ar
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

الذهاب إلى القناة على Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

إظهار المزيد
Myanmar33 215الفئة غير محددة
316
المشتركون
-124 ساعات
-67 أيام
-2230 أيام
أرشيف المشاركات
ကြည့်ရတာ ရေစက်ကုန်သွားပြီထင်တယ်

စိတ်ပျက်အောင် မလုပ်ပါနဲ့။ မကြိုက်ဘူးဆိုတာကို မလုပ်ပါနဲ့။ သည်းခံနိုင်စွမ်းမရှိအောင် မလုပ်ပါနဲ့။ လက်လွှတ်ခဲ့သူတစ်ယောက်က ဥပေက္ခာတရားအကြောင်းကို ရှင်းပြပါလိမ့်မယ်။ -အံ့လွန်းပျို

‎"ဆယ်ကျော်သက်ဆိုတာ ‎ဘဝရဲ့ အလှပဆုံးနဲ့ ‎အမိုက်မဲဆုံးဖယ်ရီတေးတစ်ခု" ‎ ‎ဆေးထည့်မှ ပိုဆိုးတတ်တဲ့ ‎ဒဏ်ရာဆိုတာရှိတယ် ကလေးငယ် ‎အလွမ်းဆိုတာ အနာစိမ်းပေါ်အရက်ပြန်လောင်းခြင်းပဲ ‎အတိတ်ကို အတိတ်လိုမထားရင် ‎သာယာမှုဟာအတိုက်စားခံကမ်းပါးပေါ့ ‎ကလေးငယ် ‎ ‎ကိုယ်တို့ရဲ့ ကတိတွေဟာ ကုန်းကျော်တံတားကိုမကျော်န်ိုင်တဲ့  ခြေကျိုးတစ်ကောင်လို ‎နှစ်ယောက်တဘဝဆိုတာ ‎ဆယ်ကျော်သက်ခုနှစ်ရဲ့ ‎တထောင့်တညပုံပြင်‌သက်သက်ပါ ‎ကလေးငယ် ‎ ‎စိတ်ကူးနဲ့ သွားဖူးတဲ့ခရီးတွေ ‎သက်စွန့်ဆံဖျားအဖိုးတန်ညနေတွေကို ‎မင်းစေတိသိက်မှာ မြေမြှုပ်ပါ။ ‎ ‎ပြန်မလည်တော့မယ့် နာရီတစ်လုံးရယ် ‎ပြန်မလာတော့မယ့် ရထားတစ်စင်းရယ် ‎ကိုယ့်ဟင်းခွက်ကိုယ်အဆိပ်ခတ်မိတဲ့ရက်တွေရယ် ‎ဝေးဝေးကိုပြေးပါ ‎ဝေးဝေးကိုငေးပါ ‎ ‎ဖိနပ်မပါတဲ့ဘဝမှာ ‎ခြေဗလာနဲ့မခုန်ချင်စမ်းပါနဲ့ ‎ကလေးခြေဖျား နုလှတယ် ‎ ‎မမိုက်မဲပါနဲ့ ကလေးငယ် ‎ဖြစ်ချင်တိုင်းဖြစ်ခွင့်မရှိတာတွေဟာ ‎တကယ်ရှိခဲ့ပါတယ် ‎ ‎စီးကရက်သောက်ဖို့မီးခြစ်မရှိတဲ့အခါ ‎ကိုယ်တ်ိုင်မီးပုံထဲဆင်းညှိနေသလို ‎မင်းဟာ သိပ်မိုက်မဲတယ် ကလေးငယ် ‎မမိုက်မဲပါနဲ့ ‎ဖြစ်ချင်တိုင်းဖြစ်ခွင့်မရှိတာတွေရှိတယ် ‎ဒါကိုဘဝနဲ့ရင်းပြီး ကိုယ်ငိုပြောမယ် ‎ ‎မိုက်မဲမိတိုင်း အရင်လိုဆူမယ့်ကိုယ် ‎မရှိတဲ့အခါ ကိုယ့်ကိုမေ့ပါ ‎မဟုတ်သေးဘူး ‎ကိုယ့်ကိုမုန်းပါ။ ‎ ‎ဆယ်ကျော်သက်ဆိုတာ ‎ဘဝရဲ့ အလှပဆုံး ‎အမိုက်မဲဆုံးဖယ်ရီတေးတစ်ခုပါ ‎ ‎မင်းကိုရည်ညွှန်းတဲ့ကဗျာတွေကို ‎မဖတ်မိပါစေနဲ့ ကလေးငယ် ‎ ‎အမိုက်ရိုင်းဆုံးကျမ်းစာတစ်စောင်၊ ‎‌မျက်နှာပြောင်အတိုက်ဆုံးကံကြမ္မာနဲ့ ‎ကြွေမွသွားတဲ့ မင်းနှလုံးသားအတွက် ‎ရည်ညွှန်းပါတယ် ‎မဖတ်မိပါစေနဲ့ ကလေးငယ် ‎ ‎-မြတ်နွယ် ‎-၈ရက်၈လ၈နာရီမှာ ‎မင်းအတွက်ရေးတဲ့ကဗျာ

ပျော်စရာမကောင်းတဲ့ လူငယ်ဘဝ လူငယ်ဘဝတဲ့... ဘယ်သူက ပျော်စရာလို့ အဓိပ္ပာယ်ဖွင့်ခဲ့တာလဲ. ငါတို့ကတော့... အသက်နှစ်ဆယ်နဲ့ အိပ်မက်တွေကို အကြွေးတင်ထားရတဲ့ မျိုးဆက်။ နေ့ခင်းမှာ ပြုံးတတ်အောင် သင်ယူတယ်.. ညရောက်မှ တိတ်တိတ်လေး ပြိုလဲတတ်တယ်.. အနာဂတ်ကို ကြောက်နေရင်း အတိတ်ကိုလည်း မေ့မရသေးဘူး.. လူငယ်ဘဝက... လက်ထဲမှာ ကော်ဖီတစ်ခွက်ရှိပေမယ့် ရင်ထဲမှာ သောကတစ်ပင် ပေါက်နေတဲ့အရွယ်.. အဲဒီအရွယ်ကို... "ပျော်စရာအကောင်းဆုံး" လို့ ခေါ်ခဲ့တာ ဘယ်သူလဲ...။ -ကျူး

သရုပ်ဆောင် - ကျော်ဇေယျာထွန်း ဇာတ်ကားနာမည် - ပြန်လာချိန်လေး

ကိုယ်ကသာလွမ်းနေတာပါ သူ့ Memory ထဲမှာတော့ ကိုယ်မရှိတော့ဘူး။ - နေကြာဖြူ

ဘဝ၏ တစ်ခါတစ်ရံအမှားများ... ကျွန်တော်တို့ဟာ ပုထုဇဉ်တွေမလို့ တခါတလေမှာ အမှားကြီးမှားနိုင်ကြပါတယ်။ ဒါပေမဲ့... ဒါပေမဲ့ပေါ့... ကျွန်တော့်ဘဝမှာ သူနဲ့ တွေ့ခဲ့တာ မှားတယ်.. သူနဲ့ တွဲခဲ့မိတာ မှားတယ်... သူ့ကို ချစ်ခဲ့မိတာ မှားတယ်.... ကျွန်တော်တို့ အချစ်တွေ ထပ်တူကျကောင်း ကျခဲ့ပါလိမ့်မယ်... ဒါပေမဲ့... ဒါပေမဲ့ပေါ့လေ... Relationship Life နဲ့ အိမ်ထောင်သည် ဘဝဆိုတာမတူသလို လမ်းခွဲခြင်းတိုင်းမှာလည်း ၂ဦးသဘောတူ ဖြစ်ဖို့မလိုခဲ့ပါဘူး။ ခင်ဗျားပဲဖြစ်ဖြစ် ကျွန်တော်ပဲဖြစ်ဖြစ် တစ်ယောက်အဆင်မပြေရင် တစ်ယောက်ကလည်း သဘောတူပြတ်စဲ ပေးကြရတာပဲ မဟုတ်လား... ဒါကြောင့်... ငါ့အနာက ပိုနာပါတယ်လို့ လုပ်မပြပါနဲ့... မလုပ်ပါနဲ့... Personal နဲ့ Professional ဆိုတာ ခင်ဗျားကြားဖူးလား..... မကြားဖူးရင် ကျွန်တော်ပြောပြမယ်... ခင်ဗျားဟာ လူကြီးဖြစ်ချင်နေတဲ့ ကလေးလေးတစ်ယောက်သာသာ... မရင့်ကျက်နိုင်သေးတဲ့ ဆယကျော်သက်တစ်ယောက်... လူတစ်ယောက်အတွက် အဆိပ်တောက်ဖြစ်စေတဲ့ အခြေနေတွေပဲ ပေးစွမ်းနိုင်တဲ့ လူပေါ့။ အစကတော့ ငါတို့လို့ သုံးချင်သုံးခဲ့မိမယ် အခုတော့ ငါတို့လို့ ကျွန်တော်မသုံးပေးနိုင်တော့ဘူး... မင်းတစ်ယောက်ထဲ မင်းပဲ... မင်းတစ်ယောက်ထဲ နာပြတယ်.. မင်းတစ်ယောက်ထဲ ချစ်ပြတယ်.. မင်းတစ်ယောက်ထဲ ခံစားပြပြီး... မင်းတစ်ယောက်ထဲ မှန်တယ်လို့လုပ်သွားတာ... ဒါပေမဲ့... အဆုံးသတ်မှာ မင်းအနား ကျွန်တော်ပြန်မရောက်လာနိုင်တော့ဘူး အဲ့ဒါလည်း မင်းကြောင့်ပဲဆိုတာ သိလား... မသိရင်ပြောပြမယ် မှတ်ထား ချာတိတ်..... အရာရာမင်းအမှားပဲလို့ ငါအပြစ်ဖို့ပစ်လိုက်ပြီ။ နောင်ဘဝများရှိခဲ့ရင် မင်းလို မိန်းကလေးနဲ့ မတွေ့မိအောင်နေမယ်။ - လိပ်ပြာ ၇ရက်၊ ၈လ၊ ၂၀၂၆ [ ၁၁နာရီ ၄၉မိနစ် မနက် ]

ရည်းစားရရင် ပိုးသတ်ဆေးစတုဒီသာကျွေးပါမယ်။

ဂွတ်စ်စမောနင်း

ကျွန်တော်က ဆယ်ကျော်သက် တစ်ယောက်ပါ။ လှေကားထစ်တွေကို တစ်ဆင့်ကျော်တက်သလို အရာရာမှာလဲ အဆင့် ကျော်ချင်ခဲ့တဲ့လူဟာ မင်းနဲ့တွေ့မှ အမှတ်သည်းခြေရှိခဲ့တယ် ခင်...။ -အံ့လွန်းပျို

ကျော်ကြီးအတွက်
ကျော်ကြီးအတွက်

ကဗျာလမ်း ✍ - နောင်သိုးဆောင်း 🎙 - လိပ်ပြာ

အချစ်ဟာချိုလားခါးလားတောမသိဘူး အချစ်ဆိုတာ ကိုယ်ဘက်က Pinထားရင် သူ့ဘက်က Mute ထားတာမျိုး။

အချစ်ဟာ ချိုသလား ခါးသလား ကျွန်တော်မသိပါ။ မေတ္တာဟာ‌ အေးသလား ပူသလား ကျွန်တော်မသိပါ။ ကျွန်တော်‌သာပေးပြီး ပြန်မရခဲ့တဲ့ အရာတွေအကြောင်း ကျွန်တော်မသိပါ။ -အံ့လွန်းပျို

မမနေတဲ့ ကျွန်း ✍ - သူရဇ္ဇနီ 🎙 - လိပ်ပြာ

တစ်ဖက်ကမေ့နိုင်ပင်မဲ့ ကိုယ့်ဘက်ကဘာလို့မမေ့နိုင်ရတာလဲ။

လူ စိတ်ဓာတ်အထွေ ပေညစ်လျက် ပျို့ရွံရှာ ချို့တဲ့စိတ်ပါ။ နှုတ်စကားမှာ စာနာမဲ့ အလျှင်း။ အသားနာ ဟစ်အော်လို့ အပြစ်တစ်ရာ ဖုံးကွယ်ပါတ
လူ စိတ်ဓာတ်အထွေ ပေညစ်လျက် ပျို့ရွံရှာ ချို့တဲ့စိတ်ပါ။ နှုတ်စကားမှာ စာနာမဲ့ အလျှင်း။ အသားနာ ဟစ်အော်လို့ အပြစ်တစ်ရာ ဖုံးကွယ်ပါတဲ့ တယ်မိုက်လေခြင်း။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-တြိချိုး

‎မရွာဖြစ်တော့မယ့်မိုး‌ကို ‎သယ်ထားရတဲ့ တိမ်တိုက်ဟာ ‎အလေးလံဆုံးပါ အချစ်ရယ်။ ‎ ‎-မြတ်နွယ် ‎

ဆဲလို့ရလား