A poem that is not a poet's poem
الذهاب إلى القناة على Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
إظهار المزيدMyanmar33 370الفئة غير محددة
316
المشتركون
-224 ساعات
-67 أيام
-2030 أيام
أرشيف المشاركات
ဘယ်ဘုရားမှာ ဦးချချ
ကိုယ့်ဆုတောင်းရဲ့ ခေါင်းစဉ်ဟာ မင်း
စွဲလမ်းစိတ်နဲ့ ရူးတဲ့
တစ္ဆေဟာ မကျွတ်တတ်ဘူး
အချစ်ရဲ့
မင်းရဲ့ရယ်သံဟာ
ကိုယ်အကြည်ညိုဆုံး ပရိတ်တော်
ဘယ်ကမ္ဘာမှာ ဘုရားဘယ်နှဆူပွင့်ပွင့်
ကိုယ့်ကမ္ဘာမှာတော့
မင်းတစ်ယောက်ပဲ ရှိခဲ့တယ်
-မြတ်နွယ်
-ကိုယ်ပိုင်နတ်ဘုရား
မနက်ဖြန်ဆိုတာ မင်းမပါတဲ့ ခေါင်းစဉ်တစ်ခုဖြစ်မှန်း
သိလျက်နဲ့ပဲ ငါ့ရဲ့ပြက္ခဒိန်မှာ စောင့်ဆိုင်းခြင်းတွေကို ရက်စွဲတပ်ခဲ့တာ။
ရောက်မလာမယ့် သင်္ဘောကို မျှော်နေရတဲ့ ဆိပ်ကမ်းလို
ငါ့ရင်ဘတ်က အထီးကျန်စွာ အေးစက်လို့၊
လေတိုးသံတိုင်းမှာ မင်းအရိပ်များ ပါမလားလို့
ယောင်မှားလှည့်ကြည့်မိတဲ့ အကျင့်က ဖျောက်မရခဲ့ဘူး။
မျှော်လင့်ခြင်း မရှိတော့တဲ့ အပြုံးဟာ ခါးသက်တယ်၊
ဒါပေမဲ့ မင်းမရှိတဲ့ ကမ္ဘာမှာ ငါဆက်လုပ်နိုင်တာဆိုလို့
ဒီလို တိတ်တဆိတ် စောင့်ဆိုင်းနေရုံမှအပ ဘာမှမရှိတော့တာ။
သူများတွေက မိုက်မဲတယ်လို့ ဆိုကြပါစေ၊
အချစ်ဆိုတာ ပြန်ရမှ ပိုင်ဆိုင်ရတာမဟုတ်ဘူးဆိုတာ ငါသိတယ်။
မျှော်လင့်ချက်တွေ ကုန်ဆုံးသွားတဲ့ တာဝန်မဲ့ ညတွေမှာ
မင်းကို ချစ်ခဲ့တဲ့ သစ္စာတရားတစ်ခုတည်းနဲ့ပဲ
ငါ့ရဲ့ စောင့်ဆိုင်းခြင်းကို မြတ်နိုးစွာ အရောင်တင်ထားဆဲပါ။
-ကျူး
ထားခဲ့ချင်တဲ့ လူကတော့
အကြောင်းပြချက်မရှိ ထားခဲ့မှာပဲ။
ကျန်နေခဲ့တဲ့ လူကသာ
နေတတ်ခဲ့ဖို့ လိုတာပါ။
- လိပ်ပြာ
အနှစ်နှစ် အလလ
စိတ်ကူးယဉ်ခဲ့တာကိုမှ
လက်လွှတ်ရတဲ့အခါ
ကျွန်တော် အိပ်မက်တွေကို
မုန်းခဲ့တယ်...။
-အံ့လွန်းပျို
အားလုံးကိုနှုတ်ဆက်ပါတယ်ကျော်ကြီး(ကျော်ရိပ်ညို) အနားယူပါပြီ
အားလုံးပဲအစစအရာရာဂရုစိုက်ကြပါ
အဆင်ပြေကြပါစေဗျာ🤍🫶
မျှော်လင့်ချက်တွေဟာ
လုပ်ကြံခံလိုက်ရတယ်
အနာဂတ်ကတော့
အသက်ငင်နေဆဲ ။
-လှသန်း
မိုးစက်လေးတွေ တဖွဲဖွဲရွာ
ပြတင်းပေါက်က ကြည့်မိတဲ့အခါ
အေးမြတဲ့ လေပြည်နုနဲ့အတူ
အမှတ်တရအချို့ ဝင်ရောက်လာတယ်
ဘဝအမောတွေ ခဏမေ့လို့
-ကျူး
မင်းရဲ့ကြယ်နဲ့
ကိုယ့်ရဲ့ကြယ် ၂ခုပဲ
ရှိတဲ့ စကြဝဠာမှာ
ကိုယ်ပိုင်အလင်းတန်းတွေကို
တိတ်တိတ်လေးရေးထိုးကြမယ်
နှစ်ဦးဆိုင်ကမ္ဘာရဲ့
နေ့စဉ်မှတ်တမ်းဟာ
အနမ်းတွေရဲ့ အတ္ထုပ္ပတိကို
ပြန်ပြောပြလိမ့်မယ်
တေးသွားတွေပြေးလွှားတိုင်း
ပျားပိတုန်းဟာလေမှာလွင့်ဝဲ
ပါဠိစာမတတ်တဲ့
ကိုယ့်အတွက်
မဂ်လမ်းဆိုတာ
ဘယ်ကမ္ဘာမှာမဆို
မင်းခြေချခဲ့တဲ့နေရာပဲဖြစ်မယ်
အချစ်နဲ့ ရထားတစ်တွဲတည်းလိုက်ဖို့
လောကကနေထွက်မလာခင်
နောက်ဆုံးအနေနဲ့
ကျွန်တော်ကျေးဇူးတင်စရာတွေ
ရှိတယ်
ကိုယ့်အသက်ကိုယ်
မျက်မှန်ထဲ ထည့်ကြည့်ခွင့်ရခဲ့ပြီမို့
လောကရဲ့ ဘုရားသခင်အားလုံးကို
ကျေးဇူးတင်ပါတယ်
-မြတ်နွယ်
ရာသီဥတုသာယာနေပါလျက်နဲ့
ကိုယ့်ရင်ထဲဘာလို့
မသာမယာဖြစ်နေရတာလဲ
အဖြေကတော့
မင်းမှမရှိပဲ။
-နေကြာဖြူ
11:11
ကံကိုမယုံဘူး မင်းကိုပဲယုံခဲ့တာ..
နောက်ဆုံးတော့မင်းကပါ ဘယ်သူ့က်ိုမှမယုံနိုင်တော့အောင် လုပ်သွားခဲ့တယ်။
-crd
အရမ်းလွမ်းတယ်သိလား...။
ပြန်တွေးမိတိုင်းလည်း ဘာလို့လုပ်ရက်ရတာလဲကွာ ဆိုတဲ့
မေးခွန်းပဲ ခေါင်းထဲပေါ်လာတယ်...။
3နှစ်ကို 3လ နဲ့ လဲခဲ့ဝာာ အံ့ဩတာပါ...။
တကယ်ချစ်ရင် အတူရင်ဆိုင်မယ်ဆိုပြီး ပြောခဲ့တာမင်းလေကွာ ...။
အခုကျ ဘာလို့ ထွက်သွားတဲ့လူက မင်းဖြစ်ပြီး ကျန်ခဲ့တဲ့လူက ငါဖြစ်နေရတာလဲ...။
အချိန်တွေလည်းကြာနေပြီဆို တကယ်ဆို လာမယ့် နောက်3လနေရင် ငါတို့ရဲ့ ချစ်သူသက်တမ်းလေး 4နှစ်ပြည့်တော့မှာ...။
-မြသားယမုံ
ခံစားချက်တွေကဟာသဆန်နေတော့
နားထောင်သူအတွက်မပျင်းရတော့ဘူးပေါ့
ပြောရသူအဖို့
ရင်မောရုံကလွဲပြီး
ရင်နာစရာမရှိဘူး။
-နေကြာဖြူ
ကဗျာအမည် - ကျောက်သားအဖြစ်
ရေးသားသူ - ခင်ဇော်မြင့်
ရွတ်ဖတ်သူ - လင်းဧနူ
