cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

☁ⒷⒶ_Ⓣⓗⓐⓝⓣ Ⓒⓗⓐⓝⓝⓔⓛ🍅🍒

Ko'proq ko'rsatish
Myanma4 577Til belgilanmaganToif belgilanmagan
Reklama postlari
4 360
Obunachilar
Ma'lumot yo'q24 soatlar
-47 kunlar
-10530 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

သဘာဝဘေးအန္တရာယ်တွေထဲမှာ မုန်တိုင်း က အိုးအိမ်ပျက်စီးစေပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်လို့ သတိကြီးကြီး ထားရမယ့် အရာထဲမှာ ပါပါတယ်။ ကံကောင်းတာ တစ်ချက်က မုန်တိုင်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး ဘယ်လမ်းကြောင်းက လာမယ်။ ဘယ်နေရာတွေကို ဝင်မယ်။ လေတိုက်နှုန်း၊ ပင်လယ်ရေ မြင့်တက်နှုန်း၊ မိုးရွာနိုင်ခြေ စတာတွေကို တွက်ချက်ထားလို့ရပါတယ်။ ဆိုလိုတာက မုန်တိုင်း အတွက် ကြိုတင်ပြင်ဆင်ထားလို့ ရပါတယ်။ အထူးသဖြင့် မုန်တိုင်းလမ်းကြောင်းမှာ ရှိနေတဲ့ ဒေသတွေအတွက် စောစောစီးစီး ပြင်ဆင်နိုင်လေလေ ထိခိုက်မှု နည်းလေလေပဲ ဖြစ်ပါတယ်။ (က) မုန်တိုင်း မဝင်လာခင် ပြင်ဆင်ထားသင့်သည်များ။ အိမ်ရဲ့အမိုးအကာတွေ ခိုင်မြဲမှုရှိမရှိ ကြိုတင်စစ်ဆေးပါ။ အမိုးလန်သွားတာတွေ၊ ပြုတ်ထွက်ကုန်တာတွေမရှိအောင် ပြင်ဆင်ပါ။ အိမ်မှာရှိတဲ့တံခါးတွေ ပွင့်ထွက်နေတာမရှိအောင် အသေအချာ စစ်ဆေးထားပါ။ အိမ်ပေါ်၊ ကားပေါ်ကိုပြုတ်ကျနိုင်ခြေရှိတဲ့ အကိုင်းအခက်တွေကို ကြိုတင်ရှင်းလင်းထားပါ။ အိမ်မွေးတိရိစ္ဆာန်လေးတွေကို အိမ်ထဲ ထည့်သိမ်းထားပါ။ ကလေးတွေကို အပြင်ထွက်မဆော့ပါစေနဲ့။ အရေးပေါ်သေတ္တာကို အဆင်သင့်ပြင်ထားပြီး မိမိအနီးမှာထားပါ။ အရေးပေါ် သေတ္တာထဲမှာ အောက်ပါပစ္စည်းတွေ ပါဝင်သင့်ပါတယ်။ – လူတစ်ယောက်လျှင် တစ်ဂါလန်နှုန်းဖြင့် အနည်းဆုံး (၃)ရက်စာ ရေသန့် – မပုပ်သိုးသွားမည့် သုံးရက်စာ အစားအသောက် – ဆက်သွယ်ပြောဆိုလို့ရမည့် အရာတစ်ခုခု – လက်နှိပ်ဓာတ်မီး၊ မီးအိမ် – လိုင်းနံပါတ်အစုံဖုန်းများ – ဘက်ထရီအပိုများ – အရေးပေါ်အချိန်တွင် အချက်ပြနိုင်မည့် ဝီစီ – ပတ်တီး၊ ပလာစတာ၊ အနာပိုးသတ်နိုင်သည့်ဆေးရည်များ၊ အကိုက်အခဲပျောက်ဆေး၊ အမျိုးသမီးသုံးပစ္စည်းများ၊ ခြင်ပြေးလိမ်းဆေးများ၊ အခြားမိမိအတွက် မရှိမဖြစ်လိုအပ်သည့် အရေးပေါ်ဆေးဝါးများ (First aid kit ရှိလျှင်ပိုအဆင်ပြေပါသည်) – ငွေသား – တစ်ရှူးအခြောက်၊ တစ်ရှူးအစိုအစရှိသည့် သန့်စင်ရေးပစ္စည်းများ ပြုတ်ထွက်လွင့်စင်သွားနိုင်တဲ့ပစ္စည်းတွေကို လေတိုက်ရိုက်တိုက်နိုင်တဲ့နေရာတွေကနေ ဖယ်ရှားပါ။ ရေပြတ် မီးပြတ်ဖြစ်သွားနိုင်လို့ အိမ်မှာရှိတဲ့ ရေဖြည့်တင်းလို့ရတဲ့အရာတွေကိုဖြည့်တင်းထားပါ။ လျှပ်စစ်ကိရိယာတွေကို အားသွင်းထားပါ။ (ခ) မုန်တိုင်းတိုက်ချိန်တွင် ပြုလုပ်သင့်သည်များ လျှပ်စစ်ကိရိယာများကို ပလက်ဖြုတ်ထားပါ။ ဂက်စ်နှင့် ရေပိုက်များပိတ်ထားပါ။ အိမ်သုံးကိရိယာများကို ပလက်ဖြုတ်ထားပါ။ အရေးပေါ်သေတ္တာကို အနားမှာပဲထားပါ။ အိမ်ရဲ့ အခိုင်မာဆုံးနေရာမှာ မိသားစုဝင်တွေအကုန်လုံးစုရုံးနေထိုင်ပါ။ မုန်တိုင်း သတင်း သတိပေးချက်တွေကိုနားထောင်ပါ။ အိမ်ထဲကိုရေဝင်လာတယ်ဆိုရင် အမြင့်ကိုတက်ရောက်ပါ။ အိမ်မှာ ပြိုကျ၊ ပြုတ်ကျတာတွေ ဖြစ်နိုင်ခြေရှိရင် မွေ့ယာလိုပစ္စည်းမျိုးအောက်မှာ အကာအကွယ်ယူပါ။ မုန်တိုင်းက တစ်ခါတရံငြိမ်ကျသွားတတ်ပေမယ့် မပြီးသေးတာမျိုးဖြစ်တတ်လို့ လုံးဝပြီးပြီဆိုတဲ့သတင်းကြားမှ အပြင်ထွက်ပါ။ ကလေးတွေကို မကြောက်ရအောင် နှစ်သိမ့်ပါ။ အပြင်မှာရှိနေတုန်း မုန်တိုင်းမိတာနဲ့ကြုံတွေ့ခဲ့ရင် အမြန်ဆုံးအကာအကွယ်ရှိတဲ့နေရာကိုသွားပါ။ ကားလို ကြီးမားလေးလံတဲ့ အရာတွေအောက်လည်း ပုန်းခိုလို့ရပါတယ်။ ဘယ်လိုမှ အကာအကွယ်အောက်ဝင်လို့မရဘူးဆိုရင် သစ်ပင်တွေ၊ ဓာတ်တိုင်တွေ၊ ဝါယာကြိုးတွေလိုမျိုး မြင့်တဲ့အရာတွေနဲ့ ဝေးရာမှာနေပါ။ (ဂ) မုန်တိုင်း ပြီးသွားချိန် ပြုလုပ်ရမည်များ မုန်တိုင်း ပြီးသွားပေမယ့် စိတ်ချလက်ချလျှောက်သွားတာမျိုးလုံးဝမလုပ်ရပါ။ မုန်တိုင်းအပြီး သေဆုံးဒဏ်ရာရမှုတွေက မုန်တိုင်းပြီးပြီဆိုပြီး အပြင်လျှောက်သွားကြတဲ့အခါ အများဆုံးဖြစ်ပါတယ်။ မုန်တိုင်းသတင်းကို နားထောင်ပါ။ အပြင်ထွက်လို့ရပြီလို့ တရားဝင်မထုတ်ပြန်မခြင်း အိမ်ထဲမှာပဲနေပါ။ အပြင်လျှောက်သွားတာ၊ လျှောက်ကြည့်တာမျိုးလုံးဝမလုပ်ပါနဲ့။ ကိုယ့်အိမ်နီးနားချင်းတွေ၊ တခြားသူငယ်ချင်းတွေအခြေအနေကိုမေးမြန်းပါ။ ဒီအချိန်မှာ မုန်တိုင်းကြောင့် ဓာတ်ကြိုးပြတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓာတ်အားလိုင်းတွေနား၊ ဓာတ်ကြိုးပြတ်နေတယ်လို့ ထင်ရတဲ့နေရာနား၊ ရေအိုင်ထဲကို ဓာတ်ကြိုးပြတ်ကျနေတဲ့ နေရာတွေနား လုံးဝ (လုံးဝ)မသွားပါနဲ့။ ဒါ့အပြင် သစ်ပင်တွေနားကိုလည်း ရှောင်ရှားပါ။ မုန်တိုင်းနောက်ဆက်တွဲ သစ်ကိုင်းကျိုးကျတာတွေ ဖြစ်နိုင်ပါတယ်။ ဒီအချက်အလက်တွေကို အသေအချာလေ့လာမှတ်သားထားပြီး မုန်တိုင်းတိုက်ခတ်တဲ့အချိန်မှာ ဘေးကင်းလုံခြုံစွာ နေထိုင်ဖို့ တိုက်တွန်းပါတယ်။ အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေ။
Hammasini ko'rsatish...
02:02
Video unavailable
Something about you https://t.me/+uUh390meKeFjYzA1
Hammasini ko'rsatish...
Photo unavailable
ᴄʜᴀɴɴᴇʟ လေးတွေမᴊᴏɪɴရသေးရင် ᴊᴏɪɴထားကြပါဦးနော် 🎧🤍🧸 ချစ်ရခင်သူတွေကိုလည်း shareပေးကြပါဦးနော် ▶️ ᴀ ᴛʜᴀɴᴛ ᴄʜᴀɴɴᴇʟ https://t.me/A_Thant ▶️ 2.0 ᴀ ᴛʜᴀɴᴛ ᴄʜᴀɴɴᴇʟ https://t.me/A_Thant_Channel2 ▶️ ᴏᴛᴀᴋᴜ ʙᴜᴅᴅʏ ᴀɴɪᴍᴀᴛɪᴏɴ ᴄʜᴀɴɴᴇʟ https://t.me/Anime_Collection_A_Thant ▶️ ᴄɪɴᴇᴍᴀ ᴠɪʟʟᴀɢᴇ ᴍᴏᴠɪᴇ ᴄʜᴀɴɴᴇʟ 2.0 https://t.me/+QwzN3TRGhrVlZTE1 ▶️ ᴄɪɴᴇᴍᴀ ᴠɪʟʟᴀɢᴇ ᴍᴏᴠɪᴇ ᴄʜᴀɴɴᴇʟ 3 https://t.me/+6uabeX4R8phkMTY1 ▶️ ᴄɪɴᴇᴍᴀ ᴠɪʟʟᴀɢᴇ ᴍᴏᴠɪᴇ ᴄʜᴀɴɴᴇʟ 4 https://t.me/+G_ZV64iy02A3ODg1 ▶️ ʙᴜʀᴍᴇsᴇ ᴅᴜᴅʀ ғʀᴇᴇ sᴇʀɪᴇs ᴄʜᴀɴɴᴇʟ https://t.me/Burmese_Dude_Free_Series_Channel ▶️ ᴀ ᴛʜᴀɴᴛ ᴄʜᴀɴɴᴇʟ (ဘာသာပြန်) https://t.me/A_Thant_Channel_Trans
Hammasini ko'rsatish...
Welcome Jennifer. "ဟီး..ဟီး" တိတ်ဆိတ်တဲ့ အိမ်ထဲမှာ ကျွန်မရယ်သံတိုးတိုးနဲ့ အသက်ရှူသံခပ်ပြင်းပြင်းက တီးတိုးရေရွတ်သံလေးလိုကျယ်လောင်နေတယ်။ သွေးနံ့တဲ့ ကျွန်မသဘောကျတဲ့ အနံ့လေးပေါ့။ အနီရောင်ခပ် ပြစ်ပြစ်အရည်တွေက ကျွန်မကိုယ်ပေါ်မှာ ဟိုနေရာ ဒီနေရာ။ အရမ်းမွှေးတာဘဲ။ အထူးသဖြင့် ကျွန်မ သိပ်ချစ်ရတဲ့ သူတွေရဲ့ သွေးအနံ့ဆို ကျွန်မသိပ်သဘောကျတယ်။ အော်....ကျွန်မအတွေးလွန်နေမိတာနဲ့ ဗိုက်တောင်ဆာလာပြီ။ ခြေဒရွတ်တိုက်နဲ့ ကျွန်မမီးဖိုခန်းထဲဝင်လာခဲ့တယ်။ ကျွန်မလက်က ဓားကို ကျွန်မ မချရသေးဘူး။ ဘာလို့ဆို လောလော လတ်လတ်မှ ကျွန်မသတ်ထားတဲ့ ကျွန်မသိပ်ချစ်ရသူရဲ့ အငွေအသက်ကလေးက ဒီဓားမှာ ကျန်နေသေးတယ်လေ။ အော်စတင်က ကျွန်မရဲ့ ၄၄ယောက်မြောက် ချစ်သူပေါ့။ လက်ကီးနံပတ်လေစဘဲလို့ ကျွန်မတွေးမိလိုက်တယ်။ ရေခဲသေတ္တာထဲ လှပ်ကြည့်တော့ အေးခဲနေတဲ့ အသားပိုင်းတွေ။ လက်ချောင်းလေးတွေ အရင်စားရမလား။ လက်သည်းတွေကိုတော့ သူ့မသေခင်လေးဘဲ ကျွန်မဆွဲနှုတ်ထားလိုက်တယ်။သွေးတွေ နဲ့ သူရဲ့ ယောကျာ်းပီသတဲ့ လက်ချောင်းလေးတွေက အရမ်းကြည့်ကောင်းတာဘဲ။ ကျွန်မဖြင့်မျက်စိထဲက ကို မထွက်ဘူး။ အိုး အသေအချာ ရေကြည့်ရင်း ဒီလက်က ၄၂ယောက်မြောက်ရဲ့ ဟာဘဲ။ အာ...အရမ်းအေးနေပြီ ကျွန်မဝါးလိုက်ရင် အဆင်ပြေပါ့မလားလေ။ ကျွန်မလက်ဆတ်တာမှကြိုက်တာ ။ ဟင်း...မထူးပါဘူး။ အဖွားတို့လာရင် အဖွားတို့ကိုဘဲ စွတ်ပြုတ်လုပ်ပြီး တိုက်လိုက်ပါ့မယ်။ အဖွားက အသက်ကြီးပြီး ကျွန်မဘဝမှာ အဖွားဘဲရှိတော့တာ။ အမေနဲ့အဖေကတော့ ကျွန်မသတ်လို့သေပြီ။ မောင်လေးလား ?သူကငယ်သေးတော့ ကျွန်မအဆိပ် ေ ကျွးပြီးဘဲ သတ်လိုက်ပါတယ်။ ဒါကျွန်မရဲ့ မောင်ငယ်လေးအပေါ်ထားတဲ့ မေတ္တာ တရားပေါ့။ ရေခဲသေတ္တာတံခါးကို ပိတ်ပြီး ကျွန်မ အိမ်ရှေ့ခန်းကို ထွက်လာခဲ့တယ်။ တချိန်က ကျွန်မကို သိပ်ချစ်တယ်ဆိုတဲ့ လူက အခုတော့ ကျွန်မအကြိုက်ဆုံး.အသားတုံးတစ်တုံးထက် မပိုတော့ပါဘူး။လတ်လ တ်ဆတ်ဆတ်မှ ကြိုက်တဲ့ ကျွန်မက သွေးရောင် လွှမ်းနေတဲ့ ကြမ်းခင်းပေါ် ဖြတ်လျှောက်လာခဲ့တယ်။ အော်စတင်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့က ကြမ်းပြင်မှာ ပွဇာ ကျဲနေတာဘဲ။ ဘာစားရမလဲ လို့ ကျွန်မတွေးနေမိတယ်။ မျက်လုံးဟင်းးချိုသောက်မလား။ အိုး...နံနံပင်လေး ပါရင်မွှေးပြီး ချိုနေမှာဘဲ။ ကျွန်မဘာမှ ဆက်မတွေးနိုင်အောင် ဗိုက်ကဆာနေပြီရှင်။ ကျွန်မရဲ့လှပသေးသွယ်တဲ့ လက်ချောင်းလှလှလေးတွေနဲ့ သူမျက်လုံး နှစ်လုံးကို နှိုက့ထုတ်ပ်လိုက်တယ်။ တယုတယ နမ်းခဲ့တဲ့ ဒီလက်တွေဟာ သူ့ကို သတ်မယ့် လက်တွေဆိုတာ သူကြိုသိခဲ့ရင် သူနမ်းခဲ့ပါမလားလေ။ ယောကျာ်းတွေက သိပ်ကိုတုံးအလွန်းတယ်။. အချစ်နဲ့တွေ့ရင် ကလေးတွေလိုဘဲ။ ကျွန်မလက်ထဲက ဝိုင်းစက်စက်မျက်လုံးတွေကို ယူရင့်း မီးဖိုခန်းထဲဝင်လာခဲ့တယ်။ ကွျန်မ ချက်ပြုတ်ဖို့ ပြင်ဆင်ရတော့မယ်လေ။ ရေပွက်ပွက်ဆူတဲ့ အိုးထဲ မျက်လုံးနှစ်လုံးကို ကျွန်မပစ်ထည့်လိုက်တယ်။ နောက်သုံးနာရီလောက်နေရင် ကျွန်မချစ်သူ အသစ့်​းေလး လာတော့မှာဆိုတော့သူ့ကိုဧည့်ခံဖို့အသားတချို့ လိုဦးမယ်။ သူကျွန်မလက်ရာ ကိုတော့ ကြိုက်မှာပါ။ လူတိုင်းလည်းကြိုက်ကြတယ်လေ။ နံနံပင်၊ ငရုတ်ကောင်းမုန့်လေး ခတ်လိုက်တော့ မွှေးအီလာတဲ့ မျက်လုံးလေး နှစ်လုံးက ပေါ်ချီ မြုပ်ချီနဲ့ ကျွန်မ မြိန်ရေ ရှက်ရည် စားသောက်ပြီးတော့ ကျွန်မ ဧည့်ခန်းက အသားတုံးကို ရှင်းပစ်ဖို့လိုပြီလေ။ မဖြတ်တောင်ရသေးတဲ့ ​ခြေထောက် နှစ်ခေျာင်းကို ကျွန်မဒူရိုးကစပြီး ခုတ်ပိုင်းလိုက်တယ်။ ပြီးတော့ ဆားနဲ့ နယ်ပြီး အိမ်အောက်က အအေးခန်းထဲကို သယ်သွားလိုက်တယ်။ မျက်လုံးမပါတော့ တဲ့ ဦးခေါင်း ၄၃ခုနဲ့ ကျွန်မ အခန်းကို အလှဆင်ထားတယ်။ ကျန်သေးတဲ့ အော်စတင်ရဲ့ လက်တွေကို ကျွန်မအသေအချာ သန့်စင်ပြီး.ချက်ပြုတ်လိုက်တယ်။ လက်တွေ ခြေထောက်တွေ မပါတော့တဲ့ဦးခေါင်းနဲ့ ကိုယ်ပိုင်းကိုတော့ ကျွန်မ အိပ်ခန်းထဲက ကုတင်အောက်ထဲ သိမ်းထားလိုက်တယ်။ ဒါကတော့ ကိုယ်သေတဲ့ အချိန်ထိ မင်းနဲ့ အတူရှိနေချင်တယ်ဆိုတဲ့ အော်စတင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ သဘောပါ။ ကျွန်မအဲ့လောက်တော့ လုပ်ပေးနိုင်ပါတယ်။ ခဏအကြာ အိမ်သန့်ရှင်းရေးလေးလုပ် ရေမိုးချိုးပြီး.အလှဆုံးပြင်ဆင်ကာ ကျွန်မချစ်သူ အသစ်ကလေးကို စောင့်နေလိုက်တယ်။ "ဒေါက် ဒေါက်" ဟော တံခါးသံကြားတယ် သူလာပြီထင်တယ်။ ကျွန်မတံခါးသွားဖွင့်တော့ သူမက ကျွန်မ ကို အလှဆုံးပြုံးပြတယ်။ သူ့မှာ သိပ်လှတဲ့ သွားတွေနဲ့ မိုးပြာရောင် မျက်ဝန်းလေးရှိတာဘဲ။ ပြုံးပြလာသူမကို ကျွန်မ ပြန်လည်ပွေ့ဖက်ရင်း နားအနား ခပ်တိုးတိုး ရေရွတ်လိုက်တာ။ "ကြိုဆိုပါတယ် ဂျနီဖာ" 13.10.21 #A_Thant ပြန်ဖတ်ပြီးငါရေးထာဟုတ်ရဲ့လားလို့ ပြန်တွေးမိနေတဲ့ အထိဘဲ 🥲
Hammasini ko'rsatish...
01:29
Video unavailable
-; ♡.° [ Yes to heaven ] ୭̥ Fullversion Youtube link ~ https://youtu.be/oxtAV9qDdz4 Fullversion yt linkထဲဝင်ပြီး သွားနာထောင်ကြနော်
Hammasini ko'rsatish...
02:33
Video unavailable
👾Cha Cha👾
Hammasini ko'rsatish...
05:34
Video unavailable
-; ♡.° [ 4:00 AM ] ୭̥ Youtube link ~ https://youtu.be/YixAD9GIAuY
Hammasini ko'rsatish...
04:30
Video unavailable
-; ♡.° [ Suzume no Tojimari ] ୭̥ Youtube link ~ https://youtu.be/qal34e9v_pk
Hammasini ko'rsatish...
04:08
Video unavailable
2NE1 Ugly
Hammasini ko'rsatish...
02:21
Video unavailable
ညဘက်လည်းရောက်ပြီဆိုတော့ ကိုယ်ချစ်ရသူက ကိုယ့်ထက်အသက်ကြီးပြီး ​ကိုယ့်ကို ကလေးလို သဘောထားပြီး ပလေးခံရနေသူများ အသက်ကွာတယ်ဆိုပြီး ကိုယ်ချစ်သလိုိုယ့်ကိုပြန်မချစ်လို့ ကြေ ကွဲနေရသူများ အတွက်🥹🫰 လောင်​ကွဲသီချင်းလေး Song name~Born too Late
Hammasini ko'rsatish...