cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

𝐍𝐢𝐠𝐡𝐭𝐠𝐥𝐨𝐰 🌃✨

Born date-8.11.2021✨ Hello ဒီ Nightglow channel လေးက စိတ်စွမ်းအင်တိုးစေမဲ့ စာလေးတွေ⚡ စိတ်အပန်းပြေစေမဲ့ ပုံလေးတွေ‌❤️ အခွီလေးတွေနဲ့><, Knowledge quizzeလေးတွေရယ် တင်မှာပါ💛

Show more
MyanmarBurmeseThe category is not specified
Advertising posts
1 247Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Show all...
BL Myanmar Fan Channel 🏳️‍🌈

All about ဆိုတဲ့အတိုင်း BL နဲ့ပက်သက်တာမှန်သမျှ တင်ပေးပါတယ် 🤍 𝐘𝐨𝐮 𝐂𝐚𝐧 𝐉𝐨𝐢𝐧^^ ᴏᴡɴᴇʀ ---> @wynelayy

မေမေလွန်မယ်နော်☹ #αℓυяяα
Show all...
သူများကို ယုံကြည်လိုက်တယ် ဆိုတာ တကယ်တော့ စွန့်စားလိုက်တာပဲ ဒါကြောင့်... သူတစ်ပါး ရဲ့ ယုံကြည်မှုကို ဘယ်တော့မှ အလွဲသုံးစား မလုပ်မိပါစေနဲ့ ဘာဖြစ်လို့လဲဆိုတော့... တစ်ချို့ ယုံကြည်မှုတွေက တန်ဖိုးကြီးမားလို့ပါ ယုံကြည်မှုကို_တန်ဖိုးထားတတ်သူများ_ဖြစ်ကြပါစေနော် #crd #angel
Show all...
" အလွှာသုံးလွှာ " အထက်တန်းလွှာမှာ အရည်အချင်းရှိတယ်။ မာနမရှိပါ။ အလယ်တန်းလွှာမှာ အရည်အချင်းရှိတယ်။ မာနကြီးတယ်။ အောက်တန်းလွှာမှာ အရည်အချင်းမရှိပါ။ မာနကျတော့ လုံး၀မလျှော့ပါ။ အထက်တန်းလွှာဟာ သူတစ်ပါးကပြုဖူးတဲ့ ကျေးဇူးတရားကိအမှတ်တရပြောဆိုပြီး ဘယ်လို ပြန်လည်ပေးဆပ်ရမလဲ ရှာနေတတ်တယ် ။ အလယ်တန်းလွှာဟာ သူတစ်ပါးကပြုဖူးတဲ့ ကျေးဇူးတရားကိုသိတတ်တယ်။ မမေ့မလျော့ ပြန်လည်ပြောဆိုတတ်တယ်။ ကြုံရင်ပြန်လည် ပေးဆပ်ဖို့စိတ်ကူး ရှိတယ်။ အောက်တန်းလွှာဟာ သူတစ်ပါးကပြုဖူးတဲ့ ကျေးဇူးတရားကို မသိယောင်ဆောင်တတ်တယ်။ ကိုယ့် ကံကြောင့်သူတို့့က ကူညီပေးရတယ်လို့ မှတ်တယ်။ ကျေးဇူးပြုဖူးသူကိုပါ ပြန်လည်ပြိုင်ဆိုင် ရန်လုပ်တတ်တယ် ။ အထက်တန်းလွှာဟာ ဥာဏ်ပညာအကြောင်း ဆွေးနွေးကြတယ်။ အလယ်တန်းလွှာဟာ အလုပ်အကိုင်အကြောင်းဆွေးနွေးကြတယ်။ အောက်တန်းလွှာဟာ အတင်းအဖျင်း တွေ ဆွေးနွေးကြတယ်။ အထက်တန်းလွှာဟာ ပေးဆပ်ကြပါတယ်။ ပြန်လည်ရယူဖို့ မျှော်လင့်မှု့ ့မရှိပါ။ အလယ်တန်းလွှာဟာ လဲလှယ်ကြပါတယ်။ စေတနာ ကိုအသိအမှတ်ပြု ခံချင်ကြတယ်။ အောက်တန်းလွှာဟာ အမြဲလိုလို အလကားပဲ ရချင်ကြပါတယ်။ သူများ အကူအညီပဲမျှော်နေတယ်။ ကိုယ်ကပေးဖို့ဆို အကြောင်းအမျိုးမျိုးနဲ့ ရှောင်နေတတ်တယ် ..။ အထက်တန်းလွှာဟာ သူများကိုအမြဲချီးမွမ်းကြတယ်။ အလယ်တန်းလွှာဟာ သူများကိုသိပ်မခေါ်မပြောဘူး။ အောက်တန်းလွှာဟာ အထက်ဖားသလောက် အောက်အရမ်းဖိနှိပ်တယ်။ အထက်တန်းလွှာဟာ ယုံကြည်ချက်ခိုင်မာတယ်။ဆုံးဖြတ်ချက် ကို အောင်မြင်အောင်ဖြစ်အောင် လုပ်တတ်တယ်။ အလယ်တန်းလွှာဟာ ကိုယ့်ကိုယ်ကို ယုံကြည်တယ်။ သူများစကားနားမယောင် ကိုယ့်ဆုံးဖြတ်ချက်ကိုဆုံးခန်း တိုင်အောင်လုပ်တယ် ။ အောက်တန်းလွှာဟာ စိုးရိမ်စိတ်သံသယစိတ်တွေ ပြည့်နက်နေတတ်တယ်။ အပြောင်းအလည်းများတယ်။ ဘာကိုမှစွဲစွဲမြဲမြဲမလုပ်ချင် အကြောင်းပြချက်များစွာနဲ့ဆင်ခြေပေးနေတတ်တယ်။ အထက်တန်းလွှာဟာ ရည်မှန်းချက်ကြီးမားတယ် ရဲရဲရင့်ရင့် လက်တွေ့ အကောင်အထည်ဖေါ်တယ်။ အလယ်တန်းလွှာဟာ ရည်မှန်းချက် ရှိတယ်ဒါပေမဲ့ စဉ်းစားချင့်ချိန်နေတတ်တယ်။ အောက်တန်းလွှာဟာ ဘာမှ မရှိစိတ်ခံစားချက် နောက်လိုက်နေတတ်တယ်။ သူတို့ရဲ မရှိတဲ့အရည်အချင်းကို လူအထင်ကြီး အောင် အော်နေတတ်ကြတယ်။ လောကမှာ အလွှာမတူသူများက ပေါင်းလို့မရပါ။ အလွှာတူသူ အချင်းချင်းသာ ပေါင်းကြ အဆင်ပြေကြပါတယ်.. ကိုယ့်ကိုယ်ကို မညှာတမ်းဝေဖန် ပါ... အောက်တန်းလွှာများက အထက်အဆင်ေ့တွကို အမြဲ တိုက်ခိုက် နှောင့်ယှက် နေ တတ်တယ် ။ အမြဲ ရယူဖို့ အကူအညီတောင်းဖို့ ရှာနေတတ်တယ်။ မရရင် အပြစ်ပြောပြီး ရသွားရင် ကျေးဇူးကိုအသိအမှတ်ပြုဖို နေနေသာသာ လှည့်တောင် မကြည့် ... အခန့်မသင့်ရင် ကျေးဇူးပြုဖူးသူကို ပခုံးချင်း ယှဉ် ပြိုင်ဆိုင် စော်ကား တတ်ကြ လို့ အထက် လွာများက အောက် အဆင့်များ ကို ရှောင်ချင်ကြပါတယ် .. အောက်ဆုံးအဆင့်က အချက်တော်တော်များများ ကတော့ ဘုရားဟော သူယုတ် မာ ရဲ့စရိုက်လက္ခဏာ နဲ့ တော်တော်များများ တူနေလို့့ မဖြစ်အောင်တော့ရှောင်ကြပါ။ ကိုယ့်ကိုကိုယ် ဆန်းစစ် ပါတယ် ..... ကြိုးစားရပါဦးမည် ။ #forward_only #crd_original_owner #αℓυяяα
Show all...
လူတွေကကိုယ်အလိုရှိတာကို တောင့်တရုံနဲ့ဖြည့်စည်းပေးလာရင် ကိုယ့်ကိုချစ်ခင်တဲ့သူ ပေါများတယ်လို့မထင်လိုက်ကြပါနဲ့ သူတို့ရဲ့ချစ်ခင်မှုက ကိုယ့်မှာရှိနေတဲ့ပိုင်ဆိုင်မှုတစ်ခုခုကိုပါ #crd #angel
Show all...
- မည်သူ့ကိုမှ စိတ်ဆိုးပြီး ညမအိပ်ပါနဲ့၊ - မည်သူ့ကိုမှလဲ စိတ်ဆိုးအောင်လုပ်ပြီး ညမအိပ်ပါနဲ့။ - မနက်ဖြန် အိပ်ယာပြန်ထလာပါ့မလား - မည်သူမှမသိနိုင်ဘူး။ ဒါ့ကြောင့် - စိတ်ဆိုးနေရင် ခွင့်လွှတ်လိုက်ပါ။ - စိတ်ဆိုးအောင်လုပ်ထားမိရင် ပြန်တောင်းပန်လိုက်ပါ။ (ကမ္ဘာပေါ်မှာအကောင်းဆုံးနေထိုင်ခြင်း) #angel #Crd
Show all...
ကိုယ်တို့သည် ကိုယ်ချစ်တဲ့လူအပေါ်ဆို အမြဲစိတ်ထဲထည့်ပြီး သတိရတတ်တယ်။ အထူးသဖြင့် စားလို့ကောင်းတဲ့ အစားအစာ စားမိတာနဲ့ ချစ်တဲ့သူကိုပါ စားစေချင်တယ်။ လှတဲ့အဝတ်အစားတွေ့ရင်လဲ ဝတ်စေချင်တယ်။သာယာတဲ့ ရှုခင်းရောက်ရင်လဲ အတူတူ ခံစားစေချင်တယ်။ ဒါလေးဆို သူသိပ်ကြိုက်မယ်။ဒီအရောင်နဲ့ ပိုလှမယ်။ဒီဖိနပ်လေးနဲ့ သိပ်လိုက်မှာပဲ။ ရောက်နေတဲ့ကမ်းခြေက သိပ်လှရင် ချစ်တဲ့သူကိုပါ ရောက်ဖူးစေချင်တယ်။ကိုယ်ချစ်တဲ့လူတွေကို အကောင်းတွေချည်း ဝေမျှချင်တာ ချစ်ခြင်းမေတ္တာရဲ့ ချစ်စရာ သင်္ကေတတစ်ခုပါ။ ချစ်ခြင်းမေတ္တာဟာ ထိန်းချုပ်လို့ မရဘူး။ မင်းကိုတော့ ချစ်တယ် ဒါပေမဲ့ ဆိုတာနဲ့ ဒါဟာ တကယ်ချစ်တယ်လို့ ပြောလို့မရသေးဘူး။ ချစ်တဲ့သူနဲ့ နီးစပ်ချင်တယ်။နီးစပ်အောင်လဲ ကြိုးစားတယ်။တကယ်လဲ လက်တွေ့ အကောင်အထည်ဖော်နိုင်တယ်။ဒါကိုမှ "ချစ်ခြင်းမေတ္တာ"လို့ခေါ်တာပါ။ လူတစ်ယောက် ကိုယ့်ကို တကယ်ချစ်ခဲ့လား သိချင်ရင် သူဘာတွေ ပြောခဲ့လဲဆိုတာထက် သူဘာတွေ လုပ်ခဲ့လဲဆိုတာကို ပိုကြည့်ပါ။ လက်တွေ့အပြုအမူက စကားလုံးတွေထက် ပိုချိုမြိန်တယ်။ အနှစ်သာရ ပိုရှိတယ်။ အချစ်ရဲ့ အနှစ်သာရကို အလုံးစုံ ခံစားမိပါစေ။ #angel #Crd
Show all...
အင်းစိန်ဘကှ်ာတော့ရှုံးတယ်အကို #crd #angel
Show all...
အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ လူကြီးဆန်ခြင်း တစ်မျိုးပါ။ အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ ခွင့်လွှတ်ခြင်း တစ်မျိုးပါ။ အထင်လွဲခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ သဘောထား ကြီးခြင်း တစ်မျိုးပါ။ အဖြစ်အပျက် အမှန်ဆိုတာ အချိန်က စကားပြောသွားပါလိမ့်မယ်။ စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။ မေတ္တာရဲ့ အအေး အနွေး ဟာ အချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။ ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနဲ့... ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနဲ့... နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ်သလို... နားမလည်ချင်တဲ့ သူအတွက် ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။ စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့ ပါးစပ် ပိတ်တတ်ဖို့တစ်သက်တာ ကြိုးစားကြရမယ်။ လောက နိယာမအရ... အနစ်နာခံတဲ့လူဟာ နောက်ဆုံးမှာ တကယ်မနစ်နာသလို ငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်း နောက်ဆုံးမှာ တကယ် မရှူံးပါဘူး..... ခွင့်လွှတ်ပေးသူက မြတ်ပြီးသားပါ။ #crd #angel
Show all...
အပြစ်လုပ်တဲ့လူကို အပြစ်လုပ်တယ်လို့ မမြင်တော့ဘူးဆိုရင် အချစ်ကျမ်းရဲ့ ဖွင့်ဆိုချက်မှာ အဲ့ဒါကို ချစ်သူလို့ခေါ်တယ်🥰🥰 #crd #angel
Show all...