Movies World
الذهاب إلى القناة على Telegram
Movies
إظهار المزيدلم يتم تحديد البلدالفئة غير محددة
4 404
المشتركون
-624 ساعات
+657 أيام
+31030 أيام
أرشيف المشاركات
4 401
🦈 ငါးမန်းတွေ ဝိုင်းကိုက်မဲ့ နေရာကို လေယာဉ်ပျက်ကျသွားတဲ့အခါ... 😱
🎬 Deep Water (2026)⭐ IMDb - 5.9/10
Survival Thriller ကားကောင်းတစ်ကားကို စောင့်မျှော်နေသူတွေအတွက် ရောက်ရှိလာပါပြီ။
📖 ဇာတ်လမ်းအကျဉ်း
လော့စ်အိန်ဂျလိစ်ကနေ ရှန်ဟိုင်းသို့ ပျံသန်းလာတဲ့ ခရီးသည်တင်လေယာဉ်ကြီးတစ်စီးဟာ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ပစိဖိတ်သမုဒ္ဒရာအလယ်မှာ အရေးပေါ်ဆင်းသက်ရပါတော့တယ်။
အသက်ရှင်ကျန်ရစ်သူတွေဟာ ပျက်စီးနေတဲ့ လေယာဉ်အပေါ်မှာ ကယ်ဆယ်ရေးကို စောင့်မျှော်နေကြပေမဲ့ သူတို့အောက်မှာတော့ သွေးနံ့ကို လိုက်လာတဲ့ ငါးမန်းအုပ်ကြီးတွေ ရှိနေပါတယ်။
တဖြည်းဖြည်း နစ်မြုပ်လာတဲ့ လေယာဉ်၊ အချိန်နဲ့အမျှ လျော့နည်းလာတဲ့ မျှော်လင့်ချက်၊ အချိန်မရွေး တိုက်ခိုက်လာနိုင်တဲ့ ငါးမန်းတွေကြားမှာ သူတို့ အသက်ရှင်လွတ်မြောက်နိုင်ပါ့မလား...
ကြည့်ရှုရင်း တင်းမာမှုအပြည့်နဲ့ ရင်ခုန်စေမယ့် Survival Thriller ကားတစ်ကားပဲ ဖြစ်ပါတယ်။
4 401
ငါးမန်းတွေ🦈 ဝိုင်းကိုက်မဲ့နေရာကို လေယာဉ်ပျက်ကျတဲ့ ကံထူးရှင်ခရီးသည်များ😁
ရုံတင်ကားတဲ့
Jun16 မှအကြည်ထွက်လာတာကောင်းမယ်ထင်တာပဲ
မင်မင် နောက်နေ့ကြည့်ပါမယ်
4 401
Massacre Of The Witches (2025) 720p
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl4 401
ဇာတ်လမ်းအကျဉ်း👇🏻
အင်ဒိုနီးရှားနိုင်ငံက ရွာတစ်ရွာမှာ အောက်လမ်းပညာ (Santet) အသုံးပြုတယ်လို့ စွပ်စွဲခံရတဲ့ လူတွေကို တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ ဖြစ်ပွားလာပါတယ်။
ဇာတ်လမ်းက ဘာသာရေးကျောင်း (Pesantren) တစ်ခုမှာ နေထိုင်တဲ့ ကျောင်းသား Satrio ကို အဓိကထား ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရွာထဲမှာ သတ်ဖြတ်မှုတွေ တိုးလာတာနဲ့အမျှ ကြောက်မက်ဖွယ် အဖြစ်အပျက်တွေ၊ မမြင်ရတဲ့ အင်အားစုတွေရဲ့ ခြောက်လှန့်မှုတွေ ဖြစ်လာပါတယ်။
Satrio က ဒီသတ်ဖြတ်မှုတွေရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖို့ ကြိုးစားရင်း အောက်လမ်းပညာ၊ လက်စားချေမှုနဲ့ လူတွေရဲ့ အကြောက်တရားတွေကြားမှာ ပိတ်မိသွားပါတယ်။ ဘယ်သူက တကယ် အောက်လမ်းဆရာလဲ၊ ဘယ်သူက အပြစ်မဲ့သူလဲဆိုတာ ခွဲခြားရခက်လာပြီး ဇာတ်လမ်းက ပိုပြီး တင်းမာလာပါတယ်။
ဒီကားက သရဲခြောက်တာထက် အောက်လမ်းပညာ၊ ရွာလူထုရဲ့ အကြောက်တရားနဲ့ လူအုပ်စုရဲ့ အကြမ်းဖက်မှု ကို ပိုမိုအလေးပေးထားတဲ့ horror thriller အမျိုးအစား ဖြစ်ပါတယ်။ သွေးထွက်သံယိုနဲ့ ကြမ်းတမ်းတဲ့ scene တွေလည်း ပါဝင်ပါတယ်။
4 401
Jurnal Risa by Risa Saraswati (2024)
ဘာဘာညာညာလေးတွေကြည့်ချင်ရင် အောက်ကချန်နယ်လေးတွေ ဂျွိုင်းထားလိုက်တော့နော်👇🏻👇🏻👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl
4 401
Jurnal Risa by Risa Saraswati (2024) “မခေါ်အပ်သော အမည်
တစ်ခု”
ဟော်ရာမှာ နာမည်ကျော်တဲ့ အင်ဒို
နီးရှားမှ အသစ်ထွက်ရှိလာသော
မှတ်တမ်းရုပ်ရှင်ဆန်ဆန် ဟော်ရာ
ကားအသစ်လေးကို တင်ဆက်
လိုက်ပါတယ်
ဂျာနယ်ရီဆာဆိုတာက အင်ဒိုမှာ
နာမည်ကြီး Podcast တွေလုပ်တဲ့
ယူကျူချန်နယ်ဖြစ်ပြီး
သူတို့ကို ဦးဆောင်သူကတော့
သရဲတစ္ဆေတွေနဲ့ ဆက်သွယ်နိုင်တဲ့
နာမည်ကြီးဆရာမဖြစ်သူ
ရီဆာပဲ သူတို့ ဂျာနယ်ရီဆာအဖွဲ့က
စူးစမ်းတတ်တဲ့ ဧည့်သည်လူငယ်
အဖွဲ့ဝင်တွေကိုဖိတ်ခေါ်ပြီး
နေရာတစ်ရာမှာ ရိုက်ကူးရေးသွား
လုပ်ကြမှာ သူတို့ဆီမှာ နာမည်ကြီး
တစ္ဆေသရဲနာမည်တွေလည်း ရှိသေး
တယ်
ဇတ်ကားကြည့်ရန်
4 401
အသစ်ထွက်အင်ဒိုသရဲကား
⚰️⚰️⚰️⚰️⚰️⚰️⚰️
=================================
IMDB ⭐️ 7.9/10
"အတိတ်က ငရဲခန်းဆိုတာ တကယ်တမ်း ပြီးဆုံးသွားတာမဟုတ်ဘူး... အချိန်ကိုက်ဖြစ်ဖို့ စောင့်နေခဲ့တာ"
Indo Horror အကြမ်းစားတွေ၊ Folk Horror ကားကောင်းကောင်း ကြိုက်တဲ့ ပရိသတ်တွေအတွက် အခုမှ ပူပူနွေးနွေး ထွက်ရှိထားတဲ့ အင်ဒိုရုပ်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။
သရဲကားဆိုပြီး Jump Scare တွေနဲ့ပဲ ဝုန်းဒိုင်းကျဲ ခြောက်မဲ့သရဲကားမဟုတ်ဘဲ အင်ဒိုနီးရှားတို့ရဲ့ ရိုးရာယုံကြည်မှုတွေ၊ အောက်လမ်းပညာတွေနဲ့အတူ စိတ်ကို ခြောက်ခြားစေမယ့် Psychological နဲ့ Supernatural Horror ဘက်ကို ပိုသွားထားတဲ့ ဇာတ်ကားမျိုးပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့... လွန်ခဲ့တဲ့ ၈ နှစ်တုန်းက သေမင်းရဲ့ လက်တစ်ကမ်းကနေ သီသီလေး လွတ်မြောက်ခဲ့တဲ့ ဆရီ တို့ မိသားစုအကြောင်းကို အခြေခံထားတာပါ။
အဲဒီတုန်းက အဖြစ်အပျက်ဆိုးကြီး ပြီးသွားပြီ၊ အရာအားလုံး အေးချမ်းသွားပြီလို့ ထင်မှတ်ထားခဲ့ပေမဲ့... တကယ်တမ်းကျတော့ အဲဒီအကြောက်တရားတွေဟာ ဘယ်တော့မှ ပျောက်ကွယ်မသွားခဲ့ပါဘူး။
(၈) နှစ်ကြာပြီးတဲ့နောက်မှာတော့... ဆရီတို့ မိသားစုဆီကို အဲဒီအရိပ်မည်းကြီးနဲ့ ကျိန်စာတွေက ထပ်မံခြိမ်းခြောက်လာပါတော့တယ်။
4 401
မိချောင်းကား ကြိုက်သူတွေအတွက်ပါ။ ရှယ်ကြမ်းတာမလို့ သွေး ကြောက်ရင်လုံး၀ မကြည့်ပါနဲ့။
Rogue(2007)
4 401
မိချောင်းကား ကြိုက်သူတွေအတွက်ပါ။ ရှယ်ကြမ်းတာမလို့ သွေး ကြောက်ရင်လုံး၀ မကြည့်ပါနဲ့။
Rogue(2007)
ဒီကားကတော့ Australia ရဲ့ Northern Territory ကိုအခြေပြုပြီး ရိုက်ထားတဲ့ horror ကားတစ်ကားပါ။
မတူညီတဲ့နောက်ခံတွေ ဘ၀တွေရှိကြတဲ့ သာမန်မိသားစုတွေ၊ စုံတွဲတွေ၊ တစ်ယောက်ထဲ ကိုယ့်အကြောင်းနဲ့ကိုယ် လေ့လာရေးထွက်လာတဲ့ လူတွေဟာ… အလည်အပတ်ခရီးစဉ်အတွက် ဒီရေမြစ်တစ်လျှောက်က မိကျောင်းတွေကို ကြည့်ပြီးတောတွင်းသဘာ၀ကို ခံစားဖို့ လှေတစ်စီးထဲမှာ စီးလာကြရာကနေ…
တောရိုင်းသားရဲကောင်တွေရဲ့ သဘာ၀အတိုင်းပဲ.. ဘယ်အချိန်မှာ ထပြီး ကိုယ့်ကို အန္တရာယ် ပေးမယ်ဆိုတာ မသိနိုင်သလို… သူတို့ တိုက်ခိုက်လာတဲ့အခါမှာလည်း…
လှေထဲမှာပါလာတဲ့လူတွေက အသက်ရှင်ဖို့အတွက် ဘယ်လိုကြိုစားရမယ်၊ ဘယ်လိုစည်းလုံးကြမယ်၊ ဘယ်လိုသွေးကွဲကြမယ်ဆိုတာတွေကို စိတ်လှုပ်ရှားစရာ ကြည့်ရမှာပါ။
အဓိကမင်းသားနဲ့ မင်းသမီးဆိုတာထက် ဇာတ်ကောင်တွေအားလုံးရဲ့ မတူညီတဲ့ စရိုက်တွေကို မြင်ရမှာပါ။ သူတို့ မိကျောင်းရန်ကနေ ဘယ်လိုအသက်လုပြီး ပြေးကြမလဲ၊ ဘယ်သူတွေကရော မိကျောင်းပါးစပ်ထဲ ရောက်ကုန်ကြမှာလဲ၊
သူတို့အားလုံး အသက်ရှင်လျက် အိမ်ပြန်နိုင်ပါ့မလား ဆိုတာကိုတော့ ဒီကားလေးကိုကြည့်ပြီး အဖြေရှာကြည့်လိုက်ပါနော်…
