A poem that is not a poet's poem
الذهاب إلى القناة على Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
إظهار المزيدMyanmar33 215الفئة غير محددة
315
المشتركون
-124 ساعات
-67 أيام
-2230 أيام
أرشيف المشاركات
သောကတွေကို ဟားတိုက်ရယ်နိုင်တဲ့အထိ
မာကြောတဲ့စိတ်အရေခွံတစ်ခု
ဘယ်ဘုရားကများ စွန့်ကြဲနိုင်လို့လဲ။
-မြတ်နွယ်
-လောကဘုရား
ကိုယ်ကသာ သူ့နဲ့နေရရင်
ပျော်ရွှင်ရမယ်လို့ ရေရွတ်နေတာ
သူ့ဘက်ကမပျော်ရင်ရော။
-နေကြာဖြူ
မြဲတာဆိုလို့ မမြဲခြင်းတရားပဲရှိတဲ့
ဒီလောကထဲ ရှင့်လက်ကိုဆွဲနိုင်ဖို့တော့
ကျွန်မ ရူးမိပါတယ်
-မြတ်နွယ်
ဒီတစ်ဆောင်းလည်း
အဟောင်းကအသစ်ဖြစ်ရပြန်ပြီ
မေ့မရခြင်းဟာနှင်းတွေနဲ့အတူ
ကိုယ်အမြဲကုသချင်ခဲ့တဲ့
ရောဂါပါ မာဏဝီ
-မြတ်နွယ်
တံခါးမရှိ၊ ဓားမရှိ
ကော်ဇောခင်းလို့ စောင့်နေသူမို့
ရွှေရှိဖို့၊ ငွေရှိဖို့မလို
သူရှိရင်ပဲ ပြည့်စုံပါပြီ။
-အံ့လွန်းပျို
ကိုယ်ကသာ သူ့နဲ့နေရရင်
ပျော်ရွှင်ရမယ်လို့ ရေရွတ်နေတာပါ
သူ့ဘက်ကမပျော်ရင်ရော။
-နေကြာဖြူ
ချစ်ပါတယ်ဆိုရင်တောင်
နောက်နေတယ်ထင်မိတဲ့အထိ
လွဲချော်မှုတွေဟာ ငါ့ကို
အဆိပ်တက်စေခဲ့။
-မြတ်နွယ်
''တောင်ပေါ်သားအလွမ်း''
ပင်စိမ်းမြေက အပူရှိန်တွေကြား
အလွမ်းမီးက ပိုတောက်တယ်
အေးမြတဲ့ မင်းရဲ့အပြုံးလေးတွေ
ဒီနွေမှာ ပြန်လည်တမ်းတမိပါရဲ့။
-ကျော်ကြီး(ကျော်ရိပ်ညို)
အရက်ကလေးများ မူးလာရင်
မင်းကိုလည်း ခွင့်လွှတ်တယ်…
ဟိုကောင်ကိုလည်း ခွင့်လွှတ်တယ်…..
မခွင့်လွှတ်နိုင်တာကတော့
မင်းကိုယုံပြီး
ကိုယ့်နှလုံးသားကို ပေးခဲ့မိတဲ့
ငါ့ကိုယ်ငါပဲ…
