A poem that is not a poet's poem
الذهاب إلى القناة على Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
إظهار المزيدMyanmar33 142الفئة غير محددة
314
المشتركون
+124 ساعات
-57 أيام
-1930 أيام
أرشيف المشاركات
အလွမ်းဆိုတာ
ဖြေသိမ့်လို့မရတဲ့
တိတ်ဆိတ်တဲ့ ငိုရှိုက်သံတစ်ခု
-ကျော်ကြီး(ကျော်ရိပ်ညို)
ဒီအချိန်ထိမအိပ်သေးတဲ့လူ
နှစ်မျိုးပဲရှိတယ်
မေ့မရတဲ့လူနဲ့ဒုတိယလူ
အုံနာကမေ့မရတဲ့လူ
ဟီးး
မေ့နိုင်ပြီလို့သာ
ခဏခဏပြောနေတာ
တကယ်တော့
မင်းနဲ့ပုံစံတူတာလေးတွေတွေ့ရင်
ကိုယ့်မှာပြာယာခက်နေတုန်းပဲ။
ကျွန်တော်လူငယ်ပါ။ အိပ်မက်တွေ၊
ရည်မှန်းချက်တွေ၊ဝါသနာတွေရှိတဲ့
လူငယ်တစ်ယောက်ပါ။
မဖြစ်လာနိုင်တဲ့ ဒီနိုင်ငံကြီးကိုတောင်
မျှော်လင့်ချက်ထားမိရင်
ခင်ဗျားအချစ်အပေါ်
ကျွန်တော်မျှော်လင့်မိတာ မဆန်းပါဘူး။
-အံ့လွန်းပျို
ရင်ထဲက ခံစားချက်ကို
ထုတ်မပြောပြရင် ဘယ်သူမှ
သိကြမှာ မဟုတ်ဘူးဆိုတာ
နားလည်ပေမဲ့ မင်းကိုတော့
Automatically နားလည်စေချင်တယ်။
- လိပ်ပြာ
အခြေနေအကြောင်းကြောင်းကြောင့် live မလွှင့်နိုင်ခဲ့လို့တောင်းပန်ပါတယ်ဗျ
''တမ်းတမိသောရနံ့''
လေပြည်လေညှင်းလေးတွေ
တိုက်ခတ်သွားရင်တောင်
မင်းရဲ့ ရနံ့လားလို့
ငါ့စိတ်က ယောင်မှားမိနေတုန်းပဲ။
-ကျော်ကြီး(ကျော်ရိပ်ညို)
ညနာ
အဆင်မပြေမှုတွေကို ငရုတ်ဆုံထဲ
ထည့်ထောင်းတော့ မျက်ရည်တွေက
နာလို့ပါတဲ့။
ဘယ်တတ်နိုင်မလဲ။
လမရှိမှ ညစစ်တယ်။
မကျေနပ်ချက်တွေကို ကဗျာထဲ
မြှုပ်ထည့်တော့ ရင်ထဲက
အက်ကွဲကြောင်းဟာ ပျော်ကျသွား
ကိုယ့်ရှိုက်သက်ကိုယ် မြေဖို့
ချစ်ဆိပ်ခါးခါးက်ို မြို
ဘဝကို ချနင်းရင်း
အဆင်မပြေပေမယ့် အဆင်ပြေတယ်။
ညဟာ လရှိမှ သာတယ်လို့
ဘယ်ကောင်ရေးခဲ့သလဲ။
ညရဲ့စစ်မှန်မှုကို
လဟာ အလောင်းစားထပ်
ဖျက်ဆီးခဲ့တဲ့ ကြေးစားတစ်ကောင်
မိုက်မိုက်မည်းမည်း
စုတ်ပြတ်ကျန်ခဲ့တဲ့လူညံ့ဟာ
ည။
နာမည်ကိုက တစ်လုံးတည်းပါပဲ
နောက်ပြီး သူ့ဘဝဟာလည်း
တစ်ယောက်တည်းပဲ။
ခဏတာအလှတွေနဲ့
လသာသောညလို့ နာမည်မခံချင်တော့
ညနာဟာ ညနာသက်သက်သာ။
-မြတ်နွယ်
စိတ်လဲမပျော်သလို
အိပ်လို့လဲမပျော်ပါဘူး
လေလွင့်နေတဲ့ညတွေထဲ
အဖော်ဆိုလို့
ဆေးလိပ်ငွေ့တွေပဲရှိတယ်။
ကျွန်တော်တို့ဟာ
အတိတ်တွေနဲ့ပျော်နေလို့မဖြစ်မင်မဲ့
ရုန်းမထွက်နိုင်ခဲ့ကျဘူး
အဲ့ဒီနှစ်
အဲ့ဒီလ
အဲ့ဒိရက်
အဲ့ဒီ အချိန်တွေဆိုတာ
ပြီးခဲ့ပြီ
ပြီးဆုံးသွားခဲ့ပြီ။
- နေကြာဖြူ
မေတ္တာစာ
မနက်ခင်းမိုးလင်းလို့
ကြားရတဲ့ နှိုးစက်သံအစား
မင်းရယ်သံကိုသာ ငါနားဆင်မယ်။
ညခင်းမိုးချုပ်လို့မြင်ရတဲ့
ကြယ်ကလေးတွေအစား
မင်းမျက်နှာကိုသာ ငါထိုင်ကြည့်မယ်။
နေ့စဉ်ဓူဝလုပ်နေကျအရာတွေအထဲ
မင်းကိုချစ်ရတဲ့ တာဝန်ကိုတော့
ငါမပျက်မကွက် ဆောင်ရွက်ဆဲပါ
အချစ်ရေ...။
-အံ့လွန်းပျို
ရမ္မက်
သွေးသားတည်လျက် ၊ ခန္ဓာဆက်တွင်
ရမ္မက်တဏှာ ၊ ရှိကြစွာ၏။
ရေငန်တစ်စက် ၊ပမာလျက်မူ
ထပ်၍တောင့်တ ၊ လိုချင်ကြ၏။
တဏှာအမှောင် ၊ ဖုံးကာဆောင်က
အရှက်သညှာ ၊ ဂုဏ်သိက္ခာရိုး
ချိုးနှိမ်မေ့ပျောက် ၊ လမ်းမှားရောက်အောင်
ပို့၍ဆောင်သည်။
တဏှာရမ္မက်၊ ပျားရည်စက်ကား
ဓားသွားပေါ်ထက်၊ရှိပါလျက်မှ
ပိုးဖလံမျိုး ၊ မီးကိုတိုးယူ
ပူပူလောင်လောင် ၊ သူသယ်ဆောင်၏။
တန်သင့်သည့်ဆေး ၊ လွန်မည့်ဒုက္ခ
အသိအမှတ်၊ သတိကပ်၍
ရမ္မက်တဏှာ၊ ထိုအရာကို
ချင့်ကာသင့်စေ၊ သုံးဆောင်စေသော်။
အမောင်ကိုးလ်
#𝘾𝙤𝙡𝙙
