A poem that is not a poet's poem
الذهاب إلى القناة على Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
إظهار المزيدMyanmar32 877الفئة غير محددة
313
المشتركون
-124 ساعات
-67 أيام
-2230 أيام
أرشيف المشاركات
guitar လေးတီးပြီး
သီချင်းလေးညီးမယ်။
နပိုလီယံ လိုမျိုး ကမ္ဘာတစ်ခြမ်းကို
ကဗျာလောကနဲ့ အနိုင်သိမ်းမယ်..
ဒါပေမဲ့ ရောက်နေရာမှာ
စကားတစ်ခွန်းထဲပြောမယ်
"အမ ကျွန်တော့်ကို ချစ်ပါဗျာ"။
-နွေသစ်လွင်
တချို့လူတွေက
ကိုယ့်ဘဝထဲကို ရောက်လာဖို့ပဲ ကံပါလာပြီး
အဆုံးထိ အတူလျှောက်ဖို့တော့ ကံမပါလာကြဘူး။
မင်းက ငါ့အတွက် အဲ့လိုလူတစ်ယောက်ပဲ။
ငါ မင်းကို ချစ်ခဲ့တာ
နေ့ရက်အနည်းငယ်စာ မဟုတ်ဘူး။
စကားလုံးတွေနဲ့ ပြောလို့မလုံလောက်တဲ့အထိ
နှလုံးသားတစ်ခုလုံး ပုံအပ်ပြီး ချစ်ခဲ့တာ။
မင်းနဲ့ပတ်သက်တဲ့ အမှတ်တရတိုင်းကို
ငါ မြတ်နိုးခဲ့တယ်။
မင်းပို့တဲ့ စာတိုလေးတွေကအစ
မင်းပြောခဲ့တဲ့ စကားလေးတွေ အဆုံး
အကုန်လုံးကို ရတနာတစ်ခုလို သိမ်းထားခဲ့တာ။
ဒါပေမယ့်...
ချစ်ခြင်းတိုင်းက
အဆုံးမှာ ပိုင်ဆိုင်ခြင်းနဲ့ မပြီးဆုံးကြဘူးထင်တယ်။
ငါတို့နှစ်ယောက်ကြားမှာ
အချစ်ရှိခဲ့တယ်။
နားလည်မှုတွေ ရှိခဲ့တယ်။
အိပ်မက်တွေ ရှိခဲ့တယ်။
ဒါပေမယ့်
"အတူရှိခွင့်" ဆိုတာတော့ မရှိခဲ့ဘူး။
အခုချိန်မှာ
မင်းနာမည်ကို ကြားလိုက်ရင်တောင်
နှလုံးသားက တစ်ချက်လောက်တော့ တုန်နေဆဲပဲ။
မင်းကို ပြန်လိုချင်လို့ မဟုတ်ဘူး။
မေ့သွားလို့လည်း မဟုတ်ဘူး။
တစ်ချိန်က
ငါ့ဘဝရဲ့ အရေးကြီးဆုံးလူဟာ
အခုတော့ အမှတ်တရတစ်ခု ဖြစ်သွားခဲ့လို့ပဲ။
ငါ ဝမ်းနည်းတာက
မင်းနဲ့ ဝေးသွားလို့ မဟုတ်ဘူး။
မင်းနဲ့အတူ တွေးခဲ့တဲ့ အနာဂတ်တွေ
တကယ်ဖြစ်မလာတော့လို့။
တစ်နေ့နေ့မှာ
ငါတို့ ပြန်ဆုံဖြစ်ရင်တောင်
ငါ မင်းကို အပြစ်တင်မှာ မဟုတ်ဘူး။
ဘာလို့လဲဆိုတော့
ငါ့ဘဝမှာ
အချစ်ဆိုတာ ဘာလဲလို့ သိအောင် သင်ပေးခဲ့တဲ့သူက
မင်းဖြစ်ပြီး...
လက်လွှတ်ခြင်းဆိုတာ ဘာလဲလို့
နားလည်အောင် သင်ပေးခဲ့တဲ့သူလည်း
မင်းပဲ ဖြစ်နေလို့ဘဲ။
-နွေဦး
KBZPay အပြာအကောင့်တွေကတော့ပြန်သုံးလို့ရပါပြီ
လုပ်ငန်းသုံးအနီအကောင့်တွေကတော့မရသေးပါဘူးခမျာ။
အိပ်ဆေးတစ်ခွက်ပေးပါ...
သူ့ကို မေ့ဖို့မဟုတ်ဘူး
သူမရှိတော့တဲ့ အမှန်တရားကို
လက်ခံနိုင်တဲ့အထိ ခဏလောက်
အိပ်ပျော်သွားချင်လို့...
-ကျူး
KBZPay တွေခနတာသုံးလို့ရမှာမဟုတ်သေးပါဘူးဆိုတာကိုကြိုတင်အသိပေးအပ်ပါတယ်ခမျာ။
ပုံ- အုံနာ
" ကျေနပ်ပါတယ် အသက် "
ချစ်သူရှိလျက်နဲ့
ချစ်တယ်ပြောတာဟာ
ဖောက်ပြန်ခြင်း တစ်မျိုးပဲတဲ့ အသက်ရဲ့။
မင်းမှာ သူရှိပြီးသားပဲ
ငါ့မှာတော့ မင်းပဲရှိတာခက်တယ်။
ဒီပွဲမှာ မင်းနိုင်ပါတယ်
မပြိုင်ခင်ထဲက ရှုံးတာကတော့
ပြောနေစရာမလိုအောင်ကို
ငါ့ဆီ အကြည့်တွေရောက်နေပြီးသားပါ။
အပြုံးချိုချို
စကားချိုချိုတွေနဲ့
လွယ်လွယ်လေးကစားသွားတဲ့
မင်းကိုလည်းငါ မမုန်းနိုင်ခဲ့ပါဘူး။
ချစ်သူရှိလျက်နဲ့
ချစ်တယ်ပြောတာဟာ
ဖောက်ပြန်ခြင်း တစ်မျိုးပဲတဲ့ အသက်ရဲ့။
အဲ့ဒီနေ့က...
အရာအားလုံးကို အပိုင်ရခဲ့ပြီလို့
ငါထင်လိုက်မိတယ်....
အဲ့မှာ ငါရှုံးသွားတာပဲ
ငါမင်းကို သူ့ထက်ပိုချစ်ပေးနိုင်ပါတယ်
နားလည်ပေးနိုင်ပါတယ်
အလိုလိုက်နိုင်ပါတယ်...
ဒါပေမဲ့....
မင်းကို သူကပိုင်နှင့်ပြီးသားလေ
ငါဆိုတာ နောက်မှရောက်လာတဲ့
ဒုတိယလူ မဟုတ်သေးဘူး....
ငါက ဒုတိယလူမဟုတ်ဘူး
ငါက မင်းအတွက်တော့
အရံလူ.. အရံလူတစ်ယောက်ပဲ....
အဲ့ဒီနေ့က...
အရာအားလုံးကို အပိုင်ရခဲ့ပြီလို့
ငါထင်လိုက်မိတယ်....
အဲ့မှာ ငါရှုံးသွားတာပဲ.....
ချစ်သူရှိလျက်နဲ့
ချစ်တယ်ပြောတာဟာ
ဖောက်ပြန်ခြင်း တစ်မျိုးပဲတဲ့ အသက်ရဲ့။
မင်းကတော့ သူ့ကိုချစ်ပါ
ငါကတော့ မင်းကိုချစ်မယ်
သူပျော်နေတာကို ငါမမြင်သလိုနေမယ်
ငါငိုနေတာကို မသိဟန်ပြုမယ်
မင်းပျော်နေတာကိုပဲ ငါမှတ်ထားလိုက်မယ်။
အလှဆုံးပြုံး...
အကောင်းဆုံးတောက်ပ...
မင်းချစ်သူနဲ့ ပျော်ပျော်နေအသက်ရဲ့...
ဒါဆို ငါလည်းပျော်နေရမှာပဲ..
မျက်ရည်တွေနဲ့ပေါ့
မျက်ရည်တွေနဲ့ ပျော်နေမှာ။
- လိပ်ပြာ
ကိုယ့်အချစ်က
ကိုယ့်ကိုချစ်လိုက်ပုံများ
မာနလေးကလဲ မလျှော့ဘူး
အတ္တလေးကလဲ ရှိတုန်း
ဪ... လူတွေရယ်
ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ
ကျွန်တော့်မှာ ဒါလေးကို
ချစ်နေရတာ နှစ်နဲ့ချီနေပြီ။
- လိပ်ပြာ
ငှက်လွှတ်လိုက်တာမဟုတ်ဘဲ
လက်လွှတ်လိုက်ရတာပါ။
လွတ်မြောက်သွားတာချင်းအတူတူ
သူကပြန်မလာတော့ဘူး။
-အံ့လွန်းပျို
မင်းတို့က
ကောင်းကင်ကို ပိုင်တယ်လို့ ထင်ပြီး
နေကိုတောင် လက်နဲ့ ကာဖို့ ကြိုးစားခဲ့ကြတယ်။
ဒါပေမဲ့...
နေမင်းက မင်းတို့အမိန့်နဲ့ မထွက်ဘူး၊
လမင်းကလည်း မင်းတို့ခွင့်ပြုချက်နဲ့ မလင်းဘူး။
မင်းတို့သိမ်းထားတာ
မြေတစ်စပဲ ရှိနိုင်တယ်၊
လူတွေရဲ့ စိတ်နှလုံးကိုတော့
ဘယ်သောအခါမှ မသိမ်းပိုက်နိုင်ဘူး။
သံတံခါးတွေက
အသံတွေကို ပိတ်နိုင်ပေမယ့်
အမှန်တရားကိုတော့
မချုပ်နှောင်နိုင်ဘူး။
တစ်နေ့...
မင်းတို့ ခုံမြင့်မြင့်ပေါ်က ဆင်းလာတဲ့အခါ
လူတွေ မေးမှာက
"မင်း ဘယ်လောက်အာဏာရှိခဲ့လဲ" မဟုတ်ဘူး။
"မင်း ဘယ်လောက် လူသားဆန်ခဲ့လဲ" ဘဲ။
-နွေဦး
"မနုဿသဘာဝေါ ဒုတ်ဘက်ဘော"
လူ့ဘဝတိုင်းမှာ ဒုက္ခရှိတယ်တဲ့
ရွက်ဝါလေးတစ်ရွက် ကြွေကျသွားခြင်းကို
မည်သူက အရေးတစ်ယူရှိနိုင်မှာမလို့လဲ
လူဆိုတာ သူ့ဒုက္ခနဲ့ သူပါ
ဧပရယ်
လူတစ်ယောက်သေဆုံးခြင်းနဲ့
ကလေးတစ်ယောက်မွေးဖွားခြင်း
အရာရာဟာ ညီတူမျှတူပါ
ဧပရယ်
ဝမ်းနည်းခြင်းနဲ့ ပျော်ရွှင်ခြင်းသာ
ကွဲပြားတာပါ။
ပြီးဆုံးခြင်းနဲ့ စတင်ခြင်းတာ
ပြောင်းလဲတာပါ ဧပရယ်
အရာရာကို အနိစ္စတရား မြင်လာတော့
လူတိုင်းကို ကျေးဇူးတင် ပြုံးပြတတ်နေပါပြီ။
ပန်းတစ်ပွင့် လေအလွင့်မှာ လွင့်ချေခဲ့ရသလို
မိန်းမတစ်ယောက် ယောကျာ်းတစ်ယောက်နောက်
ကောက်ကောက်ပါ အောင်လိုက်တာ
သဘာဝလိုဖြစ်နေပါပြီ ဧပရယ်
ခဗျား သိမယ်ထင်တဲ့
တစ်ထောင့်တစ်နေရာမှာ စောင့်နေဆဲပါ
မမေ့ပါနေနှင့်။
-နွေသစ်လွင်
မချစ်တော့တာသေချာရင်
မလွမ်းသောစိတ်ဖြင့်
သတိရနေပါ့မယ်
ငေးခွင့်မရှိတော့တဲ့
နောက်ကျောတစ်ခုဟာ
ဘယ်အချိန်တည်ကအသက်မဲ့နေခဲ့လဲဆိုတာမသိခဲ့တဲ့အထိ
ကိုယ်လူအကဲခက်ညံ့သွားတယ်။
- နေကြာဖြူ
တစ်ချိန်က
"အနာဂတ်" လို့ ခေါ်ခဲ့တဲ့သူက
အခုတော့
"အမှတ်တရ" လို့ပဲ
ခေါ်ရတဲ့သူ ဖြစ်သွားပြီ။
-နွေဦး
ကျွန်တော် အိပ်မပျော်လို့ အိပ်ဆေးတစ်ခွက်လောက် ပေးပါ ဆရာ
အချစ်မထည့်ဘူး။
-မြတ်နွယ်
လောကသားတွေက
ငါ့မျက်စိထဲမှာတော့
ဘာမှကွဲပြားခြားနားမှု
မရှိကြဘူး
တစ်ခါလောက်
ကွဲပြားခြားနားမှု
ရှိသွားပြီဆိုရင်တော့
စိတ်က အမြဲတမ်း
ဘက်လိုက်သွားတတ်တယ်
စိတ်ကသာ
ဘက်လိုက်သွားမယ်ဆိုရင်
"ပိတ်မိနေလိမ့်မယ်"
-ပန်းရိပ်ငြိမ်
ည ၈နာရီခွဲလောက်ကျရင်
ကဗျာလေးရွတ်ကျပါမယ်ခမျ
လာရောက်ခဲ့ကျပါအုံးနော်။
ပိုင်ဆိုင်ခွင့်ရသူတွေကို ရိုရိုသေသေ ချစ်ကြစေချင်တယ်
မင်းတို့အလွယ်တကူရထားတာ တစ်ချို့
မျက်ရည်တွေနဲ့စွန့်လွှတ်ထားခဲ့တာ
#crd
အသာအယာနဲ့ရော
သာသနာနဲ့ရော ဝေးလှပါတယ်။
မင်းနဲ့ပါဝေးမှတော့ ကိုယ်မှ
အကာလ မရဏဘေးမထိုက်ရင်
ဘယ်ကောင်ထိုက်မလဲ။
-မြတ်နွယ်
