ar
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

الذهاب إلى القناة على Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

إظهار المزيد
Myanmar33 000الفئة غير محددة
313
المشتركون
-224 ساعات
-67 أيام
-2330 أيام
أرشيف المشاركات
အဲ့နေ့ကပေါ့ ရန်ကုန်မြို့ထဲ နှစ်ယောက်တည်းရှိနေတဲ့အထာနဲ့ လမ်း‌အတူတူလျှောက်ခဲ့ကျတယ် မြေနီကုန်းလမ်း‌မတွေမှာ ကြပ်နေတဲ့ကားတွေရဲ့ ဟွ
အဲ့နေ့ကပေါ့ ရန်ကုန်မြို့ထဲ နှစ်ယောက်တည်းရှိနေတဲ့အထာနဲ့ လမ်း‌အတူတူလျှောက်ခဲ့ကျတယ် မြေနီကုန်းလမ်း‌မတွေမှာ ကြပ်နေတဲ့ကားတွေရဲ့ ဟွန်းတီးသံတောင် မကြားရတော့တဲ့အထိပေါ့ အပြုံးကိုယ်စီနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကိုယ်ကအိတ်သယ် မင်းက ကိုယ့်လက်မောင်းကိုလွယ် အဲ့တုန်းက မင်းအပြုံးတွေက ဟန်မဆောင်နေဘူးဆိုတာ ကောင်းကောင်းကြီးသိတယ်။
-နေကြာဖြူ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ ရေဒီယိုတစ်လုံး ဂစ်တာတစ်လက်နဲ့ စာအုပ်တစ်သေတ္တာပဲ ရှိခဲ့ပါတယ် ။ ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေ မရှိခဲ့ပါ စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်သာ ကျွန်တော်ရဲ့ကမ္ဘာ...။ -လှသန်း

‎'တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ'လို့ဆိုကြတယ်။ ‎က‌ဗျာလောက လူ့လောက ‎နိုင်ငံရေးလောက လူ့လောက ‎လောကုတ္တရာလောက လူ့လောက ‎ ‎"လူတွေခြေချတဲ့မြေ ‎အဖြူနဲ့အမည်းရောနေ ‎မေတ္တာတရား ဈာပနခြွေ ‎စာရိတ္တအလောင်းတွေသွေးထွက်နေ" ‎ပန်းပွင့်တဲ့နေရာတိုင်း မြေလည်းပြိုဖူးတာပဲ။ ‎ဘုရားပွင့်တဲ့ကမ္ဘာတိုင်းလည်း မာရ်နတ်ပါသတဲ့။ ‎ ‎ဆယ်တန်ပေးမှ လန်းတဲ့ပန်းတွေ ‎ ‎စာအိတ်ထိုးမှကမ်းတဲ့လက်တွေ ‎ ‎သ‌ဗ္ဗေသတ္တာ ကမ္မသကာ ‎ဘယ်သူသေသေ ငတေတော့မာမှပါ။ ‎ ‎သံဟာဆွေးတတ်တယ် ‎သို့ပေသိ သွေးမထွက်တတ်ပါဘူးဆိုတော့ ‎ငွေမြင်ရင်သေးထွက်တတ်တဲ့ကောင်တွေက ‎ရယ်တယ် ရိုးရိုးကျင့်မြင့်မြင့်ကြံ တဲ့ ‎ ‎ကျည်ဆန်တစ်အိတ် ဆန်တစ်အိတ် ‎လူခေါင်းတွေ ဝယ်တယ်။ ‎ပုစွန်ခေါင်းတွေ ဝယ်တယ်။ ‎ဆိုင်းဘုတ်နဲ့ ဌာနတွေဟာ ကမ္ဘာစစ်ဖြစ်ထားကြတယ်။ ‎တာဝတိံသာလို့ ခေါင်းစီးတပ်ပြီး ‎ငရဲခန်းဖွင့်တဲ့ ဂြိုဟ်ပေါ်မှာ ‎ဂြိုဟ်သားမဟုတ်တဲ့ လူကောင်တွေ ‎ပြေးလွှားလုယက်နေကြတယ်။ ‎ ‎ဒုက္ခကို တိုးဝယ်နေတုန်း ‎တစ်ကောင်က ပုခုံးလာပုတ်တယ် ‎‌"ဟေ့ကောင် တန်းစီလေကွ ‎ဒါ ဒီမိုကရေစီ နိုင်ငံ"တဲ့ ‎ဟားဟားဟားဟား ‎ငရဲမင်းကတော်ရဲ့ ရယ်သံထက် ‎သာယာလိုက်လေခြင်း ‎ ‎ကော်ဇောနီပေါ် ခြေကြွတယ်။ ‎မြေမြှုပ်မိုင်းပေါ် ခြေချတယ်။ ‎မိုင်းပေါတဲ့အရပ်ကနေ ဟိုဘက်ကိုသွားကြ ‎ဟိုဘက်မှာ ဆန်ရင်းတွေရတယ်။ ‎ဒီဘက်မှာတော့ ခံရင်းသေရတယ်။ ‎ ‎အမျှ အမျှ အမျှ ‎စက်ရုံတံဆိပ်ကပ် ဦးနှောက်တစ်လုံး ‎သက်တမ်းကုန်ခဲ့ပြန်ပေါ့လေ။ ‎ ‎-မြတ်နွယ်

သတိမရတော့ပါဘူးတဲ့

သတိမှရရဲ့လား

အတိတ်ရဲ့ ဒိုင်ယာရီ ရတာမလို လိုတာမရတဲ့ ဘ‌ဝတွေမှာ နေသားတကျ... ရန်ကုန်ရဲ့ ညအမှောင်ဟာ အိပ်မက်ထဲကို ဝင်ဝင်လာတယ်။ ဘာလိုလဲ.. ဘာရှာလဲ.. မမေးပါနဲ့ အချစ်စစ်စစ်နဲ့ အချိန်စစ်စစ်ကိုလိုပါတယ်။ ထူးအိမ်သင်ရဲ့ ချစ်သူ့လက်ဆောင် သီချင်းကို ကြားတိုင်း နေရောင်ခြည်တွေကို ပြေးမြင်ရပါတယ်။ အပြုံးနုနုတွေဟာ ကိုယ့်အပိုင်မဟုတ်ကြောင်း တကူးတကလာပြောသူကိုလည်း ကျေးဇူးတင်မိပါသေးတယ်။ အချစ်တွေထပ်တူကျခဲ့ပါတယ်... ကျွန်တော်နဲ့တော့ မဟုတ်ခဲ့ဘူးပေါ့... ခင်ဗျားတို့ ၂ယောက်အချစ်တွေ ထပ်တူကျခဲ့ပါတယ်။ လူတစ်ယောက်ကို နှလုံးသားရဲ့အနက်ရှိုင်းဆုံးမှာ သိမ်းထားရင်း လူတစ်ယောက်ကို ချစ်ရတာဟာ ဘယ်လောက်ခက်ခဲကြောင်း ချစ်ဖူးသူမှ သိပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ရတာမလို လိုတာမရတဲ့ ဘ‌ဝတွေမှာ နေသားတကျဖြစ်ခဲ့ပါပြီ။ မရုန်းထွက်နိုင်သ၍ သည်းခံခဲ့ခြင်းတွေကိုလည်း အချစ်လို့ပဲ ခေါင်းစဉ်တပ်ပေးပါ စွဲလမ်းစိတ်လို့ မခေါ်သွင်စေချင်လို့ပါ။ ရန်ကုန်မြို့ရဲ့ ညအမှောင်ဟာ တရွေ့ရွေ့ ပြန့်လွင့်လာတယ်။ ချစ်ရသူဟာ တဖြည်းဖြည်းလွှင့်စင် ပျောက်ကွယ်သွားခဲ့ပြီ။ ထူးအိမ်သင်ရဲ့ ချစ်သူလက်ဆောင် သီချင်းဟာ ရေဒီယိုကနေပြန့်လွင့်လာတယ်။ ဒါဟာ.. ချစ်သူ့လက်ဆောင်များတဲ့... ဘဝတွေဟာ နေသားကျခဲ့ရပါပြီ အချစ်တွေလည်း ထပ်တူကျခဲ့ပါတယ် ကျွန်တော်မပါဝင်ခဲ့တာပဲရှိတာပါ ခင်ဗျားတို့ အချစ်တွေထပ်တူကျခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ရတာမလို လိုတာမရတဲ့ ဘ‌ဝတွေမှာ နေသားတကျဖြစ်ခဲ့ပါပြီ။ တစ်ချိန်က ပိုင်ဆိုင်ခဲ့ရတဲ့ အပြုံးတွေဟာလည်း တကယ်တမ်း လက်တွေ့မှာ တခြားသူအပိုင်ဆိုတာကို လက်ခံလိုက်ပါပြီ။ သွားရင်း... လာရင်း... စားရင်း... သောက်ရင်းပဲ.. သတိရတ ရှိနေမိပါတယ်။ နေဝင်ချိန်‌တွေမှာ ကျွန်တော်တို့ အတူမရှိနိုင်တော့ဘူးဆိုတာ အသေချာကြီးကို သေချာခဲ့ရပြီ။ လူတစ်ယောက်ကို ချစ်ရင်း လူတစ်ယောက်ကိုတော့ တယုတယသိမ်းထားတုန်းပါပဲ... ငိုတလှည့် ပြိုတလှည့်ပေါ့။ အဆင်ပြေပြေရှိမယ် ထင်ခဲ့ရတဲ့ နေ့ရက်တွေမှာလည်း... အဆင်ပြေပြေမရှိခဲ့ကြောင်း တစွန်းတစသိခဲ့ရပါတယ်။ နွေဦးဟာ လေရူးကို ကျီစယ်ရင်း ပထမဝါဆိုဟာ မင်းကိုသတိရစေတယ် အသက်... ဆောင်းညတွေမှာ မင်းအသံလေးနဲ့ အနွေးဓာတ်ပြု‌ချင်ပေမဲ့ ရာသီစက်ဝန်းဟာ ကျော်လွန်ခဲ့ပြီဆိုတာကို လက်ခံပါတယ်။ လက်မခံချင်လည်း ကျွန်တော်လက်ခံခဲ့ရပါတယ်။ ငိုတလှည့် ပြိုတလှည့်နဲ့ပဲ ရတာမလို လိုတာမရတဲ့ဘဝတွေမှာ နေသားတကျရှိခဲ့ပါပြီ။ ချစ်ရသူဟာ ပြုံးနေလေတယ်.. ကိုယ်မဟုတ်တဲ့ သူနဲ့ဆိုတဲ့ အတွေးကို ဖျောက်ဖျက်ရင်း ကျေနပ်ခဲ့ရပါတယ်။ ဘာလိုလဲ.. ဘာရှာလဲ.. မမေးပါနဲ့ အချစ်စစ်စစ်နဲ့ အချိန်စစ်စစ်ကိုလိုပါတယ်။ သွားရင်း... လာရင်း... စားရင်း... သောက်ရင်း... ကဗျာရေးရင်း.. ဂစ်တာတီးရင်းပဲ... သတိရတ ရှိနေမိပါတယ်။ အချစ်တွေထပ်တူကျခဲ့ပါတယ်.. ကိုယ်မပါခဲ့တာပဲရှိတာပါ အသက်။ - လိပ်ပြာ ၈ရက်၊ ၇လ၊ ၂၀၂၆ [ မနက် ၁၁နာရီ ၆မိနစ် ]

ထွက်သွားတာသေချာရင် နောက်ဆုံးအနေနဲ့ဘာလို့ လှည့်မကြည့်ခဲ့တာလဲ။ - နေကြာဖြူ

"ခင်ဖုန်းသက်ဝေ ဂယ်လာရီ" အမှားပါသွားရင်ခွင့်လွတ်ပါခမျာ"

တချို့က အိပ်မက်ထဲမှာပဲ တွေ့ခွင့်ရတော့တယ်။

ကျွန်တော်လား..... ကျွန်တော်ဘွဲ့မယူပါဘူး ကျွန်တော့ရဲ့ခံယူချက်ထဲမှာ ဘွဲ့ယူဖို့မပါပါဘူး အမေစိတ်ချမ်းသာအောင်ဆိုပြီး ဆယ်တန်းအောင်ခဲ့ပါတယ် ဒါပါပဲ။ စာပဲဆက်မလုပ်ချင်တာတော့သေချာပြီ ကဲ အဲ့တာဆိုဘာဆက်လုပ်မှာလဲဆို‌ အဲ့အ‌တွက်‌အ‌ဖြေကိုသေချာမပေးနိုင်ခဲ့ဘူး ပန်းရံ လူကြမ်း မဆလာသယ် အုတ်သယ် သဲသယ် ကျောက်သယ် လုံခြုံရေး အဲ့ထပ်ပိုပန်းခဲ့ဖူးတယ် ၃နှစ်လောက်နဲ့အဲ့လိုလမ်းပျောက်ခဲ့ဖူးတယ် လူတွေအများကြီးနဲ့ခင်မင်ခွင့်ရခဲ့သလို လူတစ်ချို့နဲ့အလှမ်းဝေးခဲ့ရတယ် အဓိကကတော့ ခံယူချက် ကိုယ့်ခံယူချက်ကိုပိုကောင်းအောင်လုပ်ခဲ့တယ်။ - နေကြာဖြူ

တစ်ဖြည်းဖြည်းနဲ့ မင်းက မိုးကုပ်စက်ဝိုင်းဖြစ်လာတယ်။ မြင်ရသေးတယ်၊ ဒါပေမယ့် ဘယ်လောက်လျှောက်လျှောက် မရောက်နိုင်တော့ဘူး။ -နွေဦး

လူတစ်ယောက်ကို သေချာပေါက် လိုအပ်နေပါလျက်နဲ့ ငါမလိုဘူးလို့ ညာလိုက်ရတဲ့ အခိုက်အတန့်တွေလောက် ကျိုးကြေစရာကောင်းတာ မရှိဘူး ။ -ဘုန်းမင်းနွေ

ဝေးကွာခြင်းမှာ ခြေရာမရှိဘူး။ တိတ်ဆိတ်မှုတစ်စက်စီကသာ တို့ကြားက လမ်းကို မမြင်ရအောင် ရှည်စေခဲ့တာ။ -နွေဦး

''နူးညံ့မှု'' ကိုယ့်ရဲ့နူးညံ့မှုတွေကြောင့်ပဲ မင်းပေးခဲ့တဲ့ ဒဏ်ရာတွေက အချိန်ကြာလေလေ ပိုပြီး နက်ရှိုင်းလာလေလေ။ -ကျော်ကြီး(ကျော်
''နူးညံ့မှု'' ကိုယ့်ရဲ့နူးညံ့မှုတွေကြောင့်ပဲ မင်းပေးခဲ့တဲ့ ဒဏ်ရာတွေက အချိန်ကြာလေလေ ပိုပြီး နက်ရှိုင်းလာလေလေ။
-ကျော်ကြီး(ကျော်ရိပ်ညို)

အုံနာပို့တာမဟုတ်ဘူးနော် ကတောက်! သိဖို့

ဘယ်ကောင် လက်ကမြင်းတာလဲလို့
ဘယ်ကောင် လက်ကမြင်းတာလဲလို့

ဘုရားရှိခိုးရင်မေတ္တာပို့တဲ့အထဲမင်းကမပါမဖြစ်ပဲ ဘုရားရှိခိုးပြီးလဲ ဘုရားရှေ့ မင်းအကြောင့်ပြောပြရတာလဲခနခနပဲ - နေကြာဖြူ

သတိရမိတဲ့အကြောင်း ခင်ဗျားဆိုတဲ့ ပြာလဲ့လဲ့ ရပ်ဝန်းလေးကို တွေးကြည့်လိုက်တာနဲ့ သွယ်လျလျခန္ဓာကိုယ်လေးရယ် ပါးမို့မို့ထက်က အပြုံးပန်းလေးနဲ့ ပါးချိုင့်ကွက်ကလေးရယ် မျက်ရစ်မပါတဲ့ မျက်ဝန်းညိုညို‌တွေရယ် မထူမပါးမျက်ခုံး‌မွှေးလေးတွေရယ် နက်မှောင်လွန်းတဲ့ ဆံနွယ်ရှည်တွေနဲ့ ကော်ဖီသိပ်ကြိုက်တဲ့ အကြောင်းတွေရယ် မနက်တိုင်းအပြင်ထွက်ပြီး မနက်စာစားတတ်တဲ့ အကျင့်ကလေးရယ် စကားပြောတိုင်း လူတစ်ယောက်ကို အမြဲစိုက်ကြည့်တတ်တာလေးရယ် ပန်းကလေးတွေကို ချစ်တတ်တာလေးရယ် ဒိုးလုံးသီချင်းတွေ နားထောင်ရတာ သိပ်ကြိုက်တာရယ်ကို ကျုပ်အချိန်တိုင်းသတိရမိပါတယ် မသက်ထားနွေ။ - လိပ်ပြာ Art by Puffy fish

အုံနာလိုမျိုး အချစ်ကိုစိတ်ကုန်နေတယ်ဆိုရင် ဒီလိုကားကိုကြည့်ပါ။

Repost from N/a
See You at Work Tomorrow! (2026) 📝Ep-1 to 5 ထိရပါပီ 🔗https://t.me/koreandrama13/5887 ဒီတစ်ခေါက်မှာတော့ "Boyfriend on Demand
See You at Work Tomorrow! (2026) 📝Ep-1 to 5 ထိရပါပီ 🔗https://t.me/koreandrama13/5887 ဒီတစ်ခေါက်မှာတော့ "Boyfriend on Demand" ဇာတ်ကားမှ မင်းသား Seo In Gukနဲ့ "You and Everything Else"ဇာတ်ကားမှ မင်းသမီး Park Ji Hyunတို့ အဓိကပါဝင်ထားတဲ့ ရုံးတွင်းအချစ်ဟာသဇာတ်ကားသစ်လေးက ပရိသတ်ကြီးဆီကိုရောက်ရှိလာပါပြီ .. ဇာတ်လမ်းကတော့ *** ချာဂျီယွန်း (Park Ji Hyun)ဟာ ဆယ်အွန်းအီလက်ထရွန်းနစ်ကုမ္ပဏီမှာ လုပ်သက် ၇ နှစ်ရှိတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူမရဲ့အလုပ်ကျွမ်းကျင်မှုနဲ့ ထက်မြက်မှုတွေကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ယုံကြည်မှုကိုရရှိထားသူလည်းဖြစ်ပါတယ် ။ ဒါပေမဲ့ သူမဟာ အလုပ်နဲ့ပတ်သက်ပြီး စိတ်ကုန်လာသလို အချစ်ရေးမှာလည်း အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျလာပါတော့တယ် ။ အဲဒီလို သူမရဲ့ နေ့စဉ်ဘဝထဲကို စိတ်သဘောထားခက်ထန်ပြီး အေးစက်တဲ့ အထက်လူကြီးဂန်ရှီအူ(Seo In Guk)က ရောက်ရှိလာပါတယ်..။ အမှားတစ်ခုတွေ့တာနဲ့ အပြစ်ရှာတတ်လွန်းတဲ့ အထက်လူကြီးဂန်ရှီအူနဲ့ .. အလုပ်ပြီးမြောက်အောင်လုပ်ဆောင်ရမယ့် ဝန်ထမ်းချာဂျီယွန်းတို့ကြားမှာ နေ့တိုင်းလိုလို ပဋိပက္ခတွေဖြစ်ပွားနေပါတော့တယ်။ အဲဒီလိုနဲ့ တစ်နေ့မှာတော့ ကုမ္ပဏီရဲ့အရေးကြီးတဲ့စီမံကိန်းတစ်ခုကို အတူလုပ်ဆောင်ရင်း .. အချင်းချင်းရဲ့ မထင်မှတ်ထားတဲ့ဘက်အခြမ်းကို မြင်လိုက်ရတဲ့အခါမှာတော့... ရန်သူလိုလို မိတ်ဆွေလိုလိုနဲ့စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ရုံးခန်းတွင်းအပြိုင်အဆိုင်တွေကြားမှာ ဘယ်လိုမျိုး ချစ်ခြင်းမေတ္တာအဖြစ် ပြောင်းလဲသွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်လို့ အပတ်စဉ် စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။