ar
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

الذهاب إلى القناة على Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

إظهار المزيد
Myanmar32 877الفئة غير محددة
313
المشتركون
-124 ساعات
-67 أيام
-2230 أيام
أرشيف المشاركات
ဖတ်ကျမယ်

တရားမျှတမှု့ကို သေနတ်ပြောင်း၀နဲ့ ၀ယ်မျှားကျတဲ့အခါ သူတော်စင်တွေ ကဗျာစရေးတယ် ။ တစ်၀က်အရောက် အသက်တွေတစ်စတစ်စ ကွယ်ပျောက်သလို ဓာတ်ကြီးလေးပါး မမျှမတနဲ့ မြေဆီခမ်းခြောက် ရွက်နုတွေ ကြွေရပြန်တယ်  ။ အဆုံးမှာတော့ မီးကျွမ်းနေတဲ့ တိုင်းပြည်ရယ် ဦးခေါင်းပွင့်မျိုးဆက်ရယ်နဲ့ သေနည်းရောင်စုံ ချစ်စရာ မြေပုံလေး ကျန်ခဲ့တယ် ။ -နွေဦး

မင်းနဲ့တူတဲ့စောက်ခွက်လေးတွေကြောင့် ကိုယ့်မှာအခုထိ စိတ်ဒုက္ခရောက်နေရတုန်းပဲ - နေကြာဖြူ
မင်းနဲ့တူတဲ့စောက်ခွက်လေးတွေကြောင့် ကိုယ့်မှာအခုထိ စိတ်ဒုက္ခရောက်နေရတုန်းပဲ - နေကြာဖြူ

နောက်ဆုံးမှာ သိခဲ့ရတာက ကိုယ်ဟာ ပထမလူလဲမဖြစ်ခဲ့သလို ဒုတိယလူလည်း မဟုတ်ခဲ့ပါဘူး အရံလူတစ်ယောက်ပါ မင်းအတွက်တော့ အရံလူပါ လိုမှသုံးတ
နောက်ဆုံးမှာ သိခဲ့ရတာက ကိုယ်ဟာ ပထမလူလဲမဖြစ်ခဲ့သလို ဒုတိယလူလည်း မဟုတ်ခဲ့ပါဘူး အရံလူတစ်ယောက်ပါ မင်းအတွက်တော့ အရံလူပါ လိုမှသုံးတဲ့ လိုသုံးပေါ့။ - လိပ်ပြာ

''ဦးတည်ရာ'' အချိန်တွေသာ ရွေ့လျားသွားတယ် ရင်ထဲက သတိရခြင်းတွေကတော့ အရှိန်မပျက်ဘဲ မင်းဆီကိုပဲ ဦးတည်နေတုန်း။ -ကျော်ရိပ်ညို
''ဦးတည်ရာ'' အချိန်တွေသာ ရွေ့လျားသွားတယ် ရင်ထဲက သတိရခြင်းတွေကတော့ အရှိန်မပျက်ဘဲ မင်းဆီကိုပဲ ဦးတည်နေတုန်း။
-ကျော်ရိပ်ညို

သင်ဟာ စာပေဝါသနာပါသူတစ်ယောက်လား... ဒါဆို ကျွန်တော်တို့ရဲ့ အဏ္ဏဝါဂယက်စာစောင်ချန်နယ်ကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့ လိုပါပြီ။ နေ့တိုင်း ကဗျာဆရာ/မကြီးများ၏ ကဗျာ/စာတို များကို ဖတ်ရှုခံစားရမှာဖြစ်သလို သင့်အတွက်အထူးအခွင့်ရေးတွေကလည်း ကျွန်တော်တို့ အဏ္ဏဝါဂယက်စာစောင်မှာရှိပါတယ်။ ၁။ လစဉ် ထုတ်ဝေနေတဲ့ စာစောင်များမှာ ကလောင်ရှင်တို့အနေနဲ့ ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ အက်ဆေးတို့ ပေးပို့နိုင်မှာဖြစ်ပါတယ်။ ၂။ အဏ္ဏဝါဂယက်စာစောင်က ထုတ်လုပ်ဖြန့်ချီနေတဲ့ စာအုပ်တွေဟာ တစ်နေ့မှာ သင့်အတွက်ဖြစ်လာနိုင်ပါတယ်။ ၃။ အဏ္ဏဝါဂယက်စာစောင်က စီစဉ်သည့် စကားဝိုင်းတွေကိုဖတ်ရှုရင်း သင်ဟာ တစ်နေ့ ဒီစကားဝိုင်းတွေမှာပါဝင်လာနိုင်ပါတယ်။ ဒါကြောင့် အဏ္ဏဝါဂယက်စာစောင်ချန်နယ်ကို Join ပေးထားကြပါ။ https://t.me/AnNaWarGaYat_sarsaung

ကိုယ့်ကိုကိုယ်ပြန်ရှာချင်တယ် ငါကိုယ့်ကိုကိုယ့်ပြန်ရှာချင်တယ် ဒါပင်မဲ့ ငါဟာဘယ်မှာပျောက်ဆုံးနေလဲငါမသိ ငါဘဝမှာ ဘာတွေပျောက်ဆုံးနေလဲငါမသိ ငါဟာအခုအချိန်မှာ အမှောင်ထဲလမ်းလျှောက်နေရတယ်လို့ခံစားရတယ် အမှောင်ထုထဲမှာ နှလုံးခုန်သံရဲ့လမ်းပြမှုနဲ့ပေါ့ ဘဝခရီးဟာ ဘယ်ကစမလဲသိနေပင်မဲ့ ဘယ်မှာဆုံးမလဲ မသိနေတာမျိူး သူတို့ကငါ့ကိုပြောပါတယ် မင်းဟာဒါကိုနားလည်ဖို့ငယ်​သေးတယ်တဲ့ သူတို့ကငါ့ကိုပြောတယ် မင်းဟာတစ်ချိန်ချိန်မှာ မင်းရဲ့အိမ်မက်ကို အကောင်အထည်ဖော်နိုင်မှာပါတဲ့ ဒီတော့ ဒါတွေအားလုံး ပြီးသွားတဲ့အချိန်ကျ ငါ့ကိုနိုးပါ ငါဟာအရာရာကိုစဥ်းစားဆုံးဖြတ်နိုင်သွားရင် ငါဟာလည်းအသက်တွေကြီးနေလောက်ပြီ ငါဟာတစ်ချိန်လုံး ကိုယ့်ကိုကိုယ့်ပြန်ရှာနေမိတယ် ဒါပင်မဲ့ ငါဟာဘယ်မှာပျောက်ဆုံးနေလဲငါမသိ -နွေဦး

ကဗျာ အံ့ဩလွန်းလှ သူ့ဘဝ သူမှခုံမင် ကဗျာအင်။ စာပေရေးသား ကဗျာများ ဓားသွားထက်လျှင် ကလောင်ယဉ်။ မြတ်နိုးမိရာ လူကိုသာ ပေါင်းကာတွဲချင် သူ့စိတ်တွင်။ သူ့လက်ရာ၏ ကာရန်ထိ အက်တိစာစဉ် ပြိုလဲသွင်။ လူတို့စိတ်ဓာတ် မြင်ရလျက် အခက်တွေ့ဉာဉ် ပျက်သုဉ်းနှင်။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-သံပေါက်

ပျော်အောင် အိပ်မယ် အမာရွတ်တွေကို မပွတ်သပ်ဘဲ နေမယ် အသက်ဝဝရှူမယ် မဖြစ်ချင်တာတွေ ဖြစ်ချင်သလို ဖြစ်တာ လောကလို့ လက်ခံမယ် အိမ်က ကြောင်လေးကို သူ့နာမည်ပေးမယ် ထိခိုက်စေမယ့် စကားဆို မပြောဘဲနေမယ် နှစ်ကြာလာတဲ့အခါ ကိုယ်ဟာ ရနံ့သင်းတဲ့ သနပ်ခါးပင်လေး ဖြစ်လာမှာပေါ့ နောက်တော့လည်း ကိုယ်ရှိခဲ့ဖူးကြောင်း ကိုယ်အပါအဝင် တစ်ကမ္ဘာလုံး မေ့သွားကြမှာပေါ့ ။ -နွေဦး

ငါတိတ်တိတ်လေးသွားကိုင်ကြည့်တယ်🙂‍↔️

https://t.me/+PcbSvtam2KA0Mzc1 အပျင်းပြေစကားဝင်ပြောလို့ရတယ်နော်

ကောင်းတာလုပ်လို့ နတ်ပြည်ရောက်ကြေးဆို ငရဲမင်းအလုပ်လက်မဲ့ဖြစ်နေလောက်ပြီ အာဏာရှင်တွေသေရင် ဘယ်နေရာရောက်လဲ နတ်ပြည်လား ငရဲပြည်လား။
ကောင်းတာလုပ်လို့ နတ်ပြည်ရောက်ကြေးဆို ငရဲမင်းအလုပ်လက်မဲ့ဖြစ်နေလောက်ပြီ အာဏာရှင်တွေသေရင် ဘယ်နေရာရောက်လဲ နတ်ပြည်လား ငရဲပြည်လား။ - နေကြာဖြူ

အမဲလိုက်တယ်ဆိုတာ သေနတ်နဲ့ခေါင်းကိုပစ်လိုက်ရင် ဘယ်ပျော်စရာကောင်းတော့မလဲ ခြေဖြတ် လက်ဖြတ် မဟုတ်ရင်တောင် လည်စိကိုထုတ်မလား အမဲလိုက
အမဲလိုက်တယ်ဆိုတာ သေနတ်နဲ့ခေါင်းကိုပစ်လိုက်ရင် ဘယ်ပျော်စရာကောင်းတော့မလဲ ခြေဖြတ် လက်ဖြတ် မဟုတ်ရင်တောင် လည်စိကိုထုတ်မလား အမဲလိုက်တယ်ဆိုတာ တစ်ဝလုံးစာအတွက်ပျော်စရာကောင်းနေမှ အမဲလိုက်ရတာတန်ဖိုးရှိတာ။ - နေကြာဖြူ

လက်ရုံးကိုမြှောက် ခြေကိုဆောင့်ပီး ကျွန်တော်အခါခါ ဆိုဖူးပါတယ် ။ သီချင်းလေးတစ်ပုဒ်ပါ ။ ဘွဲ့ထူး ဂုဏ်ထူးတွေတပ်မထားပါဘူး ။ စကားလုံးအချွန်အထက်တွေနဲ့လဲ နှလုံးသားကိုထိုးစိုက်မထားပါဘူး ။ ရည်ရွယ်ချက်က တစ်ခုတည်းပါ ။ နားထောင်ဖူးရင် သိလိမ့်မယ် ။ ချစ်သူလက်ညှိုးထိုးတိုင်း ပန်းတွေဝေပေးချင်တယ် ။ အဲ့ဒီအစွမ်းကိုလဲ ကျွန်တော်ရချင်တယ်  ။ တကယ်...။ -သိုးဆောင်း

"Doctor Yuiiဆိုင်" ဆေးလိပ်သောက်တဲ့ကောင်တွေကို မောင်းထုတ်မယ် မူးပြီးငိုတဲ့ကောင်တွေကိုမောင်းထုတ်မယ် ပြီးရင် ကိုယ်တစ်ယောက်တည်းမူ
"Doctor Yuiiဆိုင်" ဆေးလိပ်သောက်တဲ့ကောင်တွေကို မောင်းထုတ်မယ် မူးပြီးငိုတဲ့ကောင်တွေကိုမောင်းထုတ်မယ် ပြီးရင် ကိုယ်တစ်ယောက်တည်းမူးမယ် မင်းကိုလွမ်းမယ် ဆိုင်ထဲမှာလူ့အရိုးစုထားမယ် ခန္ဓာဗေဒပုံကြီးကပ်ထားမယ် အသားလှီးစားဖို့ ခွဲစိတ်ဓား အအေးသောက်ဖို့အတွက်ပြွန် ဒီလောက်ပါပဲမမခိုင် အားလုံးလွမ်းတတ်အောင် ပန်းတွေစိုက်ထားမယ် ငိုချင်လာတဲ့အခါ မျက်ရည်တွေကိုသိမ်းထားဖို့ ဆေးထိုးအပ်ထားပေးမယ် ငါ့အတ္တတွေနဲ့တည်ထားတဲ့ ဒီဆိုင်မှာ မင်းကိုဆိုင်ပိုင်ရှင်ထားမယ် ‌ဆိုင်နေရာက ဆေး(၂)ရဲ့အရှေ့ မင်းအဆောင်နဲ့နီးရာ မြောက်ဥက္ကလာရဲ့တစ်နေရာ မှန်ပါသလား မမခိုင် တကယ်လို့ကိုယ်သေခဲ့ရင် ကိုယ်ခန္ဓာကိုယ်ကို မင်းလေ့လာနေကျလူသေကောင်လိုဆေးရေစိမ်ပေးပါ။ - နေကြာဖြူ

ဖြစ်လွယ်ပျက်လွယ်နေတဲ့ လောကထဲ ငါဟာမင်းအတွက် တစ်ဘဝစာလူတဲ့လား ခင်။ မင်းရဲ့ ခဏတာတွယ်တာခြင်းမှာ ငါက တစ်ဘဝစာနစ်နာပေးရဦးမယ်။ -အံ့လွန်းပျို

မနေ့ကဟာဆက်ဖတ်ပြမယ်

လာခဲ့ကျဟေ့

"Doctor Yuii" အချစ်ရေ ကိုယ်တို့လျှောက်ခဲ့တဲ့ ရိုးမြေကျလမ်းလေးကနေ အိုအောင်မင်းအောင်ထိဝေးခဲ့ကျပြီ ဝေးထိုက်လို့ဝေးတယ်လို့ပဲ မှတ်
"Doctor Yuii" အချစ်ရေ ကိုယ်တို့လျှောက်ခဲ့တဲ့ ရိုးမြေကျလမ်းလေးကနေ အိုအောင်မင်းအောင်ထိဝေးခဲ့ကျပြီ ဝေးထိုက်လို့ဝေးတယ်လို့ပဲ မှတ်ထားလိုက်ပါ့မယ် နောက်၂နှစ်ကျရင် အတူရှိနေနိုင်ပါ့မလားပဲ "ခိုင်" မမေးရဲဘူး မေးလို့လဲမရဘူး မေးခွန်းတွေဆိုတာ အနားရှိတုန်းမေးရတာပဲလေ သိမ်းထားလိုက်ပါတော့မယ်။ အိမ်လေးတစ်လုံးကြိုဆောက်ထားမယ် မင်းကြိုက်မယ်ထင်တဲ့ပန်းရောင်နဲ့ တစ်အိမ်လုံးကိုခြယ်မယ် မင်းကြိုက်မယ်ထင်တဲ့ပန်းတွေစိုက်ထားမယ် မင်းအေးဆေးစာလုပ်နိုင်ဖို့ ပန်းခြံငယ်လေးတစ်ခုပါထည့်မယ် မင်းမကြိုက်တဲ့ငါ့ကိုဖယ်ပြီး အဲ့အိမ်မှာနေလို့ရတယ်။ အတူတူစဉ်းစားခဲ့တဲ့စီးပွားရေးလေးတစ်ခု မင်းမလာခင်အကောင်ထည်ဖော်မယ် စားသောက်ဆိုင်လေးဖွင့်မယ် "Doctor Yuii"လို့နာမည်ပေးမယ် "‌ဆေးလိပ်မသောက်ရ"ဆိုင်းဘုတ်ချိတ်ထားမယ် မင်းကဆေးလိပ်ငွေ့မခံနိုင်သလို ကိုယ့်ကိုလဲဆေးလိပ်မသောက်စေချင်ဘူးဆိုတာကိုယ်သိပါတယ် မင်းမလာခင်ထိဆေးလိပ်သောက်မယ် မင်းမလာခင်ထိအသက်ရှင်ရှင်နေမယ် မင်းပြန်လာရင်မင်းဆီမှာဆေးကုမယ်။ -နေကြာဖြူ

ဒီညဘာဖတ်ပြရမလဲ ကဗျာ or ဝတ္ထု