ar
Feedback
Nadi Aya Farm

Nadi Aya Farm

الذهاب إلى القناة على Telegram

မျိုးရိုးစစ်မှန်သော တိုက်ကြက်များကိုသာရောင်းချပေးပါသည်။ 09 757 254 269

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
450
المشتركون
لا توجد بيانات24 ساعات
+557 أيام
+5630 أيام
أرشيف المشاركات

photo content
+7

မီးကျားပြန်စီချွတ်

photo content

ကြက်သားထိုးခြင်းအနုပညာ အပိုင်း(1) မြန်မာပြည်ကြက်လောကကြီးမတိုးတတ်ရခြင်းအကြောင်းအရင်းရဲ့70%လောက်ကယခုဖော်ပြပေးသွားမယ့်သားထိုးခြင်းနှင့်သက်ဆိုင်တဲ့အကြောင်းအရာတွေနှင့်တိုက်ရိုက်အချိုးကျနေမည်ဆိုလျှင်အံ့အားသင့်ဖွယ်မရှိပါ။ နိုင်ငံတကာကြက်လောကအသိုင်းအဝိုင်းမှာ Fighter လိုင်း နှင့်Breeder လိုင်းတို့ကမျှတစွာအလုပ်လုပ်နေသည့်အပြင် စီးပွားရေးကိုဦးတည်ထားသောဆက်စပ်ပစည်းနှင့်အစာများကလည်းသူ့မျှခြေနှင့်သူရှိနေလေတော့အရှိန်အဟုန်ဖြင့်တိုးတတ်နေသည်မှာလက်တွေ့ပင်။ ငါတို့မြန်မာပြည်က ကြက်သမားအချို့သည်အချို့ထင်နေသလိုနုံလို့ အလို့မဟုတ်ဘဲ ငွေကြေး လူမှုရေး ဘဝပေးအခြေအနေ လွယ်လွယ်ကူကူမရနိုင်သောဆက်စပ်ပစည်းများနှင့်ခေါတ်အဆက်ဆက် ဖျက်ဆီးခံခဲ့ရသောစောက်တလွဲအယူအဆများစွာကြောင့်သာ ငါတို့မြန်မာ့တ်ုက်ကြက်မျိုးရင်း‌ေကာင်းတွေကိုဆက်လက်ထိမ်းသိမ်းမထားနိုင်သလို အဆင့်မြင့်တင်နိုင်မှုမှာလည်းအလွန်အားနည်းနေလေပြီ။ ဤအထဲကမှဦးစွာပထမပြောပြခြင်တာက သားထိုးနည်းနှင့်ပါတ်သတ်တဲ့‌ေစာက်တလွဲအယူအဆတွေကိုအရင်အမုန်းခံ၍တင်ပြပါမည်။ သားထိုးခြင်းနှင့်ပါတ်သတ်၍စောက်တလွဲအယူအဆများ မြန်မာ့တိုက်ကြက်သားထိုးခြင်းနှင့်ပါတ်သတ်တဲ့စောက်တလွဲအယူအဆတွေထဲကမှအဓိကမျိုးပျက်တဲ့အယူအဆကတော့ သွေးနီးသားစပ်ခြင်းကိုတို့မြန်မာ‌ေတွကလုံးဝလက်မခံခြင်းပါဘဲ။အဲ့တာကလည်းရှေးယခင်ကတည်းကသွေးအလွန်နီးတဲ့ကြက်တွေကိုသားထိုးပြီးဖြစ်ပေါ်လာတဲ့ဘေးထွက်ဆိုးကျိုးတွေကိုမဖြေရှင်းနိုင်တာကြောင့် Breeder တစ်ယောက်ရဲ့ Breeding သဘောတရားကိုတကယ်လက်တွေ့အကြိမ်ကြိမ်မစမ်းသပ် မလေ့လာဘဲယုံတမ်းတွေ ကြက်ဗေဒင်တွေနဲ့လမ်းဆုံးနေတတ်တဲ့ တကယ်သားမထိုးတတ်တဲ့လူပိန်းတွေရဲ့ နောင်လာနောင်သားတွေ၏ခေါင်းထဲချီးပါချတဲ့အဓိကအချက်ဖြစ်နေပါတယ်။ နောက်တစ်ချက်ကတော့ စောက်ဖြစ်မရှိတဲ့ဦးနှောက်နဲ့ ဟင်းစားကြက်တွေဖြစ်အောင်ဖောက်ပြီးကိုယ့်ကြက်ကဘာမျိုးလဲဆိုတာတောင်ပြောမရအောင်ဖောက်တဲ့ မျိုးရင်းကွဲသားဖောက်နည်းဘဲဖြစ်ပါတယ်။ ဥပမာ မြန်မာ့မျိုးရင်းတိုက်ကြက်ကို စစ်တကောင်းနဲ့ဖောက်တာ ထိုင်းကြက်လို့လူသိများတဲ့ pakoy နဲ့ဖောက်တာ ပါကစ်ကြက်နဲ့ဖောက်တာ ဗီယက်နမ်ကြက်နဲ့ဖောက်တာ တွေဘဲဖြစ်ပါတယ်။ ထပ်ရှင်းအောင်တင်ပြရရင် မြန်မာ + မြန်မာ=တိုက်ကြက် အကြိုက်ဆုံး မြန်မာ +စားကြက်=စားကြက် မြန်မာ+ပါကစ်=ဟင်းစားသာသာ မြန်မာ+ဗီယက်နမ်=ဟင်းစားသာသာ မြန်မာ+pakoy=3နှစ်ဖောက်တာ ကြက်ဖအကောင်500ဝန်းကျင်လောက်မှ 3ကောင်ဘဲဝိုင်းကြီးရောက်ဘူးတယ်။ကျန်တာသုံးစားမရတဲ့တစ်လစ်တစ်လစ်။ အဲ့3ကောင်က မွေးထိုးဘဝမှာသူခွပ်ပြီးသူအော်ပြေးတာ က2ကောင်။တစ်‌ေကာင်က‌ေတာ့ဧရာဝတိီတိုင်းဟိုင်းကြီးကျွန်းတစ်ဝိုက်မှာ 2ကောင်1ကောင်‌ေပးတိုက်ရတဲ့ကြက်‌ေကျာ် ဘိုကေဆိုတဲ့ကြက်ဖြစ်လာတာဘဲ။အဲ့ဘို‌ေကဆိုတဲ့ကြက်ကအခုချိန်ထိရှိ‌ေသးတယ် အသက် 6နှစ်ရှိပါပြီ။သားလံုးဝမထွက်ပါ။နောက်များ pakoy ကပြားဆိုချက်စားရတာများတော့ဟင်းစားလို့တောင်မြင်‌နေမိပြီ။ Pakoy+pakoy=တကယ်ကြိုက်လည်းကြိုက်တယ် ကြက်စိတ်ကြက်သည်းလည်းမာတယ်စမ်းသက်ကလိဘူးတာလေးဗဟုသုတအနေနဲ့သက်သက်တင်ပြတာပါ pakoy အချင်းချင်းဖောက်တာက။ နောက်ဆုံးအချက်အနေနဲ့ မျိုးရိုးဗီဇတည်ငြိမ်တဲ့မြန်မာ့တိုက်ကြက်တွေရဲ့တန်ဘိုးကိုတကယ်နားမလည်တာကြောင့်တစ်ကြောင်း အတွေးအခေါ်ကျဉ်းမြောင်း တဲ့လုပ်ရပ်အချို့ကြောင့်မြန်မာ့မျိုးရင်းကြက်ကောင်း အချို့ပျောက်ကွယ်ပျက်စီးခဲ့ကြတာဖြစ်ပါတယ်။ ဥပမာ မျိုးရိုးဗီဇတည်ငြိမ်တဲ့တိုက်ကြက်မျိုးတွေကိုတန်ရာတန်ကြေးမရလို့ချက်စားတာမျိုး မျိုးပြန့်မှာစိုးလို့ချက်စားတာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ နောက်တစ်ခုကဆန့်ကျင်ဘက်ဗီဇတွေကိုကောင်းလာနိူးနိုးမျှော်လင့်ပြီးစောက်တလွဲသားဖောက်တာဘဲဖြစ်ပါတယ်။ဒီအချက်ကတော့အတိအကျမှားတယ်လို့မဆိုခြင်ပေမယ့်ကျွန်တော်ကိုတိုင်အကြိမ်များစွာစမ်းသပ်တဲ့ရလဒ်ကတကယ်ကိုလက်ခံခြင်စရာမရှိပါ။ခြွင်းချက်အနေနဲ့အကောင်100မှာ1ကောင်တလေကာင်းတာပါလည်းပါမီာပေါ့ ဒါပေမယ့် breeder တစ်ယောက်ဆိုတာ ဖောက်သမျှကြက်တွေကိုအကုန်မကောင်းရင်တောင်မှ စားကြက်သာသာအညံ့တွေမပါဘဲတည်ငြိမ်တဲ့ဗီဇလခဏာတွေအပြည့်အဝပါလာဘို့သာအဓိကဆိုတော့ဆန့်ကျင်ဘက်တွေသားထိုးတာမှားတယ်လို့ယူဆပါတယ်။ ယခုရေးပြထားတဲ့အကြောင်းအရာတွေက ကိုယ်တိုင်ဖြတ်သန်းလာရတဲ့အတွေ့အကြုံတွေကိုလက်တွေ့မြင်သလောက်ပြောပြခြင်းသက်သက်ပါ။အားလုံးဘဲခေါတါအဆက်ဆက်ဖင်ချခံလာရတဲ့ဂျင်းတွေကင်းဝေးကြပါစေဗျာ။ Nadi Aya Farm 26/12/25

+1

ဆာမူရိုင်းနဲ့ မဂို 33သိန်းသမီး ရဲ့သားလေး Ronin အချိန်တန်လို့အရိုးအသက်ရရင်ဘာလဲဆိုတာပြမယ်

photo content

နေလှန်းခြင်းဖြင့်အသက်ရှုလမ်း‌‌ေကြာင်းအတွင်းရှိအချွဲဓာတ်များ ခြောက်သွေ့ပြီး ပါးလွှာသွားကာ၊ တိုက်ပွဲမဝင်မီ ကြက်ကို ပေါ့ပါးလန်းဆန်းစေပါသည်။ အချွဲဓာတ် ကင်းစင်ပြီး ခန္ဓာကိုယ် ခြောက်သွေ့ပါက ကြက်သည် တိုက်ပွဲအတွင်း အသက်ရှူရ ပိုမိုလွယ်ကူပြီး မောပန်းလွယ်ခြင်းကို လျော့နည်းစေသည်။ အချွဲဓာတ် အလွန်အကျွံ ရှိနေခြင်းသည် ရောဂါလက္ခဏာလည်း ဖြစ်နိုင်သောကြောင့် ပုံမှန်မဟုတ်ဘဲ ချွဲသလိပ်တွေများနေပါကဆေးဝါးကုသမှုအရင်လုပ်သင့်တယ်။။ နေလှန်းခြင်းသည် ပုံမှန် ပြုစုစောင့်ရှောက်မှု နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုသာ ဖြစ်သည်။ နေလှန်းခြင်းဖြင့် သက်လုံကောင်းခြင်း (Endurance) နေလှန်းခြင်းသည် တိုက်ကြက်များအတွက်တိုက်ရိုက် လေ့ကျင့်ခန်း ကဲ့သို့ သက်လုံကို ချက်ချင်း တိုးမြှင့်ပေးခြင်းမျိုး မဟုတ်သော်လည်း သွယ်ဝိုက်သောနည်းဖြင့် သက်လုံကို အထောက်အပံ့ပေးပါသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အချွဲဓာတ်ကျဆင်းခြင်းကြောင့် လေရှူသွင်း၊ ရှူထုတ်မှု ကောင်းမွန်လာပြီး အောက်ဆီဂျင်ကို ပိုမို ထိရောက်စွာ ရရှိစေသည်။ သက်လုံကောင်းရန်အတွက် အောက်ဆီဂျင် လုံလောက်စွာရရှိမှုသည် အရေးကြီးဆုံးဖြစ်သည်။ နေလှန်းခြင်းမှ ရရှိသော ဗီတာမင် D_3 သည် ကြက်၏ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါသည်။ ကျန်းမာရေးကောင်းမွန်သော ကြက်သည် ဖျားနာခြင်းမှ ကင်းဝေးပြီး လေ့ကျင့်ခန်းများကို ပိုမို ပုံမှန်လုပ်ဆောင်နိုင်သောကြောင့် သက်လုံ လေ့ကျင့်ခန်းများ၏ ရလဒ်ကို ပိုမိုကောင်းမွန်စေပါသည်။ ဗီတာမင် D_3 ကြောင့် အရိုးနှင့် ကြွက်သားများ ခိုင်မာလာခြင်းသည် လေ့ကျင့်ခန်းများကို ပိုမို အပြင်းအထန် လုပ်ဆောင်နိုင်စွမ်းကို ပေးစွမ်းပြီး ယင်းက နောက်ဆုံးတွင် သက်လုံကို တိုးတက်စေပါသည်။ နေလှန်းခြင်းသည် သက်လုံ၏ အခြေခံဖြစ်သော ကျန်းမာရေးနှင့် အသက်ရှူလမ်းကြောင်း စွမ်းဆောင်ရည်ကို တိုးတက်စေသော်လည်း အကောင်းဆုံး သက်လုံရရှိရန်အတွက် အမောလုံစေတဲ့လေ့ကျင့်ခန်း များကို ပုံမှန် ထပ်ဆောင်း လုပ်ဆောင်ရန် လိုအပ်ပါသည်။ နေလှန်းခြင်းနှင့် အဆီကျခြင်း (Weight Loss / Conditioning) နေလှန်းခြင်းကြောင့် တိုက်ကြက်၏ အလေးချိန် ကျဆင်းခြင်းသည် အဆီကျခြင်းသက်သက်ထက် ခန္ဓာကိုယ် ရေဓာတ်နှင့် အချွဲဓာတ် ခြောက်သွေ့ခြင်းနှင့် ပိုမိုသက်ဆိုင်ပါသည်။သို့ပေသော်လည်းသွယ်ဝိုက်သောနညါးလမ်းများဖြင့်အဆီကျစေရန်အထောက်အကူပြုပါသည်။ နေပူရှိန်ကြောင့် ကိုယ်အပူချိန် တက်လာပါက ကြက်၏ ဇီဝကမ္မဖြစ်စဉ် (Metabolism) သည် ပုံမှန်ထက် ပိုမိုမြန်ဆန်လာသည်။ အပူချိန်ကို ထိန်းညှိရန် စွမ်းအင် (ကယ်လိုရီ) ကို ပိုမိုသုံးစွဲရသည်။ ဤသုံးစွဲမှုသည် ရေဓာတ်ဆုံးရှုံးမှုကဲ့သို့ ချက်ချင်း မသိသာသော်လည်း ပုံမှန် လေ့ကျင့်ခန်းလုပ်‌ေနစဥ်အချိန်အတွင်း နေလှန်းခြင်းကို ပေါင်းစပ်ပါက ခန္ဓာကိုယ်တွင်းရှိ မလိုအပ်သော အဆီများကို လောင်ကျွမ်းစေရာတွင် သွယ်ဝိုက်သောနည်းဖြင့် အထောက်အကူ ဖြစ်စေသည်။ တိုက်ကြက်များကို နေလှန်းခြင်းဖြင့် အဆီကျစေရန်ထက် လိုချင်သော တိုက်ပွဲဝင်အလေးချိန် (Fighting Weight) ကို ထိန်းညှိရန်နှင့် ခန္ဓာကိုယ် ခြောက်သွေ့ပေါ့ပါးမှု (Lean and Dry) ရရှိစေရန် ရည်ရွယ်ပါသည်။ နေလှန်းခြင်းဖြင့် ခန္ဓာကိုယ် လိုအပ်သည်ထက် ပိုလျှံနေသော ရေဓာတ်များ ကင်းစင်သွားပြီး ကြက်သည် တိုက်ပွဲအတွင်း ပိုမိုပေါ့ပါးသွက်လက်စေပါသည်။ နေလှန်းခြင်းသည် လူသားများ ကယ်လိုရီလောင်ကျွမ်းသကဲ့သို့ တိုက်ရိုက် အဆီချခြင်းထက် ရေဓာတ်နှင့် အချွဲဓာတ်ကို ခြောက်သွေ့စေခြင်းဖြင့် အလေးချိန်ကို ချက်ချင်း လျှော့ချခြင်းသာ ဖြစ်သည်။ နေလှန်းခြင်းဖြင့် အလေးချိန်ကို ထိန်းညှိရာတွင် အလွန်အကျွံ ရေဓာတ်ခန်းခြောက်မှု မဖြစ်စေရန် အချိန်အတိုင်းအတာကို သတိထား၍ စောင့်ကြည့်ရပါမည်။ အနှစ်ချုပ်ပြောရမယ်ဆိုရင်နေလှန်းတာက ကြက်အသားအရေခြောက်‌ေသွ့မာကျောစေမယ် အချွဲတွေလျော့နည်းစေမယ် သက်လုံကောင်းစေမယ်ဆိုတာတွေထက်အဓိကအကျဆုံးက ကိုယ်အလေးချိန်ထိန်းတာပါ။ လက်ရှိမြန်မာ့ကြက်လောကရဲ့ တိုက်ဝိုင်းအတွင်းကအဓိကပြသနာက ရှိသင့်ရှိထိုက်တဲ့ကိုအလေးချိန်ထက်ပိုနေတာကြောင့်ကြက်ကောင်းတွေခြေမှန်မခွပ်ဘဲကြက်ခွပ်အီသလို ကြက်ရာင်းသူနဲ့ဝယ်သူကြားအမြင်တွေကွဲလွဲနေရတာဖြစ်ပါတယ်။ မိတ်ဆွေသင်သာတိုက်ကြက်ကိုတကယ်သာစိတ်ရောကိုယ်ရောနှစ်မြုပ်ပြီးဝါသနာပါခဲ့ရင် တိုက်ကြက်ကောင်းတွေအတွက်ကျွေးမွေးဂရုစိုက်တာတွေကို ဘာအကြောင်းကြောင့်ဘာလုပ်တယ်ဆိုတာသေချာသိအောင်လေ့လာဘို့အကြံပေးပါရစေ။ ခြေစီးခြေပါတ်တွေအမှီးအမောက်အဂါရပ်တွေကြည့်ပြီးထိုင်လွမ်းနေရမဲ့အကွက်တွေထက်လက်တွေ့ကျတဲ့ အကျိုးအကြောင်းခိုင်လုံတဲ့ အချက်တွေနဲ့ ကြက်ကောင်းတွေပြင်တဲ့ ကြက်ပြင် ကောင်းသူတွေဖြစ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ Nadi Aya Farm 23/11/2025

၂။ နေရောင်ခြည် အပူဓာတ်သည် အမွေးအမှင်များကို ခြောက်သွေ့သန့်ရှင်းစေပါသည်။ နေလှန်းခြင်းဖြင့် အမွေးများအတွင်း ပုန်းအောင်းနေနိုင်သော မှို၊ ဗက်တီးရီးယားနှင့် သန်းစသည့် ပြင်ပကပ်ပါးကောင်များကို သေစေခြင်း သို့မဟုတ် ဖယ်ရှားပေးခြင်းတို့ကြောင့် အမွေးကျွတ်ခြင်းနှင့် အရေပြားရောဂါများကို ကာကွယ်ပေးပါသည်။ သန့်ရှင်းပြီး ကျန်းမာသော အမွေးအတောင်များသည် ပေါ့ပါးသွက်လက်စေပြီး ပြင်ပဒဏ်ရာများမှ ကာကွယ်ပေးနိုင်စွမ်း မြင့်မားစေပါသည်။ ၃။ နေရောင်သည် ကြက်ကို နွေးထွေး၊ တက်ကြွလန်းဆန်းစေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါသည်။ ဗီတာမင် D_3 သည် ကိုယ်ခံအားစနစ် (Immune System) ကို ကောင်းမွန်စေပြီး ဖျားနာခြင်းကို လျှော့ချပေးပါသည်။ စိတ်ပျော်ရွှင် ကျန်းမာသောကြက်သည် လေ့ကျင့်ခန်းလုပ်ရာတွင် ပိုမိုအားထုတ်နိုင်ပြီး တိုက်ပွဲဝင်လိုစိတ် ပိုမိုပြင်းပြစေပါသည်။ နေလှန်းခြင်းသည် အကျိုးများသော်လည်း အချိန်အတိုင်းအတာနှင့် နည်းလမ်း မမှန်ပါက ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။ ဆိုးကျိုး ၁။ နေ့လယ်ခင်းကဲ့သို့ အပူချိန် အမြင့်ဆုံးအချိန်တွင် ကြာမြင့်စွာ နေလှန်းပါက ကြက်သည် အပူလွန်ကဲခြင်း (Heat Stroke) ခံရနိုင်ပါသည်။ ရေဓာတ် လွန်ကဲစွာ ဆုံးရှုံးပြီး သေဆုံးသည်အထိ ဖြစ်စေနိုင်ပါသည်။ နံနက် ၈:၀၀ မှ ၁၀:၀၀ သို့မဟုတ် ညနေ ၄:၀၀ မှ ၅:၀၀ ကဲ့သို့သော နေရောင်အသင့်အတင့်ရှိပြီး နေခြည်နုနုရတဲ့အချိန်များတွင်သာ လှန်းသင့်ပါသည်။ ၂။ နေလောင်ခြင်း အမွေးနည်းပါးသော ကြက်များတွင် နေရောင်ခြည် ပြင်းထန်လွန်းပါက အရေပြားနေလောင်ခြင်း (Sunburn) ဖြစ်ပွားနိုင်ပြီး နာကျင်စေပါသည်။ ၃။ အချိန်ကြာမြင့်စွာ လှန်းခြင်း၏ ဘေးထွက်ဆိုးကျိုး နေရောင်ခြည်ကို လိုအပ်သည်ထက် ပိုမိုရရှိခြင်းသည် ဗီတာမင် D_3 လွန်ကဲစေမှု (Vitamin D_3 Toxicity) ကို ဖြစ်စေနိုင်ပြီး ရှားပါးသော်လည်း မကောင်းသော အကျိုးဆက်များ ရှိနိုင်ပါသည်။ အကောင်းဆုံးအနေအထားမှာ နေလှန်းမည့်ကြက်တစ်ကောင်ကို 30မိနစ်ဝန်းကျင်လောက်နေလှန်းတာအကောင်းဆုံးပါ။ အကောင်းဆုံးနေလှန်းရန်အချိန်မှာ မနက် 8-10နာရီကြား ညနေဆို 4-5နာရီကြားကအကောင်းဆုံးပါ။ မနက်နှင့်ညနေတောင်မှမနက်ပိုင်းနေလှန်းတာပိုကောင်းပါတယ်။ တိုက်ကြက်ကို နေလှန်းခြင်းမပြုလုပ်မီ စနစ်တကျ ပြင်ဆင်ခြင်းသည် အပူဒဏ်ကို ကာကွယ်ရန်နှင့် နေရောင်ခြည်၏ အကျိုးကျေးဇူးကို အပြည့်အဝ ရရှိစေရန်အတွက် အရေးကြီးပါသည်။ နေလှန်းခြင်းမစခင် ကြက်ကို ပြင်ဆင်ခြင်း ၁။ ရေဓာတ်ဖြည့်တင်းခြင်း (Hydration) နေလှန်းခြင်းမပြုမီ ကြက်၏ ခန္ဓာကိုယ်ထဲတွင် ရေဓာတ် လုံလောက်စွာ ရှိနေရန် အရေးကြီးဆုံးဖြစ်သည်။ နေလှန်းနေစဉ် ကြက်များသည် လူကဲ့သို့ ချွေးပေါက်များမှ ချွေးမထွက်သော်လည်း အသက်ရှူခြင်းဖြင့် ရေဓာတ်ဆုံးရှုံးသည်။ နေလှန်းခြင်း မပြုလုပ်မီ 10 မိနစ် ခန့်အလိုတွင် ကြက်အား ရေသန့်ကို ဇလုပ်တစ်ဝက် ခန့်တိုက်ပေးပါ။ အလွန်အကျွံ အတင်းအကြပ် တိုက်ရန် မလိုအပ်ပါ။ ရေဓာတ်ပြည့်ဝနေခြင်းက ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးရာတွင် အထောက်အကူပြုပြီး Heat Stroke ဖြစ်နိုင်ခြေကို လျော့ပါးစေသည်။ ၂။ သန့်ရှင်းရေး ပြုလုပ်ခြင်း နေရောင်ခြည်ကို အကောင်းဆုံး ရယူနိုင်ရန်အတွက် ကြက်ကို သန့်ရှင်းထားသင့်ပါသည်။ ကြက်၏ အမွေးအတောင်များသည် ဖုန်မှုန့် သို့မဟုတ် အညစ်အကြေးများ ကပ်ညှိနေပါက နေရောင်ခြည် (UVB) ကို အရေပြားနှင့်အမွှေးအတောင်များဆီသို့ ရောက်ရှိစေမှု အားနည်းစေသည်။ နေမလှန်းမီ ကြက်တစ်ကိုယ်လုံးကို လက်ဖြင့် သို့မဟုတ် ရေစွတ်ပြီးစင်အောင်ပြန်ညှစ်ထားသောအဝတ်ဖြင့်အရင်သန့်ရှင်းရေးလုပ်ပါ။ ၃။ နေရာရွေးချယ်ခြင်းနှင့် အသင့်ပြင်ဆင်ခြင်း နေလှန်းမည့် နေရာကို ကြက်အတွက် အကောင်းဆုံး ဖြစ်စေရန် အတွက် နာရီဝက်လုံးနေရောင်ထိစေမည့်နေရာကိုရွေးချယ်ပါ။ခြောက်သွေ့ရန်လိုအပ်သည်။ နေလှန်းနေစဉ်အတွင်း ကြက်သည် လိုအပ်လျှင် အလွယ်တကူ သောက်နိုင်ရန် ရေခွက်ကိုထားပေးထားပါ။ ၄။ အချိန် နေလှန်းခြင်းအတွက် အကောင်းဆုံးအချိန် ဖြစ်သော နံနက်ပိုင်း ၈:၀၀ မှ ၁၀:၀၀ ကြား (သို့မဟုတ်) ညနေ ၄:၀၀ မှ ၅:၀၀ ကြားတွင်သာ စတင်ပါ။ တစ်ခါမှနေမလှန်းဘူးတဲ့ကြက်တွေဆို စစလှန်းခြင်း 5မိနစ်လောက်ကစပြီးလှန်းပါ။ 2/3ရက်တစ်ခါ 5မိနစ်စီအချိန်တိုးပါ။ နာရီဝက်သာနောက်ဆုံးထားလှန်းပါ။ နေ့စဉ်လုပ်ဆောင်ရမယ့်အလုပ်ဖြစ်တဲ့အတွက် နာရီဝက်ထက်မပိုသင့်ပါ။ တိုက်ဝိုင်းဆင်းရန် 2/3ရက်အလိုတွင်နေလှန်းခြင်းကို ခန နားထားပါ။ နေလှန်းခြင်းဖြင့် အချွဲကျ‌ခြင်း (De-Phlegm/Dry Heat) နေလှန်းခြင်းသည် တိုက်ကြက်၏ ခန္ဓာကိုယ်တွင်းရှိ အစိုဓာတ် ပိုလျှံမှုနှင့် အချွဲဓာတ်များကို ဖယ်ရှားရာတွင် များစွာ အထောက်အကူပြုပါသည်။ အချွဲကျခြင်း ဖြစ်ပေါ်ပုံ နေရောင်ခြည်သည် ကြက်၏ ခန္ဓာကိုယ်ကို နွေးစေပြီး အတွင်းပိုင်း အပူချိန်ကို မြှင့်တင်ပေးပါသည်။ ဤအပူဓာတ်သည် အသက်ရှူလမ်းကြောင်း (ပါးစပ်၊ နှာခေါင်း) နှင့် အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်တွင်းရှိ စိုထိုင်းမှုနှင့် ပိုလျှံနေသော ရေဓာတ်များကို လျှော့ချပေးပါသည်။

ပြင်ကြက်တစ်ကောင်အတွက်ရေတိုက်ခြင်းနှင့်နေလှန်းခြင်းအနုပညာ ကျွန်တော်သည် တိုက်ကြက်နှင့်ပါတ်သတ်လာလျင်မိမိလုပ်ဆောင်လိုက်သောအလုပ်တိုင်းကို ခံစားပြီးလုပ်တတ်တာကြောင့်ရေတိုက်တာကိုတောင်အနုပညာလို့တင်စားရခြင်းဖြစ်ပါတယ်။ တနည်းဆိုသော် ကြက်ရူးပေါ့ဗျာ။ ယခု post လေးမှာတော့ တိုက်ကြက်တကောင်အတွက် ဘာကြောင့်ရေတိုက်ရသလဲဆိုတာနှင့်နေဘာကြောင့်လှန်းရသလဲဆိုတာလေးကိုမျှဝေပေးပါ့မယ်။ ရေတိုက်ခြင်းအနုပညာ တိုက်ကြက်တစ်ကောင်အတွက်ရေသည် သွေးထဲရှိ အာဟာရဓာတ်များကို တစ်ကိုယ်လုံးသို့ ပို့ဆောင်ပေးပြီး အစာချေဖျက်ခြင်း (Digestive System) ကို အထောက်အကူပြုသည်။ လေ့ကျင့်ခန်းနှင့် နေပူဒဏ်ကြောင့် တက်လာသော ကိုယ်အပူချိန်ကို အသက်ရှူခြင်း၊ အရေပြားမှတစ်ဆင့် ရေငွေ့ပျံခြင်းတို့ဖြင့် လျှော့ချရာတွင် ရေသည် မရှိမဖြစ် လိုအပ်သည်။ ရေသည် ကျောက်ကပ်မှတစ်ဆင့် မလိုအပ်သော အဆိပ်အတောက်များ (Toxins) ကို စွန့်ထုတ်ရာတွင် ကူညီပေးသည်။ ရေဓာတ်ပြည့်ဝပါက ကြွက်သားများ ကောင်းစွာလှုပ်ရှားနိုင်ပြီး ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးသည်။ တစ်ခါတည်းတွင် လိုအပ်သည်ထက် ရုတ်တရက် ရေအလွန်အကျွံ တိုက်ပါက ကြက်၏ ခန္ဓာကိုယ်တွင်းရှိ ဆားဓာတ်အချိုးအစား ပျက်ယွင်းသွားနိုင်သည်။ လေ့ကျင့်ခန်း မပြုလုပ်မီ ရေများများ တိုက်ပါက လှုပ်ရှားနေစဉ်အတွင်း လှုပ်ခါမှုကြောင့် အချွဲဓာတ်များ ပြန်ထွက်လာခြင်း (သို့) အစာအိမ်ပြည့်တင်း၍ လေ့ကျင့်ခန်းကို ထိရောက်စွာ မလုပ်ဆောင်နိုင်ခြင်းတို့ ဖြစ်နိုင်သည်။ မနက်ပိုင်းအိပ်တန်းဆင်းပြီးခဏအကြာမှာရေတိုက်ခြင်းတွင် တစ်ညလုံး နားပြီးနောက် ရေတိုက်ခြင်း ကြောင့် အစာလမ်းကြောင်းကို သန့်စင်စေပြီး အစာအိမ်နှင့် အူလမ်းကြောင်း လှုပ်ရှားမှု (Peristalsis) ကို စတင်စေသည်။ တစ်ညတာအတွင်း ခန္ဓာကိုယ် အပူချိန်နှင့် အသက်ရှူနှုန်းတို့ကြောင့် ဆုံးရှုံးသွားသော ရေဓာတ်ကို အမြန်ဆုံး ဖြည့်တင်းပေးသည်။ ကြက်ကို လန်းဆန်းတက်ကြွစေပြီး နေ့စဉ် လှုပ်ရှားမှုများနှင့် လေ့ကျင့်ခန်းများအတွက် ပြင်ဆင်ပေးသည်။ အိပ်တန်းမှဆင်းဆင်းခြင်း ရေအဝတိုက်လိုက်ပါက အစာအိမ်ထဲတွင် ရေများ ပြည့်နေပြီး လေးလံထိုင်းမှိုင်းသွားနိုင်သည်။ ၎င်းသည် ချက်ချင်း လေ့ကျင့်ခန်း စတင်ပါက ကြက်ကို မသက်မသာ ဖြစ်စေနိုင်သည်။ ဆောင်းတွင်းနှင့်မိုးတွင်းတို့တွင် အိပ်တန်းမှ ချချချင်း ခန္ဓာကိုယ် နွေးနေချိန်တွင် အလွန်အေးသော ရေကို ရုတ်တရက် အဝတိုက်မိပါက ကြက်၏ ခန္ဓာကိုယ် အပူချိန်ကို ရုတ်တရက် ကျဆင်းစေပြီး အအေးမိခြင်း (သို့) ဖျားနာခြင်းမျိုး ဖြစ်စေနိုင်သည်။ မနက်ပိုင်းအိပ်တန်းဆင်းချိန်ရေတိုက်မည်ဆိုပါက ကြက်ကို 5မိနစ်‌ေလာက်အရင်‌ေကျာင်းပြီးမှတိုက်ပါ။၎င်းသည် ခန္ဓာကိုယ်ကို နိုးကြားစေပြီး အစာအိမ်ကို လှုပ်ရှားစေသည်။ ထို့နောက် ရေသန့် (အခန်းအပူချိန်ရှိသောရေ) ကို ဇလုပ်တစ်ဝက်လောက်သာတိုက်ပါ။ ဇလုပ်အပြည့်တိုက်ပါက အစာအိမ်အတွင်းအက်စစ်ဓါတ်များလျော့သွားကာအစာချေဖျက်မှုကိုကြံ့ကြာနှောင့်နှေးစေပြီးစားသမျှအဟာရစုပ်ယူနိုင်စွမ်းလျော့ကြစေပါတယ်။ ပြင်ကြက်တစ်ကောင်အတွက် လေ့ကျင့်ခန်းမစမီ 10မိနစ်လောက်ကြိုတင်ပြီးရေကိုဇလုပ်3ပုံ 1ပုံအနေအထားလောက်တိုက်ပေးပါ။ လေ့ကျင့်ခန်းအချို့လုပ်နေစဉ်မှာ အာရုံစူးစိုက်မှုကောင်းစေရန် ကြွက်သားတွေပေါ့ပါးသွက်လက်‌ေစရန် ရေဓါတ် ဆုံးရှုံးမှုနည်းစေရန်အတွက်ကြိုတင်တိုက်ရခြင်းဖြစ်ပါတယ်။ နေ့လယ်ခင်း ပုံမှန်အနားယူချိန် (အပူချိန်မြင့်ချိန်) သန့်ရှင်းသောရေကို အမြဲတမ်း သောက်သုံးနိုင်ရန် ထားပေးပါ။ ပုံမှန် ရေဓာတ်လိုအပ်ချက်ကို ဖြည့်တင်းရန်ဖြစ်ပါတယ်။ သတိထားရမှာက ဘယ်ရာသီဥတုမဆိုရေကို အခန်းအပူချိန်ရှိသောရေသာတိုက်ပါ။ တိုက်ရင်လည်းဘယ်လိုအချိန်မျိုးမှာတိုက်တိုက်ဇလုပ်တစ်ဝက်ထက်မပိုပါစေနှင့်။ သန့်ရှင်းသောရေကိုသာတိုက်ပါ။ နေလှန်းခြင်းအနုပညာ တိုက်ကြက်ပညာရှင်အများစုက မွှေးထိုးကြက်အများစုသာ ပြန်ဆီချွတ်ရင် နေလှန်းတတ်ကြပါသည်။ အချို့ကြက်ပညာရှင်များကြတော့လည်းကြက်ပေါက်ငယ်ဆီချွတ်ခြင်လို့နေလှန်းသလို အချို့ကြက်ဆရာများကြတော့လည်း အချွဲစင်ခြင်လို့နေလှန်းကြပါသည်။ များသောအားဖြင့်နေလှန်းခြင်းမှာ အပြင်ဆီနှင့် အတွင်းဆီ ကျအောင်အတွက်အဓိကထားပြီး အချွဲနှင့်အမောလုံအောင်လည်းရည်ရွယ်ချက်ထားလုပ်ဆောင်တတ်ကြပါသည်။နေလှန်းခြင်းနှင့်ပါတ်သတ်၍ကျွန်တော်သိသလောက်လေးပြန်လည်မျှဝေပေးပါရစေ။ တိုက်ကြက်တွေကို နေလှန်းခြင်း (Sun Bathing) နေရောင်ခြည်သည်တိုက် ကြက်များအတွက် သဘာဝဆေးတစ်ပါးဖြစ်ပြီး ကျန်းမာရေးနှင့် စွမ်းရည်အတွက် များစွာ အထောက်အကူပြုပါတယ်။ ကောင်းကျိုး ၁။ နေရောင်ခြည်ထဲရှိ ခရမ်းလွန်ရောင်ခြည် (UVB) သည် ကြက်၏အရေပြားမှ ဗီတာမင် D_3 ကို ထုတ်လုပ်ပေးပါသည်။ ဗီတာမင် D_3 သည် အူလမ်းကြောင်းမှ ကယ်လ်စီယမ် (Calcium) ကို စုပ်ယူရာတွင် မရှိမဖြစ်လိုအပ်သည်။ ကယ်လ်စီယမ် လုံလောက်စွာရရှိခြင်းကြောင့် ကြက်၏ အရိုးများ၊ ခြေထောက်နှင့် ခြေသည်းများ ခိုင်မာလာပြီး ကြက်ခွပ်သည့်အခါ ထိချက် ပိုမိုပြင်းထန်စေပါသည်။

photo content

ကျွန်တော်လက်တွေ့လေ့လာစမ်းသပ်ပြီးလက်ရှိသုံးနေတဲ့တိုက်ဝင်းဆင်းမည့်နေ့ကျွေးရမည့်အစာလေးကိုထပ်မံတင်ပြပါဦးမယ်။ တိုက်ဝိုင်းသွားမည့်ကြက်တကောင်သည်တိုက်ဝိုင်းသွားမည့်နေ့မှာအဖက်ဖက်ကပြည့်စုံနေဘို့လိုအပ်ပါတယ်။အဲ့သည်လိုပြည့်စုံအောင်ဖြည့်ဆည်းရာမှာလည်းဝိုင်းဆင်းမည့်နေ့ကျွေးသားမွေးသားအထူးပိုလိုအပ်ပါတယ်။ဓာတုဆေးဝါးများထက်စာရင်ရေရှဝိုင်းတိုက်ရမည့်တိုက်ကြက်တွေအတွက်ဆိုသဘာဝအစာသည်သာပိုသင့်တော်ပါပေမည်။ တိုက်ဝိုင်းဆင်းမယ့်နေ့မှာတိုက်ကြက်တကောင်အတွက်မဖြစ်မနေကျွေးမွေးဖြည့်တင်းသင့်တဲ့အင်အားအမြန်ဖြည့်တင်းစာ Energy booster အတွဲလေးမှာ 1-ငုံးဥ - 2လုံး 2-ငှက်ပျောသီး -လက်တစ်ဆစ်အတုံး4/5တုံး 3-အမဲသား. -လက်တစ်ဆစ်အတုံး2/3တုံး 4-ပျားရည်. -လက်ဖက်စားဇွန်းတစ်ဝက် 5-ဆန်ကွဲ/ဆန် -ဇလုပ်သုံးပုံ1ပုံ တိုက်ဝိုင်းသွားမည့်နေ့မှာ အရင်ဆုံးဆန်ကွဲ ကာဘိုဟိုက်ဒရိတ်ကိုဖြည့်တင်းတဲ့အနေနဲ့ဆန်ကွဲဒါမှမဟုတ် ဆန်ကိုဇလုပ်3ပုံ1ပုံအရင်ကျွေးပါ။ နောက်နာရီဝက်ဝန်းကျင်လောက်ကစပြီးအစာချေဖျက်တာခရီးရောက်တဲ့အချိန်မှ ငုံးဥ ငှက်ပျောသီး ပျားရည်ကို ရောနယ်ကျွေးပါ။ ကျွေးပြီး2နာရီလောက်ဆိုဝိုင်းစခိုင်းလို့ရပါပြီ။ အကယ်လို့တိုက်ဝိုင်းမှာကြက်ကပ်တာအဆင်မပြေလို့နောက်ကျမယ်ဆိုရင် ကြက်ရဲ့ဇလုပ်တစ်ဝက်အစာရှိတဲ့အနေအထားလောက်ရောက်အောင်ဘဲဆန်ကွဲဒါမှမဟုတ်ဆန်ကျွေးပါ။ အနှစ်ချုပ်အနေနဲ့ တိုက်ကြက်တကောင်အတွက်အစာအဟာရဗေဒအပိုင်း 1မှ 7အထိကို လူတိုင်းနားလည်အောင်ကျွန်တော်တတ်သိထားတာ လက်တွေ့စမ်းသပ်ထားတာ လေ့လာထားတာတွေကို တိုက်ကြက်ကို ချစ်မြတ်နိုးကြတဲ့ဝါသနာတူမိတ်ဆွေများအားလုံးကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ တိုက်ကြက်ဝါသနာရှင်များအားလုံးလက်တွဲညီညီနဲ့ မြန်မာ့တိုက်ကြက်လောကကိုတစ်ထောင့်တစ်နေရာကပံပိုးနိုင်တဲ့ဝါသနာရှင်များဖြစ်နိုင်ကြပါစေခင်ဗျာ။ Nadi Aya Farm 22/11/2025

ပြင်ကြက်တကောင်၏အဟာရဗေဒအနုပညာ (7) ရှေးကြက်သမားကြီးတွေရဲ့ အမဲသား ပျားရည်နဲ့ပါတ်သတ်ပြီးအရင်ကတည်းကအယူအဆ‌ေတွကွဲလွဲနေခဲ့ကြပါတယ်။ အချို့ကြက်ဆရာကြီးတွေကတော့အမဲသားအစိမ်းကျွေးသလို အချို့ကြက်ဆရာတွေကြပြန်တော့အမဲခြောက်ကျွေးပြန်ရော အမျိုးမျိုးကွဲလွဲနေကြပါတယ်။ တချို့ကျတော့ တိုက်ခါနီးအမဲသားမကျွေးရဘူးအယူရှိတဲ့သူနဲ့ အမဲသားအစိမ်း ကျွေးရင်ခွေးဆွဲသလို လိုက်နှုတ်ငမ်းတယ်ပြောလို့ပြော ရှုပ်ရှပ်ခတ်နေတာဘဲ။သေချာတာတစ်ခုကတော့အမဲသားကျွေးလို့ခွပ်ကွက်ခွတ်လမ်းမပျက်သလိုပြောင်းလဲမပြောင်းပါဘူးခင်ဗျာ။ဒီနေ့မှာတော့အမဲသားနဲ့ ပျားရည်တို့ရဲ့အကြောင်းလေးကိုသိသလောက်ပြန်လည်မျှဝေပေးပါဦးမယ်။ အမဲသား အမဲသားဟာ ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ တိုက်ကြက်တွေရဲ့ ကြွက်သား တည်ဆောက်မှုနဲ့ ပြန်လည်ပြုပြင်မှုအတွက် ပရိုတင်းဓာတ်ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အမဲသားမှာ ပရိုတင်း၊ သံဓာတ် (Iron)၊ ဇင့် (Zinc)၊ ဗီတာမင် ဘီအုပ်စု (B vitamins - အထူးသဖြင့် B12) စသည်တို့ ပါဝင်ပါတယ်။ သံဓာတ်ပါဝင်မှုကြောင့် သွေးအားကောင်းစေပြီး အောက်ဆီဂျင် သယ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ B12 က အာရုံကြောစနစ်ကို ထောက်ပံ့ပေးပါတယ်။ တိုက်ကြက်များကို အမဲသားကျွေးရာတွင် အဓိကအားဖြင့် ပရိုတင်းနှင့် ခွန်အား လိုအပ်သည့် ကာလများတွင် အလေးထား၍ ကျွေးလေ့ရှိပါသည်။ အဆီလုံးဝမပါသော အသားကိုသာ ရွေးချယ်‌ေကျွးသင့်ပါသည်။ အဆီများသော အသားသည် အစာကြေရန် ခက်ခဲပြီး လေးလံစေကာ တိုက်ကြက်တကောင်အတွက်ကြက်ခွပ်လေးအီစေပြီး စွမ်းရည်ကို လျော့ကျစေနိုင်ပါသည်။ အမဲသားကိုအစိမ်းကျွေးသည်ထက် ဆီမပါဘဲ ပြုတ်၍ဖြစ်စေ နေခြောက်လှမ်း၍ဖြစ်စေ ကြပ်တိုက်၍ဖြစ်စေကျွေးခြင်းကပို၍ကောင်းပါတယ်။ အဘယ်ကြောင့်ဆိုသော် အစိမ်းကျွေးခြင်းကသန့်ရှင်းမှုမရှိလျှင်မလိုလားအပ်တဲ့ဝမ်းပြသနာများနှင့်ကြုံတွေ့ရတတ်ပါသည်။ အစိမ်းကျွေး၍မရဘူးလားဆိုလျင်ရပါသည် သန့်ရှင်းလတ်ဆတ်ပြီးယင်မနားထားသောအသားကိုသေချာစွာသန့်စင်ပြီးမှကျွေးသင့်ပါသည်။ ကျွန်တော်အစိမ်းကျွေးကြည့်တာ ဘယ်လောက်သန့်စင်အောင်လုပ်လုပ် အခုထက်ထိအဆင်မပြေသေးဘူး။ အမဲသားကိုလက်ဆစ်တစ်ဝက်လောက်အတုံးလေးတုံးကာတစ်ခါကျွေး3/4တုံးလောက်ကိုတစ်ပါတ် 1ခါ2ခါလောက်ကျွေးတာသဘောအကျဆုံးဘဲ။ တိုက်မယ့်နေ့မှာလည်းကျွေးလို့ရပါတယ် ဒါပေမယ့်အမဲသားချဉ်းဘဲကျွေးတာထက် ပျားရည်နဲ့ ရောစပ်ကျွေးတာပိုမိုကောင်းပါတယ်။ မတိုက်ခင် 2/3နာရီအလိုကြိုကျွေးပါ။ သတိပြုရမှာက လတ်ဆတ်မှုနဲ့ကြက်အနေအထားပေါ်မူတည်ပြီးကျွေးသင့်ပါတယ်။ ပျားရည် ပျားရည်ဟာ သဘာဝ သကြားဓာတ် အဓိကပါဝင်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ သကြားဓာတ် (Carbohydrates): ဂလူးကို့စ် (Glucose) နဲ့ ဖရက်တို့စ် (Fructose) အများဆုံးပါဝင်ပြီး ၎င်းတို့ဟာ စွမ်းအင် (Energy) ကို လျင်မြန်စွာ ရရှိစေတဲ့ အရင်းအမြစ်တွေ ဖြစ်ပါတယ်။ ဗီတာမင်နဲ့ ဓာတ်သတ္တုများ: အနည်းငယ်သော ပမာဏဖြင့် ဗီတာမင် B အချို့၊ ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ ဇင့် စသည့် ဓာတ်သတ္တုများ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants): ရောဂါကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အချို့လည်း ပါဝင်ပါတယ်။ တိုက်ဝိုင်းမဝင်မီနှင့် တိုက်ဝိုင်းထဲရုန်း‌ေနစဥ်ကာလအတွင်း ခွန်အား၊ လျင်မြန်သော စွမ်းအင်ကို အမြန်ဆုံး ဖြည့်တင်းပေးနိုင်ခြင်း (Carbo-loading effect)။ သကြားဓာတ် မြင့်မား၍ အလွန်အကျွံကျွေးပါက ကိုယ်အလေးချိန် တက်စေခြင်း၊ သွားဖုံးနှင့် ပါးစပ်ကျန်းမာရေးကို ထိခိုက်စေနိုင်ခြင်း။ သကြားဓာတ်ကြောင့် ကြက်ကို စိတ်တက်ကြွစေပြီး ခံနိုင်ရည် (Stamina) တိုးစေခြင်း။ အစာချေဖျက်ရာတွင် အချိန်ယူရခြင်းကြောင့် လိုအပ်သည့်အချိန်ထက် စောပြီးကျွေးပါက လေးလံစေနိုင်ခြင်း။ သဘာဝအတိုင်း ရောဂါပိုးမွှား တိုက်ဖျက်နိုင်သည့် ဂုဏ်သတ္တိ (Antimicrobial) ရှိခြင်း။ ပျားရည်ကို တိုက်ကြက်များအတွက် ပုံမှန်အစာအဖြစ် မဟုတ်ဘဲ စွမ်းအင် မြှင့်တင်ပေးသည့် ဖြည့်စွက်စာ (Energy Booster) အဖြစ်သာ အသုံးပြုသင့်ပါတယ်။ တိုက်ဝိုင်းသွားမည့်‌ေန့မှာ‌ေကျွးခြင်းသည်အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ တိုက်ဝိုင်းမစမီ နာရီအနည်းငယ် (ဥပမာ- ၂ နာရီမှ ၄ နာရီအလို) တွင် ကျွေးသင့်ပါသည်။ ၎င်းအချိန်သည် စွမ်းအင်ကို လျင်မြန်စွာရရှိစေရန် ကူညီပေးပြီး ကြက်ခွပ်နေစဉ် ခွန်အားပြည့်ဝနေစေရန် အထောက်အကူပြုပါသည်။ အချို့သော တိုက်ကြက်ဝါသနာရှင်များက ပျားရည်ကို ရေနွေးနွေး သို့မဟုတ် ရိုးရိုးရေထဲတွင် ဖျော်၍ မနက်ပိုင်းတွင် ရေထဲထည့်တိုက်တတ်ကြပါသည်။ ပျားရည်သည် သကြားဓာတ် အလွန်များသောကြောင့် ပမာဏကို ထိန်းချုပ်ရန် အရေးကြီးပါသည်။ လိုအပ်သည်ထက် ပိုကျွေးပါက ကြက်ကို ဖောယောင်လေးလံစေပြီး အသည်းကိုလည်း ဝန်ပိစေနိုင်ပါသည်။ ပျားရည်ကိုတိုက်ကြက်များအတွက်တစ်ပါတ်တစ်ကြိမ်တစ်ခါကျွေးရင်လက်ဖက်ရည်ဇွန်းဖျား 3ပုံ1ပုံခန့်ကျွေးခြင်းသည်အသင့်တော်ဆုံးဖြစ်ပါသည်။

photo content

ဂျင်းတတ်ကိုတိုက်ကြက်တကောင်ကြက်ပေါက်ဘဝမှစပြီး ပြင်ကြက်ဘဝနှင့်သားထိုးဘဝအထိ 3ရက်1ခါ လက်သန်းလက်သညါးခွံလောက်လေးလှီး၍ကျွေးနိုင်ပါသည်။တိုက်ဝိုင်းဆင်းရန်3ရက်အလိုမှစ၍မကျွေးသင့်ပါ။တိုက်ဝိုင်ူမှပြန်လာရင် 3ရက်ဆက်တိုက်ကျွေးနိုင်ပါသည်။မိမိပါတ်ဝန်းကျင်မှာကြက်နာကျနေချိန်မိုးများသောအချိန် ရာသီဥတုအေးသောအချိန်နှင့် တိုက်ကြက်တွေမကျန်းမမာဖြစ်နေတဲ့အချိန်မှာ နေ့စဉ်ကျွေးနိုင်ပါသည်။ဂျင်းကို ဖြည့်စွက်စာဆေးဝါးအဖြစ်သာအသုံးပြုသင့်ပါသည်။ ဂျင်းသည် ပူသောသတ္တိရှိပြီး ပမာဏများလျှင် ကြက်များအတွက် အပူလွန်ကဲခြင်း သို့မဟုတ် အစာအိမ် မအီမသာ ဖြစ်ခြင်း (ပျို့အန်ခြင်း) တို့ကို ဖြစ်စေနိုင်သည်။ ငုံးဥပြုတ် ငုံးဥသည် အရွယ်အစားသေးငယ်သော်လည်း ကြက်ဥထက် ဗီတာမင်နှင့် သတ္တုဓာတ် ပိုမို ကြွယ်ဝသည်ဟု သတ်မှတ်ကြသည်။ ပရိုတင်း (Protein) ကြွက်သားများ တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းနှင့် ခွန်အားအတွက် အဓိက လိုအပ်သည်။ ငုံးဥတွင် ပရိုတင်းဓာတ် ပါဝင်မှု မြင့်မားသည်။ ဗီတာမင် ဘီ 12 (Vitamin B12) အာရုံကြောစနစ်နှင့် သွေးနီဥ ထုတ်လုပ်မှုအတွက် အရေးကြီးပြီး ကြက်ကို လန်းဆန်းတက်ကြွစေသည်။ ရိုင်ဘိုဖလာဗင် (Riboflavin - B2) စွမ်းအင် (Energy) ထုတ်လုပ်မှုအတွက် အထောက်အကူပြုသည်။ သံဓာတ် (Iron) သွေးအားကောင်းစေပြီး ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင် သယ်ယူပို့ဆောင်ရေးကို ကူညီသည်။ ဗီတာမင် အေ (Vitamin A) ကိုယ်ခံစွမ်းအား (Immunity) နှင့် အမြင်အာရုံကို ကောင်းမွန်စေသည်။ ကျန်းမာရေးနှင့်ညီသော အဆီများ နှလုံးကျန်းမာရေးနှင့် စွမ်းအင်ရရှိရန်အတွက် ကောင်းမွန်သော မပြည့်ဝဆီများ (Monounsaturated & Polyunsaturated Fats) ပါဝင်သည်။ ငုံးဥပြုတ်မှာစွမ်းအင်နှင့် ခွန်အားမြှင့်တင်ခြင်း: ပရိုတင်းနှင့် ကျန်းမာရေးနှင့်ညီသော အဆီများ ပါဝင်မှုကြောင့် တိုက်ကြက်၏ ကြွက်သားများကို သန်မာစေပြီး တိုက်ဝိုင်းအတွင်းမှာ လိုအပ်သော ခွန်အားကို ဖြည့်တင်းပေးသည်။ လျင်မြန်စွာ နလန်ထူစေခြင်း: တိုက်ဝိုင်းအပြီး (သို့မဟုတ်) လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သား ပြန်လည်ပြုပြင်ရာတွင် ပရိုတင်းဓာတ်က အထောက်အကူပြုသည်။ ကိုယ်ခံစွမ်းအား ကောင်းစေခြင်း: ဗီတာမင် A, B12 နှင့် သတ္တုဓာတ်များကြောင့် တိုက်ကြက်၏ ကိုယ်ခံအားစနစ်ကို တိုးတက်စေပြီး ရောဂါများကို ကာကွယ်နိုင်သည်။ အာဟာရ ဖြည့်တင်းမှု ပြည့်ဝခြင်း: ကြက်ဥထက် အချို့အာဟာရဓာတ်များ ပိုမိုပါဝင်သဖြင့် အာဟာရ လိုအပ်ချက်ကို လွယ်ကူလျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်သည်။ ငုံးဥ၏ အနှစ် (Yolk) ပမာဏ များခြင်းကြောင့် ကြက်ဥထက် ကိုလက်စထရောနှင့် အဆီပါဝင်မှု အနည်းငယ် ပိုနိုင်သည်။ အလွန်အကျွံ ကျွေးပါက ကြက်ကို ဝစေခြင်း၊ အဆီတက်စေခြင်းနှင့် လေးလံထိုင်းမှိုင်းစေခြင်းများ ဖြစ်နိုင်ပြီး တိုက်ကြက်တကောင်အတွက်ဝိုင်းတွင်းမှာအဆီတတ်ပြီးကြက်ခွပ်အီတတ်ပါသည်။ အစာမကြေခြင်း (သို့မဟုတ်) ဝမ်းလျှောခြင်း: အချို့ကြက်များတွင် ပရိုတင်းနှင့် အဆီပမာဏ များပြားလွန်းပါက အစာချေဖျက်ရာတွင် အနည်းငယ် ပြဿနာဖြစ်စေနိုင်သည်။ ငုံးဥကိုကျက်ပအာင်ပြုတ်အခွံနွာပြီးကျွေးတာကအင့်လျော်ဆုံးပါ။ ကြက်ပေါက်နှင့်ပြင်ကြက် များအတွက် 3ရက်တစ်လုံးဆိုသောပမာဏကိုသဘောအကျဆုံးဘဲ။ တိုက်ခါနီး3ရက်အလိုနေ့တိုင်းတစ်ရက်တလုံးကျွေးနိုင်တယ်။ တိုက်မယ့်ရက်မှာလုံးဝမကျွေးသင့်ပါဘူး။ တိုက်ဝိုင်းကပြန်လာရင်တနေ့တလုံး3ရက်လောက်ကျွေးနိုင်ပါတယ်။ မြန်မာ့ကြက်လောကရဲ့လက်ရှိပြသနာက တိုက်ကြက်တကောင်မှာရှိသင့်ရှိထိုက်တဲ့ အားအင်နဲ့ကိုယ်အလေးချိန်အပါအဝင်အဆိုးဆုံးဖြစ်တဲ့အဆီပိုတွေကိုမထိန်းချုပ်နိုင်တာပါ။ အချို့ကြက်ကောင်းတွေတိုက်ဝိုင်းအတွင်းမှာကြက်ခွပ်လျော့ရတဲ့အဓိကတရားခံအချက်လည်းဖြစ်နေပြန်ပါတယ်။ တိုက်ကြက်ဝါသနာရှင်များအားလုံးလည်း ကြက်ကောင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ Nadi Aya Farm 22/11/2025

ပြင်ကြက်တကောင်၏အဟာရဗေဒအနုပညာ (6) မိတ်ဆွေရဲ့တိုက်ကြက်တကောင်ကိုစပြင်တော့မယ်ဆိုလျင်ဒီpost လေးကသင့်အတွက်အကျိုးမယုတ်လောက်ဘူးထင်ပါရဲ့။ ကျွန်တော်ကတော့တိုက်ကြက်နဲ့ပါတ်သတ်လာရင် သားဖောက်တာကအစ ကြီးပြင်းလာတဲ့ခြံပေါက်တွေကိုဂရုစိုက်ကျွေးမွေးစောင့်ရှောက်ပြင်ဆင်ပြီး တိုက်ဝိုင်းအတွင်းမှာ ကြက်ခွပ်တာတွေကိုထိုင်ရင်ခုန်ရတာအထိကို ကိုယ်တိုင် ဖန်တီးထားတဲ့အနုပညာတစ်ခုကို ပြန်လည်ခံစားနေရတယ်လို့မှတ်ယူပြီးခံစားတတ်တာကြောင့်အစာကျွေးတာကိုပင်အဟာရဗေဒအနုပညာဟုခံယူထားခြင်းပင်ဖြစ်ပါဘည်။ ယနေ့မှာတော့ တိုက်ကြက်တကောင်အတွက်ကျွေးမွေးသင့်တဲ့သဘာဝအစာများဖြစ်တဲ့ ဆနွင်းတတ် ဂျင်းတတ် ငုံးဥ အစရှိသည်တို့ကိုကျွေးမွေးခြင်းနဲ့ပါတ်သတ်၍သိသလောက်ပြန်လည်မျှဝေပါဦးမည်။ ဆနွင်းတတ် ဆနွင်းတက်ရဲ့ အဓိက အရေးပါတဲ့ ဓာတ်ပစ္စည်းကတော့ Curcumin (ကာကူမင်) ဖြစ်ပါတယ်။ ဒါ့အပြင် အခြားအာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ Curcuminoids: ၎င်းတို့ဟာ နနွင်းရဲ့ အရောင်ကို ဖြစ်စေပြီး အဓိက ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းတဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင် (Antioxidant) နဲ့ ရောင်ရမ်းမှု ကျစေတဲ့ အာနိသင် (Anti-inflammatory) တွေ အများဆုံးရှိပါတယ်။ ဗီတာမင်နှင့် သတ္တုဓာတ်များ: အနည်းငယ်စီ ပါဝင်ပါတယ်။ အစာချေဖျက်မှုကို အထောက်အကူပြုနိုင်ပါတယ်။ ဆနွင်းတက်မှာပါတဲ့ Curcumin ကြောင့် တိုက်ကြက်တွေအတွက် ရောင်ရမ်းမှုနှင့် ဒဏ်ရာများကို သက်သာစေခြင်း (Anti-inflammatory & Wound Healing): တိုက်ပြီးသော ကြက်များ၏ ဒဏ်ရာ၊ အညိုအမည်း၊ အရိုးအဆစ်ရောင်ရမ်းမှုများကို သက်သာစေရန် ကူညီပေးနိုင်ပါတယ်။ (ပါးစပ်မှတိုက်ကျွေးခြင်းဖြင့် ဒဏ်ရာကျက်နှုန်းကို မြန်စေကြောင်း လေ့လာတွေ့ရှိချက်များရှိပါသည်)။ ဓါတ်တိုးဆန့်ကျင်အာနိသင် (Antioxidant Effect): ခန္ဓာကိုယ်ဆဲလ်များကို ပျက်စီးစေသော အရာများမှ ကာကွယ်ပေးနိုင်ပြီး ကြက်၏ ကျန်းမာရေးနှင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ အစာချေစနစ်ကို အထောက်အကူပြုခြင်း (Digestive Health): အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပြီး အာဟာရစုပ်ယူမှုကို အားပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း (Immunity Boosting): ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် မှိုရောဂါတချို့ကို တိုက်ဖျက်နိုင်သော သတ္တိများရှိ၍ ကြက်၏ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ အအေးမိ/အအေးပတ်ခြင်းကို ကာကွယ်ခြင်း: ရေကိုင်ပြီးသော ကြက်များကို ဆနွင်းတက်အရည် လိမ်းပေးခြင်း (သို့မဟုတ်) တိုက်ကျွေးခြင်းဖြင့် အအေးမိခြင်းကို ကာကွယ်နိုင်ပါသေးသည်။ အလွန်အကျွံ ကျွေးမိပါက အချို့သော သတ္တုဓာတ် စုပ်ယူမှုကို အနည်းငယ် အနှောင့်အယှက် ဖြစ်စေနိုင်ခြင်း သို့မဟုတ် အစာစားချင်စိတ် အနည်းငယ် လျော့ကျစေနိုင်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ရေရှည်တွင် သွေးဖွဲ့စည်းမှုဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်စေနိုင်သောကြောင့် သင့်တင့်သော ပမာဏသာ ကျွေးသင့်ပါသည်။ ဆနွင်းတတ်ကိုပြင်ကြက်တကောင်အတွက် လက်သည်းခွံလောက်ပမာဏလှိး၍တစ်ခါကျွေးတစ်တုံးနှုန်းဖြင့်1ပါတ် 1ခါကျွေးတာသဘောအကျဆုံးဘဲ။ ဝိုင်းမှရုန်းပြန်လာသောကြက်များကိုတော့ 3ရက်ဆက်တိုက်ကျွေးနိုင်ပါတယ်။ ဆနွင်းတတ်ကျွေးတာများရင် အပူများပြီးအစားစားခြင်စိတ်ကိုပျက်ကာ မအီမသာဖြစ်တတ်ပါတယ်။ ဂျင်းတတ် ဗီတာမင် သို့မဟုတ် ပရိုတင်းများထက် ဆေးဖက်ဝင် ဒြပ်ပေါင်းများ (Bioactive Compounds) အပေါ်တွင် ပိုမိုအခြေခံသည်။ Gingerol (ဂျင်ဂျာရောလ်) ဂျင်း၏ စပ်သောအရသာကို ဖြစ်စေပြီး အဓိက ဆေးဖက်ဝင်သည်။ ရောင်ရမ်းမှု ကျစေခြင်း (Anti-inflammatory)၊ ဓါတ်တိုးဆန့်ကျင်အာနိသင် (Antioxidant)၊ နှင့် ပိုးမွှားတိုက်ဖျက်ခြင်း (Antimicrobial) အာနိသင်များရှိသည်။ Shogaol (ရှိုဂါရောလ်) Gingerol မှ ပြောင်းလဲလာသော ဒြပ်ပေါင်းဖြစ်သည်။ ၎င်းသည်လည်း ရောင်ရမ်းမှု ကျစေခြင်းနှင့် ဓါတ်တိုးဆန့်ကျင် အာနိသင်များ ပေးသည်။ ဗီတာမင် B6၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ် စသည့် ဓာတ်ပမာဏ အနည်းငယ်စီ ပါဝင်သည်။ ဂျင်းတတ်ကျွေးခြင်းကြောင့် ရောင်ရမ်းမှုနှင့် နာကျင်မှု သက်သာစေခြင်း (Injury Recovery) ကြက်ခွပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ကြွက်သားရောင်ရမ်းမှု၊ အဆစ်အမြစ် ကိုက်ခဲမှုနှင့် ဒဏ်ရာများကို Gingerol ၏ အာနိသင်ကြောင့် လျင်မြန်စွာ သက်သာကျက်စေနိုင်သည်။ ပိုးမွှားတိုက်ဖျက်နိုင်သော သတ္တိ (Anti-viral, Anti-bacterial) များရှိသဖြင့် ကြက်ကို အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများမှ ကာကွယ်ပေးနိုင်သည်။ ကိုယ်တွင်းအပူဓာတ်ကို အားကောင်းစေပြီး ကြက်ကို နွေးထွေးစေသည်။ အစာခြေအင်ဇိုင်းများ ထွက်ရှိမှုကို အားပေးကာ အစာချေဖျက်မှုကို မြန်ဆန်စေသည်။ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ လေပွခြင်းကို သက်သာစေသည်။ ကြက်စာအာဟာရ စုပ်ယူမှုကိုလည်း ကောင်းမွန်စေပါသည်။ သွေးတွင်း ကိုလက်စထရောနှင့် အဆီဓာတ်ကို ကျစေပြီး သွေးလည်ပတ်မှုကို အားပေးသဖြင့် ကြက်၏ လန်းဆန်းတက်ကြွမှုကို တိုးစေသည်။