ar
Feedback
Nadi Aya Farm

Nadi Aya Farm

الذهاب إلى القناة على Telegram

မျိုးရိုးစစ်မှန်သော တိုက်ကြက်များကိုသာရောင်းချပေးပါသည်။ 09 757 254 269

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
450
المشتركون
لا توجد بيانات24 ساعات
+557 أيام
+5630 أيام
أرشيف المشاركات
photo content

သားထိုးခြင်းအနုပညာ အပိုင်း(5) ဦးစွာပထမ တိုက်ကြက်နှင့်ပါတ်သတ်ပြီးမျိုးရိုးဗီဇ တွေရဲ့သဘောတရားဆီးစင်းမှုတွေ နှင့် breeding နဲ့ပါတ်သတ်ပြီးလက်တွေ့ဆန်တဲ့အကြောင်းအရာတွေ ကို ကျွန်တော်မသိတဲ့အချက်ရှိရင်လည်း အားမနာစတမ်းထောက်ပြသွန်သင်ဆုံးမပြီး အပြန်အလှန် နှီးနှောဖလှယ်အပြုသ‌ဘောဆောင်ကာဆွေးနွေးမျှဝေခြင်ပါက Tit tok/ Telegram /Viber နဲ့ 09757254269 ကိုအချိန်မရွေးဆက်သွယ်နိုင်ပါကြောင်းကိုအရင်အသိပေးပါရစေ။ တိုက်ကြက်သားထိုးခြင်းနှင့်ပါတ်သတ်ပြီး မိမိကိုယ်ပိုင်မျိုးရိုးတစ်ခုကို တည်တည်ငြိမ်ငြိမ်တည်ဆောက်ခြင်သူများအတွက်သာရည်ရွယ်ရေးသားတင်ပြပါ့မယ်။ ကျွန်တော်နားလည်သောတိုက်ကြက်ကောင်းတွေရဲ့ အများဆုံးတွေ့ရတဲ့ ဗီဇ 2ခုမှာ တိုက်စစ်ဦးစားပေးတဲ့ကြက်နဲ့ ခံစစ်ဦးစားပေးတဲ့ကြက်တွေသာများတယ် ဟိုမရောက်ဒီမရောက် ဇကတွေကတော့ဗီဇဆီးစင်းမှုအားကောင်းတဲ့ကြက်မဖြစ်နိုင်ပါ။ ဆိုလိုခြင်တာက မြန်မာကြက်ထဲမှာဆို အမိုက် အခွပ်အတတ် လမ်း အလိမ်မာ ဆိုသလို ထိုင်းလိုင်းထဲကဆို pakoy တို့ လော့တို့ စသည်ဖြင့်အကျမ်းဖျင်းပေါ့။ အမိုက်ဆိုသော်ငြားလည်းတကယ်အသိကောင်းတဲ့အမိုက် လမ်းမတိုးလို့ခံနေရတဲ့အချိန်မမိုက်တော့ဘဲ အသိလေးနဲ့အလိမ်မာခွပ်ကြက်တွေတွေ့တတ်သော်လည်း အဓိကအခြေခံဗီဇက အမိုက်တိုက်စစ်ဆင်ကစားတဲ့ကြက်ဖြစ်ပြီး ပြည်ခေါ်ရပ်ခေါ် မြေကြီးလက် 1ဆစ်လောက် နက်တဲ့အထိယက်ပြီး တစ်ဖက်ကြက်ကိုခေါ်ပြီးချတတ်တဲ့အလိမ်မာဖြစ်သော်ငြားလည်း သူစိတ်ထဲသူလုပ်ချင်သလိုလုပ်လို့ကိုင်လို့ရတာသိလို့အမိုက်ဒုံးတကောင်လို ကျားစီးဖားစီးတတ်ခွပ်တတ်တဲ့အလိမ်မာဟာလည်းအခြေခံဗီဇက ခံစစ်ပါဘဲ။ အလွယ်ဆိုရသော် အမိုက်ဒုံး အမိုက်အတတ် အခွပ်အတတ် လမ်းအတတ် လမ်းအမိုက် လမ်းအလိမာ အလိမ် မာ ဆိုတာတွေဘေးခနချိတ်ပြီးတိုက်စစ်အားကောင်းတဲ့ဗီဇနဲ့ ခံစစ်အားကောင်းတဲ့ဗီဇ‌လို့သတ်မှတ်ပြီးတွေးအရိုးရှင်းဆုံးဗီဇတွေကိုတွေးကြည့်ပြီးသားထိုးကြက်ကိုရွေးချယ်ပါ။ ကိုယ့်မျက်လုံးထဲ အမြင်အတွေ့ ကိုလုံးဝစိတ်တိုင်းကျပြီး သွေးမနှောထားတဲ့ကြက် ဥပမာ မြန်မာကြက်ဆို မြန်မာကြက် ထိုင်းဆိုထိုင်းကြက် ထိုင်းမှာ upgrade လုပ်ထားတဲ့မြန်မာကြက်ဆိုလည်းထိုင်းကမြန်မာကြက် အဲ့လိုသီးသန့်သွေးသန့်ကြက်တွေကို အရင်ဆုံး လိုင်းတူကြက်မနဲ့သားထိုး။ ဆိုလိုရင်းက တိုက်စစ်ဗီဇအားကောင်းတဲ့မြန်မာကြက်ဆို တိုက်စစ်ဗီဇအားကောင်းတဲ့ မြန်မာကြက်မနဲ့သားထိုးခြင်း။ ရလာတဲ့ သမီးတွေကို အမြင်အတွေ့သွေးသန့် ဗီဇတူ ကြက်ဖနဲ့သားထပ်ထိုး။ ရလာတဲ့သမီးကို အမြင်အတွေ့သွေသန့်ဗီဇတူတဲ့ကြက်နဲ့သားထပ်ထိုး ဒါဆို မျိုးဆက်3ဆက် မျိုးရိုးခိုင်မာပြီး ဗီဇတည်ငြိမ်တဲ့ကြက်ဖြစ်ဘို့သေချာသွားပြီ။ အဲ့ကရလာတဲ့ကြက်မကို ကိုဖြည့်ဖောက်ခြင်တဲ့ စိတ်‌ကြိုက်ဖောက်ကွက်နဲ့သာဖောက် လွန်ခဲ့တဲ့ 2/3နှစ်ကကြက်နဲ့ အခုထွက်လာတဲ့ရလဒ်က ပေါက်တဲ့ကြက်‌တွေကိုကြိုက်တဲ့ ပေတံနဲ့နှိုင်ယှဉ်တိုင်းတာလို့ရတယ်အစစအရာရာသာတယ်။ ထပ်ရှင်းအောင် ဥပမာထပ်ပေးရရင် မြန်မာလိုင်းထဲကဆို အမိုက် 1 x အမိုက်2=အမိုက်3 အမိုက် 3 xအမိုက်4 =အမိုက် 5 အမိုက် 5x အမိုက် 6=အမိုက် 7 အမိုက်7 x အမိုက် 8=အမိုက်စစ်စစ်အခြေခံမျိုးရင်း အမိုက်စစ်စစ်အခြေခံမျိုးရင်းကိုမှ ကိုလိုခြင်တဲ့ breeding program တွေ ဖြည့်ဖောက်တာတွေစိတ်ကြိုက်ပြန်လုပ်ဖောက် 1/2 ဘာသာလောက်ဖြည့်ဖောက်ကြည့်သေချာပေါက်စိတ်တိုင်းကျလာလိမ့်မယ်။ ကျွန်တော်လက်တွေ့ ကျင့်သုံးပြီးယခုလက်ရှိကို စိတ်တိုင်းကျလွန်းတဲ့ မိမိမျိုးရင်းစစ်စစ်တစ်ခုတည်ထောင်နည်းလေးကိုမျှဝေခြင်းသက်သက်သာဖြစ်ပါတယ်။ အခုခေါတ်ကြက်လောကအခြေအနေကတော့ ငဝိုင်းရှိရင် အချိန်ကုန်ခံစရာမလိုဘဲ ပြည်တွင်းကကြက်ကောင်းအခ်ျု့နဲ့ ပြည်ပကကြက်ကောင်းအချို့ကိုပါဝယ်လို့ရနေပါပြီ။ ကြက်ဖောက်လာတာကြာပြီ မစားဖစားလောက်သာသာဘဲထွက်နေတယ်ဆိုတဲ့မိတ်ဆွေတွေအတွက် နောက်ထပ်အလွယ်နည်းလေးတစ်ခုတင်ပြခြင်ပါတယ်။လူပိန်းနည်းဆိုရလျင် Hybrid တွေဘာတွေညာတွေ ဘေးသာချိတ်ထားလိုက်ဦး အခုပြောမယ့်နည်းကစောက်ရမ်းလွယ်တာ။ စိတ်တိုင်းကျတဲ့ မာလော့ ကြက်ဖကိုရှာဝယ် လမ်းတို့ အလိမ်မာ ကြက်မတို့နဲ့ဖောက် လှည့်ကြည့်စရာမလိုဘူး ထွက်လာတဲ့ကြက် မစားဖစားကြက်ကတော့အေးဆေးကစားလို့ရတယ်။ ဒီလိုမှမဟုတ်ရင် မာလော့ကြက်မကိုဝယ် ခွပ်တတ်ခံတတ်တဲ့ဗမာကြက်ဖနဲ့ဖောက် စိတ်ထဲဘဝင်ကျတဲ့ အိမ်ပေါက်လေးတွေကိုင်ရမှာသေချာတယ်။ ဘာလို့မာလော့ကိုရွေးခိုင်းတာလဲဆိုရင် ကျန်တဲ့ကြက်တွေဆိုအရွေးခက်နေဦးမယ် မာလော့တွေရဲ့အသိကောင်းတာကပိုအမှားနည်းတာကြောင့်ရွေးချယ်ရခြင်းဖြစ်တယ်။ ဒီနည်းကအလွယ်ဆုံးနဲ့ဖြတ်လမ်းနည်းဘဲ ကျွန်တော်အရင်ကသုံးခဲ့တဲ့နည်းလေးကိုပြန်လည်မျှဝေရင်းအားလုံးကြက်ကောင်းတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရစေခင်ဗျာ။ မှတ်ချက် -AI ကနေမှီငြမ်းထားတာတခုမှမပါဘူး Nadi Aya Farm 4/5/2026

တိုက်ကြက်သံချခြင်း ကျွန်တော်သည် တိုက်ကြက်သမားများ အများစုကဲ့သို့ ခြေစည်းခြေဖတ်တွေ အမွေးအတောင်‌တွေ အမှီးအမောက်တွေ အမူအကျင့်တွေ တွန်သံတွေ စာဆိုတွေ ပုံပြင်တွေ ကြက်ဗေဒင်တွေနဲ့စောက်ရူးထပြီးမျှော်လင့်ချက်အိမ်မက်တွေမက်နေတဲ့အစား လက်တွေ့အကျဆုံးတိုက်ကြက်နှင့်ပါတ်သတ်၍မွေးမြူနည်းစနစ်ကိုသာပိုသဘောကျသည်။ တိုက်ကြက်တွေအတွက်အဓိကအကျဆုံးသည် ကျန်းမာရေးဖြစ်သကဲ့သို့ သံချခြင်းဆိုသည်မှာလည်း တစ်စိတ်တဒေသမှ အရေးပါနေလေသည်။ တိုတိလိုရှင်းဆိုရသော် စားသမျှအဟာရဖြစ်စေရန် အရေပြားရောဂါပိုးမွှားရှင်းစေရန် သွေးအားနည်းရောဂါကာကွယ်ရန် ဖလံဖြူဖြစ်ခြင်းကာကွယ်ရန် ဝမ်းတွင်းရောဂါပိုးမွှားအချို့နှင့် မျက်ပိုးရန်ကာကွယ်ရန်နှင့်ကျန်းမာရေးကောင်းအောင်သံချခြင်းကိုမဖြစ်မနေလုပ်သင့်သည်။ သူများတွေဘယ်လို ဘယ်နည်းချချ ကျွန်တော်လုပ်သည့်နည်းသာကျွန်တော်တင်ပြမည်။ သောက်ဆေးနဲ့သံချမလား ထိုးဆေးနဲ့ထိုးမလားကြိုက်နှစ်သက်ရာရွေးချယ်နိုင်သည်။ သောက်ဆေးဆို ယိုးဒယားထုတ်သံချဆေးကလွဲပြီးကျန်တာလုံးဝမကြိုက်ပါ။လူသောက်ဆေးလုံးဝမကြိုက်ပါ သုံးလည်းမသုံးပါ။ ထိုးဆေးဆို Ivermectin 1% ပါတဲ့ တိရစာန်သံချထိုးဆေးအကြိုက်ဆုံးဘဲ။ စောက်ကျိုးနည်းကွာ ဒီသံချဆေးတွေနဲ့သံချရတာ မင်းပြောမှသာ ငါတို့လည်းသိတယ် အချိန်မရွေး AI ကိုမေးလို့တောင်ရတယ်ဆိုတဲ့ ဘူမသိကိုးမသိ စောက်ဆရာကြီး စောက်ကြီးစောက်ကျယ်ပြောပြီး ကြက်နာနဲ့ဒစ်လည်နေတဲ့စောက်ဆရာကြီးတွေတော့ကျော်သွားပေါ့။ သောက်ဆေးဖြင့်သံချခြင်းမှာ အဓိက အချက်က များသောအားဖြင့် ထိုင်းသံချဆေးတွေမှာ 1viss အထက် 2လုံး အောက်ဆို 1လုံးတိုက်ရတယ်။ 50သားကစပြီးသံချလို့ရတယ်။ အထာလေးက မနက်အိပ်တန်းဆင်းရင် ရေအဝတိုက်ပြီး သံချဆေးတိုက် ဘာအစာမှမကျွေးဘဲကြိုးထောက်ခြင်းအုပ်ခြံလှောင် ဆေးတိုက်တဲ့အချိန်က နေစပြီး 3နာရီလောက်ဆို ပုံမှန်အတိုင်းအစာရေပြန်တိုက်လို့ရပြီ။ပြီးရင် Folic acid 1လုံး ငါးကြီးဆီ 1လုံး B complex ဒါမှမဟုတ် B1-6-12 တလုံးတိုက်။ ဝမ်းကိုကြည့်သံအကျများရင် နောက် 2ပါတ်တခါပြန်ချ ဒီအတိုင်းဘဲ။ Ivermectin 1%ထိုးဆေးနဲ့ သံချရင် 1ပိသာ အောက် 0.1CC 1ပိသာအထက်ဆို 0.2 CC ထိုးပြီးကျန် တဘက်ကို Fe +B12 သံဓါတ်အားဆေး ဒါမှမဟုတ် ADEB COMPLEX ထိုး အဲ့အားဆေး 2ခုလုံးအလွယ်မရရင် 1-6-12ဒါမှမဟုတ် B complex ထိုး။ ဒီနည်းအတိုင်းလုပ် ဖံဖြူထနေတဲ့ကြက်တောင် ဒီနေ့ထ်ုးနောက်နေ့ပြန်ကောင်းတယ်။ သောက်ဆေးထက် ထိုးဆေးကိုပိုကြိုက်တယ် ပိုထိရောက်တယ်။ပြီးရင် နောက်စေ့နားမှာ သံချထိုးဆေး 1/2စက်ချပေးပိုကောင်းတယ်။ ထပ်ရှင်းအောင်ပြောရရင်ကွာ မင်းကြက်ရဲ့ ကိုယ်ခံအားဟာကျန်းမာရေးအကောင်းဆုံးအခြေအနေနဲ့ဆို ကြက်နာကိုစောက်ဂရုစိုက်စရာကိုမလိုတာ။ ကျန်တဲ့နည်းအတော်များများ လက်တွေ့အကြိမ်ပေါင်းများစွာ အသုံးပြုစမ်းသပ်ဘူးတယ် ဥပမာ -ဘောစကိုင်းတို့ ရှားစောင်းလက်ပက်တို့ ကြက်ဥနဲ့ဆနွင်းတို့ ဒီဇယ်နဲ့သဘောသီးအစေးတို့ သဘောသီးအစိတို့ ကြက်သွန်ဖြူတို့ အဒ့တာတွေက တကယ်အသုံးဝင်တယ် မဝင်ဘူးမငြင်းဘူး ဒီနည်းလောက်မကြိုက်ဘူး။ နောက်ဆုံးစကားလက်ဆောင်က မင်းတို့ကြက်ကို တကယ်မြတ်နိုးတန်ဘိုးထားရင် ထိရောက်တဲ့ နည်းနဲ့ လက်တွေ့လုပ် ပြီးလက်တွေ့ဆန်ဆန် ဖြတ်သန်းတဲ့ကြက်သမားတွေဖြစ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ Nadi Aya Farm 30/4/2026

photo content

အငုတ်လေးစရင့်လို့ခြေစခြေနကြည့်ကြည့်တာ စောက်ရမ်းကိုကြွေသွားတယ်

အဖေလိုင်း ဒိုင်ချစ်+black jade+ဆရာမြင့်ကြက်မ အမေလိုင်း သေမင်းတမန်သမီး+Sunkrai+Rashford+black panther+broken +lampang+thoung eak+thong yin ဒီကြက်လေး 6လသားလေး 5ပုံးနဲ့ပြန်မျှပေးမယ်။ အခုအချိန် ဒီ bloodlines ကို ဘယ်မှာဝယ်ဝယ် 10သိန်းအနည်းဆုံးဘဲ။ 09757254269

photo content
+1

အဖေလိုင်း ဒိုင်မုန်း+မဂို33+years Pyaps+black magic+9Million အမေလိုင်း Sayadoi+big bear+bigguff+ New year+Gr35000 သားဖောက်သီးသန့်ဘဲရမယ်။ ခြေခုံရောင်ပြီးနာထားလို့။ သားထိုးများလို့အောက်ပိုင်းတွေပျော့နေတယ်။ မွေးထိုးဘဝတိုက်လို့ရမယ်။ သားဖောက်လို့ရတဲ့ ခြေအဆင့်အတန်း တစ်ခုမှာရှိတယ်။ လမ်းအလိမ်မာခွပ်။ သားထိုးမယ့် breeding program ပြီးလို့ဒီကြက်ကိုပြန်ထုတ်တာ။ ဝယ်ရင်း 4လသားကိုတောင် 5ပုံးပေးရတယ်။ ဒီမျိုးရိုးဒီဈေးနဲ့ သားထွက်တဲ့ကြက်မ 1ကောင်လောက်နဲ့ဖောက်ပြီး သား1အုပ်ကျတာနဲ့ရိုက်သတ်ရင်တောင်တန်တယ်ကွာ။ 09757254269

Repost from Nadi Aya Farm
ဒိုင်မုန်းသား ချင်း‌မိုင်ဖောင်းသမီးရဲ့သား 1.20-25တန်း 5 ပုံး
+2
ဒိုင်မုန်းသား ချင်း‌မိုင်ဖောင်းသမီးရဲ့သား 1.20-25တန်း 5 ပုံး

COVID ကာလနောက်ပိုင်းကစပြီး အခုအချိန်ထိဖောက်ခဲ့တဲ့ဖောက်ကွက်ထဲမှာ ဒီ line breeding ဖောက်ကွက်အကြိုက်ဆုံးဘဲ။ဒီကြက်မလို pure bloodlines ရဘို့ 2နှစ်ကျော်လောက်အချိန်ပေးလိုက်ရတယ်။ ပေးဆပ်လိုက်ရတဲ့အချိန်နဲ့ထွက်လာတဲ့ရလဒ်ကတန်တယ်။

ကြက်မ တကောင်သားဖောက်ဘို့ မျိုးရိုးအစဉ်အဆက် ခွပ်ကွက်ခွပ်မူတွေ ကိုအခြေခံပြီး လက်တွေ့ကျတဲ့ လက်ရှိဗီဇခွပ်မူ တွေကိုချိန့်ချိန်ကာ သားထိုးကြက်နဲ့ ချိန်ဖောက်ရတာ။ ဒီ breeder အလုပ်က သိပ်ပြီး အတွေးတွေနယ်ချဲ့မျောလို့ကောင်းတာ။ ဘယ်သူတွေဘာပြောပြေ။ လက်တွေ့ကျကျ အလုပ်လုပ်ခြင်းကသာ စိတိအကျေနပ်ဆုံးဘဲ။

ဒီ pakoy မမြူးပြီးတွန်ရင် တော်ယုံကြက်ဖအကပ်မခံဘူး။ ကြက်ဖအကုန်ပြန်ခံခွပ်တာ။ သားချချက်က 9++++++

photo content

သတိရတယ်ငါ့သားရယ်။ ငွေကြေးတစ်ခုတည်းအတွက်မင်းကိုရောင်းခဲ့တာမဟုတ်ဘူး ခင်မင်မှုတစ်ခုအရသာရောင်းခဲ့တာ။ကြက်ကြော်တွေဘဲရွေးစားတဲ့ငါ့သာ
သတိရတယ်ငါ့သားရယ်။ ငွေကြေးတစ်ခုတည်းအတွက်မင်းကိုရောင်းခဲ့တာမဟုတ်ဘူး ခင်မင်မှုတစ်ခုအရသာရောင်းခဲ့တာ။ကြက်ကြော်တွေဘဲရွေးစားတဲ့ငါ့သားကြီး။ ကောင်းရာမွန်ရာရောက်ပါစေငါ့သားကြီး။ Photo ဟောင်းလေးပြန်ကြည့်ရင်းအလွမ်းပြေ ။ Yellow Flash

ကာစီနိုသမီး x 1သိန်း1သောင်းဗြာ
+4
ကာစီနိုသမီး x 1သိန်း1သောင်းဗြာ

+1
ဒီမဂိုလေး ရန်ကုန်မှာနာမည်ကြီးဦးမယ်။ ရန်ကုန်ပို့တာ ရက်ပိုင်းဘဲရှိသေးတယ် ဝယ်တဲ့ချစ်ကိုကြီး ခြေစခြေနသိအောင်ပုတ်ကြည့် လိုက်တာ သူနဲ့ပုတ်တဲ့ကြက် အကြောတွေအတီးခံရတာ ကုမရလို့ချက်စားလိုက်ရတယ်။ 15မိနစ်ဘဲကြာတယ်။ 2ပုံးနဲ့ရောင်းထားတာ ခု6ပုံးလာ ပေးတယ် မရောင်းဘူးတဲ့။