Our President 🇲🇲
الذهاب إلى القناة على Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
إظهار المزيدلم يتم تحديد البلدالفئة غير محددة
217
المشتركون
لا توجد بيانات24 ساعات
+17 أيام
-130 أيام
أرشيف المشاركات
+4
ရှန်ဟိုင်းမြို့၌ ကျင်းပသည့် "Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai"အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်
===========
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ Radisson Hotel ၌ ကျင်းပသည့် “Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်ခဲ့သည်။
ထိုနောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများ ပိုမိုခိုင်မာလာရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။
Repost from Dr Khaing Khaing Soe
+5
မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး MCITP-2026 Shanghai ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်
ရှန်ဟိုင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတဟာ အခမ်းအနားကို တရားဝင်ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားတဲ့ ပြခန်းတွေကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။
အဲဒီနောက် အဖွင့်အမှာစကား ပြောကြားရာမှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်နိုင်ရေး၊ စီးပွားရေးဆက်ဆံမှုတွေ ပိုမိုခိုင်မာလာရေးတို့ကို အလေးပေး ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကွန်ဖရင့်ကို တက်ရောက်လာကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ မေးမြန်းချက်တွေကိုလည်း ပြန်လည်ဖြေကြားခဲ့ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုတဲ့ ကုမ္ပဏီတွေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ံငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်သည့် " Myanmar-China Investment and Trade Networking Summit"(MCITP-2026)Shanghai ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ချီးမြှင့်ဖွင့်လှစ်
#PPIB
+9
ရှန်ဟိုင်းမြို့၌ ကျင်းပသည့် "Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai"အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ Radisson Hotel ၌ ကျင်းပသည့် “Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက MCITP-2026 Shanghai ထိပ်သီးအစည်းအဝေးကို တရားဝင်ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများ ပိုမိုခိုင်မာလာရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။
#HOS
+9
ရှန်ဟိုင်းမြို့၌ ကျင်းပသည့် "Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai"အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ Radisson Hotel ၌ ကျင်းပသည့် “Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက MCITP-2026 Shanghai ထိပ်သီးအစည်းအဝေးကို တရားဝင်ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများ ပိုမိုခိုင်မာလာရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။
#HOS
#Our
တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို (၅)ကြိမ်မြောက် ပင့်ဆောင်ပူဇော်နိုင်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး
တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးစဉ် တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓ၏ စွယ်တော်ကို မြန်မာနိုင်ငံသို (၅)ကြိမ်မြောက် ပင့်ဆောင်ပူဇော်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသားအများစုသည် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူများဖြစ်ပြီး မြတ်ဗုဒ္ဓနှင့် သက်ဆိုင်သည့် ဓာတ်တော်မွေတော်များကို အထူးတန်ဖိုးထားကြကြောင်း ပြောကြားခဲ့သည်။
ထိုကြောင့် တရုတ်နိုင်ငံ၌ ထိန်းသိမ်းပူဇော်ထားသည့် မြတ်ဗုဒ္ဓ၏ စွယ်တော်ကို မြန်မာနိုင်ငံသို (၅)ကြိမ်မြောက် ပင့်ဆောင်ပူဇော်ခွင့်ရရှိစေလိုကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား
တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု
အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်)
+7
ရှန်ဟိုင်းမြို့၊ ဟွမ်းဖုမြစ်ကြောင်း တစ်လျှောက်၌ မြို့ပြ ဖွံ့ဖြိုးတိုး တက်မှု အခြေအနေများနှင့် မြစ်ကြောင်းထိန်းသိမ်းထားရှိမှုအခြေအနေများ၊ ရှန်ဟိုင်းမြို့ဒေသခံများ၏ အပန်းဖြေအနားယူနေမှုနှင့် လူမှုဘဝ လှုပ်ရှားသွားလာနေမှု များအား ကြည့်ရှုလေ့လာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များ သည် ရှန်ဟိုင်းမြို့၊ ဟွမ်းဖုမြစ်ကြောင်း တစ်လျှောက်၌ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့် မြစ်ကြောင်းထိန်းသိမ်းထားရှိမှုအခြေအနေများ၊ ရှန်ဟိုင်းမြို့ဒေသခံများ၏ အပန်းဖြေအနားယူနေမှုနှင့် လူမှုဘဝ လှုပ်ရှားသွားလာနေမှု များအား ကြည့်ရှုလေ့လာကြည့်ရှုခဲ့ကြသည်။
#PPIB
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရှန်ဟိုင်းမြို့တော်ဝန် မစ္စတာ ကုန်းကျန့် (Gong Zheng) က ရှန်ဟိုင်းမြို့ရှိ Hotel ၌ လာရောက်ဂါရဝပြုတွေ့ဆုံ
တွေ့ဆုံပွဲအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တိုးမြှင့်ဆောင်ရွက်ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
#PPIB
ပေကျင်းမြိုမှ ရှန်ဟိုင်းမြို ခရီးသွားမှတ်တမ်းပုံရိပ်များ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် China Railway Construction Corporation Limited (CRCC) သိုသွားရောက်လေ့လာပြီး မြန်မာနိုင်ငံနှင့် CRCC တိုအကြား ပူးပေါင်းဆောင်ရွက်မှုများစွာကို ဆောင်ရွက်သွား နိုင်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ပေကျင်းမြိုမှ ရှန်ဟိုင်းမြိုသို အမြန်ရထားဖြင့် သွားရောက်စဉ် တရုတ်နိုင်ငံ၏ ရထားပိုဆောင်ရေးစနစ် ဖွံဖြိုးတိုးတက်မှုများ၊ မြိုပြဖွံဖြိုးတိုးတက်မှုများနှင့် အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုလေ့လာခဲ့သည်။
ထိုပြင် Green Energy အသုံးပြုမှုများ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုးတက်မှုများ၊ ရထားလမ်းတစ်လျှောက် သစ်ပင်များကို စနစ်တကျ စိုက်ပျိုးထားရှိမှုများနှင့် ခေတ်မီသယ်ယူပိုဆောင်ရေးစနစ်များကို လေ့လာခဲ့သည်။
#PPIB
+8
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်ထံ ရှန်ဟိုင်းမြို၊ မြိုတော်ဝန်က လာရောက်ဂါရဝပြုတွေ့ဆုံ
တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်ထံ ယနေ့မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းမြို၊ မြိုတော်ဝန် မစ္စတာ ကုန်းကျန့်(Gong Zheng)က ခေတ္တတည်းခိုလျက်ရှိသည့် Fairmont Peace Hotel ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
#HeadOfState
+6
နိုင်ငံတော်သမ္မတ ရှန်ဟိုင်းမြို့သို ရောက်ရှိလာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို အမြန်ရထားဖြင့် လိုက်ပါစီးနင်းခဲ့ပြီးနောက် ယနေ့ မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
#HeadOfState
+6
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြိုရှိ သမိုင်းဝင် Fairmont Peace Hotel သို ရောက်ရှိ
တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်တွင် High-Speed Railway G23 အမြန်ရထားဖြင့် ရှန်ဟိုင်းမြိုသို ရောက်ရှိလာပြီးနောက် တည်းခိုမည့် Fairmont Peace Hotel သို ရောက်ရှိခဲ့သည်။
Fairmont Peace Hotel သည် ရှန်ဟိုင်းမြို၏ အထင်ကရအဆောက်အအုံတစ်ခုဖြစ်ပြီး Huangpu မြစ်ကမ်းရှိ နာမည်ကျော် The Bund လမ်းမကြီးပေါ်တွင် တည်ရှိသည်။
ဟိုတယ်ကို ၁၉၂၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ရှန်ဟိုင်းမြို၏ သမိုင်းဝင် အမွေအနှစ်ဟိုတယ်များအနက် အထင်ရှားဆုံးတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။
နှစ်ပေါင်း ၉၀ ကျော် သက်တမ်းရှိသည့် အဆိုပါဟိုတယ်သည် အနုပညာလက်ရာမြောက် Art Deco ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားပြီး နိုင်ငံခေါင်းဆောင်များ၊ တော်ဝင်မိသားစုဝင်များနှင့် ကမ္ဘာကျော်ပုဂ္ဂိုလ်များစွာ လာရောက်တည်းခိုခဲ့ဖူးသည့် ရှန်ဟိုင်းမြို၏ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကိုယ်စားပြုသည့် အထင်ကရနေရာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
#HeadOfState
နိုင်ငံတော်သမ္မတကြီး၏ ပေကျင်း – ရှန်ဟိုင်း အမြန်ရထားပေါ်မှ မြန်မာနိုင်ငံတိုးတက်ရေး လေ့လာမှုများ ပုံရိပ်
၁၇. ၆. ၂၀၂၆
နိုင်ငံတော်သမ္မတသည် ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် သွားရောက်စဉ် လမ်းခရီးတစ်လျှောက်၌ တရုတ်နိုင်ငံ၏ ရထားပို့ဆောင်ရေးစနစ်ဖွံ့ဖြိုးတိုးတက်မှုများ၊ ရထားလမ်းနယ်များ စနစ်တကျရှိမှုများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ၊ လူနေထိုင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ထားရှိမှုများ၊ Green Energy အသုံးပြုထားရှိမှုများ၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်စေရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ရထားလမ်းကြောင်းတစ်လျှောက် သစ်ပင်များအား ပင်ခြား၊ တန်းခြား မှန်ကန်စွာဖြင့် စိုက်ပျိုးထားရှိမှုများ စသည်တို့ကို ကြည့်ရှုလေ့လာခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
+3
တရုတ်ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတ ဦးမင်းအောင်လှိုင်အား Huawei နောက်ဆုံးထုတ် စမတ်ဖုန်း လက်ဆောင်ပေးအပ်၊ သမ္မတ ဦးမင်းအောင်လှိုင် ကိုယ်တိုင် ဖွင့်ဖောက်စမ်းသပ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတအား တရုတ်နိုင်ငံ၏ ထိပ်တန်းနည်းပညာအခြေစိုက် Huawei (ဟွားဝေး) ကုမ္ပဏီထုတ် နောက်ဆုံးပေါ် စမတ်ဖုန်းကို အမှတ်တရလက်ဆောင်အဖြစ် အထူးတလည် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာကို ကိုယ်စားပြုသည့် နောက်ဆုံးထုတ် ဖုန်းလက်ဆောင်အား ရရှိခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အခမ်းအနားတွင် ကိုယ်တိုင်ချက်ချင်း ဖွင့်ဖောက်ကာ ဖုန်း၏ စွမ်းဆောင်ရည်နှင့် နည်းပညာပိုင်းဆိုင်ရာ ထူးခြားချက်များကို စိတ်ဝင်တစား စမ်းသပ်ကြည့်ရှုခဲ့သည်။
#HeadOfState
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CCTV သတင်းရုပ်သံလိုင်း၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြားစဉ်
PPIB
+5
မြန်မာ-တရုတ်ခေါင်းဆောင်များဆွေးနွေးပွဲမှBRI၊ AI နှင့် နယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် သဘောတူ
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်တရုတ်နိုင်ငံသမ္မတမစ္စတာရှီကျင့်ဖျင်တိုသည် ဇွန်လ ၁၆ ရက်က ပေကျင်းမြိုရှိ Great Hall of the Peopleတွင်နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး၊စီးပွားရေး၊ လုံခြုံရေးနှင့်အဆင့်မြင့်နည်းပညာကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးချဲ့သွားရန်သဘောတူညီခဲ့ကြသည်။
ဆွေးနွေးပွဲတွင်နှစ်နိုင်ငံခေါင်းဆောင်များက မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေးနှင့် ယခင်သဘောတူညီထားသည့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကိုဆက်လက်အကောင်အထည်ဖော်ရေးအတွက်အမြင်ချင်းဖလှယ်ခဲ့ကြသည်။
တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊နယ်မြေတည်တံ့ခိုင်မြဲရေးနှင့်ဖွံဖြိုးတိုးတက်ရေးကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်းထပ်မံအတည်ပြုခဲ့ပြီးအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်းအားပေးကူညီသွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် အား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကြီးကျယ်ခမ်းနားစွာဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်တွေပဲဖြစ်ပါတယ်...
နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ဆက်ဆံရေးရာတွေမှာ အထူးကျွမ်းကျင် လိမ္မာပါးနပ်တဲ့ နိုင်ငံတော်သမ္မတကြီးအား အထူးပင်လေးစားဂုဏ်ပြုအပ်ပါတယ်...
CCTV
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပေကျင်းမှ ရှန်ဟိုင်းသို့ G23 အမြန်ရထားဖြင့် ထွက်ခွာ
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ Beijing South Railway Station မှ ရှန်ဟိုင်းမြို့ရှိ Hongqiao Railway Station သို့ G23 အမြန်ရထားဖြင့် ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏ ရှန်ဟိုင်းခရီးစဉ်သည် ယခုခရီးစဉ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#HeadOfState
+3
မြန်မာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် CRCC တာဝန်ရှိသူများ တွေ့ဆုံ၊ မီးရထားလမ်းဖောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၇ ရက်က ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်ခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မီးရထားလမ်း ဖောက်လုပ်ရေးဆိုင်ရာ နည်းပညာများ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် CRCC ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ခေတ်မီ မီးရထားတည်ဆောက်ရေး နည်းပညာများကို ရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
#Dr Khaing Khaing Soe
