A poem that is not a poet's poem
الذهاب إلى القناة على Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
إظهار المزيدMyanmar33 370الفئة غير محددة
316
المشتركون
-224 ساعات
-67 أيام
-2030 أيام
أرشيف المشاركات
+1
ချစ်ရပါသော အန်တီ ( သို့ ) မင်းသမီး
ပစ်ချက်မရှိသော အလှတရားနဲ့ အန်တီ...
အပြုံးချိုချိုနဲ့ မြင်သူတိုင်းရဲ့ ရင်ကိုအေးစေသော အန်တီ...
သူမက လှတယ်..
ဒါကြောင့် ယဉ်ယဉ်လေးနဲ့ရူးမိပါတယ်။
ချိုသာလှတဲ့ စကား...
စွဲဆောင်မှုရှိလှတဲ့ အပြုံး...
ဝေဖန်ချင်စရာမရှိတဲ့ သရုပ်ဆောင်မှု...
ပစ်ချက်မရှိသော အလှတရားနဲ့ အန်တီပါလေ...
မြင်သူတိုင်းရှုငေးရအောင်
စွဲဆောင်မှုတွေရှိနေမှတော့
အာခံတွင်းထဲ ထည့်ငုံထားမတတ် ချစ်မိပါတယ်။
သူမရဲ့ ဇာတ်ကားတိုင်းဟာ နန်းစံသလို
သူမရဲ့ သရုပ်ဆောင်ချက်တွေဟာ တော်ဝန်ပန်းတစ်ပွင့်...
သူမက လှတယ်..
ဒါကြောင့် ယဉ်ယဉ်လေးနဲ့ရူးမိပါတယ်။
ကြည့်လေ.. ကြည့်လေ..
ပို၍.. ပို၍.. ကြည့်ချင်.. မြင်ချင်မိလေဖြစ်ရပါတယ်။
ဉယျာဉ်မှူးရှိပြီးသား ပန်းကလေးဟာ
ပို၍ပြည့်စုံပြီးသား ပစ်ချက်မရှိပြည့်စုံပြီးသားပါ။
တခါပြုံးရင် အဖန်တရာသေပါတယ်...
ယဉ်ယဉ်လေးနဲ့ လှပမှုဟာ အဖိုးတန်သဇင်ပင်တွေလိုပါပဲ...
သူမက လှတယ်..
ဒါကြောင့် ယဉ်ယဉ်လေးနဲ့ရူးမိပါတယ်။
- လိပ်ပြာ
ရင်ခုန်တဲ့စည်းချက်တိုင်းသာ
ကမ္ဘာတုန်ဟီးရရင်
မျက်ဝန်းချင်းဆုံမိတဲ့နေ့တွေဟာ
ငလျင်ရာသီပေါ့ အချစ်ရဲ့
-မြတ်နွယ်
မေ့ပြီလို့ ထင်ခဲ့သမျှ
အတိတ်ရဲ့အရောင်တွေဟာ
မင်းမျက်နှာလေး မြင်လိုက်တာနဲ့
ကိုယ့်ရင်ထဲမှာတစ်ဖန်ပြန်လည်
တောက်ပသွားခဲ့တယ်။
-ကျော်ကြီး(ကျော်ရိပ်ညို)
သင်ဟာ စာပေဝါသနာပါသူတစ်ယောက်လား...ဒါဆို ကျွန်တော်တို့ရဲ့ အဏ္ဏဝါဂယက်စာစောင်ချန်နယ်ကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့ လိုပါပြီ။ နေ့တိုင်း ကဗျာဆရာ/မကြီးများ၏ ကဗျာ/စာတို များကို ဖတ်ရှုခံစားရမှာဖြစ်သလို သင့်အတွက်အထူးအခွင့်ရေးတွေကလည်း ကျွန်တော်တို့ အဏ္ဏဝါဂယက်စာစောင်မှာရှိပါတယ်။ ၁။ လစဉ် ထုတ်ဝေနေတဲ့ စာစောင်များမှာ ကလောင်ရှင်တို့အနေနဲ့ ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ အက်ဆေးတို့ ပေးပို့နိုင်မှာဖြစ်ပါတယ်။ ၂။ အဏ္ဏဝါဂယက်စာစောင်က ထုတ်လုပ်ဖြန့်ချီနေတဲ့ စာအုပ်တွေဟာ တစ်နေ့မှာ သင့်အတွက်ဖြစ်လာနိုင်ပါတယ်။ ၃။ အဏ္ဏဝါဂယက်စာစောင်က စီစဉ်သည့် စကားဝိုင်းတွေကိုဖတ်ရှုရင်း သင်ဟာ တစ်နေ့ ဒီစကားဝိုင်းတွေမှာပါဝင်လာနိုင်ပါတယ်။ ဒါကြောင့် အဏ္ဏဝါဂယက်စာစောင်ချန်နယ်ကို Join ပေးထားကြပါ။ https://t.me/AnNaWarGaYat_sarsaung
အိပ်မက်စိုး မက်တဲ့
ညတွေဆိုတာ မင်းအသံလေး
မကြားရတဲ့ ညတွေလား။
- လိပ်ပြာနှင်းဆီဝါဝါတစ်ပွင့်ထဲ
ဒဏ္ဍာရီပေါင်း ၉၀ကျော်ပါတာ
ဘယ်သူသိမှာလဲ။
နှလုံးသားမှာလောင်ကျွမ်းနေတဲ့
ဝတ္ထုတစ်ခုကိုငြှိမ်းသတ်ဖို့
မင်းကိုအကူအညီတောင်းမိရုံရယ်ပါ။
တခြားဘာမှ
မရိုးမသား မကြံစည်ရပါဘူး။
ငါ့မျက်ရည်အိတ်ဟာ
ငါ့ကိုပြန်လှောင်တယ်။
စောက်သုံးမကျတဲ့ငါပါပဲလေ။
အသက်မပါတဲ့ကြေးရုပ်ရှေ့မှာမှ
သွားငိုပြမိနေခြင်း
နောက်ဆို မတွဲချင်လို့
လွှတ်ချထားတဲ့လိုက်တွေကို
လိုက်ပြီး မတောင်းပန်တော့ဘူး။
ကျနော့်မာနလေးဟာ
ငိုရှာတယ်။
ကိုယ်လုံးတီးနဲ့
အိမ်မက်တစ်ယောက်ဟာ
ငါ့ညတွေထဲ အရှက်မရှိ
ဝင်ဝင်လာတယ်။
ဘယ်နှင်ရက်ပါ့မလဲ။
တစ်ချိန်က ငါချစ်ခဲ့တဲ့
မိန်းမပျိုပဲလေ။
ခုတော့သူလည်း
ပြည့်တန်ဆာကိုဖြစ်ရော
အပျိုဖော်မဝင်သေးတဲ့
အရှက်တွေဟာ
ကျောက်ကပ်ရဲ့ ဦးနှောက်ထဲကို
ဝင်ပြေးနေကြ။
ကြိုက်မရှက် ငိုက်မရှက်ပါပဲ။
ချစ်မိတဲ့လူဟာ
ဘယ်ရှက်တတ်ခဲ့ပါ့မလဲ။
မမက်သင့်တဲ့အိမ်မက်တွေဟာ
ဈေးကြီးကြီးနဲ့လှပါတယ်။
မမက်သင့်ပဲမက်လို့
ခံရတဲ့ပြစ်ဒဏ်တွေဟာလည်း
တစ်ဘဝစာဈေးကြီးပါတယ်။
ဈေးနှုန်းတက်နေတဲ့လောကကြီးပါပဲ။
အဲ့လောကကြီးထဲ
ဈေးပေါနေတာကတော့
ကြေးရုပ်တုရှေ့က
ကျနော့်မျက်ရည်တွေသာ
-မြတ်နွယ်
-ကြေးရုပ်ရှေ့ငိုကြွေးခြင်း
အော်....
ဘာလိုလိုနဲ့
အမေ့နိုးစက်လေးတောင်
အချိန်မမှန်တော့ပါလား။
- နေကြာဖြူ
အခုလိုရာသီဥတုအေးအေးလေးမှာ
ကော်ဖီဖျော်နေတဲ့ ရည်းစားလေးကို နောက်က ခါးလေးဖက်ပြီး
"အဲဒါကြီးက ရမ်းခါးလားဟင်" ဆိုပြီး ပလီပလာတွေပြောနေရမှာ..
ခုဟာက စော၊က်ရေးမပါတဲ့ အလုပ်တွေပဲ လုပ်နေရတယ်
အုံနာ
မဖြစ်နိုင်မှန်းသိရဲ့နဲ့
ရူးရူးမိုက်မိုက်ချစ်ခဲ့တာပဲ...။
ကိစ္စမရှိပါဘူး..
ထွက်သွားတော့လည်းကံပေါ့ ...။
အစစ်အမှန်တွေချစ်ပေးခဲ့တာမို့
မင်းအတွက်လုံလောက်ခဲ့မှာပါ...။
-မြသားယမုံ
လူတစ်ယောက်ကို ချစ်တယ်ဆိုတာ
ပစ္စုပ္ပန်ထဲ ကမ္ဘာဦးဒိုင်နိုဆောကို
အရှင်လတ်လတ်ဖမ်းချင်နေတာမျိုး
-မြတ်နွယ်
ဒီညတွေနဲ့ အရိုးစွဲ
မနက်တွေ
ငါတို့ဘာကြောင့်ရှင်ခဲ့
ငါတို့ဘာကြောင့်သေချင်ခဲ့
မသိပါရစေနဲ့
မကြားပါရစေနဲ့
ဒီဘ၀ဟာ နောက်ဆုံးကျည်ဆံသာဖြစ်ပါစေ...။
◾စောနွယ်
ငါတို့ မီးညှိခဲ့တဲ့ ရာသီတွေထဲ
ပြာပဲ ကျန်ခဲ့တယ်
ပြန်မရနိုင်တော့တဲ့ အတိတ်ကို
မီးခိုးတွေလိုမှုတ်ထုတ်ရင်း
ငါတို့ အသက်ရှုမှားခဲ့ကြတာပေါ့။
◾လွန်းတိမ်ညို
မီးကုန်ခါနိ
စီးကရက်တစ်လိပ်ကို ဖွာရင်း
မီးသေသွားပြီဖြစ်တဲ့ အတိတ်ကို
ဂျင်းဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လို့
ငါဟာ သယ်ဆောင်နေစဲ သယ်ဆောင်နေမြဲပဲ။
◾လိပ်ပြာ
ကျွန်မကတော့
ကိုယ့်ကိုယ်ကိုယ် ယုံတာတစ်ခုက
ကောင်းကောင်းချစ်တတ်တဲ့
နှလုံးရှိတယ်လို့ပဲ။ ချစ်စရာရှိရင်
ကျွန်မကပဲ ချစ်ချင်တယ်။
-ကြည်အေး
လှောင်ရယ်သံတစ်ခုဟာ
ငါ့ကိုကျောခိုင်းခဲ့တဲ့နောက်
ထန်းလက်သီတဲ့ငွေခက်တွေ
စရွာပါလေရော
ရွာချတဲ့
ငွေစတွေ ပါးပေါ်စင်တဲ့အခါ
ငါဟာ အစကနေအသစ်ပြန်ငိုရတယ်
-မြတ်နွယ်
-စေတိသိက် မြူ
''နှလုံးသားအကြွေ''
ပန်းလေးတစ်ပွင့် ချိုးခံရတာထက်
မပိုင်ဆိုင်ခဲ့ရခြင်းက
ရင်ကို ပိုနာစေတယ်။
မျှော်လင့်ချက်မဲ့ အိပ်မက်တွေနဲ့
ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရင်း
သူ့ကမ္ဘာမှာ ငါဟာ အရေးပါလှပြီလို့
ထင်မိခဲ့တဲ့ ငါ့ရဲ့ မိုက်မဲမှုတွေကို
ငါဟာမေ့ပစ်မိချင်ရဲ့။
-ကျော်ကြီး(ကျော်ရိပ်ညို)
