A poem that is not a poet's poem
الذهاب إلى القناة على Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
إظهار المزيدMyanmar32 877الفئة غير محددة
313
المشتركون
-124 ساعات
-67 أيام
-2230 أيام
أرشيف المشاركات
၂၀၀၅-၄-၁၇
နေကြာဖြူတစ်ကောင်မွေးလာတယ်
ဒါဟာအမေ့ရဲ့ပထမဆုံးမွေးဖွားခြင်းတော့မဟုတ်ခဲ့ဘူး
အကိုကတော့
အိမ်မှာကျန်ခဲ့တယ်
အိမ်ပေါ်ကဆင်းသွားတဲ့အဖေဟာ
အဲ့တုန်းကသေခါနီးမွေးကင်းစလေးကို
ဘုရားတပြီးစောင့်မျှော်နေခဲ့တယ်။
အငယ်ဆုံးသားဆိုပင်မဲ့
မွေးရာပါအားနည်းချက်တွေရှိခဲ့တယ်။
မွေးရာပါအဆုပ်ပြွန်ကျဉ်းတဲ့ရောဂါလေးရယ်
မွေးရာပါမွေးနေ့ကိတ်မခွဲဖူးတာလေးရယ်
မွေးရာပါအနှိမ်ခံရတာလေးရယ်ပေါ့။
ဆရာဝန်တွေကပြောတယ်
ဒီကလေးကအသက်ကြာကြာမရှင်နိုင်ဘူးတဲ့လေ
အခုလိုအရွယ်ရောက်မှာသိတာက
ငါအဲ့တည်းကသေလိုက်ရမှာဆိုပြီးတော့ပေါ့။
အမေ....
သူငယ်ချင်းမွေးနေ့တွေဆို
ကျွန်တော်မသွားချင်ဘူးအမေ
သူတို့မိသားစုစုံစုံလင်လင်နဲ့
ကိတ်မုန့်ခွဲရင်
သားအားကျမိမှာဆိုးလို့အမေ။
-နေကြာဖြူ
11.11
ငါပြိုလဲသွားတဲ့
နေ့ရက်တွေတိုင်းမှာ
တစ်ခါပြန်ပြီး အသက်ရှူနိုင်တာ
မင်းတစ်ယောက်တည်းကြောင့်ပဲ..
ခွေးလောက်ပဲသိပြီး
ကျားလိုတော့မဟိန်းချင်နဲ့ပေါ့ကွာ
ကျားလိုဂုဏ်ရှိချင်ရင်
ကျားဖြစ်အောင်အရင်လုပ်ပေါ့။
-နွေဦး
ပန်းတစ်ပွင့်က အရှုံးတစ်ခုနဲ့
ညီမျှခဲ့ရင် ငါဟာ အရှုံးကို
လွယ်လွယ်နဲ့ ပေးတတ်တဲ့
လူညံ့မဟုတ်ဘူး။
မင်းကေသာထက်မှာတော့
ပန်းတွေဝေပါစေ ခင်...။
-အံ့လွန်းပျို
ကိုယ်ဟာ အချစ်ရေးမှာ
ထိုးစစ်မဆင်ခဲ့ပါဘူး
ခုခံရင်းနဲ့ လက်နက်ချခဲ့ရသူပါ
ဒီလိုနဲ့ပဲ
တိုက်ပွဲအလယ်မှာ
သွေးသံရဲရဲနဲ့အလံဖြူစိုက်လို့
နှလုံးခုန်ရပ်ခဲ့တယ်။
- နေကြာဖြူ
တစ်စုံနဲ့ တစ်ယောက်
မဖြစ်ချင်ခဲ့လို့ ကျွန်တော်ဟာ
တိတ်တိတ်ကလေး စစ်ကြေညာပြီး
လှည့်ထွက်ခဲ့ပါတယ်။
- လိပ်ပြာ
ပိုင်ဆိုင်ရမှ ဆိုတာမျိုး
မရှိပါဘူး။ ချစ်ခွင့်ရရင်ပဲ
ကျေနပ်ပြီမလို့ မင်းရဲ့လူကို
စိတ်ပူမနေပါနဲ့။ ငါက
ကိုယ်ချင်းစာတတ်တယ် အချစ်ရဲ့။
- အံ့လွန်းပျို
မင်းဟာငါ့အတွက်လည်း
နှင်းဆီပန်းတစ်ပွင့်လိုပဲ
ရနံ့ဟာလည်းမွှေးနေဆဲ
နှလုံးသားနဲ့လက်မှာသွေးတွေရဲ
ခက်တာက ငါကနှင်းဆီပန်းရယ်
အရက်ရယ်ဆို သိပ်ကြိုက်မိတာပဲ။
- ဒေါင်းနက်
ကိုယ့်နှလုံးသားခံတပ်ဟာ
ခိုင်ခံ့မှုနည်းလှတယ်
တိုက်စစ်မဆင်ပါနဲ့ကွယ်
မင်းဖြတ်လျှောက်ရုံနဲ့ကို
ပြိုဖို့လုံလောက်ပါတယ်
- မြတ်နွယ်
''ကောင်းကင်ထက်က မင်းဆီသို့''
ဆေးရုံခန်းလေးရဲ့ ပြတင်းပေါက်နားမှာ
မင်းရယ်နေတဲ့
မျက်နှာလေးကို
နေရောင်ခြည်က
တိတ်တိတ်လေး
နမ်းခဲ့ဖူးတယ်။
“မနက်ဖြန်တွေ အများကြီး
ရှိသေးတယ်” လို့
မင်းပြောခဲ့ပေမယ့်
အချိန်ကတော့ အကြင်နာမဲ့စွာ
စာမျက်နှာတွေ မြန်မြန်လှန်သွားခဲ့တယ်။
သွေးကင်ဆာဆိုတဲ့ စကားလုံးက
ငါတို့နှစ်ယောက်ရဲ့
အိပ်မက်တွေကို
တဖြည်းဖြည်း
အရောင်ဖျော့စေခဲ့တယ်။
မင်းလက်ကို ငါဆုပ်ကိုင်ထားတဲ့နေ့မှာ
“မငိုနဲ့နော်” ဆိုတဲ့
စကားလေးတစ်ခွန်းက
ငါ့နှလုံးသားထဲ
အမြဲကျန်နေခဲ့တယ်။
တစ်နေ့မှာတော့
မင်းဟာ နာကျင်မှုတွေ မရှိတော့တဲ့
ဝေးလံတဲ့ ကောင်းကင်တစ်နေရာကို
တိတ်တိတ်လေး ထွက်ခွာသွားခဲ့တယ်။
အခုတော့
မင်းအကြိုက် သီချင်းလေးတွေ ကြားတိုင်း
မင်းရယ်သံလေးကို သတိရမိတယ်။
ကြယ်တွေ လင်းတဲ့ ညတိုင်း
မင်းဟာ အဲ့ဒီကြယ်တစ်ပွင့်ဖြစ်နေမလားလို့
ကောင်းကင်ကို မော့ကြည့်မိတယ်။
သေခြင်းက မင်းကို ငါ့ဘက်ကနေ ခွဲသွားပေမယ့်
ချစ်ခြင်းမေတ္တာကိုတော့
မခွဲနိုင်ခဲ့ဘူး။
မင်းမရှိတော့တဲ့ ကမ္ဘာမှာတောင်
ငါ့နှလုံးသားထဲ မင်းက
အသက်ရှင်နေဆဲပါပဲ။
-Little May
ကို့ဘက်ယိမ်းစမ်းပါ ပန်းလေးရယ်
ဘယ်ပျား၊ဘယ်လိပ်ပြာမှ
မင်းကိုအန္တရာယ်မပေးစေရဘူး။
-နွေဦး
မမ
(၁)
ဥပေက္ခာတဲ့
ဗြဟ္မစိုရ်တရားလေးပါးမှာ
အဲ့တစ်ပါးက မမနဲ့ မလိုက်ဘူး မမ
ဗြဟ္မစိုရ်ပန်းလည်း မယူနဲ့
သိကြားမင်းဆီက အာသာဝတီနတ်ပန်းဖြစ်ဖြစ်
လူ့ပြည့်က ခွေးသေးပန်းဖြစ်ဖြစ်
မမနား ကပ်တဲ့အခါ
စိန်နားကပ်ရောင်ကြောင့် ပါးပြောင်ရတဲ့
ကောင်တွေရယ်ပါ။
ပန်းသည်တွေဆဲမှာ စိတ်ပူရတယ်ဗျာ။
ပန်းတွေလှတာ မမကို မမီတော့
မမရှိတဲ့အရပ် ပန်းဈေးတွေ ကျမှာပဲ။
(၂)
အိပ်မရတဲ့ ညတွေ
မမကြောင့်ပေါ့လေ။
အဲ့ညတွေမှာ ကြယ်တွေနဲ့
စကားနိုင်လုရင်းကြွားတယ်။
တစ်ချက်တစ်ချက် ငါ့မမပြုံးရင်
မဝံ့မရဲ ပိတ်ကားလှစ်ခံရတဲ့
ပုလဲသွယ်သွားလေးတွေ
လင်းလက်ပုံများ မင်းတို့ကြယ်တွေ
လိုက်လို့မမီ။
ကြယ်တွေနဲ့စိတ်ကောက်ပြီး
ပျောက်သွားတော့ မမလမ်းလျှောက်နေတဲ့
ညနေစောင်းကမ္ဘာကိုရောက်သွားတယ်။
(၃)
အရာရာဟာလှလိုက်တာ။
မမရဲ့ အရာရာပေါ့လေ။
မမလာတဲ့လမ်းက ကြမ်းလိုက်တာ
ခဲတွေ၊ဗြုပ်တွေကွာ
ဒီအစိုးရ ညံ့လိုက်တာ။
မမလမ်းကိုမှ ကြမ်းအောင်လုပ်ကြတယ်။
ဒီကောင်တွေ ဗုဒ္ဓနဲ့လွဲခဲ့တဲ့ တီထွေးတွေနေမှာ။
မမသာ ကြည်ဖြူရင်
ဒီကောင် သုမေဓာ ဝင်လုပ်လိုက်ချင်ရဲ့။
မမ ဘာဗျာဒိတ်များပေးမလဲ။
ကြောက်ရပါတယ်။
ကြောက်ပါတယ်။
ဘုရားသာသနာ
သိကြားသာသနာ
နောက် မမသာသနာ။
(၄)
မမက မကြည်ဖြူတဲ့အခါ
သွေးပေါင်နဲ့ စိတ်ဓာတ်ဟာ
အရှက်မရှိထိုးကျတယ်။
ဂလူးကိုစ့်တစ်ပုလင်းထက်
မမအနမ်းတစ်ပွင့်က ဒီလူနာဖို့
ပိုအာနိသင်ထက်တယ် မမရဲ့
သမ္မာဒေဝတွေ မစလို့
ကျွန်တော့်နှလုံးသား မမ မမုန်းပါစေနဲ့။
လေအဝှေ့မှာ
မမဆံနွယ်တွေရိုက်ခတ်ရာဟာ
ကျွန်တော့်ပါးသာဖြစ်ပါရစေ။
နားနဲ့မနာ ဖဝါးနဲ့နာ
ကျွန်တော့်မမသာ နိဗ္ဗာန်ပါ။
ကျွန်တော့်ရင်ဘတ်ဘယ်ဘက်ခြမ်းက
လတစ်စင်းဟာ မမ နမ်းမှ
ပွင့်မှာပါ။
(၅)
မိတ်ဆွေတွေလို ဆိုတဲ့စကား
မပြောနဲ့ဗျာ။
ဒီလောက်သတ်ရရင်တော်ရောပေါ့ မမရာ။
ဒီကောင့်ကို လူမိုက်လို့ပြက်ရယ်မပြုနဲ့
ကျွန်တော်ဟာ လူမိုက်မှမဟုတ်ပဲ
သူများမျက်ခုံးမွှေးပေါ်တစ်ခေါက်မှ
မလျှောက်နင်းခဲ့တဲ့ လူရိုးပါဗျာ။
မမ နှုတ်ခမ်းမွှေးလေးတွေပေါ်မှာသာ
ဘဝကို အခြေချချင်တာ
-မြတ်နွယ်
''လွမ်းဆွတ်ခြင်း''
မင်းမရှိတဲ့ နေ့ရက်တွေကို
အဆင်ပြေပါတယ်လို့ ညာပြောရင်း
ရင်နာစရာ အတိတ်တွေကို
မေ့ပစ်ဖို့ ငါအားတင်းထားရတယ်။
မင်းကတော့ ပျော်နေမှာပါ
ကြည်နူးရတဲ့ ကမ္ဘာသစ်ထဲမှာ
ငါ့ဆုတောင်းတွေ မင်းကိုခြံရံလို့
အေးချမ်းစွာ မင်းပြုံးနေပါတော့
ဒီနေရာလေးကနေပဲ
ကိုယ်မင်းကိုလွမ်းနေပါ့မယ်။
-ကျော်ကြီး
ဟုတ်ကဲ့
ဗေဒင်ရူးနဲ့ အာဏာရူးတွေ
ရှိတဲ့နိုင်ငံမှာ
မွေးဖွားခဲ့ပါတယ်
ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုလို့
ငါးစာတွေကြီးပဲသွားမကျွေးပါနဲ့
ငှက်တွေကြီးပဲသွားမလွှတ်ပါနဲ့
ဒီနေ့ကောင်းတာလုပ်ပြီး
မနက်ဖန်သေသွားနိုင်တာမို့
လောကကြီးထဲမှာ
လူပီသအောင်နေသင့်တယ်။
- နေကြာဖြူ
react လေးတွေ
တစ်ယောက်တစ်ခုစီလောက် ပေးခြင်းက
ကဗျာတွေကို မွေးဖွားပေးနေကြတဲ့
ဆရာ/မတွေ အတွက် ခွန်အားပါပဲဗျ။
-admin team
ခေတ်ဇောက်ထိုး
လူလိမ်က စင်မြင့်ပေါ်မှာ
ပညာရှိတွေက ပါးစပ်ပိတ် နားပိတ်
ဗလာစာအုပ်က ဘွဲ့ထူးဂုဏ်ထူး ရသတဲ့။
ခွေးက လူကိုဟောင်တာ မဆန်းတဲ့ခေတ်
လူက ခွေးကို ပြန်ဖားနေရတဲ့ခေတ်
ငရဲက နိဗ္ဗာန်ဖြစ်။
ခြေထောက်ကိုမြှောက်
လက်ကိုထောက်လို့
ဇောက်ထိုးနေမှ အတည့်ဖြစ်တဲ့ခေတ်။
အမှောင်ဖုံးတဲ့ ခေတ်။
-နွေဦး
တကယ့်ဟာသပါပဲဗျာ
မနက်စောစောမှာ
မင်းကိုလွမ်းနေရတယ်လို့
အရင်လိုလဲ
ကိုယ့်ဘေးမှာ
မင်းကမနိုးထလာဘူး
ကိုယ့်လက်မောင်ပေါ်မှာလဲ
မင်းခေါင်းမရှိတော့ဘူး။
- နေကြာဖြူ
နေကြာတွေ "နေမင်း”ကို
ကျောခိုင်းထားသည့်တိုင်
ဆက်ချစ်ခွင့်လေးတော့ ရချင်တယ်
-နွေဦး
''အရက်ခွက်ထဲကအလွမ်း''
အရက်သမား မဟုတ်ဘူး
ငါ အရက်သောက်တယ်...
မူးချင်လို့တော့ မဟုတ်ဘူး၊
မေ့ပစ်ချင်လို့ပါ။
တစ်ချိန်က
အသက်လောက်ချစ်ခဲ့တဲ့ မင်းက
ငါ့ဘဝထဲက ထွက်သွားတဲ့နေ့ကစပြီး
နှလုံးသားက
နေ့တိုင်း သွေးယိုနေခဲ့တယ်။
ငါက ခံစားလွယ်တဲ့လူ၊
အလွမ်းတွေကို မျိုသိပ်ဖို့
နှလုံးသားက မသန်မာဘူး။
ဒါကြောင့်...
နာကျင်မှုတွေ ခဏလောက်
ပျောက်သွားမလားဆိုပြီး
အသည်းကို အရက်နဲ့ စိမ်ခဲ့မိတာ။
လူတွေက
"အရက်သမား" လို့ ခေါ်ကြတယ်။
တကယ်တော့...
ငါက အရက်သမား မဟုတ်ဘူး။
ပြန်မရနိုင်တော့တဲ့
အချစ်တစ်ခုကို ဖက်တွယ်ရင်း
ညတိုင်း တိတ်တိတ်လေး ငိုနေတဲ့
သနားစရာ
အသည်းကွဲသမား
တစ်ယောက်ပဲ။
မူးနေတာ အရက်ကြောင့် မဟုတ်ဘူး...
မင်းကို အရမ်းချစ်ခဲ့မိလို့ပါ။
-Little May
မီးခြစ်ဆံ
မီးခြစ်ဆံတစ်ချောင်းလို
အလင်းအနည်းငယ် ပေးနိုင်ရုံနဲ့
မှောင်မိုက်တဲ့ အရပ်တွေကို ကျော်ဖြတ်နိုင်ပြီ ထင်ခဲ့တယ်။
ကြယ်တွေ အစီအရီ လင်းထိန်နေတဲ့
ညကောင်းကင်ကြီးအောက် ရောက်သွားတဲ့အခါကျတော့လည်း
ငါ့ရဲ့ လမ်းပြကြယ်က ဘယ်ရတနာလဲ ဝေခွဲမရတော့ပြန်ဘူး။
လောကကြီးက...
လင်းလက်စရာတွေ စုံလင်လွန်းလို့ပဲ
ငါ့ခြေလှမ်းတွေ ပိုပြီး တုံ့ဆိုင်းရတယ်။
-နွေဦး
