A poem that is not a poet's poem
الذهاب إلى القناة على Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
إظهار المزيدMyanmar33 370الفئة غير محددة
315
المشتركون
-224 ساعات
-67 أيام
-2030 أيام
أرشيف المشاركات
ကမ္ဘာကြီး နေကောင်းတဲ့အခါ
ကိုယ်ရယ် မင်းရယ်
ကိုယ်တို့ကလေးတွေရယ်
မြင်ချင်ပါတယ်... တွေ့ချင်ပါတယ်။
- လိပ်ပြာအများကြီးမတောင်းဆိုပါဘူး
ကိုယ့်နေရာမှာ ခနလောက်ပဲ
နေကြည့်ပါလား မင်းကို
ဘယ်လောက်ထိ ချစ်လဲ
သိစေချင်လို့
ကြယ်တွေကိုညွှန်းတဲ့
သံလိုက်အိမ်မြှောင်ဟာ
ခုတော့ ကန့်လန့်တိုက်တတ်နေပြီ
-မြတ်နွယ်
အမှတ်တရ ဒိတ်လေး
တိမ်တွေက ပြေးနေတယ်
မင်းနဲ့ ငါနဲ့လည်း ဝေးနေတုန်းပါပဲ..
ချစ်ရသူဟာ
သစ်ပင်.. သစ်တောတို့ထက်
ငါ့အပေါ်ပိုလို့ မစိမ်းသွားအောင်
ငါဟာ ချစ်ခြင်းမေတ္တာကို
လူအများသိအောင် ဂျာနယ်ထဲထည့်
ကြေညာလို့မရခဲ့ပါဘူး။
အချိန်နာရီတွေ ရွေ့လျားနေပုံကို
ငါကြည့်ရင်း တစ်နေ့တခြားနားလည်ခဲ့တာဟာ
တစ်နေ့မှာ ငါတို့ဝေးသွားလိမ့်မယ်ဆိုတဲ့
အကြောင်းတွေပဲ အသက်။
လူတွေက ချစ်ပြီဆိုရင်
အတ္တတွေနဲ့ အရောင်စိုးချင်လာကြတယ်
ငါလည်း အရောင်စိုးချင်ခဲ့ပါတယ်
ဒါပေမဲ့ ငါအရောင်စိုးခဲ့မိရင်
ပြန်ရမဲ့ ရလဒ်တွေဟာ
မကောင်းမှန်း ငါကြိုသိခဲ့လို့ပဲ အသက်။
ငါမေ့မရခဲ့တဲ့ ရက်တွေ
ဒီနေ့လိုရက်တွေပေါ့ အသက်ရေ...
မင်းအတွက်တော့ အမှတ်တမဲ့
ဖြစ်ချင်ဖြစ်နေမှာပါ...
ဒါပေမဲ့.. ငါ့အတွက်တော့
သေသည်ထိ စွဲသွားခဲ့တဲ့
အမှတ်တွေနဲ့ ရက်တွေဖြစ်ခဲ့တယ်။
သဝန်တိုတယ်ဆိုတာ
မင်းသူနဲ့ လျှောက်လည်ခဲ့တဲ့နေ့တွေလား....
မင်းသူ့ကို အများကြီးချစ်ပါတယ်လို့
ပြောခဲ့နေ့ message တွေကို
မျက်ရည်တွေနဲ့ ဖတ်နေရချိန်တွေလား....
ထုတ်မပြတိုင်း
မခံစားရတာ မဟုတ်ဘူး...
တခါတလေမှာ
ငါမပြောလိုက်တာပဲ
မင်းအတွက် ကောင်းပါတယ်ဆိုတဲ့
စိတ်ကလေးတစ်ခုကြောင့်ပဲ
ငါဟာ ထုတ်မပြခဲ့တာပါ။
စိမ်းရက်နိုင်လွန်းတဲ့
အမျိုးသမီးဟာ ဒီနေ့ ဒီချိန်ထိ
ဘယ်သူ့အပိုင်မှ မဟုတ်သေးသလို
ဘယ်သူနဲ့ ဆိုင်မှန်းလည်း
ငါမသိသေးဘူး။
ကံ့ကော်တွေမြင်ရင်
ပိတောက်ဝါတွေ ပွင့်ရင်
စိုးလွင်လွင်ရဲ့ စိတ်ဖြေသီချင်းကို
နားထောင်ခဲ့ရချိန်တွေကို ငါလွမ်းတယ်။
ငါ့ကို ခေါ်ဆောင်သွားခဲ့တဲ့
တစ်ခုတည်းသော နွေရာသီကို
ငါမမေ့ဘူး အသက်။
လ အစတွေကို ငါမှတ်မိတယ်...
စိုးလွင်လွင်ရဲ့ စိတ်ဖြေသီချင်းကို
ငါဆိုမိတယ်။
မင်းကိုချစ်တယ်..
ချစ်ခဲ့ဖူးတယ်.....
ချစ်နေသေးတယ်...
ဆက်ချစ်သွားချင်တယ်။
- လိပ်ပြာ
၂၉ရက်၊ ၈လ၊ ၂၀၂၆
[ ည ၁၀နာရီ ၂၈မိနစ် ]
မင်းကို အားမကိုးချင်သလို
ငါ့မှာလဲ အားကိုးစရာဘာမှမရှိ။
ဒါတောင် ကိုယ်ခြေထောက်ပေါ်
ကိုယ်ရပ်တည်ချင်သူပါတဲ့လေ။
ခက်ပါရဲ့။
-အံ့လွန်းပျို
ကမ္ဘာရယ်
ကြယ်တာရာတွေရယ်
အသက်နဲ့ ကျွန်တော့်ရဲ့ အနာဂါတ်ရယ်။
- လိပ်ပြာတစ်ချိန်တုန်းက
လူနှစ်ယောက်ဟာ
တစ်ယောက်နဲ့တစ်ယောက်
စကားတွေချိုခဲ့ဖူးတယ်
အချစ်တွေဟာ နူးညံ့ခဲ့ဖူးတယ်
အပြုံးတွေဟာလှပခဲ့တယ်။
- နေကြာဖြူ
+6
အားလုံးပဲ မင်္ဂလာပါ လိပ်ပြာ ဒီနေ့တင်မဲ့ ပို့စ်လေးကတော့ လိပ်ပြာရဲ့ ကဗျာ၊စာတို ၅ ပုဒ်ကို လိပ်ပြာရဲ့ ခွင့်ပြုချက်မရှိ၊ crd မပေး၊ ရေးသားသူ ကျွန်မရဲ့ ကလောင်ကို မတပ်ပဲ သူ့ရဲ့ နာမည်နဲ့ တင်ထားတဲ့ ကိစ္စလေးကို အားလုံးသိအောင် ပို့စ်တင်ပြောချင်းဖြစ်ပါတယ်။ တချို့ကဗျာ၊ စာတိုတွေဆိုရင် ကျွန်မ tg ch တွေမှာတောင် မတင်ထားပါဘူး tt မှာပဲတင်ထားတာပါ။ အဲ့ဒီကိစ္စကို လိပ်ပြာ အနေနဲ့ မကျေနပ်ပါဘူး။ ဒါပေမဲ့ ဒေါသရှေ့ထားရင် မှားတတ်တယ်ဆိုတဲ့ စကားအရ အေးဆေးစွာဖြေရှင်းချင်ပါတယ်။ ဒါပေမဲ့ သူ့ tt acc က message ပို့မရပါဘူး။ အားလုံးဝန်းရံပေးကြဖို့ တောင်းဆိုချင်ပါတယ်။
ဘီလူးစီးတဲ့ ရာဇဂြိုဟ်ပြည်ကို
အချိန်ယန္တရားမပါဘဲ
ကိုယ်ရောက်သွားခဲ့
အင်း အချစ်မပါသော
ကမ္ဘာမြေပေါ့လေ
-မြတ်နွယ်
မနက်လင်းတာနဲ့ မင်းအကြောင်းက ခေါင်းထဲအရင်ဝင်လာတယ်
ဒါပေမယ့်...မပိုင်ဆိုင်တော့ဘူးဆိုတာ အသိတရားဝင်လာတော့
သတိရတဲ့စိတ်ကို ရေအေးအေးနဲ့
သစ်ချပစ်ရုံပေါ့...
-မြသားယမုံ
အခုတလော
မင်းအကြောင်းတွေးရမဲ့အစား
ဆေးလိပ်သောက်ဖို့အတွက်တွေးမိလာတယ်
ရင်နာရမဲ့အစား
အဆုပ်ကိုပဲအနာခံလိုက်တော့မယ်။
“လွမ်း
မင်းမရှိတဲ့ မြို့ပြဟာ
လူတွေပြည့်နှက်နေပေမဲ့
ငါ့အတွက်တော့ တိတ်ဆိတ်လွန်းတယ်။
နာရီလက်တံတွေက ရှေ့ဆက်သွားပေမဲ့
ငါ့စိတ်တွေကတော့
မင်းထားရစ်ခဲ့တဲ့ အချိန်မှာတင် ရပ်တန့်လို့။
လေပြေတစ်ချက် အဝေ့မှာ
မင်းရဲ့ ရနံ့ကို သတိရတယ်
မိုးစက်တစ်စက် အကျမှာ
မင်းရဲ့ အသံကို ကြားယောင်တယ်။
အဝေးက မင်းဆီကို
ငါ့အတွေးတွေ တောင်ပံခတ်သွားနေတုန်း
တိတ်တဆိတ်နဲ့
နက်နက်ရှိုင်းရှိုင်း...
ဒီလွမ်းဆွတ်ခြင်းတွေနဲ့ပေါ့။
-ကျူး
