Sparatus:House Of Ashur 2025
الذهاب إلى القناة على Telegram
إظهار المزيد
لم يتم تحديد البلدالفئة غير محددة
لا توجد بيانات
المشتركون
-4024 ساعات
-4727 أيام
-3 61130 أيام
أرشيف المشاركات
Repost from ကြောက်မက်ဖွယ်ရာဇာတ်လမ်းတွဲများ
1920: Horrors of the Heart (2023)
IMDb - 4.8/10
နာမည်ကြီး "1920" Horror Franchise ရဲ့ နောက်ထပ်လက်ရာတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားဟာ ကလဲ့စားချေမှုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတာပါ။ ဇာတ်လမ်းမှာတော့ Meghna ဟာ သူမရဲ့ဖခင်ဖြစ်သူကို သေကြောင်းကြံအောင် တွန်းအားပေးခဲ့တဲ့ မိခင်ဖြစ်သူအပေါ် ကလဲ့စားချေဖို့ ကြိုးစားရာကနေ စတင်ထားပါတယ်။ ကလဲ့စားချေဖို့အတွက် သူမဟာ ဝိညာဉ်လောကရဲ့ အကူအညီကိုရယူပြီး မိခင်ဖြစ်သူရဲ့ မိသားစုအသစ်ကို ဒုက္ခပေးဖို့ ကြံစည်ပါတော့တယ်။
ဒါပေမဲ့ ဒီလုပ်ရပ်ကနေတစ်ဆင့် သူမမမျှော်လင့်ထားတဲ့ ထိတ်လန့်စရာ အကျိုးဆက်တွေနဲ့ ကြောက်မက်ဖွယ်ရာ ဝိညာဉ်လောကရဲ့ တိုက်ခိုက်မှုတွေကို ပြန်လည်ရင်ဆိုင်ရပုံကို ရင်တထိတ်ထိတ်နဲ့ မြင်တွေ့ရမှာပါ။ သဘာဝလွန် ခြောက်လှန့်မှုတွေအပြင် မိသားစုကြားက လျှို့ဝှက်ချက်တွေနဲ့ ဝမ်းနည်းစရာ သံယောဇဉ်တွေကိုလည်း ပေါင်းစပ်တင်ပြထားပါတယ်။ Horror ကားကြိုက်သူတွေအတွက် တစ်ကားတည်းနဲ့တင် ထိတ်လန့်မှုရော ဒရာမာအရသာပါ ခံစားရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
Joinရန်လင့်🔽🔽
https://t.me/s1932a
ကြည့်ရန်လင့်🔽🔽
https://t.me/s1932a/1571
Repost from Movie MM Sub (ဆရာသခင်ရဲ့ချစ်ကြိုးငယ်)
Fright Night (2011)
____
IMDB (6.4/10)
လက်စ်ဗီးဂတ်မြို့ဟာ နေ့မှာအိပ်ပြီး ညမှာ အလုပ်လုပ်ကြတယ်..အခြေချနေထိုင်သူရှားပြီး ယာယီနေထိုင်သူတွေများတဲ့အတွက် သွေးစုပ်ဖုတ်ကောင်တွေအတွက် နေချင်စရာမြို့လေးပေါ့ဗျာ
ချာလီတို့ အထက်တန်းကျောင်းမှာလည်း အတန်းသားတွေ တစ်ယောက်ပြီးတစ်ယောက် လျော့လျော့လာနေတယ်
အမြဲတမ်း အတည်တကျနေသူတွေမရှိတဲ့ သူတို့မြို့အတွက်တော့ သိပ်မဆန်းဘူးပေါ့
ဒါပေမယ့် ချာလီရဲ့ငယ်သူငယ်ချင်း အဒမ်တို့ မိသားစုကပါ စာမလာသတင်းမကြားဘဲ ပျောက်သွားခဲ့ပါတယ်
အဒမ်ပျောက်သွားတာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ လက်ချက်လို့ နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အက်ဒ်ကပြောလာတဲ့အချိန်မှာတော့ ချာလီလည်းမယုံနိုင်ခဲ့ပါဘူး
အက်ဒ်က သူနဲ့ အဒမ် စုံစမ်းထောက်လှမ်းချက်တွေအရ ချာလီရဲ့ အိမ်နီးချင်း ဂျယ်ရီက သွေးစုပ်ဖုတ်ကောင်ဖြစ်နေပြီး သူ့အကြောင်းကို သိသွားလို့ အဒမ်ကိုသတ်ပစ်လိုက်တာလို့ ပြောပြပေမယ့် ချာလီကတော့ မယုံနိုင်သေးပါဘူး
နောက်တစ်နေ့မှာ အဒမ်ပါ ပျောက်သွားလို့ စုံစမ်းတဲ့အချိန်မှာ သူရဲ့အိမ်နီးချင်း ဂျယ်ရီက သွေးစုပ်ဖုတ်ကောင်ဆိုတာ သိလာတဲ့အခါမှာတော့
Repost from K-Movies
အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။
ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့
အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကို
ပြောနိုင်တဲ့ Face Reader ကြီးပါ။
လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး
ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။
ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။
သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့
မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့
ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ။
ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။
IMDb rating လည်း 6.8/10 ရရှိထားပါတယ်။
အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊
အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကို
အကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။
Joinရန်လင့်🔽🔽
https://t.me/kmovie44
ကြည့်ရန်လင့်🔽🔽
https://t.me/kmovie44/1172
Repost from ဇာတ်ကြမ်းကားသီးသန့်
ပျားအုံ H_i-v_e (2-0-2-6)
==============
IMDB ⭐️ 4.9/10
"ကစားကွင်းထဲက ကလေးတွေရဲ့ နောက်ကွယ်မှာ... ကြောက်မက်ဖွယ် အရာတစ်ခု ရှိနေခဲ့ရင်..."
Psychological Thriller နဲ့ Horror ဇာတ်ကားတွေကို ခုံမင်တဲ့ ဘော်ဒါတို့အတွက် တူဘီ ကနေ ၂၀၂၆ မှာ အသစ်စက်စက် ထွက်ရှိထားတဲ့ "Hive" ဆိုတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားလေးထဲမှာတော့ Marvel ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Doctor Strange 2 ထဲက မင်းသမီးချောလေး Xochitl Gomez က အဓိက ခေါင်းဆောင် ပါဝင်ထားပါတယ်။
ဇာတ်လမ်းကတော့ စိုးရိမ်ပူပန်တတ်တဲ့ ဆယ်ကျော်သက် ကလေးထိန်းမလေး တစ်ယောက်ကနေ စတင်ပါတယ်။ သူ ထိန်းကျောင်းရမဲ့ ကလေးလေးဟာ ကစားကွင်းထဲမှာ မထင်မှတ်ဘဲ ရုတ်တရက် ပျောက်ဆုံးသွားပါတော့တယ်။
ပျောက်သွားတဲ့ ကလေးကို အသည်းအသန် လိုက်ရှာရင်းနဲ့... ကစားကွင်းထဲက တခြားကလေးတွေကပါ ညှို့ခံထားရသလိုဖြစ်နေပြီး တစ်ပုံစံတည်းတစ်ယောက်တည်းလို ပြုမူနေတဲ့အပြင် အကြမ်းဖက်လုပ်ရပ်တွေလည်း လုပ်လာတဲ့အခါ…
နဂိုထဲက Panic attack ရတတ်သူဆိုတော့ စိတ်ပူပြီး ကစားကွင်းနားမှာ ပေါင်းပင်ရှင်းနေတဲ့ အစ်ကိုဖြစ်သူကိုလာခေါ်ခိုင်းပြီး အိမ်ပြန်ဖို့လုပ်ပေမဲ့ အိမ်ပြန်မရောက်နိုင်တော့တဲ့အခါမှာတော့…
ရိုးရိုးခြောက်လှန့်တဲ့ Horror မျိုးတင်မဟုတ်ဘဲ လူတန်းစားခွဲခြားမှုနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ဖိအားတွေကိုပါ Social-thriller ပုံစံမျိုး ထည့်သွင်းရိုက်ကူးထားတာမို့ ကျောချမ်းစရာ Vibe မျိုးကို ရရှိစေမှာ အသေအချာပါပဲ။
ချန်နယ်joinကြည့်ပါ🔽🔽🔽
https://t.me/zktt224
ဇာတ်ကားလင့်ခ်🔽🔽🔽
https://t.me/zktt224/254
Repost from Movie MM Sub (ဆရာသခင်ရဲ့ချစ်ကြိုးငယ်)
Gold Land (2026) 🔥
=================
ဇာတ်လမ်းကတော့ နိုင်ငံတကာလေဆိပ် လုံခြုံရေးဝန်ထမ်း Kim Hui Ju ဟာ သူမရဲ့ချစ်သူကြောင့် မှောင်ခိုဂိုဏ်းတစ်ခုရဲ့ ရွှေတွေကို မတော်တဆ လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ ထိုရွှေတွေအပေါ် စွဲလမ်းသွားပြီး Gold Land ကာစီနိုနဲ့ ပတ်သက်နေတဲ့ ဂိုဏ်းစတားများ၊ စုံထောက်များနဲ့ ငွေတိုးချေးစားသူများကြားထဲ ရောက်ရှိသွားပါတယ်။ လောဘနဲ့ သစ္စာဖောက်မှုတွေ ပြည့်နှက်နေတဲ့ ဒီပြဿနာတွေကြားမှာ သူမ ဘယ်လိုရင်ဆိုင် ရှင်သန်မလဲဆိုတာကို ရိုက်ကူးထားတဲ့ Action Thriller ဇာတ်လမ်းဖြစ်ပါတယ်။
စုစုပေါင်း (၁၀) ပိုင်းပါဝင်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့တိုင်း အပိုင်းသစ် (၂) ပိုင်းစီရမှာဖြစ်ပါတယ်။
Joinရန်လင့်🔽🔽
https://t.me/mmsub226
ကြည့်ရန်လင့်🔽🔽
https://t.me/mmsub226/1230
Repost from Movie MM Sub (ဆရာသခင်ရဲ့ချစ်ကြိုးငယ်)
Mavka The Real Myth (2026)
တက္ကသိုလ်တစ်ခုက ဇီဝဗေဒပါမောက္ခတစ်ယောက်နဲ့ သူ့ကျောင်းသားတွေက နယ်အစွန်အဖျားမှာရှိတဲ့ လူသူမနီးမဝေးတောအုပ်တစ်ခုထဲကို လေ့လာရေးခရီးထွက်လာခဲ့ပါတယ်။
သူတို လေ့လာရေးခရီးထွက်လာခဲ့တဲ့တောအုပ်က ယုံတမ်းပုံပြင်ထဲက ဒဏ္ဍာရီလာ မာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်တွေနဲ့ ရေသူမတွေရှိတယ်လို ဒေသခံတွေက ယုံကြည်ကြပါတယ်။
ဒီမာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်သမီးတွေနဲ့ ရေသူမတွေဟာ နှစ်တစ်နှစ်ရဲ့ အခုလိုအချိန်မှာ တောထဲရောက်လာသူတွေကို ဖမ်းစားတတ်တဲ့အကြောင်း တည်းခိုခန်းပိုင်ရှင်က သတိပေးလိုက်ပါသေးတယ်။
ဒါပေမဲ့ ကျောင်းသားတစ်စုက သိပ္ပံပညာရှင်တွေဆိုတော့ အယုံအကြည်မရှိဘဲ အမှုမဲ့ အမှတ်မဲ့ပါပဲ။ ဒီလိုနဲ့ ခေတ္တတည်းခိုခဲ့တဲ့ တည်းခိုခန်းပိုင်ရှင်ကို နှုတ်ဆက်ပြီး တောထဲကို ခရီးဆက်ထွက်လာခဲ့ပါတယ်။
ဒီလိုနဲ့ တောထဲမှာ စခန်းချပြီး နောက်တစ်ရက်မှာတော့ တောထဲမှာ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ စပြီး တွေ့ဆုံမိတဲ့အခါမှာ ဘယ်လိုကိစ္စတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။
Joinရန်လင့်🔽🔽🔽
https://t.me/mmsub226
ကြည့်ရန်လင့်🔽🔽🔽
https://t.me/mmsub226/1239
Repost from Movie MM Sub (ဆရာသခင်ရဲ့ချစ်ကြိုးငယ်)
T-h-e i-n-t-e-r-n-s-h-i-p (2/0/2/6)
ရနေးဟာ CIA ရဲ့ "The Internship" လို့ခေါ်တဲ့ ထိပ်တန်းလျှို့ဝှက်စီမံကိန်းတစ်ခုမှာ ငယ်စဉ်ကတည်းက ရက်စက်တဲ့ လူသတ်သမားတစ်ယောက်ဖြစ်အောင် အတင်းအကြပ် လေ့ကျင့်သင်ကြားခြင်း ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ။
လက်ရှိအချိန်မှာကတော့ အမျိုးမျိုးသော လွဲချော်မှုတွေကြောင့် The Internship program ကဖျက်သိမ်းခံလိုက်ရပါပြီ။
ရနေးဟာ သူ့ရဲ့ ငယ်ဘဝကို ဖျက်ဆီးခဲ့တဲ့ ဒီအဖွဲ့အစည်းကြီးကို ပြန်လည်ခြေမှုန်းဖို့ ဆုံးဖြတ်ခဲ့ပါ။
သူဟာ သူ့လိုပဲ The Internship program မှာလေ့ကျင့်ခံခဲ့ရတဲ့ အခြား "အလုပ်သင်" တွေကို စုစည်းပြီး CIAကိုလက်စားချေဖို့ကြိုးစားကြပါတော့တယ်။
ဒါပေမဲ့ CIA ဘက်ကလည်း Internship program ကိုပြန်လည်စတင်ဖို့ ရနေးတို့ "အလုပ်သင်"တွေကို ပြန်လည်ဖမ်းဆီးခေါ်ယူဖို့ ကြံစည်နေပါတယ်။
ဒါ့အပြင် ရုရှားဘက်ကလည်း ဒီ ပရိုဂရမ်အကြောင်းသိရှိသွားပြီး အလုပ်သင်တွေကို သတ်ဖို့ ကြိုးစားကြတဲ့အခါဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားပါ။
Repost from အိန္ဒိယဇာတ်လမ်းတွဲများ
Dacoit A Love Story (2026) အချစ်ဇာတ်လမ်းလေးတစ်ပုဒ်
ဘတ်ဂျက်ကုဋေ ၁၀၀ အထိ ကုန်ကျခံရိုက်ကူးထားတဲ့ ၂၀၂၆ ရဲ့ ရုံတင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ကတော့ အာဒီဗီ၊ မူရူနယ်သာကူးတို့လို နာမည်ကြီးတွေနဲ့ ရိုက်ကူးထားပါတယ်......
သစ္စာဖောက်တယ်ဆိုတဲ့စကားကို မသိခင်အချိန်တည်းက မင်းတစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာပါဆိုတဲ့ ဟာရီရဲ့ ဂျူးလိယက်အပေါ်ထားတဲ့မေတ္တာတွေ။
၃နှစ် ၃မိုးတွဲခဲ့ကြပြီး မိုးမမြင် လေမမြင်ချစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းက ကံကြမ္မာအပြောင်းအလဲကြောင့် ေ_သရာပါ ရန်သူတွေဖြစ်သွားကြမယ်မှန်းသာ အစတည်းက ကြိုသိခဲ့ကြရင်...
အီရှက်ခ်ဆိုတဲ့ လူကြီးတစ်ယောက် ထောင်ဝင်စာ လာတွေ့ခဲ့တယ် လာတွေ့တဲ့လူက တခြားမဟုတ် ထောင်နာမည် ဘာချူး ခေါ် ဟာရီပါပဲ အချစ်ရဆုံးလူရဲ့ နောက်ကျောဓားထိုးခံရမှုကြောင့် လက်ထပ်ခွင့်တောင်းမဲ့နေ့မှာပဲ မတရားသဖြင့် ထောင်ထဲရောက်ခဲ့ရတဲ့ ဟာရီ့အဖြစ်ကို လက်မခံနိုင်သူက အီရှက်ခ်ပေါ့။
အကြံကုန်သုံးပြီး ဟာရီတရားမျှတမှုရဖို့ ထောင်ဖောက်ပြေးမဲ့အစီအစဉ်ကိုလည်း အီရှက်ခ်ကပဲ ရေးဆွဲပေးခဲ့သေးတာ။ ဒီလိုနဲ့အပြင်လောကကိုပြန်ရောက်လာတဲ့ ဟာရီတစ်ယောက် ကိုယ်လွတ်ရုန်းသွားမလား တရားမျှတမှုပြန်ရှာမလား။
လှည့်ကွက်ပေါင်းစုံနဲ့ဇာတ်ကားမို့ ဆက်လက်ကြည့်ရှုလိုက်ပါဦး။
Repost from Movie MM Sub (ဆရာသခင်ရဲ့ချစ်ကြိုးငယ်)
Hallan (2025)
IMDb Rating (7.1)
အခုတစ်ခေါက်မှာတော့ လူပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူ 4.3 အရေးအခင်းကာလကို ဇာတ်အိမ်တည် ရိုက်ကူးထားပြီး လက်ရှိပြသနေဆဲ Absolute Value of Romance ထဲက မင်းသမီးလေး Kim Hyang-Gi ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အမေဇာတ်ရုပ်အဖြစ် ပထမဆုံး သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
- ဇာတ်လမ်းအကျဉ်း -
၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူကျွန်းမှာ နှိမ်နင်းရေးတပ်ဖွဲ့ရဲ့ ရန်ကြောင့် ဟန်လာတောင်ပေါ် ထွက်ပြေးတိမ်းရှောင်ရဖို့ ဖြစ်လာတဲ့ အာဂျင်း (Kim Hyang-Gi) က သမီးဖြစ်သူ ဟယ်စိမ်းနဲ့ လူချင်းကွဲကွာသွားခဲ့ရပါတယ်။
ရွာမှာ ကျန်ခဲ့တဲ့ သမီးလေးကို စိုးရိမ်ရင်းနဲ့ တောင်ပေါ်တက်လာတဲ့ အာဂျင်းတစ်ယောက် စစ်တပ်ကနေ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီဆိုတဲ့ အကြောင်း ကြားသိလိုက်ရတဲ့အခါ သမီးလေးကို ရှာဖို့ တောင်အောက်ကို ပြန်ဆင်းလာပါတော့တယ်။
သမီးကို ကယ်တင်ဖို့ ငရဲတွင်းထဲ ပြန်ဆင်းလာတဲ့ အာဂျင်းနဲ့ အမေ့ကို ရှာဖို့ တောင်ပေါ်တက်လာတဲ့ သမီးလေး ဟယ်စိမ်း... သူတို့သားအမိနှစ်ဦးရဲ့ ရှင်သန်ရေးတိုက်ပွဲက ဘယ်လိုဆက်ဖြစ်မှာလဲ...
သမိုင်းရဲ့ နာကျင်ဖွယ် ဒဏ်ရာတွေကြားက ကြီးမားတဲ့ မိခင်မေတ္တာကို ပုံဖော်ရိုက်ကူးပြထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
