A poem that is not a poet's poem
الذهاب إلى القناة على Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
إظهار المزيدMyanmar33 000الفئة غير محددة
313
المشتركون
-224 ساعات
-67 أيام
-2330 أيام
أرشيف المشاركات
အရာရာ ရင်ဆိုင်ဖို့ အားအင်တွေ ကုန်ခမ်းနေပြီ
လှိုင်းလေထန်တဲ့ ပင်လယ်ပြင်မှာ
ရွက်လွှင့်ရတာ ကြာခဲ့ပြီမို့
လှော်တက်ကို ကိုင်ထားတဲ့ လက်တွေလည်း
တုန်ရီလို့ နေပေါ့...
မျှော်လင့်ချက် ခြေလှမ်းတွေ ကြား
ဒဏ်ရာတွေက ဗလပွနဲ့
လျှောက်ခဲ့ရတဲ့ လမ်းခရီးတစ်လျှောက်မှာ
ပင်ပန်းလွန်းလို့ အမောဆို့ရပြန်တယ်
ထပ်ပြီး ရုန်းကန်ဖို့ နေနေသာသာ
မျက်တောင်လေး တစ်ချက်ခတ်ဖို့တောင်
အားအင်တွေ ခမ်းခြောက်နေရော့သလား...
ခဏလောက်တော့...
အရာရာကို မေ့ထားပြီး
ဒီအတိုင်းလေးပဲ မှိန်းနေချင်မိတော့တယ်...။
-ကျူး
လင်းသစ်တို့ကျော်ရိပ်ငြိမ်တို့ကြားရင်
ဒီကောင်ဟာသပြောတယ်ထင်မယ် "မမ"
ကိုယ်ချစ်တဲ့သူမမနဲ့အိမ်ထောင်ကျပြီးရင်
ကိုယ်တွေအတွက်တော့
ကိုယ့်ချစ်သူသည် ကိုယ့်မိန်းမသည်သာအရာရာပါပဲ
ထမင်းဟင်းချက်လဲကျွမ်းသလို
အနှိပ်သည်လိုလည်း
သူစေရင်ဖြစ်တယ်။
- နေကြာဖြူ
ရင်ထဲက ဒဏ်ရာသေးသေးလေး
အသက်ရေ...
မင်းလည်း မတောင်းပန်နဲ့တော့
ကိုယ်လည်း မတောင်းပန်တော့ဘူး။
ဘယ်လောက်လျှောက်လျှောက်
မရောက်တော့မဲ့ ခရီးတွေအတွက်လည်း
ကိုယ်ဝမ်းနည်းမနေတော့ဘူး။
ဒီဘဝ ဒီအမျှလို့ပဲ
မှတ်ယူလိုက်မယ် အသက်ရေ...
ကိုယ့်အချစ်တွေက
မင်းအတွက် မလုံလောက်ခဲ့လို့ထင်ပါရဲ့...
ဝဋ်ကြွေးတွေလား...
ရေစက်တွေလား....
ကိုယ်သေချာမသိဘူး အသက်
ကိုယ့်အတွက် ဝဋ်ကြွေးဆိုရင်
မင်းကိုချစ်တဲ့ စိတ်ကြောင့်
ကိုယ်ဒီဝဋ်ကြွေးကို ဘဝဆက်တိုင်း
ဆပ်နေမိမှာ သေချာပါတယ်။
ဒါပေမဲ့... မင်းက
လိုလိုလားလား မရှိမှတော့
ကိုယ်ဘယ်လောက်ချစ်ချစ်
လှည့်ထွက်လိုက်တာကပဲ
ကိုယ့်အတွက်ရော မင်းအတွက်ပါ
အကောင်းဆုံးဖြစ်မယ်ထင်တယ်။
ဘယ်လောက်လျှောက်လျှောက်
မရောက်တော့မဲ့ ခရီးတွေအတွက်လည်း
ကိုယ်ဝမ်းနည်းမနေတော့ဘူး။
ကပ်တွဲခြင်းမှာ
အမှားမရှိခဲ့ပါဘူး အသက်။
ဒါပေမဲ့... ကိုယ့်ခံစားချက်ကိုတော့
မင်းက ဘယ်သောအခါမှ
မြင်လာမှာမဟုတ်တော့
ကိုယ်အတင်းကြိုးစားမပြချင်တော့ဘူး။
လက်လျှော့လိုက်တာ မဟုတ်ဘူး
စိတ်လျှော့လိုက်တာ အသက်ရဲ့...
စိတ်လျှော့လိုက်တာ....
ရင်ကွဲခံပြီး စိတ်လျှော့လိုက်တာ...
ဘယ်လောက်လျှောက်လျှောက်
မရောက်တော့မဲ့ ခရီးတွေအတွက်လည်း
ကိုယ်ဝမ်းနည်းမနေတော့ဘူး။
အိပ်မက်တွေကိုလည်း
ရိုက်ချိုးပစ်လိုက်ပြီ အသက်...
မင်းအတွက်ဆိုတဲ့ ကဗျာတွေ
မီးရှို့ပစ်လိုက်ပြီ အသက်...
မင်းလည်း မတောင်းပန်နဲ့တော့
ကိုယ်လည်း မတောင်းပန်တော့ဘူး
မင်းကတော့
ထွက်သွားဖို့ကို တောင်းပန်ခဲ့တယ်..
ကိုယ်ကတော့
မထွက်သွားဖို့ကို တောင်းပန်ခဲ့တယ်..
မတူဘူးနော် အသက်
ချစ်တာခြင်းတောင်မတူဘူး...
ကိုယ်ကတော့
မင်းဆိုတဲ့ရပ်ဝန်းကိုချစ်တာ...
မင်းကတော့
ကိုယ်ချစ်တာကို ချစ်ခဲ့တာ...
ဝမ်းနည်းမှုတွေ...
မျက်ရည်တွေကို...
မင်းမမြင်မှတော့ ကိုယ်တကူးတက
မထုတ်ပြတော့တာဟာ အမှားလား။
မတူဘူးနော် အသက်.. မတူဘူး။
- လိပ်ပြာ
၂၄ရက်၊ ၆လ၊ ၂၀၂၆
[ ၉နာရီ ၃၂မိနစ် ည ]
ဘုရားလက်သစ်တွေကြား
အကုန်လုံးကိုထီးတင်ပြီး
အိမ်ပေါင်ခဲ့ရတဲ့ကောင်ပါ။
-မြတ်နွယ်
အိပ်မက်လှလှမက်ပါစေဆိုတာ
ကျောထောက်နောက်ခံမရှိ
ရုန်းကန်နေရတဲ့အစွန့်ပစ်ခံတွေကို
လှောင်နေသလိုများဖြစ်နေမလား
-နေကြာဖြူ
11:11
ကိုယ်ကတော်ရုံနောင်တရတဲ့
လူမျိုးမဟုတ်ဘူး
တစ်ဖက်လူမထွက်သွားခင်ထိပေါ့။
- နေကြာဖြူ
ကျွန်တော်တို့ A poem that is not a poet's poem ချန်နယ်မှာ
နောက်ထပ် ကဗျာရေးမဲ့အမျိုးသမီးကလောင်ပိုင်ရှင်တစ်ယောက်လိုအပ်ပါတယ်ခမျာ
ကိုယ်တိုင်ရေးကဗျာနှစ်ပုဒ်ကို @Hanong1234 မှာလာပို့ပေးပါခမျာ
- အုံနာ
လျှပ်စီးတစ်ခါလက်ရင်
ဘယ်လောက်ကြာသလဲ ကျွန်တော်မသိ
သူ့အပြုံးကြာချိန်လောက်
ကျွန်တော့်ဘဝ လင်းပါတယ်
-မြတ်နွယ်
ညက
ကြယ်တွေကို ဖျောက်မထားဘူး...
အလင်းနည်းသွားတော့
လူတွေက
မော့မကြည့်တော့တာ။
-နွေဦး
လူတစ်ချို့က
ချစ်နေဆဲဖြစ်ပေမယ့်
အတူတူ
လျှောက်လှမ်းဖို့တော့
မဖြစ်နိုင်တော့ဘူး...
-ပန်းရိပ်ငြိမ်
ဒဏ်ရာတွေဟာ ဆေးထည့်တိုင်းစပ်နေတုန်းပါမာဏဝီ
သူတို့လည်းမင်းဘက်ကပဲ ထင်ပါရဲ့။
ကိုယ့်အပေါ် ဘယ်တော့မှ မညှာတာဘူး။
-မြတ်နွယ်
^^တောင်းပန်ခြင်း^^
ငါ့စကားကြောင့်
သင့်ရင်မှာ မိုးတိမ်ထင်လျှင်
ငါ့အပြစ်သာဖြစ်စေ။
မရည်ရွယ်ခဲ့ပါဘဲ
လေပြေ တံခါးခေါက်သလို
စိတ်ကို ထိခိုက်မိသည်။
လောက၌
စကားတစ်ခွန်း၏ အလေးကား
လူတစ်ယောက်၏ ညကိုလည်း
မီးမထွန်းဘဲ မှောင်စေနိုင်၏။
ထို့ကြောင့်
ငါ တိတ်တိတ်လေးသာ တောင်းပန်မည်။
လေထဲသို့ ပျောက်ကွယ်သွားလည်း
သင့်အေးချမ်းမှုသာ
ငါ့ဆုတောင်းဖြစ်ပါစေ။
-ကျူး
နောက်ဆုံးသော
တိတ်ဆိတ်မှုက
ငါ့ထက် စကားပြောတတ်လာတဲ့ည။
လေကသာ ဖြတ်သွားတယ်၊
နာကျင်မှုကတော့
တံခါးမခေါက်ဘဲ ဝင်လာတတ်တယ်။
အလင်းကို မငြင်းဘူး…
မျက်လုံးထဲက အမှောင်ကသာ
မနက်ခင်းကို မယုံတော့တာ။
-နွေဦး
အိပ်နေရင်ပြန်မနိုးတော့ရင်…
ငါ့ကို မရှာကြနဲ့..
ပင်ပန်းနေတဲ့
နှလုံးသားတစ်စုံက
ခဏလောက်
တိတ်တိတ်လေး
အနားယူချင်ရုံပါ။
-ကျူး
