးတဲ့သူတွေအတွက်ရော၊ မဆော့ဖူးတဲ့သူတွေအတွက်ပါ စိတ်ဝင်စားစရာ ကောင်းအောင် တင်ဆက်ထားတယ်။ Jacksepticeye လို နာမည်ကြီး YouTuber တွေပါ ပါဝင်ထားတော့ ပရိသတ်တွေအတွက် ပိုပြီး သဘောကျစရာပါ။ ဒါက သူ့ရဲ့ ပထမဆုံး ဒါရိုက်တာလုပ်တဲ့ ဇာတ်ကားရှည်ဖြစ်ပေမဲ့၊ ရိုက်ကူးရေး၊ အသံပိုင်းဆိုင်ရာနဲ့ တင်ဆက်မှုတွေက တော်တော်လေးကို ကောင်းမွန်ပါတယ်။ ကြောက်စရာ သရဲတွေ အများကြီးမပါဘဲ ပတ်ဝန်းကျင် အနေအထားနဲ့တင် လူကို ခြောက်ခြားသွားစေမယ့် အသက်ရှူကျပ်စရာ (Psychological/Claustrophobic) Horror ကားမျိုးကို ကြိုက်တယ်ဆိုရင်တော့ လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားပါ။

Repost from Video 1
မင်္ဂလာပွဲနှင့် ငါးမန်း

မင်္ဂလာပွဲနှင့် ငါးမန်း C_h-u_m (2-0-2-6) ရာသီဥတုကြီးပူနွေးလာတာနဲ့အမျှ ပင်လယ်သတ္တဝါတွေဟာလည်း အပူချိန်မတူညီမှု အစာရေစာရှားပါးမ
မင်္ဂလာပွဲနှင့် ငါးမန်း C_h-u_m (2-0-2-6) ရာသီဥတုကြီးပူနွေးလာတာနဲ့အမျှ ပင်လယ်သတ္တဝါတွေဟာလည်း အပူချိန်မတူညီမှု အစာရေစာရှားပါးမှုတွေကြောင့် စားကျက်မြေတွေပြောင်းရွှေ့ရပါတော့တယ် ငါးမန်းတွေလည်းအပါအဝင်ပေါ့ အဲဒီလိုနဲ့ကမ္ဘာတစ်ဝှမ်း ငါးမန်းကိုက်မှုတွေ မြင့်တက်လာချိန် တီနာနဲ့တွမ်တို့ကတော့ ကမ်းခြေတစ်ခုမှာ မင်္ဂလာဆောင်ဖို့စီစဥ်ထားပါတယ် ဒါပေမဲ့လည်း အလုပ်ကိစ္စတစ်ခုကြောင့် တီနာတို့က ညှိမရဘဲ ပွဲဖျက်တော့မယ့်အထိပါ ဖြစ်နေကြတာပေါ့ ဒါကိုမသိတဲ့ တွမ်ရဲ့သူငယ်ချင်း နစ်က မင်္ဂလာလက်ဖွဲ့ဆိုပြီး လှေစင်းလုံးငှားပေးကာ ပင်လယ်ထဲထွက်ကြဖို့ အတင်းခေါ်ပါတော့တယ် ဒီလိုနဲ့ပင်လယ်ထဲသွားရင်း မတော်တဆ ကပ္ပတိန်ပြုတ်ကျသွားပြီး ငါးမန်းကိုက်ခံလိုက်ရာကနေအစ ရုတ်ရုတ်သည်းသည်းနဲ့ လှေတွေလည်းမှောက် ဒုက္ခတွေလည်းရောက်နဲ့ပေါ့ အဲဒီအချိန် ရွိုင်ဆိုတဲ့တံငါသည်နဲ့ ကံကောင်းထောက်မစွာတွေ့ပြီး သူ့လှေပေါ်လိုက်စီးသွားရာကနေ ထင်မှတ်မထားတဲ့ ကံဆိုးမှုတွေနဲ့ ကြုံတွေ့လာချိန်မှာတော့..... Joinရန်လင့်🔽🔽 https://t.me/s1932a ဇာတ်ကားလင့်🔽🔽 https://t.me/s1932a/1780

Repost from N/a
အသဲပေးကြဦးလေ 💖💖

Repost from N/a
🔞ကိတ်မို့ပြီး So Sexy ဖြစ်တဲ့ စော်အလန်းလေးတွေရဲ့ အပေးအကျွေးမှာ ကျရှုံးသွားတဲ့ ဘဲကြီးတွေ..... ဇာတ်လမ်းအကျဉ်း အလင်းရောင်မှိန်မ
🔞ကိတ်မို့ပြီး So Sexy ဖြစ်တဲ့ စော်အလန်းလေးတွေရဲ့ အပေးအကျွေးမှာ ကျရှုံးသွားတဲ့ ဘဲကြီးတွေ.....
ဇာတ်လမ်းအကျဉ်း
အလင်းရောင်မှိန်မှိန်အောက်မှာ ဆွဲဆောင်မှုအရှိဆုံး ကောင်မလေးတွေရဲ့ ညှို့ကွက်တွေနဲ့ ပြည့်နှက်နေတဲ့ ဘားတစ်ခု ဒီနေရာမှာ ဖောက်သည်တွေဟာ သောက်ရင်းစားရင်း အကမယ်တွေရဲ့ဆက်ဆီကျကျ ကကွက်တွေကို ရှုစားနိုင်သလို လိုအပ်ရင် သီးသန့်အခန်းတွေမှာ လက်ခုပ်တီးနိုင်ပါသေးတယ် ဒီဘားရဲ့ အကြီးအကဲ အတွေ့အကြုံရင့် ညဉ့်ဘုရင်မကတော့ မားမားဆန်ပါပဲ သူက ဘားရဲ့ အားထားရဆုံး အကာအကွယ်ပေးနိုင်ဆုံးသူတစ်ဦးဖြစ်သလို ဝင်ငွေကိုလည်း ထိန်းချုပ်စီမံနိုင်သူပါ နယ်မြို့လေးကနေ မြို့ကြီးကို ရောက်လာတဲ့ အပျိုဖြန်းလေး ပင်ကီဟာ မားမားဆန်ရဲ့ သင်ပေးမှုတွေကြောင့် ဘားရဲ့ နာမည်ကြီး ကြယ်ပွင့်တစ်ဦးဖြစ်လာပါတယ် နေစရာအခက်အခဲကြောင့် ပင်ကီဟာ မားမားဆန်ရဲ့ အိမ်မှာ အတူတူလိုက်နေဖို့ အကြောင်းဖန်လာပါတော့တယ် အဲဒီအိမ်မှာလည်း မားမားဆန်ရဲ့သူငယ်ဖြစ်သူ  အချိန်တိုင်းထောင်လန်းတဲ့တောင်ကြာပန်းပိုင်ရှင်တစ်ဦးရှိနေတဲ့အခါ.. ကြည့်ရန်🔽🔽🔽🔽 https://t.me/mvchn539

Repost from N/a
"Shehzada " (2023) 1080p

Repost from N/a
" Shehzada " (2023) " Shehzada " (2023) IMDB 4.3/10 ဒီတစ်ခေါက်မှာလည်း နောက်ထပ် Remake ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ 2020
" Shehzada " (2023) " Shehzada " (2023) IMDB 4.3/10 ဒီတစ်ခေါက်မှာလည်း နောက်ထပ် Remake ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ 2020 တုန်းက ထွက်ခဲ့တဲ့ တောင်ပိုင်းမင်းသား အာလူးအာဂျွန်ရဲ့ ဇာတ်ကားကို Remake လုပ်ပြီးရိုက်ထားတဲ့ ဟင်ဒီစကားပြော အချစ်အက်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း... မြို့ရဲ့ အချမ်းသာဆုံးဆိုတဲ့လူတစ်ယောက်နဲ့ သူ့အိမ်က အိမ်တော်ထိန်းလူတစ်ယောက်တို့ရဲ့ မိန်းမတွေဟာ တစ်ချိန်ထဲမှာပဲ မီးဖွားဖို့ဖြစ်လာကြပါတယ်။ ကံဆိုးစွာနဲ့ ချမ်းသာတဲ့လူရဲ့ကလေးက အသက်မရှူဘူးလို့ သိလိုက်ရချိန်မှာ သားကို ချစ်ပြီးကောင်းစားစေချင်တဲ့ဇောနဲ့ အိမ်တော်ထိန်းဟာ သူ့ကလေးကို သူဌေးရဲ့ကလေးအဖြစ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ကလေးငယ်ကအသက်ပြန်ရှင်လာတဲ့အခါမှာတော့ အိမ်တော်ထိန်းဟာ ကလေးချင်းလဲခဲ့ပါတော့တယ်။ ဒီလိုနဲ့ကလေးတွေကြီးပြင်းလာတဲ့အခါမှာတော့ အိမ်တော်ထိန်းကလေးက ပေါ့ပေါ့နေပေါ့ပေါ့စားဖြစ်လာပြီး သူဌေးကြီးကလေးက ထူးချွန်တဲ့ကလေးတစ်ယောက်ဖြစ်လာပါတယ်။ ဖုံးထားသမျှတွေပေါ်လာတဲ့တစ်နေ့မှာ ဘာတွေဆက်ဖြစ်မှာလဲ။ အိမ်ကြီးရှင်ရဲ့စိတ်သဘောထားကရောဘယ်လိုရှိမှာလဲဆိုတာ ရုပ်ရှင်ထဲမှာပဲ လိုက်ပါစီးမျောခံစားလိုက်ပါဦးခင်ဗျာ။ ( ဇာတ်လမ်းအကျဉ်းကို Lwin Htoo Aung မှ ရေးသားပေးထားပါတယ် ) Subtitle & Encode By - Lwin Htoo Aung Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

Repost from N/a